14 September 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်အပတ်စဉ်(၁)သင်တန်းဆင်းပွဲ










အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်အရအပတ်စဉ်(၁)သင်တန်းဆင်းပွဲကိုယနေ့ မွန်းလွဲ (၂) နာရီကရန်ကုန်မြို့၊အနောက်ရွှေဂုံတိုင်လမ်းရှိအဖွဲ့ချုပ်ဌာနချုပ်သင်တန်းခမ်းမတွင်ကျင်းပခဲ့သည်။ 

ထိုသင်တန်းကာလအတွင်းဖွဲ့စည်းပုံအခြေခံဥပဒေ၊ စာရင်းအင်းနှင့် ဘဏ္ဍာရေး၊ လူထုစည်းရုံးရေး ၊ဝေဖန် ပိုင်းခြား စဉ်းစားဆုံးဖြတ်ခြင်းနှင့် မီဒီယာနည်းပညာ၊လူ့အခွင့်အရေး အစရှိသည့်ဘာသာရပ်များ သင်ကြားပို့ချပေးခဲ့သည်။

သင်တန်းဆရာများမှာ ဦးကိုနီ၊  ဒေါက်တာသိန်းလွင်၊ ဦးအောင်သိန်း၊ ဦးဌေးဦး၊ ဦးမိုးဇော်ဦး၊ ဦးထွန်းမြင့်၊ ဦးမျိုးမြင့်၊ ဦးလှထွန်း တို့မှာသင်ကြားပို့ချပေးခဲ့ပြီးပြည်နယ်နှင့်တိုင်း(၁၃)ခုမှ သင်တန်းသား(၅၄)ဦးကိုသင်တန်း ကာလ(၁၅)ရက်ကြာသင်ကြားပို့ချပေးခဲ့သည်။

သင်တန်းဆင်းပွဲသို့ အဖွဲ့ချုပ်နာယကကြီးဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲဝင်ဦးဟံသာမြင့်(ပညာရေးတာဝန်ခံ)တို့မှ အမှာစကားပြောကြားပြီး သင်တန်းဆရာ၊ဆရာမများကိုယ်စား ဦးကိုနီ မှနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက်သင်တန်းမှထူးချွန်သောသင်တန်းသားများကိုအဖွဲချုပ်နာယကကြီးဦးတင်ဦးနှင့် ဦးဟံသာမြင့်တို့မှဂုဏ်ပြုဆု များချီးမြှင့်ပေးအပ်ခဲ့သည်။သင်တန်းသားများ ကိုယ်စားသင်တန်းသားနှစ်ဦးကကျေးဇူး တင်စကားပြန်လည်ပြောကြားပြီး သင်တန်းသူ၊ သင်တန်းသားများက အဖွဲ့ချုပ်နာယကကြီးနှင့် သင်တန်းဆရာများကို ဂါရ၀ပြုကန်တော့ခဲ့ကြသည်။

အခမ်းအနားကို(၃)နာရီခွဲတွင် ရုတ်သိမ်းလိုက်သည်။ ထိုသင်တန်းများကိုအပတ်စဉ်အလိုက်ဆက်လက်ပို့ချ သွားမည်ဟု သင်တန်းတာဝန်ရှိသူများကပြောကြားခဲ့သည်။ အခမ်းအနားပြီးဆုံးချိန်တွင် ကိုရဲလွင် ဦးဆောင်သော ပန်းရဲ့လမ်းအဖွဲ့မှ အဖွဲ့ချုပ်အား မိတ္တူကူးစက်တစ်လုံးလှူဒါန်းကာ တာဝန်ရှိသူများ ကလက်ခံခဲ့သည်။

သတင်း.၊ဓာတ်ပုံ.. National League for Democracy