16 August 2009

*နိုင်ငံခြားပို့တဲ့ ရွာလေး(သို့) ၃၀၅ နို့ဘိုး ဒုက္ခသည်စခန်:*

*နိုင်ငံခြားပို့တဲ့ ရွာလေး(သို့) ၃၀၅ နို့ဘိုးစခန်:* အကြောင်းလေး ကိုထင်ထားပါတယ်.
ကျမတို့လိုထိုင်းနိုင်ငံက ဒုက္ခသည်လို့ သတ်မှတ်ခံထားတဲ့ လူတွေနေထိုင်ကြတာပါ.
နိုင်ငံရေးနဲ့ပတ်သက်တဲ့ လူတွေက ကျမတို့နို့ဘိုးကန့်ထဲမှာ များကြပါတယ်.
ရွာထဲမှာကတော့ ကရင် ဒုက္ခသည် တွေများပါတယ်.။

ကျမတို့နေတဲ့နေရာကိုတော့ PAB အပိုင်းဆိုပြီးတော့ သတ်မှတ်ပေးပါတယ်.
ကျမနေတဲ့အိမ်နံပါတ်လေးကတော့ (၃၀၅) ပါ.ဒီအိမ်လေးထဲမှာ.ကျမတို့မိသားစု(၃)ယောက်.
မအိ.ကိုနီတွတ်ကျော်နဲ့မချေ.ဗညား.ကိုဘိုလေး.ကိုဘိုအေး.ကိုဇော်ဝင်းထွတ်.
ကိုအောင်ကျော်ဇေယျ(IT).အားလုံးပေါင်း(၁၁)ယောက်နေခဲ့ကြပါတယ်.
အမြဲရှိတဲ့လူကတော့(၅)ယောက်ကတော့အမြဲနေကြတာပေါ့။

သိပ်ပျော်ရွှင်ခဲ့ကြပါတယ်လူစုံရင်ပေါ့. ညဘက်ဆိုရင်မီးက၆နာရီခွဲဆိုလာပြီးလေ. ကော်ဖီလေးသောက်
သူအကြောင်းပြော ကိုယ့်အကြောင်းပြောထခါခါလဲ လုပြီးတော့ပြောကြ မီးည(၉)နာရီဆိုပိတ်
်ထောင်ထဲအကြောင်းတွေ ပြန်ပြောပြကြ ဗဟုသုတလဲရ စိတ်မကောင်းလဲဖြစ်ကြ .
ရယ်စရာသိပ်ပြောတတ်တဲ့ ဗညားကတော့ အမြဲနောက်နေကြပေါ့
ကိုဘိုအေးကြီးကအမြဲပြုံးပြုံးနဲ့ နေတတ်တယ်.ကျမတို့အိမ်ရဲ့ စားဘိုမှုးကတော့မချေပါ.
မအိကလဲတမျိုးရယ်ရပါတယ်. ကျမသားကလဲတမျိုး. ဆူညံနေတဲ့ဂေဟာလေးပါ။

မအိနဲ့ဗညား မရှိရင် ကျမတို့အိမ်လေးကတော်တော် ပျင်းဘို့ကောင်းပါတယ်.
ကျမတို့အိမ်မှာမိန်းခလေးတွေကလွှဲရင် အားလုံးကထောင်ထွက်တွေပါဘဲ.
မိန်းခလေး(၃)ယောက်မှာ ကျမကတော့ ဖောဖောပါဘဲ သားရှိတော့ဘာမှမလုပ်
ရပါဘူး.မချေကထမင်းဟင်းချက်. မအိကတော့ရေဖြည့်.ကျမကသူတို့ကိုဘေးကနေပွား
ပေးယုံပါဘဲ.။

ရွှေဘိုသားဗညားကစကားကကြွယ် မအိကစာရေးဆရာမ တွေ့ကြရင်အချင်းပွား.
သူမှန်ကိုယ်မှားတွေ ဖြစ်ကြပြီးရင်ပြန်တည် ပျော်ဘို့ကောင်းပါတယ်.
စိတ်လဲမဆိုးကြပါဘူး. ထမင်းစားရင်လဲ အများကြီးဆိုတော့ ပျော်ဘို့ကောင်းပါ.
လူစုံမှာထမင်းစားကြတဲ့ကျမတို့အိမ်လေးပါ.။

ညီအကိုမောင်နှမတွေလိုနေခဲ့ကြတဲ့ ကျမတို့တွေက ခုတော့တခြားစီနေကြရပါပြီး.
ကျမတို့က ၃၀၅ မှာကျန်ခဲ့ရပါသေးတယ်. ကျန်တဲ့လူတွေအားလုံးကတော့ အမေရိကန်
ကိုရောက်ကုန်ပါပြီး ခုထိလဲမောင်နှမတွေပါဘဲ. ဆူညံနေတဲ့အိမ်လေးကတော့
ခုတော့တိတ်ဆိတ်နေတဲ့ ဂေဟာလေးတခုဖြစ်နေခဲ့ ပါတယ်.ငြင်းခုန်ကြတဲ့ ဗညားနဲ့ မအိ
တို့မရှိလို့ ရယ်သံတွေမကြားဖြစ်တော့ဘူး ထမင်းဟင်းကောင်းကောင်း လဲမစားဖြစ်တော့ဘူး မချေမရှိလို့ ရေဖြည့်ပေးတဲ့ မအိမရှိလို့ရေတွေလဲပုံတွေမှာ အမြဲမပြည့်တော့ပါဘူး. ပြံးပြုံးကြီးနဲ့
သူများပြောတာနားထောင်တတ်တဲ့ ကိုဘိုအေးကိုလဲသတိရမိ. ပြည်ဆုံတွေ့ဘို့ဆိုတာက
သိပ်မလွယ် တနေရာစီမှာ ဘ၀တွေပြန်စပြန်တွေ့ကြရင် အရင်လိုဘဲ ဖြစ်နေချင်ပါတယ.
် ကျမတို့အိမ်လေးကို အမြဲသတိတရနဲ့ ပြောဖြစ်ခဲ့တဲ့နို့ဘိုးကန့်ထဲက ကျန်ခဲ့တဲ့လူတွေကတော့ အမြဲပြောကြပါတယ်. ၃၀၅ အိမ်လေးကအရင်လို့ ရယ်သံလေးတွေ ဆူညံမနေတော့ဘူးနော် ဘာဘဲဖြစ်ဖြစ်လူဘဝတွေက ခဏလေးပါဘဲ.

နေရတဲ့အချိန်လေးမှာ ဘာတွေလုပ်ပေးနိုင်မလဲ သူများအတွက်ဘာတွေလုပ်ပေးခဲ့နိုင်မလဲ.
ကိုယ်အတွက်ဘာတွေလုပ်နိုင်မလဲ. စဉ်းစားရင်နဲ့ကျမတို့နိုင်ငံက မြန်မာလူမျိုးတွေခုဆိုရင်
ထိုင်းနိုင်ငံမှာရှိတဲ့ ကန့်(၉)ကန့်ထဲမှာသိန်းပေါင်းများစွာရောက် နေကြပါတယ်.မြန်မာလူမျိုးတိုင်း ဒုက္ခကိုယ်စီနဲ့ယနေ့ထိ စခန်း(၉)ခုတိုင်းမှာရောက်နေဆဲပါဘဲ.ကိုယ်နိုင်ငံမှာနေခွင့် ပေးလို့နေရတော့လဲ
အမျိုးမျိုး စိတ်သောကတွေရောက်ကြရတယ်.ဖိနှိပ်ခံရ . လူအခွင့်ရေးဆိုတာဘာမှန်းမသိရတဲ့
မြန်မာလူမျိုးတွေ စိတ် ဒုက္ခ ကိုယ်စီနဲ့ပါ မတရားဖမ်းဆီးခံရ မတရားအာဏနဲ့ဖိနှိပ်ကြ ပြည်သူတွေကတော့အလှယ်ထိုးခံရပါတယ်.မခံတဲ့အဆုံး ဒုက္ခအဖြစ်နဲ့ ခံယူဘို့အတွက် ထိုင်းနိုင်ငံကိုထွက်လာကြတာပါဘဲ.။

သတိတရရှိမိ ဒို့ ၃၀၅ လေးဟေ့ လို့ပြောရင်းနဲ့ နားလိုက်ပါအုံးမယ်.

မျှဝေခံစားနိုင်ကြပါစေ.

*မြတ်လေးငုံ*