










ဒီနေ့မနက် ၃ နာရီက နေပြည်တော်ကိုထွက်ဖို့စုရပ်အဖြစ်လုပ်ထားတဲ့ ရန်ကုန်မြို့၊မြေနီကုန်းမှာရှိတဲ့ ဒဂုံစင်တာမှာ နေပြည်တော်သို့ထွက်ခွါမယ့်ကားတွေကို အာဏာပိုင်တွေက ဖိအားပေးခဲ့တဲ့အတွက် ကားသမားတွေက သတင်းထောက်တွေအပြင် ကချင်တိုင်းရင်းသားတွေကိုထားရစ်ခဲ့ပြီး ကားတွေ ကို နောက်ကြောင်းပြန်မောင်းသွားခဲ့ကြအပြီးမှာ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိ သူတွေ နဲ့ နေပြည်တော် ကိုသွားကြ မယ့် ကချင်တိုင်းရင်းသားတွေကြား စကားအခြေအတင်ပြောဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။
နေပြည်တော်ကိုမသွားဖြစ်တော့တဲ့ ကချင်တိုင်းရင်းသားတွေဟာ ဒဂုံစင်တာကနေ ပြည်သူ့ရင်ပြင် ကိုငြိမ်းချမ်းစွာလမ်းလျှောက်ကြဖို့ကြိုးစားကြရာမှာလည်း ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့တဲ့အတွက် လမ်းတစ်ဝက်မှာရပ်တန့်ခဲ့ရပြီး ခရစ်ယန်ဘာသာအရ ဆုတောင်းမှုတွေ ပြုကြပြီး ဓမ္မတေးများသီဆိုကာ လူစုခွဲပြီး ၁၀ နာရီခွဲမှာ စတင်ကြမယ့် မြို့တော်ခန်းမရှေ့ကို ဆက်လက်ထွက်ခွါခဲံ့ကြပါတယ်။
သတင်း..၊ဓာတ်ပုံ.. DVB