12 June 2012

မြန်မာနိုင်ငံအား ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း မြန်မာ (Myanmar) ပာု သုံးစွဲရန်နှင့် Burma ပာု သုံးစွဲခွင့်မရှိကြောင်း ဆိုပါလားဗျို့

၂၀၁၂ မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံတွင် ပြုလုပ်ကျင်းပခဲ့သည့် (၂၁)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံအား Burma ပာု သုံးစွဲခဲ့သည့်အတွက် ယင်းသို့ သုံးစွဲခြင်းမပြုရန် ပြည်ထောင် စုရွေးကောက် ပွဲ ကော်မရှင် မှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံကို Burma လို့ သုံးစွဲသွားပါတယ်။ ဒါကြောင့် ကော်မရှင်က အကြောင်းကြားတာပါ။ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထောက်သောအားဖြင့် မြန်မာနိုင်ငံလို့ပဲ သုံးစွဲသင့်ပါ တယ်”ပာု ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် နိုင်ငံရေးပါတီနှင့် ပါတီဝင်များအနေဖြင့် နိုင်ငံတော်၏အမည်ကို ရေးသားရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ (Myanmar) ပာု သုံးနှုန်းကြ ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သည့် အ ကြောင်းကြားစာ တွင် ဖော်ပြပါရှိသည်။

နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၀၅(ခ)တွင် နိုင်ငံရေးပါတီတစ်ရပ်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများ လေးစားလိုက်နာရမည်ပာု ပြဋ္ဌာန်းထားပြီး အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (NLD) ပါတီအနေဖြင့်လည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆(ဂ) ပါ ပြဋ္ဌာန်းချက် များကို လိုက်နာမည်ပာု ပါတီတည်ထောင်ခွင့် လျှောက်ထားစဉ်ကပင် ဝန်ခံ ထားပြီးဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြပါ ရှိသည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် မြန်မာနိုင်ငံအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပါအတိုင်း မြန်မာ (Myanmar) ပာု သုံးစွဲရန်နှင့် Burma ပာု သုံးစွဲခွင့်မရှိကြောင်း သိရသည်။

သတင်း... မြန်မာပိုစ့်