01 January 2010

ယုံကြည်ရာ......

ယုံကြည်ရာ

ကြိုးစားသမျှ
သဲထဲရေသွန်ချလိုက်သလို
နောက်ဆုံးတော့ ……
အဟာရအတွက်တောင်
လက်ဖြန့် အသနားခံရ။
အဲဒီလို …….
သဘာဝမကျစွာနဲ့ ဖောက်ပြန်
စင်စစ်မတော့
မှောက်လှန်ကစားတဲ့ ဖဲတချပ်ထက်
တန်းဖိုးမဲ့နေသတဲ့။ ။

အသွေးအသားနဲ့ ဈေးခေါ်
လူတကောင်လုံး
တောင်ကျော်ပြီး
ကိုယ်တိုင်ရောင်းစားနေရ။
ကြွေမွသွားတာလား
ကျိုးပဲ့သွားတာလား …….
တစစီထိမှန်
ဘယ်လိုကျဉ်ဆံဆိုတာ
ငါတို့ အချင်းချင်းပဲသိတယ်။ ။

တချိန်လုံး အနာတရဖြစ်
အဲဒီလို အပြစ်တွေကလွတ်ဖို့
တကယ်တော့
ခပ်ထူထူ အသိကို
ခပ်ပါးပါးလွှာသုံး
မဆုံးတော့တဲ့ သံသရာထဲ
အမှန်တရားနဲ့ အာဏာကြား
ဘာအတွက်
အရွေးမှား ကြမှာလဲကွယ်။ ။

မိုးကျော်(rfa)

ဤကဗျာကို ပေးပို့ ပေးသော ကိုမိုးကျော် (rfa) အားကျေးဇူး တင်ပါသည်.။