10 February 2012

မဂ္ဂင်ကျောင်းတိုက်ကို ယနေ့ (ဖေဖော်ဝါရီ-၁၀)မွန်းလွှဲ ၁ နာရီတွင်တရားဝင်ပြန်ဖွင့်ပေးခဲ့



ရွှေဝါရာင်တော်လှန်ရေး ( ၂၀၀၇ စက်တင်ဘာ အရေးအခင်း) အပြီးပိတ်ထားခဲ့သော မဂ္ဂင်ကျောင်းတိုက်ကို ယနေ့ (ဖေဖော်ဝါရီ-၁၀)မွန်းလွှဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လူမှုဖူလုံရေးဝန်ကြီး ဒေါက်တာမြင့်သိန်းနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက တရားဝင်ပြန်ဖွင့်ပေးခဲ့သည်။ထိုကျောင်းတိုက် မှ ကျောင်းထိုင်ဆရာတော်ဦးက္ကန္ဒက၊ဦးက္ကုဿရိယတို့နှစ်ပါးမှာထောင်မှ ဇန်န၀ါရီ ၁၃ ရက်တွင် လွတ်မြောက်လာပြီး ခေတ္တ သီတင်းသုံးခဲ့ရာ၊ သက်ဆိုင်ရာက ဖေဖော်ဝါရီ ၄ ရက်တွင် ပြန်ပိတ်ခဲ့ပြီး ယခုတရားဝင်ဖွင့်ခွင့်ပြုခြင်းဖြစ်သည်။ ထိုကျောင်းတိုက်အတွင်း ဆရာတော်သုံးပါး၊ ကိုရင် တစ်ပါး သီတင်းသုံးနေသည်။ ကျောင်းတိုက်ကို ပြန်လည်ဖွင့်လှစ်ပြီးနောက် တွေ့ရစဉ်။

ဓာတ်ပုံ- စောပြည့်စုံ

သတင်း...7Day News Journal's