01 February 2010

မွန်အမျိုးသားနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မွန်ပြည်နယ်) အစည်းအဝေးကျင်းပ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ် စည်းရုံးရေးကော်မီတီ အထူးအစည်းအဝေးတရပ်ကို ဇန်နဝါရီလ (၃၀) ရက်နေ့တွင်ကျရောက်သော ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ဥက္ကဌ ဦးလွန်းတင် နေအိမ်၌ ကျင်းပခဲ့ရာ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသော ဦးလွန်းတင် ၊ဦးဥာဏ်ဝင်း အပါအ၀င် မွန်ပြည်နယ် စည်းရုံးရေး အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ မွန်ပြည်နယ် လူမှုအထောက်အကူအဖွဲ့ဝင်များ အခြားဖိတ်ကြားထားသူများ စုံစုံညီညီ တက်ရောက်ကြပြီး ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရပ်တည်ချက်နှင့် လက်ရှိအနေအထားများ၊ မွန်ပြည်နယ် စည်းရုံးရေးအဖွဲ့နှင့် မွန်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။