05 September 2009

* မိခင်အားသတ်၍ ၀မ်းဗိုက်တွင်းမှ ကလေးဖြစ်သူအား ခွဲယူသည့် အဖြစ်အပျက်*

*မိခင်အားသတ်၍၀မ်းဗိုက်တွင်းမှကလေးဖြစ်သူအားခွဲယူသည့်အဖြစ်အပျက်*တော်တော်ရက်စက်တဲ့အမျိုးသမီးတယောက်ပါ။သူခလေးမရနိုင်ဘူးဆိုလို့ကိုယ်ဝန်သည်ရင့်မာကြီးရဲဗိုက်ကိုဓားနဲ့ခွဲခဲ့အဖြစ်အပျက်လေးတင်ပြလိုက်ပါတယ်။

အမေရိကန်နိုင်ငံ၊၀ါရှင်တန်ပြည်နယ်၊မြို့၃မြို့ဆုံရာဖြစ်သောကင်းန၀စ်မြို့တွင်ဂျူလိုင်လ(၁)ရက်နေ့၌ကလေးလိုချင်သူအာရှသူမှကိုယ်ဝန်ဆောင်မက္ကဆီကိုနိုင်ငံသူအားလှည့်ဖျားခေါ်ဆောင်ကာမှုခင်းဖြစ်ပွားခဲ့ရာအမေရိကန်နိုင်ငံ နိုင်ငံ၏ မီဒီယာများတွင် ဟိုးလေးတကျော် ဖြစ်ခဲ့ရသည်။


(လူသတ်မှု ကျူးလွန်သူ ဖီယန်ချိုင်း ဆီဆောဗန် ဆင်ဟာဗန် )

အသက် (၂၃)နှစ်သာ ရှိသေးသည့် လာအိုနိုင်ငံသူ ဖီယန်ချိုင်း ဆီဆောဗန် ဆင်ဟာဗန် ဆိုသည့် ကင်းန၀စ်မြို့မှ အမျိုးသမီးသည်၊ ပါစကိုမြို့မှ အသက်(၂၇)နှစ်အရွယ် အေရာဆလီ ကွန်မန်ချို ဂိုးမက်ဆိုသည့်မက္ကဆီကိုနိုင်ငံသူ အမျိုးသမီးအား ၀မ်းဗိုက်တွင်းမှ ကလေးငယ်အား ပိုင်ဆိုင်လိုစိတ်ဖြင့် ၀မ်းဗိုက်တွင်အကြိမ်ကြိမ်လှီးဖြတ်ထားကာ မသေမခြင်းသေကြောင်းကြံစည်မှုဖြင့်တရားခံအားပြည်နယ်တရားရုံးတော်မှချက်ချင်းလက်ငင်းပင်သေဒါဏ်ချ
မှတ် လိုက်သည်။
Type your summary here.


အခင်းဖြစ်ပွားပုံမှာဂျူလိုင်လ(၁)ရက်နေ့ညပိုင်းတွင်ကလေးပိုင်ဆိုင်ရန်ကြိုးပမ်းသောဆင်ဟာဗန်မှာအရေးပေါ်
ဋ္ဌာနသို့မိမိခက်ခဲစွာကလေးမွေးဖွားနေရကြောင်းလှမ်းအကြောင်းကြားလိုက်ရာ၊အကူညီပေးရန်ဦးစွာလာရောက်သော ရဲအရာရှိမှ ပြန်လည်ပြောပြရာတွင် ကားပေါ်တွင် ထိုင်နေသော သူမနှင့် ကလေးငယ်ကို အတူတွေ့ရပြီး၊
ထိုအချိန်ကလေးမှာ အသက်ရှုမှု လက္ခဏာ မတွေ့ရဟု ဆိုသည်၊ ဆက်လက်ပြီး ပြောဆိုရာတွင်သူမ၏ကားအနီး တ၀ိုက်တွင်လဲ သွေးများပေစွန်းနေသော စက္ကူလက်သုတ်ပုဝါ များစွာတွေ့ရကာ၊ ရဲအရာရှိအား ဤကလေးမှာ သူမကလေးဖြစ်ကြောင်း ကြိမ်ဖန်များစွာ ပြောဆိုနေကာ၊ သူမမှာတီရှပ်အင်္ကျီတထည်သာဝတ်ဆင်ထားသည်ဟု ဆိုသည်၊ သို့ပါ၍ ကင်းန၀စ်ဆေးရုံသို့ မိခင်ရော ကလေးပါပို့ဆောင်ရာတွင် မိခင်ဖြစ်သူမှာ ကလေးမွေးဖွား
ထားခြင်း လက္ခဏာမတွေ့ရကြောင်း၊ ကလေးဖြစ်သူမှာလဲ ချက်ချင်းလက်ငင်းမွေးဖွားထားသော ပုံပန်းသဏ္ဍာန် မတွေ့ရ၍ အရေးပေါ်ဋ္ဌာန ဆေးဖက်ဆရာဝန်များမှ မှတ်ချက်ပေးရာမှညတွင်းချင်းဤမှုခင်းပေါ်ပေါက်လာရခြင်း ဖြစ်သည်။

ရဲမှဆင်ဟာဗန်၏ကားတွင်းရှာဖွေရာတွင်ကားနောက်ခန်းတွင်လူ၏အသားတဟ်ရှူး၊တွေ့ရှိရကာရာဘာလက်
အိတ်များ၊ ကပ်ကျေးများပါသည့် သူနာပြုသုံးသေတ္တာ၊ အရေးပေါ်သုံး မီးသီး၊ သွေးစွန်းသော ခြေအိတ်၊ ခွဲစိတ်ခန်းသုံး အပ်ချည်၊ ကလေးခြေအိတ်နှင့် ကလေးနို့ဘူးများတွေ့ ရှိရသည်ဟု ကင်းန၀စ် ရဲတပ်ဖွဲ့မှ ဆိုသည်။ နောက်တနေ့ နံနက် အရုဏ်တက်တွင် တရားခံ ဆင်ဟာဗန် အရေးပေါ်ခေါ်ယူသော ဂျေစီပဲနီ ကုန်တိုက်နှင့်
အတော်အတန် မကွာဝေးသော ကိုလံဘီယာ ပန်းခြံအတွင်း၌ ၀မ်းဗိုက်တွင် ဖြတ်တောက် လှီးဖြတ်ထားသော ဒါဏ်ရာများစွာနှင့် ဂိုမက်၏ အလောင်းအားတွေ့ ရှိခဲ့ရသည်။

ထိုကလေးအား ၀ါရှင်တန်ပြည်နယ် ဒုတိယအကြီးဆုံးမြို့ စပုတ်ကင်း ဆေးရုံတွင် အထူးကြပ်မတ် ကုသနေပြီး၊ ဆေးရုံအာဏာပိုင်အဖွဲ့မှ ကလေးအသက်ရှင်သန် မျှော်လင့်ချက် ရောင်ခြည်သန်း လာပြီဟု ယမန်နေ့ညက ကြေညာကာ၊ ဤအဖြစ်ပျက်မျိုး ရက်အနည်းငယ်စောကာ ဖြစ်ပွားခဲ့ပါက ကလေးဖြစ်သူ၏ အသက်ကို ကယ်တင်နိုင်ရန် မျှော်လင့်ချက် အတော်နည်းပါးသည်ဟု ထပ်လောင်းကြေညာသည်။

ဆင်ဟာဗန်၏ မိသားစုနှင့် မီဒီယာတွေ ဆုံမေးမြန်းရာတွင် သူမအခုရက်များတွင် ကောက်ခါငင်ကာ မိမိ သောကြာနေ့ မီဖွားမည် ဖြစ်ကြောင်း၊ မိမိကလေးတယောက်ဖြင့်အခုရက်ပိုင်းအတွင်းလက်ထပ်မည်ဖြစ်သည်ဟု ကစင့်ကလျား ပြောဆိုနေသည် ကိုကြားရသည်ဟု မိသားစုဝင်များမှ ပြောဆိုသည်။

သေဆုံးသူ အေရာဆလီ ကွန်မန်ချို ဂိုးမက် သည် သားသမီး ၂ဦးနှင့် မက္ကဆီကိုနိုင်ငံမှဆင်းရဲနွမ်းပါးမှုကြောင့် မိသားစုနှင့်အတူ ပါစကိုမြို့သို့ လာရောက်အခြေချ လုပ်ကိုင်သူများဖြစ်သည်ဟု ခင်ပွန်းဖြစ်သူမှ ဖြေဆိုသည်။

တရားခံ ဆင်ဟာဗန်မှာ ပြီးခဲ့သောအပါတ်က ပြည်နယ်တရားရုံးတွင် အသနားခံခုခံချေပမည်ဖြစ်ပါသောကြောင့် အမှုအား လာမည့်အပါတ်သို့ ရွေ့ဆိုင်းလိုက်သည်။

စာနာစိတ်တွေမရှိကြတော့တဲ့လူတွေကိုကြည့်ပြီးစာနာနားလည်ခံစားနိုင်စေချင်လို့ဒီသတင်းလေးကိုတင်လိုက်ပါတယ်။လောက ကြီးမှာကြောက်စရာကောင်းတဲ့ဒီလိုစိတ်ဓာတ်တွေမရှိကြပါစေနဲ့............။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*

Type the rest of your post here.