11 June 2011

ရောင်းစားလည်း အပြစ် .တောင်းစားလည်း အပြစ် . ခိုးစားလည်း အပြစ် ..ဆင်းရဲမွဲတေမှုအတွက် ပြစ်ဒဏ်တွေ .



တစ်လအတွင်း အခြေအနေမဲ့ တောင်းရမ်းစားသောက်သူ ၁၁၇ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေအနေမဲ့ တောင်းရမ်း စားသောက်သူများကို မြို့နယ်များအလိုက် လမ်းဆုံလမ်းခွများ၊ ခရီးသည်တင် ယာဉ်လိုင်းများ၊ လူစည်ကားရာ လမ်းမကြီး...များနှင့် ဈေးများတွင် ပပျောက်ရေး စီမံချက်တစ်ခုအနေဖြင့် စိစစ်ဖမ်းဆီးခဲ့ရာ မေလ ၅ရက်မှ ဇွန်လ ၅ရက်အထိ အရှေ့ပိုင်းခရိုင်တွင် ၃၇ဦး၊ အနောက်ပိုင်းခရိုင်တွင် ၇၁ဦး၊ တောင်ပိုင်းခရိုင်တွင် ၂ဦးနှင့် မြောက်ပိုင်းခရိုင်တွင် ၇ဦးအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ “ဖမ်းမိတဲ့အထဲမှာ ယောကျာ်းကြီး ၁၅ယောက်နှင့် အမျိုးသမီးကြီး ၁၀ယောက် ပါတယ်။ ကျန်တာတွေက ကလေးတွေချည်းပဲ။ အခုဖမ်းတဲ့လူတွေကို အကုန်စိစစ်လိုက်ပြီး စည်ပင်ရဲကို ၉၂ဦး အပ်လိုက်တယ်။ ၂၅ဦးကို ပြစ်မှုနဲ့ အရေးယူလိုက်တယ်” ဟု သက်ဆိုင်ရာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အခြေအနေမဲ့ တောင်းရမ်းစားသောက်သူများ ပပျောက်ရေးစီမံချက်တွင် ဖမ်းဆီးရမိသည့် လူများအား ပြစ်မှုဖြင့် အရေးယူခြင်း၊ လူမှုဝန်ထမ်းသို့ပို့ခြင်း၊ မိဘသို့အပ်နှံခြင်း၊ စည်ပင်သို့အပ်ခြင်းနှင့် စိစစ်၍ လွှတ်ခြင်းပြုလုပ်ခဲ့ရာ ယခုဖမ်းဆီးသည့် လူများတွင် စိစစ်၍ လွှတ်ပေးသည့် လူမရှိကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။