05 February 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မန္တလေးပြည်သူလူထုထံသို့ အသိပေးပြောကြားချက်


နေ့စွဲ ။ ။ ၄-၂-၂၀၁၂
အချိန်။ ။ နေ့လည် ၁၁ နာရီ ၂၅ မိနစ်

မန္တလေးပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကို လေးစားတန်ဖိုးထားသလိုမန္တလေးပြည်သူလူထုရဲ့ ရင့်ကျက်တဲ့ နိုင်ငံရေးအမြင်နဲ့တည်ငြိမ်တဲ့ စိတ်ဓာတ်ကိုလည်း သိနေပါတယ်။

ခရီးစဉ်ကို ရွှေ့ပြောင်းလိုက်ရပေမယ့် အဆင်ပြေအောင်လုပ်တဲ့အခါမှာဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံ ခိုင်ခိုင်မာမာတည်ဆောက်လိုတဲ့ပုဂ္ဂိုလ်အဖွဲ့အစည်းတွေအကြား ပိုမိုနားလည်မှုတွေ ရရှိလာမယ်လို့လည်း ယုံကြည်ပါတယ်။

မန္တလေးကို မူလကမှန်းထားတာထက် ပိုပြီးနောက်ကျမှ ရောက်လာရမှာမို့ကျွန်မတို့နဲ့ ပြည်သူအကြား ပိုမိုမေတ္တာပွားပြီး ပိုမိုနွေးထွေးတဲ့ ပြန်လည်ဆုံဆည်းမှု ဖြစ်မယ်လို့တထစ်ချ ယုံကြည်ပါတယ်။

မန္တလေးကို ရောက်မယ့်အချိန်ကို မျှော်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့
၎-၂-၂၀၁၂
၁၁ နာရီ ၁၂ မိနစ်

ကိုညိုကြီး အားကျေးဇူးတင်ရှိပါသည်.။