မုံရွာ၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခ ကိစ္စအတွက် ကူညီဖြေရှင်းရန်ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဂျင်မီဦးဆောင်သော ၄ ဦးအဖွဲ့
သည် ယနေညနေ(၄း၃၀) နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်လည်လွှတ်ပေးလိုက်သည့် မသွဲ့သွဲ့အေး၊ မဖြူဖြူဝင်း၊ မအေးနက်တို့(၃)ဦးအား မုံရွာအကျဉ်းထောင်မှကြိုဆို၍ ၀က်မှေးကျေးရွာသို့ပြန်လည် ပို့ဆောင်နေကြောင်း သိရှိရသည်။
အလားတူ မသွဲ့သွဲ့အေးတို့ကဲ့သို့ဖမ်းဆီးထိန်းသိမ်းခံထားရသော ကိုဝေဠုကိုလည်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဇော်ဇော်မင်းကချောင်းဦးမှ သွားရောက်ကြိုဆိုနေပြီဟုလည်း သိရှိရသည်။



စိတ်ပန်းလူပန်းဖြစ်နေသည့် မဖြူဖြူဝင်း

မျက်ရည်ကျရလောက်အောင်ထိ ကို ဖြစ်နေကြသည့် လာရောက်ကြိုဆိုနေကြသူများ

မသွဲ့သွဲ့ဝင်း လာကြိုဆိုနေသူများကို လက်ပြနှုတ်ဆက်

လမ်းတစ်လျှောက် လာကြိုကြသည့် ကျေးရွာသူကျေးရွာသားများအား နှုတ်ဆက်နေသည့် မအေးနက်
သတင်း...... 88 Generation Students
ဓာတ်ပုံ...Aung Nay Myo