27 January 2011

စက်ရုံ၊ အလုပ်ရုံနှင့် ရုပ်ရှင်ရုံအများစု ပါဝင်သည့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း ၇၆ ခုကို ယခုလ နောက်ဆုံးပတ် အတွင်း ပုဂ္ဂလိကသို့ ရောင်းချမည်..

b34401
ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ Yangon Commercial Tower ကို တွေ့ရစဉ်
ပြည်ထောင်စု မြန်မာနိုင်ငံတော် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် အနေဖြင့် ယခုလ နောက်ဆုံးပတ် အတွင်း စက်ရုံ၊ အလုပ်ရုံနှင့် ရုပ်ရှင်ရုံ အများစု ပါဝင်သည့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း ၇၆ ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယခုလအတွင်း လွှဲပြောင်းပေးမည့် နိုင်ငံပိုင် လုပ်ငန်းများအနက် အများစုသည် စက်မှု(၁)၀န်ကြီးဌာန ပိုင်ဆိုင်သည့် စက်ရုံ၊ အလုပ်ရုံ ၂၁ ခုနှင့် ပြန်ကြားရေး ၀န်ကြီးဌာနပိုင် ရုပ်ရှင်ရုံ ၁၀ ရုံတို့ အများဆုံး ပါဝင်နေပြီး အများစုမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ၀န်ကြီးဌာနပိုင် နေရာများ ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ပြန်ကြားရေး ၀န်ကြီးဌာနမှ ရုပ်ရှင်ရုံ ၁၀ ရုံလည်း ပါဝင်ပြီး အဆိုပါ ရုပ်ရှင်ရုံများမှာ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ ရွှေရတနာရုပ်ရှင်ရုံ၊ လှိုင်သာယာမြို့နယ်ရှိ ၀ဇီရာ(၂) ရုပ်ရှင်ရုံ၊ ကြည့်မြင်တိုင်မြို့နယ်ရှိ သီတာရုပ်ရှင်ရုံ၊ ကျောက်တံတားမြို့နယ်ရှိ ဆုထူးပန်ရုပ်ရှင်ရုံ၊ ဘုရင့်ရုပ်ရှင်ရုံ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဧရာဝတီရုပ်ရှင်ရုံ၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာရုပ်ရှင်ရုံ၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်ရှိ မစိုးရိမ် ရုပ်ရှင်ရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ရှိ မြို့မရုပ်ရှင်ရုံ၊ စစ်ကိုင်းမြို့ရှိ ဇေယျာသီရိရုပ်ရှင်ရုံတိုြ့ဖစ်ကြသည်ဟု သိရသည်။

ယခုလအတွင်း လွှဲပြောင်းပေးမည့် နိုင်ငံပိုင် လုပ်ငန်းများအနက် အများစုသည် စက်မှု(၁)၀န်ကြီးဌာန ပိုင်ဆိုင်သည့် စက်ရုံ၊ အလုပ်ရုံ ၂၁ ခုနှင့် ပြန်ကြားရေးဝန်ကြီးဌာနပိုင် ရုပ်ရှင်ရုံ ၁၀ ရုံတို့ အများဆုံး ပါဝင်နေပြီး အများစုမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ၀န်ကြီးဌာနပိုင် နေရာများဖြစ်ကြောင်း သိရှိရ . . .
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အထင်ကရ အဆောက်အအုံများ ဖြစ်သည့် ရှေ့နေချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံးနှင့် အခြား ၀န်ကြီးဌာနပိုင် အဆောက်အအုံများလည်း ပါဝင်နေကြောင်း သိရှိရသည်။
အဆိုပါ နိုင်ငံပိုင် လုပ်ငန်းများ ပုဂ္ဂလိက လွှဲပြောင်းမှုများ အတွက် အဆိုပြုလွှာ ရောင်းချခြင်းများကို ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သွားမည် ဖြစ်ပြီး ပုဂ္ဂလိက ရောင်းချမှုများကို ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ လွှဲပြောင်းထားသော နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ နေရာတွင် လွှဲပြောင်းရယူ လုပ်ကိုင်မည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် သီးခြား သတ်မှတ်ပေးထားသော လုပ်ငန်းများမှအပ ကျန်နိုင်ငံပိုင် လုပ်ငန်းများတွင် ယခင် သက်ဆိုင်ရာမှ လုပ်ကိုင်ခဲ့သည့် အမျိုးအစားတူ လုပ်ငန်းများကိုသာ ဆက်လက် လုပ်ကိုင်ကြရမည် ဖြစ်ကြောင်း သိရှိရသည်။ သို့သော် အမှတ်(၁)စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ဆပ်ပြာစက်ရုံအမှတ် (၃)၊ ၀င်းသူဇာ စားသောက်ကုန်လုပ်ငန်း စက်ရုံခွဲ(လှိုင်)နှင့် သားရေပစ္စည်း စက်ရုံတစ်ရုံကိုမူ လွှဲပြောင်းရယူမည့် လုပ်ငန်းရှင်များ အနေဖြင့် ကြိုက်နှစ်သက်ရာ လုပ်ငန်းကို ပြောင်းလဲ လုပ်ကိုင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ နိုင်ငံပိုင် လုပ်ငန်းပေါင်း ၅၀ ခု၊ မန္တလေးတိုင်းဒေသကြီးမှ နိုင်ငံပိုင် လုပ်ငန်းပေါင်း ငါးခုနှင့် အခြား ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ နိုင်ငံပိုင် လုပ်ငန်းများ ပါဝင်ကြောင်း သိရှိရသည်။
နိုင်ငံပိုင် စက်မှုလုပ်ငန်းများ အပြင် နိုင်ငံပိုင် မော်တော်ယာဉ်၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၊ နိုင်ငံပိုင် စက်သုံးဆီဆိုင်များ၊ နိုင်ငံပိုင် အဆောက်အအုံများနှင့် မြေကွက်များ၊ နိုင်ငံတစ်ဝန်းရှိ လမ်းတံတားများ၊ နိုင်ငံပိုင် ဆိပ်ကမ်းများနှင့် နိုင်ငံပိုင် အပန်းဖြေနေရာများကိုပါ ဆက်လက် ချထားပေးမှုများ ပြုလုပ်လျက်ရှိကြောင်း ကုမ္ပဏီကြီးများထံမှ သိရှိရသည်။
၂၀၁၀ ပြည့်နှစ်အတွင်း နိုင်ငံစီးပွားရေးလုပ်ငန်း ၁၁၀ ခု၊ နိုင်ငံပိုင် အဆောက်အအုံ ၃၂ ခု၊ နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ၂၄၆ ဆိုင်နှင့် ရန်ကုန်မြစ်ကမ်း တစ်လျှောက်ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ဗိုလ်တထောင် ဆိပ်ကမ်း၊ ပန်းဆိုးတန်း-နန်းသီတာ ဆိပ်ကမ်း၊ ကျန်းမာရေးဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ အလုံဆိပ်ကမ်းမှ ဗိုလ်တထောင် သံလျက်စွန်းအထိ ဆိပ်ကမ်း မြေနေရာများ ကဲ့သို့သော နေရာ အများအပြားများကို ဈေးပြိုင် အိတ်ပိတ်စနစ်ဖြင့် ရောင်းချခြင်း၊ အဆိုပြုလွှာ ခေါ်ဆိုေ ရာင်းချခြင်းများ ပြုလုပ်ပြီး ဖြစ်ကြောင်း၊ ဆက်လက်၍ လွှတ်တော်များ ခေါ်ယူကာ အစိုးရအသစ် မဖွဲ့မီကာလအတွင်း အစိုးရမှ ပုဂ္ဂလိကပိုင် ပြုလုပ်ပေးသည့် စီမံကိန်းကြီးများ ထပ်မံရှိနိုင်ကြောင်း New Eleven ဂျာနယ်မှာ ဖော်ပြပါရှိပါတယ်..။

လေလံပစ်စရာမလိုပါ.. ဦးတေဇ မှတစ်ပါး. အခြားမရှိ..