အဖြစ်ဆိုး)ဒီသတင်းကိုဖတ်လိုက်ရတော့တော်တော်စာနာစိတ်တွေနဲ့စိတ်မကောင်းဖြစ်ခဲ့ရတယ်။
ဂျေစီဆိုတဲ့ကောင်းမလေးပါ။ဖတ်ဘူးတဲ့လူတွေလဲရှိကြမယ်ထင်ပါတယ်.ဆက်လက်ဖတ်လိုက်ကြပါစို့။.

(အနှိပ်စက်ခံ ဂျေစီလီးဒူးဂတ်)
အမေရိကန် ရဲတပ်ဖွဲ့သည် ဂျေစီလီးဒူးဂတ် (၁၈)နှစ်လုံးလုံး အနေဆင်းရဲစွာ ဖြတ်သန်း
အချိန်ကုန်ခဲ့ရသည့် အခန်းကျဉ်းလေးနှင့် တင်းကုပ်ဟောင်း နေရာလေး၏ ဓာတ်ပုံများကို
ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သည်။ ဂျေစီသည် သူမအသက် (၁၁)နှစ်အရွယ်က
ဖီးလစ်ဂါရီဒိုနှင့် နန်စီဂါရီဒိုတို့၏ ပြန်ပေးဆွဲဖမ်းဆီးမှုကို ခံခဲ့ရပြီး (၁၈)နှစ်လုံးလုံး ဖီးလစ်၏
လိင်ဆိုင်ရာ ကျေးကျွန်အဖြစ် သိမ်ငယ်စွာ နေထိုင်ခဲ့ရသည်။
ဖီးလစ်နှင့် နန်စီတို့သည် ဂျေစီအား ၎င်းတို့အိမ်၏ အနောက်ဘက်ရှိ လျှို့ဝှက်ခြံဝင်းငယ်
လေးထဲတွင် ချုပ်နှောင်ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

(သနားစဖွယ်ဂျေစီနှင့် သူမအား ပြန်ပေးဆွဲ ဖမ်းဆီးသွားသည့်နေရာ)
Type your summary here.

(သနားစဖွယ်ဂျေစီ နေထိုင်ခဲ့ရသည့် ခြံဝင်းနေရာ)
ဂျေစီ၏ မိသားစုသည် ပန်းရောင်ဝတ်စုံနှင့် (၁၁)နှစ်သမီးလေး (၁၉၉၁)ခုနှစ်က
ကယ်လီဖိုးနီးယားရှိ ဆောက်သ်လိတ်ခ်တာဟိုး လမ်းဆုံအနီးတွင် ပျောက်ဆုံးသွားပြီးနောက် သေဆုံးသွားပြီဟုပင် ယူဆထားခဲ့ကြသည်။ ဂျေစီအား ဖီးလစ်တို့က ဖမ်းဆီးထားသည့်
နေရာသည် ဆန်ဖရန်ဆစ္စကို မြို့အနီးတွင် တည်ရှိပြီး အပျက်အစီး အမှိုက်သရိုက်များ
ပြည့်နှက်နေကာ ရွက်ဖျင်တဲ တစ်လုံးတွင် ဖီးလစ်နှင့်ရသည့် ကလေးနှစ်ဦးနှင့်အတူ
ဂျေစီမှာ ချို့တဲ့စွာ နေခဲ့ရရှာသည်။
ယခုအခါတွင် အသက်(၂၉)နှစ် ရှိနေပြီဖြစ်သော ဂျေစီအား ရဲတစ်ဦးက ထိုတင်းကုပ်ရှိရာ
ခြံဝင်းအား မသင်္ကာသဖြင့် ၀င်ရောက်ရှာဖွေစဉ် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့သည်
ဂျေစီမှာ ဦးနှောက်ဆေးခြင်း (Brainwash) ပြုလုပ်မှု ခံထားရသည်ဟု ယူဆနေပြီး
ဘာသာရေးအရ မူမမှန်သော အယူဝါဒများ ရိုက်သွင်းထားခြင်းရှိ မရှိကို စစ်ဆေးဖော်ထုတ်ရန် ပြင်ဆင်နေသည်။ ဂျေစီသည် သူမ၏ မိခင်၊ ပထွေးတို့နှင့် ကြေကွဲဖွယ် ပြန်လည်ဆုံတွေ့ချိန်တွင်
မိခင်ဖြစ်သူ တယ်ရီအား “မေမေ၊ သမီးမှာ ကလေးတွေ ရှိနေပြီ”ဟူသော စကားကို ဆို့နင့်စွာ ပြောကြားခဲ့ရှာသည်။
ဂျေစီ၏ ပထွေးဖြစ်သူ ကားလ်ပရိုဘင်က “သမီးလေး အသက်ရှင်နေသေးတယ်ဆိုတာ
ရဲကလာပြောတော့ ကျွန်တော်တို့ လင်မယား ယုံတောင်မယုံနိုင်ဘူး။ ပြီးတော့ တယ်ရီက
ကျွန်တော့်ကို ဖက်ပြီးငိုတော့တာပဲ။ ကျွန်တော်လည်း ငိုခဲ့မိတယ်”ဟု ပြောကြားခဲ့သည်။
ရဲများက ဂျေစီရော သမီးလေး(၂)ဦးပါ ကျန်းမာရေး ကောင်းမွန်သော်လည်း ၎င်းတို့၏
စိတ်အခြေအနေကိုမူ စိုးရိမ်လျက်ရှိကြသည်။ ကားလ်ကလည်း “ကျွန်တော့်သမီးဟာ
ဖီးလစ်ရဲ့ ယုတ်မာမှုကိုတောင် သေသေချာချာ သဘောမပေါက်အောင် စိတ်ပိုင်းဆိုင်ရာ
ပြဿနာတွေ ရှိနေပါတယ်။ သူ့စိတ်ထဲမှာတော့ ဖီးလစ်က သူ့ကိုလက်ထပ်ထားတယ်လို့
ထင်နေတာပါ။ အဲဒီလိုဖြစ်အောင်လည်း လူယုတ်မာက သေသေချာချာ ပုံသွင်းထားခဲ့တာ”
ဟု စွပ်စွဲပြောဆိုသွားသည်။

(ဂျေစီအား ၁၈နှစ်ကြာဖမ်းဆီးထားခဲ့သည့်နေရာ)

(ဂျေစီ နေထိုင်ခဲ့ရသည့် အခန်းကျဉ်း)
သနားစရာ မိန်းကလေးသည် သူမ၏ သမီးဦးလေးအား အသက်(၁၄)နှစ်အရွယ်ဖြင့်
ဖွားမြင်ခဲ့ရရှာသည်။ ဂျေစီသည် အသက်(၁၅)နှစ်နှင့် (၁၁)နှစ်အရွယ် သမီးနှစ်ဦးနှင့်အတူ
ထိုတင်းကုပ် ခြံဝင်းလေးထဲတွင် ဆော့ကစားခွင့် ရရှိနေခဲ့ပြီး အိမ်နီးချင်းများက တွေ့မြင်ခဲ့သည့်
တိုင် ချုပ်နှောင်ထားသည်ဟု မထင်ခဲ့ကြပေ။ ဂျေစီမှာလည်း သူမ၏ ဘ၀မှန်ကို နားမလည်နိုင်
်လောက်အောင် စိတ်ပိုင်းဆိုင်ရာ မှိုင်းသွင်းခံရပြီး ဖီးလစ်၏ လိင်အလုပ်အကျွေး ဘ၀ဖြင့် ဆက်လက်ရှင်သန်နေခဲ့ရသည်။ “သူ့ကိုတကယ်ချုပ်ထားတာ တင်းကုပ်ထဲမှာ မဟုတ်ပါဘူး။ သူ့ဦးနှောက်ထဲမှာတင် သူ့ကိုချုပ်ထားတာပါ”ဟု စိတ်ပညာရှင် တစ်ဦးက ဂျေစီအတွက်
ကြင်နာသနားစွာ ပြောကြားခဲ့သည်။
ဂျေစီသည် သူမ၏ တင်းကုပ်ဂေဟာလေးတွင်သာ သာယာနေခဲ့ပြီး သူမ၏ ရှုပ်ပွနေသော
အိမ်ကလေးရှေ့တွင် Welcomeဆိုသော ဆိုင်းဘုတ်လေးကိုပင် တပ်ဆင်ထားသေးသည်။
ရဲတပ်ဖွဲ့က ဖီးလစ်သည် ဂျေစီအား ယခုလို နေထိုင်ရခြင်းသည် ဘုရားသခင်၏
အလိုတော်ကြောင့်ဖြစ်သည်ဟု နုနယ်သော ဦးနှောက်အတွင်း စွဲနေအောင် ၀ါဒမှိုင်းသွင်း
ပေးထားကြောင်း ပြောကြားသွားသည်။
ရဲတပ်ဖွဲ့သည် လူမဆန်သော ကာမဘီလူး ဖီးလစ်အား ဩဂုတ်လ (၂၈)ရက်နေ့က
ကယ်လီဖိုးနီးယား တရားရုံးတွင် စတင်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ သတင်းများအရ
ဖီးလစ်သည် ပြန်ပေးမှု၊ မုဒိမ်းမှု၊ လျှို့ဝှက်ပူးပေါင်း ကြံစည်မှု၊ လီဆယ်လိမ်ညာမှုစသော
စွဲချက်များဖြင့် တရားစွဲဆိုထားပြီး ၎င်း၏ဇနီး နန်စီကိုလည်း ပြန်ပေးမှု၊ ပူးပေါင်းကြံစည်မှုများ
အတွက် တရားစွဲထားကြောင်း သတင်းရရှိသည်။

((၀ဲ) နန်စီဂါရီဒို ၊ (ယာ) ဖီးလစ်ဂါရာဒို)

(လူမဆန်သည့် မုဒိမ်းသမား ဖီးလစ်)
ရင်းမြစ်။ ။ ပလန်းနက် အင်တာနက်သတင်း ကို လူသားချင်းစာနာစွာဖြင့်ပြန်လည်
ဖြန့်ဝေပေးလိုက်ပါသည်။ဂျေစီ လိုမျိုးအဖြစ်ကို ကျမတို့လိုအမျိုးသမီးတွေ
မရောက်ကြရပါစေနဲ့ လို့ဆုတောင်းရင်း......။
မျှဝေခံစားနိုင်ကြပါစေ။
* မြတ်လေးငုံ*
Type the rest of your post here.