10 June 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ‎ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်နှင့်ပတ်သက်၍ NLD မှ သတင်းထုတ်ပြန်ချက်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၃ ရက်မှ ၂၉ ရက်အထိ
ဥရောပခရီးစဉ် ထွက်ခွာမည်ဖြစ်သည်။ 

ဥက္ကဋ္ဌသည် ဆွစ်ဇာလန်နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန် မင်္ဂလာဒုံ  လေဆိပ် မှ တီဂျီလေယာဉ်ဖြင့် ၈ျနီဗာမြို့သို့ သွားရောက်မည်။ ဥက္ကဋ္ဌသည် ဇွန်လ ၁၄ ရက်နေ့တွင် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(အိုင်အယ်လ်အို)ညီလာခံတွင် မိန့်ခွန်းပြောကြားမည်။ 

ဆွစ်ဇာလန်နိုင်ငံ အစိုးရ၏အစီအစဉ်ဖြင့် ဘန်းမြို့သို့ သွားရောက်မည်။ထို့နောက်တွင် ဥက္ကဋ္ဌသည် ဇွန် ၁၅ ရက်၌ နော်ဝေနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ နော်ဝေနိုင်ငံအော်စလိုမြို့သို့သွားရောက်မည်။

 နော်ဝေနိုင်ငံတွင် ငြိမ်းချမ်းရေး နိုဗယ်ဆုကိုကိုယ်တိုင်လက်ခံရယူခြင်းအပါအဝင် အစီအစဉ် အချို့ ကို နော်ဝေ အစိုးရ ၏ စီစဉ် ထားချက်အတိုင်းလက်ခံဆောင်ရွက်ပြီးနောက် ဇွန်လ ၁၈ ရက်နေ့ နေ့လည်တွင် အိုင်ယာလန် နိုင်ငံ ဒဗ္ဗလင်မြို့သို့ထွက်ခွာမည်။

ထိုနေ့တွင်ပင် U2 တေးဂီတအဖွဲ့၏ ဖျော်ဖြေပွဲသို့ တက်ရောက်မည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ (AI)ကချီးမြှင့်ထားသောဆု(Ambassador of Conscience)ကို လက်ခံရယူမည်။ ဥက္ကဋ္ဌသည် ထိုညတွင်ပင် ဗြိတိန်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံသို့သွားရောက်လည်ပတ်မည်။ 

ဗြိတိန်နိုင်ငံတွင် ဇွန်လ ၂၆ ရက်အထိ နေထိုင်ကာ ဗြိတိန်လွှတ်တော်တွင်မိန့်ခွန်းပြောခြင်းအပါအဝင် ဗြိတိန် အစိုးရ၏ အစီအစဉ်များအတိုင်း လက်ခံဆောင်ရွက်သွားမည်။ဥက္ကဋ္ဌသည် ဇွန်လ ၂၆ ရက်နေ့ လည် တွင် ပြင်သစ်အစိုးရ၏ ဖိတ်ကြားချက်အရ ပဲရစ်မြို့သို့ ဆက်လက် ထွက်ခွာ မည်။

 ပြင်သစ်အစိုးရ၏ အစီအစဉ်များအတိုင်း ဇွန်လ ၂၉ ရက်အထိပြင်သစ်နိုင်ငံ တွင် နေ ထိုင်ပြီးနောက် ထိုနေ့တွင်ပင် ပြင်သစ်နိုင်ငံမှ ပြန်လည်ထွက်ခွာမည်။

ဥက္ကဋ္ဌသည် ဇွန်လ ၃ဝရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်။


(NLD ပြန်ကြားရေး)