22 April 2014
21 April 2014
သူ...သူ...သူ.. ရှင်သန်ခြင်းရက်မြတ်မှာ အပြီးသတ် ပျံထွက်သွားခဲ့ပါပြီ...။
သူ....သူ....သူ....
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ကတည်းက အမြဲတန်းတွေ့နေမြင်နေ ဆက်ဆံခဲ့ရတဲ့ ခေါင်းဆောင်
ေေေေေေေ ဒေါ်ါ်အောင်ဆန်းစုကြည်နည်းတူ လူငယ်များအပေါ်ယုံကြည်အားထားကာ တာဝန်ခံအားပေးသူ…
နိုင်ငံရေးသမားအဖြစ် နှုတ်ကမဖွင့်ပြောသော်လည်း မြန်မာ့နိုင်ငံရေး နိုင်ငံတကာနိုင်ငံရေးများ ပြောဆိုဆွေးနွေး

မှုများတွင်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လေးစားအားထားရသူ…
ကျွန်တော်တို့ထက် လပိုင်းစောပြီး အင်းစိန်အကျဉ်းထောင်ကို ရောက်ရှိနေခဲ့သူ…
နိုင်ငံရေးအကျဉ်းသားအချင်းချင်းရဲ့ ယုံကြည်လေးစားခံရမှုကို ပိုမိုရရှိသူ….
စစ်အစိုးရအလိုကျ မတရားသဖြင့် နှိပ်စက်အုပ်ချုပ်တဲ့ ထောင်အာဏာပိုင်တွေကို “နိုင်ငံရေးအကျဉ်းသားများ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ”ကို အကျဉ်းထောင်ထဲတွင် ဦးဆောင်ဖွဲ့စည်းသူ…
ပြည်သူလူထုကို အသိပညာအလင်းပွင့်လင်းစေဘို့ရည်ရွယ်ချက်နဲ့ တသက်လုံးသတင်းစာဆရာဘ၀နဲ့နေလာသူပီပီ အကျဉ်းထောင်ထဲမှာ မတရားဖမ်းဆီးခံရပြီး အပြင်လောကနဲ့အဆက်ဖြတ်ခံထားရတဲ့ ဘ၀တူနိုင်ငံရေးအကျဉ်းသားတွေကို မျက်မှောက်သတင်းတွေရရှိအောင် စီစဉ်ကြိုးစားခဲ့သူ…
ခဲဆံတချောင်း၊ စာရွက်အပိုင်းတစလောက် လက်ဝယ်တွေ့ရှိရုံမျှဖြင့် ထောင်ဒဏ်အပြစ်ထပ်မံအပြစ်ပေးနေသော အကျဉ်းထောင်တွင်း နိုင်ငံရေးသတင်းဂျာနယ်များ၊ ရန်ကုန်တက္ကသိုလ် စိန်ရတုအခမ်းအနားအမှတ်တရဂျာနယ်တို့ကို အားလုံးနှင့်ပူးပေါင်းကာ အရဲစွန့်ဦးဆောင်တည်းဖြတ် ထုတ်ဝေခဲ့သူ….
စစ်အစိုးရနဲ့ ထောင်အာဏာပိုင်တွေရဲ့ ပြည်သူလူထုနဲ့နိုင်ငံရေးအကျဉ်းသားတွေ အပေါ်မှာ အခုလိုမတရားနှိပ်စက်မှုတွေကို ကမ္ဘာကသိအောင် ကုလသမဂ္ဂအထွေထွေညီလာခံကို တိုင်ကြားနိုင်ဘို့အတွက် အကျဉ်းထောင်တွင်းမှာနေထိုင်လျှက် အချက်အလက်များစုဆောင်းကာ ရေးသားပြုစု ဘာသာပြန်ကာ အောင်မြင်စွာဦးဆောင်ပြင်ဆင်နိုင်သူ….
(မရှိသလောက်ကို)ဆိုးဝါးလှတဲ့ ထောင်တွင်းကျန်းမာရေးကုသမှုတွေကို အာဏာပိုင်တွေမသိအောင် နည်းလမ်းမျိုးစုံနဲ့ ဆေးဝါးများစုဆောင်းကာ နိုင်ငံရေးအကျဉ်းသားအချင်းချင်းစောင့်ရှောက်မှုပေးနိုင်ဘို့

အောင်မြင်စွာဦးဆောင်စီစဉ်နိုင်သူ....
ဒီဆောင်ရွက်မှုအားလုံးကို ထောင်အာဏာပိုင်များသိရှိသွားခဲ့တဲ့အခါ တခြားသောနိုင်ငံရေးအကျဉ်းသားများနဲ့အတူ နှစ်ရှည်ထောင်ဒဏ် ထပ်မံချမှတ်ခံရသူ....
ဘ၀တလျှောက်လုံး အာဏာရှင်အုပ်စိုးသူအဆက်ဆက်ရဲ့ အငြိုးအတေးအထားခံရသူဖြစ်သည့်အလျောက် ထောင်တွင်းနေထိုင်စဉ်ကာလအတွင်း ဆေးဝါးကု

သမှုများ ကောင်းမွန်စွာမခံယူရသူ….
ရောဂါဘယများ တိုးပွားလာသော်လည်း ဒူးထောက်ကာ ကုသခံခွင့်မတောင်းဆိုခဲ့သူ…
ထောင်လွတ်ရက်စေ့သောလည်း ပုဒ်မ၁၀(က)နှင့် ဆက်လက်ထိန်းသိမ်းခံရသော်လည်း မိမိအားလွှတ်ပေးဘို့ အသနားခံရန် မည်သည့်အခါမျှ မတွေးခဲ့သူ…
၁၉၈၈မှ ယခုအပြီးပျံသန်းချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဖွဲ့ဝင်အားလုံးအပေါ်သစ္စာရှိသွားသူ….
မိမိကိုယ်တိုင်နှင့် အမိမြန်မာပြည်ကြီး “လွတ်မြောက်ပြီ”ဟု…အပြီးပျံချိန်အထိ ပြောမသွားသည့်သူ….။
.............သူ…
..............သူ….
.............သူ….
..............သူ….
.............သူ….
..............သူ….
.............သူ….
..............သူ….
.............သူ….
..............သူ….
.............သူ….
..............သူ….
.............သူ….
ကွန်ပျူတာ အင်တာနက် စက္ကူစာမျက်နှာများအပြင် လောကစာမျက်နှာများမှာပင် မဆံ့မည့်သူ…….။
သူ...သူ...သူ..
ရှင်သန်ခြင်းရက်မြတ်မှာ
အပြီးသတ် ပျံထွက်သွားခဲ့ပါပြီ...။
မိုးမြတ်သူ
ဧပရယ် ၂၁၊ ၂၀၁၄ (၁၅၁၀)နာရီ

10 April 2014
28 March 2014
စစ်တွေမြို့တွင် အကြမ်းဖက်မှုများဖြစ်ပွား.. ဒေါသထွက်နေသော ဒေသခံများက ကုလနှင့် အိုင်အင်န်ဂျီအိုဝန်ထမ်းများ၏ ရုံးနှင့်နေအိမ် ၃၀ ခန့်ကို ဖျက်ဆီး
အိုင်အင်န်ဂျီအိုတစ်ခုမှ
နိုင်ငံခြားသူ ဝန်ထမ်းတစ်ဦးက သာသနာ့အလံကို မဖွယ်မရာ
ပြုလုပ်သည်ဟု သတင်းများထွက်ပေါ်ရာမှတစ်ဆင့် စစ်တွေမြို့ တွင်
ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက
သေနတ်ဖြင့် အကြိမ်ကြိမ် မိုးပေါ်ထောင်၍ ပစ်ဖောက်ထိန်းသိမ်းခဲ့ရကြောင်း
သတင်းရရှိသည်။
မတ်လ ၂၆ ရက် ညပိုင်းမှ စတင်ခဲ့သော ရုန်းရင်းဆန်ခတ်မှုများကြောင့်
ကုလနှင့် အိုင်အင်န်ဂျီအိုအဖွဲ့အစည်းများ၏ နေအိမ်၊ ရုံးအဆောက်အအုံ ၃၀ ခန့်
ပျက်စီးခဲ့ပြီး နိုင်ငံခြားသားများအပါအဝင် ဝန်ထမ်း ၇၄ ဦးကို
လုံခြုံရေးအစောင့်အရှောက်ဖြင့် ထားရကာ အချို့ကို ရန်ကုန်မြို့သို့
ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပဋိပက္ခဖြစ်စဉ်တွင် စတင်ပါဝင်ပတ်သက်ခဲ့သော အိုင်အင်န်ဂျီအိုဝန်ထမ်း
နိုင်ငံခြားသူနှင့် ၎င်း၏ခင်ပွန်းတို့ကို ရန်ကုန်သို့ ပို့လိုက်ပြီဟု
အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပြီး ရဲတပ်ဖွဲ့ကမူ စစ်တွေမြို့တွင်
ကာကွယ်စောင့်ရှောက်ထားကြောင်း ပြောသည်။
ရုန်းရင်းဆန်ခတ်မှုများကြောင့် မတ်လ ၂၆ ရက် ညပိုင်းမှစတင်၍ မတ်လ ၂၇ ရက်
ညနေအထိ လေးကြိမ်၊ လေးနေရာခန့် သေနတ်မိုးပေါ်ထောင်၍ ပစ်ခတ်လူစုခွဲခဲ့ရပြီး
ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို နံနက် ၆ နာရီမှ ည ၆ နာရီအထိ
အချိန်တိုးမြှင့်လိုက်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက
ပြောသည်။
ယခင်က စစ်တွေမြို့တွင် ပုဒ်မ ၁၄၄ ကို ည ၁၂ မှ နံနက် ၆ နာရီထိ သတ်မှတ်ထားခြင်းဖြစ်သည်။
မတ်လ ၂၆ ရက် ည ၆ နာရီကျော်တွင် စစ်တွေမြို့ရှိ Malteser International
မှ နိုင်ငံခြားသူ ဝန်ထမ်းတစ်ဦးက ၎င်းတို့ ငှားရမ်းနေထိုင်ရာ နေအိမ်တွင်
လွှင့်ထူထားသော သာသနာ့အလံကို ဖြုတ်ချ၍ ဘောင်းဘီခါးကြားထဲတွင် ထိုးထည့်ကာ
ထဘီကဲ့သို့ ပတ်သွားသည်ဟု သတင်းများ ထွက်ပေါ်လာရာမှ လူစုလူဝေး
စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယင်းသာသနာ့အလံသည် သန်းခေါင်စာရင်းကို
သပိတ်မှောက်သည့်အနေဖြင့် လွှင့်ထူထားခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံခြားသူက
ထဘီကဲ့သို့ ဝတ်ဆင်၍ လမ်းပေါ်လျှောက်သွားနေသည်ကို ဒေသခံအချို့က မြင်တွေ့ရာမှ
သတင်းပျံ့နှံ့ပြီး ည ၈နာရီခန့်တွင် Malteser အဖွဲ့နေအိမ်ရှေ့တွင်
လူရာဂဏန်းခန့် စုဝေးလာပြီး ခဲများဖြင့် စတင်ပစ်ခဲ့ခြင်းဖြစ်ကြောင်း
ဒေသခံများက ပြောသည်။
သို့သော် Malteser International ၏ ပြောရေးဆိုခွင့်ရှိသူ Johannes
Kaltenbach ကမူ အိမ်ဝန်ထမ်းတစ်ဦးလွှင့်ထူထားသော သာသနာ့အလံကို ၎င်းတို့
Pro-gramme Coordinator က အဖွဲ့အစည်း၏ ဘာသာရေး၊ နိုင်ငံရေးနှင့်
အကူအညီပေးရေးလုပ်ငန်းများကို မရောထွေးစေသည့် မူဝါဒအရ
ဖယ်ရှားခဲ့ခြင်းသာဖြစ်ပြီး မဖွယ်မရာ ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း DVB
သတင်းဌာနသို့ ပြောကြားထားသည်။
ရဲတပ်ဖွဲ့ဝင်များက လာရောက်ထိန်းသိမ်းခဲ့သော်လည်း
လူထုအင်အားထောင်ဂဏန်းထိ ရောက်ရှိလာပြီး အခြားအင်န်ဂျီအိုရုံးများကိုပါ
ခဲဖြင့်ပစ်ပေါက်မှုများ ရှိလာသည့်အတွက် ည ၁၁ နာရီ ကျော် ၁၂ နာရီခန့်တွင်
သေနတ်အချက် ၃၀ ခန့် ပစ်ပေါက်လူစုခွဲခဲ့ရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ
သတင်းရရှိသည်။
‘‘အိမ်ထဲမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား၊ မြန်မာနိုင်ငံသား ၁၁ ဦးကို
ခေါ်ထုတ်ပြီးပါပြီ။ မိုးပေါ်ပစ်လူစုခွဲခဲ့ရတယ်။ ထိခိုက်
ဒဏ်ရာရတာမရှိပါဘူး’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦး က မတ်လ ၂၆ ရက်
ညဥ့်သန်းခေါင်ကျော်တွင် ပြောကြားခဲ့သည်။
စစ်တွေဒေသခံပြည်သူများက ယင်းနိုင်ငံခြားသူသည် သာသနာ့အလံကို မဖွယ်မရာလုပ်
စော်ကားသည့်အတွက် ဥပဒေနှင့် အညီ အရေးယူပေးရန် လိုလား၍
စတင်တောင်းဆိုခဲ့ခြင်းသာဖြစ်ပြီး ယခင်ကပင် အိုင်အင်န်ဂျီအိုများအပေါ်
မယုံကြည့်သည့်အတွက် ၎င်း၏လုပ်ရပ်မှာ ပဋိပက္ခများကို လှုံ့ဆော်သလိုဖြစ်နေကြောင်း
ပြောသည်။
မတ်လ ၂၇ ရက် နံနက်ပိုင်းတွင်လည်း သာသနာ့အလံကို
မဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် မကျေမနပ်ဖြစ်နေသည့် ဒေသခံများ
ပြန်လည်စုဝေးလာပြီး ကုလ လက်အောက်ခံအဖွဲ့အစည်းများ အပါအ၀င်
အိုင်အင်န်ဂျီအိုအဖွဲ့ နေအိမ်များ၊ ရုံးများကို ခဲများဖြင့်
ပစ်ပေါက်ဖျက်ဆီးခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
‘‘ဒီနေရာမှာစုလိုက်၊ လုံခြုံရေးတွေသွားလိုက်၊
နောက်တစ်နေရာမှာဖြစ်လိုက်ဆိုတော့ နည်းနည်း အခက်အခဲရှိပါတယ်’’ဟု
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးကပြောသည်။
မတ်လ ၂၆ ရက် ညပိုင်းမှ စတင်၍ မတ်လ ၂၇ ရက် ညနေပိုင်းအထိ နေအိမ် ၃၀ ခန့်
ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။ ထို့အပြင် လုံခြုံရေးအခြေအနေအရ ပုဒ်မ
၁၄၄ ညမထွက်ရအမိန့်ကိုလည်း အချိန်တိုးမြှင့်ခဲ့ကြောင်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။
‘‘ဒီနေ့အခြေအနေကတော့ အသေးစိတ်မသိရသေးဘူး။ အိုင်အင်န်ဂျီအိုတချို့လည်း
ရန်ကုန်ပြန်ပါ ပြီ။ ပုဒ်မ ၁၄၄ ကို မနက် ၆နာရီ ည ၆နာရီတိုးလိုက်တယ်’’ဟု
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က မတ်လ ၂၇ ရက်
ညနေပိုင်းက ပြောသည်။
ယူအင်န်နှင့် အိုင်အင်န်ဂျီအိုများမှ ၀န်ထမ်းများအား ၎င်းတို့ဆန္ဒအရ
စစ်တွေဟိုတယ်တွင် ၂၅ ဦး၊ ရဲတပ်ရင်း ရိပ်သာတွင် ၄၀ ဦးကို လုံခြုံရေးဖြင့်
စောင့်ရှောက်ထားပြီး ၉ ဦးမှာ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်
ပို့ဆောင်လိုက်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အရာရှိတစ်ဦးက မတ်လ ၂၇ ရက် ည ၈
နာရီကျော်တွင် ပြောသည်။
‘‘ဒီနေ့ သုံးကြိမ် သုံးနေရာလောက် မိုးပေါ်ထောင်ပစ် လူခွဲခဲ့ရပါတယ်’’ဟု အထက်ပါအရာရှိကဆိုသည်။
အဆိုပါ သာသနာ့အလံကို ဖြုတ်ချခဲ့သည်ဟု ဆိုသော Malteser ၀န်ထမ်းမှာ
မည်သည့် နိုင်ငံသားဖြစ်သည်ကို ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ်မေး
မြန်းသော်လည်း အတည်ပြု ချက်မရသေးပေ။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှလည်း နိုင်ငံတကာအဖွဲ့အစည်းများကို
ပစ်မှတ်ထားသည့် လူအုပ်စုဖွဲ့အကြမ်းဖက်မှုများကြောင့် အနည်းဆုံး
အမေရိကန်နိုင်ငံသား သုံးဦး ပါသော အိုင်အင်န်ဂျီအိုဝန်ထမ်းများကို
ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည့် ယမန်နေ့က စစ်တွေမြို့တွင်
ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအပေါ် လေးလေးနက်နက်စိုးရိမ်ကြောင်း မတ်လ ၂၇ရက်က
သတင်းထုတ်ပြန်သည်။
တည်ငြိမ်သည့်ငြိမ်းချမ်းရေးနှ့င် ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီး
ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို
ရေရှည်ခိုင်မာသည့်ဖြေရှင်းနည်းဖြင့် ဆောင်ရွက်သွားရန်လည်း
ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း
ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ကမ္ဘာကုလသမဂ္ဂအဖွဲ့နှင့် ဗြိတိသျှသံရုံးတို့ကလည်း
စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုနှင့် ပတ်သက်၍
လေးလေးနက်နက်စိုးရိမ်ပူပန်ကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုများဆိုင်ရာ ၀န်ထမ်းများအနေဖြင့်
လုပ်ငန်းများကို အဟန့်အတားမရှိ လုံခြုံစိတ်ချစွာဖြင့်
ဆောင်ရွက်နိုင်ရန်မှာ အဓိကအကြောင်းအရာဖြစ်ပြီး ဗြိတိန်အနေဖြင့် အခြေအနေကို
နီးကပ်စွာစောင့်ကြည့်နေမည်ဖြစ်ကြောင်း ဗြိတိန်သံရုံးက မတ်လ ၂၇ရက်တွင်
သတင်းထုတ်ပြန်သည်။
ကုလအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၏ နေအိမ်နှင့် ရုံး သုံးဆယ်ခန့်
ဖျက်ဆီးခံခဲ့ရပြီး ပုဒ်မ ၁၄၄ အချိန်တိုးမြှင့်လိုက်မှုကြောင့် အခြေအနေ
ငြိမ်သက်သွားပြီဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက မတ်လ ၂၇ ရက်
ညပိုင်းကပြောသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် ခြောက်နှစ်အရွယ်
မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း
ရဲတပ်ဖွဲ့နှင့် ပြည်နယ်အစိုးရက အတည်ပြုချက်မပေးပေ။
ရခိုင်ပြည်နယ်တွင် ကုလအပါအ၀င် အိုင်အင်န်ဂျီအိုအဖွဲ့အစည်း
ခြောက်ဆယ်ကျော်ရှိပြီး အစိုးရနှင့် နားလည်မှုစာချွန်လွှာထိုး လုပ်ကိုင်နေသော
အဖွဲ့အစည်း (၁၅)ဖွဲ့ ပါဝင်ကြောင်း ပြည်ထောင်စုအစိုးရက
တရားဝင်ပြောကြားထားသည်။
- စစ်တွေမြို့တွင် ဖြစ်ပွားသောအကြမ်းဖက်မှုများအတွက် အမေရိကန်နှင့် ဗြိတိန်သံရုံး၊ ကုလသမဂ္ဂအဖွဲ့တို့က အခြေအနေကို အထူးစိုးရိမ်ကြောင်း မတ်လ ၂၇ ရက်တွင် ကြေညာချက် အသီးသီး ထုတ်ပြန်သည်။
- အကြမ်းဖက်မှုများကြောင့် ကုလနှင့် အိုင်အင်န်ဂျီအို အဖွဲ့အစည်းများ၏ နေအိမ်နှင့် ရုံး ၃၀ခန့်ပျက်စီးပြီး နိုင်ငံခြားသားများအပါအ၀င် ၀န်ထမ်း ၇၄ ဦး လုံခြုံရေးအတွက် အစိုးရက ကာကွယ်စောင့်ရှောက်ထားရသည်။
- မတ်လ ၂၇ ရက်မှစတင်၍ စစ်တွေမြို့တွင် ည ၆ နာရီမှ နံနက်၆ နာရီထိ ညမထွက်ရအမိန့် အရှိန်တိုးမြင့်လိုက်သည်။
- အကြမ်းဖက်မှုများဖြစ်ပွားစဉ် လေးနေရာခန့်တွင် သေနတ်ဖြင့်မိုးပေါ်ထောင်၍ ပစ်ကာ လူစုခွဲခဲ့သည်။
သတင်း....
26 March 2014
ပခုက္ကူဆန္ဒပြပွဲပါဝင်သူကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ ဦးကို ပခုက္ကူရဲတပ်ဖွဲ့ခေါ်ယူ
ပခုက္ကူမြို့ဆန္ဒပြပွဲ အောင်မြင်စွာ ပြီးဆုံး
=====================
ပခုက္ကူမြို့အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြသူများသည် နံနက် ၁၀း ၁၅ နာရီတွင် ပခုက္ကူမြို့၊ ၁၂ ရပ်ကွက်ရှိ အမှတ် ၂ အခွန်လွတ်ဈေးအရောက် စီတန်းလှည့်လည်ခြင်းကို အဆုံးသတ်ခဲ့ကြပြီး အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ ဟောပြောပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ မမီးမီးနှင့် မနီလာသိန်းတို့က ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာများကို ဟောပြောခဲ့ကြပြီး နံနက် ၁၀း ၄၅ နာရီတွင် ဆန္ဒဖော်ထုတ်ပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။
ပခုက္ကူဆန္ဒပြပွဲပါဝင်သူ ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ဦးကို ပခုက္ကူရဲတပ်ဖွဲ့ခေါ်ယူ
=============================
ယနေ့ မတ်လ ၂၆ ရက် နံနက် ပခုက္ကူမြို့တွင် ခွင့်ပြုချက်မရဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည်၊ ဟောပြောပြီး ဆန္ဒဖော်ထုတ်ကြသူများအနက် ပခုက္ကူဒေသခံများဖြစ်ကြသော ကိုသန်းနိုင်၊ ကိုသက်ကြူနှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ဦးကို ပခုက္ကူရဲစခန်းမှ စခန်းမှူးက လာခေါ်ကြောင်း နှင့် ၈၈ မျိုးဆက်တို့က ထမင်းစားပြီးမှ လာခဲ့မည်ဟု အကြောင်းပြန်ထားကြောင်း ယခု ၁၂း၀၀ နာရီတွင် ပခုက္ကူမှ သတင်းရသည်။
သတင်း - Ant Bwe Kyaw
=====================
ပခုက္ကူမြို့အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြသူများသည် နံနက် ၁၀း ၁၅ နာရီတွင် ပခုက္ကူမြို့၊ ၁၂ ရပ်ကွက်ရှိ အမှတ် ၂ အခွန်လွတ်ဈေးအရောက် စီတန်းလှည့်လည်ခြင်းကို အဆုံးသတ်ခဲ့ကြပြီး အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ ဟောပြောပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်
ပခုက္ကူဆန္ဒပြပွဲပါဝင်သူ ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ဦးကို ပခုက္ကူရဲတပ်ဖွဲ့ခေါ်ယူ
=============================
ယနေ့ မတ်လ ၂၆ ရက် နံနက် ပခုက္ကူမြို့တွင် ခွင့်ပြုချက်မရဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည်၊ ဟောပြောပြီး ဆန္ဒဖော်ထုတ်ကြသူများအနက် ပခုက္ကူဒေသခံများဖြစ်ကြသော ကိုသန်းနိုင်၊ ကိုသက်ကြူနှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ဦးကို ပခုက္ကူရဲစခန်းမှ စခန်းမှူးက လာခေါ်ကြောင်း နှင့် ၈၈ မျိုးဆက်တို့က ထမင်းစားပြီးမှ လာခဲ့မည်ဟု အကြောင်းပြန်ထားကြောင်း ယခု ၁၂း၀၀ နာရီတွင် ပခုက္ကူမှ သတင်းရသည်။
သတင်း - Ant Bwe Kyaw
07 March 2014
12 February 2014
တပ်မတော်ရဲ့  ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ပြောကြားခဲ့သော တပ်မတော်ဆိုသည်မှာ
စစ်ဝန်ကြီးရုံးတော်
နေ့ စွဲ။ ၂၉-၁၂-၁၉၄၄။
အချိန်။ ၃၊ ၃၀ နာရီ။
ကျွန်ုပ်တို့ တပ်မတော်သည် မည်ကဲ့သို့ တပ်မတော်ဖြစ်သည်ဆိုသည်ကို တိုင်းသူပြည်သားအများအား သေချာစွာ သိရှိနားလည်စေရန် အောက်ပါအချက်များကို ကျွန်ုပ်တို့ ထုတ်ပြန်လိုက်ရပေကြောင်း။
ကျွန်ုပ်တို့ တပ်မတော်အား ကျွန်ုပ်တို့ သည် အောက်ပါ ညွန်ကြားချက်အမိန့်များကို ရှင်းလင်းပြတ်သားစွာ အစကနဦးကပင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်းကို ညွန်ကြားချက်ထဲမှ ကျွန်ုပ်တို့ သည် အောက်ပါအချက်များကို အများပြည်သူတို့  သိရှိရန် ဖေါ်ပြလိုက်ပေကြောင်း။
ငါတို့ တပ်မတော်သည် ပြည်သူများမှ ဖြစ်ပေါ်လာ၍ ပြည်သူများ၏ လွတ်လပ်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို စောင့်ရှောက်ကာကွယ်ရန် ဖြစ်သည်။ ထို့ ကြောင့် ငါတို့  တပ်မတော်သည် ပြည်သူ့ တပ်မတော် ဖြစ်သည်။ ပြည်သူများနှင့် ကွဲပြားနေ၍ ပြည်သူများ၏အကျိုးကို ကာကွယ်ရင်း မရှိသော တပ်မတော်မျိုးမဟုတ်၊ ပြည်သူ့ တပ်မတော်သည် ပြည်သူများတွင် အခြေခံ၍ ပြည်သူများနှင့် အဆက်ဖြတ်ကာ ကွဲပြားခြားနားခြင်း မရှိ၊ အမြဲဆက်စပ်နေ၍ ပြည်သူများနှင့် တသားတည်းရှိသည်၊ ပြည်သူ့ တပ်မတော်သည် ပြည်သူတို့ ၏ လက်ရုံးလက်သီး ပြည်သူများ၏ ဓါးသွား ဖြစ်စေရမည်။ ထို လက်ရုံး၊လက်သီး၊ ဓါးသွားသည် ပြည်သူများ၏ ရန်သူကို တွန်းလှန်ရန် ဖြစ်သည်။ ထိုလက်ရုံး၊ လက်သီး၊ ဓါးသွားသည် ပြည်သူများ၏အကျိုးကို ကာကွယ်ရန် ဖြစ်သည်။
ထို့ ကြောင့် ပြည်သူ့ တပ်မတော်သားများဖြစ်ကြသော ရဲဘော်တို့ ပြည်သူ့ တပ်မတော်သားပီပီ အောက်ပါအချက်များကို ကျင့်ကြံရမည်။
(၁)။ ပြည်သူပြည်သားအပေါင်းတို့ အား အရာရှိ၊ အရာမဲ့ ၊ လူကြီး လူငယ်၊ ယောင်္ကျား မိန်းမ လူမျိုးဘာသာမရွေး ဆက်ဆံတတ်ပါစေ၊ ဖေါ်ရွေကြပါ၊ ယဉ်ကျေးကြပါ၊ ကိုယ့်အမှား မရှိပါစေနှင့်၊ တရားမျှတကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။
(၂)။ ကိုယ်နှင့်မဆိုင်တဲ့  အခြားသူ၏ အလုပ်ကို အနှောင့်အယှက် မပြုပါနှင့်၊ သို့ သော် ကိုယ့်ဝတ္တရားအချိန်တွင် မည်သူမဆို ကူညီနိုင်သမျှ ကူညီပါ၊ ကူညီရာတွင် တရားနည်းလမ်းကျပါစေ။
(၃)။ ဗမာမဟုတ်သော နိုင်ငံတွင်းရှိ လူမျိုးစုများကို ငါတို့ တပ်တွင်၎င်း၊ ပြင်ပသော်၎င်း၊ ဆွေမျိုးရင်းချာကဲ့ သို့  သဘောထားပါ၊ ၄င်းတို့ အလေ့အထ ဘာသာအတိုင်း ကိုးကွယ်ခြင်း၊ ပြောဆိုခြင်း၊ ၀တ်စားနေထိုင်ခြင်း အစရှိသည်တို့ ကို မကဲ့ ရဲ့ ပါနှင့်၊ မနောက်ပြောင်ပါနှင့်၊ မနှောင့်ယှက်ပါနှင့်၊ ၄င်းတို့ မခံချင်မည့် အပြောအဆို အသုံးအနှုံးကို ရှောင်ကျဉ်ပါ၊ ၄င်းတို့ ကို ကူညီနိုင်လျင် ကူညီပါ။
(က) အရက်မူး မရမ်းကားရ၊
(ခ) မိန်းမများကို ကျူးလွန်စော်ကားခြင်း မပြုရ။
(ဂ) လုယက် မခိုးဝှက်ရ။
(ဃ) တည်းခိုသောအိမ်ယာများတွင် ခွင့်တောင်းပြီးမှ ၀င်ရမည်။ နေထိုင်စဉ်အခါ ညစ်ညစ်ညမ်းညမ်း မနေထိုင်ပဲ သန့် သန့် ရှင်းရှင်း နေထိုင်ရမည်။ အိမ်မှ ထွက်ခွာသောအခါတွင်လည်း အပျက်အစီးများရှိက မိမိကြောင့်ဖြစ်လျင် အစားထိုးပေးခြင်း၊ လျော်ကြေးပေးခြင်း ပြုရမည်။
(င) တန်ရာတန်ဘိုးမပေးပဲ မ၀ယ်ပါနှင့်။
(စ) ချေးငှားထားသောအရာကို ဆက်ဆက်ပြန်ပေးပါရန် မမေ့ပါနှင့်။
(ဆ) အထက်အမိန့် မရပဲ ပစ္စည်းအတင်းမသိမ်းပါနှင့်၊ အထက်အမိန့် အရ သိမ်းရစေကာမူ မဖွယ်မရာ မယဉ်မကျေးမပြုပါနှင့်၊ အများမခံနိုင်အောင် မလုပ်ပါနှင့်။
(ဇ) လူမျိုးအချင်းချင်း၎င်း၊ ကိုးကွယ်သည့် ဘာသာရေးနှင့် ပါတ်သက်၍၄င်း၊ သွေးကွဲသည့် အလုပ်၊ မုန်းတီးစေမည့်အလုပ်ကို မလုပ်ပါနှင့်။
အထက်ပါအတိုင်း ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့ တပ်မတော်အား စည်းကမ်းများ ပြုလုပ်ပညပ်ထားပြီဖြစ်ကြောင်း၊ သို့ သော်လည်း တချို့ တချို့ သော တပ်မတော်သားများသည်၎င်း၊ တပ်မတော်သားများ အယောင်ဆောင်ကြသော အရပ်သားများသည်၎င်း၊ ကျွန်ုပ်တို့ ရည်ရွယ်ချက်ဝါဒ စည်းမျဉ်းနှင့် ဆန့် ကျင်၍ ပြုလုပ်နေကြပုံကို ကျွန်ုပ်တို့  ရံဖန်ရံခါ ကြားသိရပေကြောင်း။ ထိုကဲ့ သို့ အမှူကိစ္စမျိုးကို ကြားသိရသော ပြည်သူအပေါင်းတို့ သည် ကျွန်ုပ်တို့ အား သိရှိသည်နှင့် တပြိုင်နက် လာရောက်အကြောင်းကြား တိုင်ကြားစေလိုကြောင်း။
ကျွန်ုပ်တို့ တပ်မတော်သည် အဓမ္မနှိပ်စက်ခြင်း၊ သွေးစုပ်ခြင်းအတွက် မည်သည့်အခါမျှ ရည်ရွယ်ခြင်းမရှိ၊ ထိုကဲ့သို့ ကျွန်ုပ်တို့ ရည်ရွယ်ချက်နှင့် ဆန့် ကျင်သော မည်သူကိုမဆို ကျွန်ုပ်တို့ အား လာရောက်တိုင်ကြားက ကျွန်ုပ်တို့  အရေးယူနိုင်သူမှန်သမျှကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း။
ကျွန်ုပ်တို့ အတိအလင်း ကြေညာလိုသည်မှာ ကျွန်ုပ်တို့ တပ်မတော်သည် တိုင်းပြည်လွတ်လပ်ရေးနှင့် ထိုတိုင်းပြည်လွတ်လပ်ရေးကို ခိုင်ခိုင်မာမာ ဒင်ပြည့် တည်တံ့စေအောင် ဆောင်ရွက်ရန်ဖြစ်သော မျိုးချစ်တပ်မတော် ဖြစ်သည်။ ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့ တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေးကို ရွှေဒင်္ဂါး အစရှိသော ကိုယ်ရေးသက်သာမှူကလေးများအတွက် မည်သည့်အခါမဆို မည်သည့်နည်းနှင့်မျှ လဲယူမည် မဟုတ်ကြောင်း။
ကျွန်ုပ်တို့ သည် ဤနိုင်ငံ၊ ဤလူမျိုးများ လုံးဝလွတ်လပ်ရေးအတွက် အဆုံးထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း။ တိုင်းသူပြည်သားများအား တိတိလင်းလင်း ကြေညာလိုက်ပေကြောင်း။
အောင်ဆန်း
စစ်ဝန်ကြီးနှင့်စစ်သေနာပတိ
ဗမာ့လက်နက်ကိုင်စစ်တပ်များ
ဗမာနိုင်ငံတော်

09 February 2014
06 February 2014
ကားနှင့်အကျိုးပေးသောစစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး
ကားနှင့် အကျိုးပေးသော စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး..
(စစ်ကိုင်းမြို့ စီးပွားရေး လုပ်ငန်းရှင် တဦးပေးစာ)
နိုင်ငံတော်မှ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များအတွက် တိုယိုတာ၊ ကယ်ဒီနား ကားများ ချထားပေးခဲ့ရာ ၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင် စသည့်မြို့များမှ ရရှိခဲ့ပါသည်။
စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးအတွက်ရရှိသော ယာဉ်မောင်း ဦးမင်းအောင် မောင်းနှင်သည့် အထက်အပါ ကားအမျိုးအစား ခဲရောင်သည် ၂၀၁၄၊ ဇန်န၀ါရီလအတွင်းက၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ အနီးအရောက်တွင် လမ်းဘေးမှ သစ်ပင်ကြီးကို ၀င်ရောက်တိုက်မိပြီး ကားပျက်စီးသွားခဲ့ပါသည်။
သည့်အတွက် စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူး တစ်ဦးလျှင် ကျပ် (၂) သောင်း ကျစီ ကောက်ခံခဲ့ပါသည်။ ၎င်းဆနာက် အုတ်ခဲလုပ်ငန်းရှင်များထံမှ ငွေကျပ် သိန်း(၁၃၀)ခန့်ကိုလည်း ထပ်မံကောက်ခံခဲ့ပါသည်။
သည့်အတွက် စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူး တစ်ဦးလျှင် ကျပ် (၂) သောင်း ကျစီ ကောက်ခံခဲ့ပါသည်။ ၎င်းဆနာက် အုတ်ခဲလုပ်ငန်းရှင်များထံမှ ငွေကျပ် သိန်း(၁၃၀)ခန့်ကိုလည်း ထပ်မံကောက်ခံခဲ့ပါသည်။
ထို့အပြင် စက်သုံးဆီလုပ်ငန်းရှင်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များထံမှလည်း ထပ်ဆင့် ကောက်ခံခဲ့ရာ ကောက်ခံရရှိငွေ စုစုပေါင်း ကျပ်သိန်း(၃၀၀)ကျော်
ရရှိခဲ့ပါသည်။
ကားအစား ရရန်အတွက် မြ၀တီမှ လိုင်စင်မဲ့ ၊ ချက်စီ ပြင်ရိုက်ပြီး ကားကို စစ်ကိုင်းအရောက် ( ၃၅ )သိန်း ဖြင့် ၀ယ်ယူခဲ့ပြီး ထိခိုက်ပျက်စီးသည့် မူရင်းကားကို ကျပ်(၁၃)သိန်းဖြင့် ရောင်းချခဲ့ပါသည်။ စာရင်းချုပ်လျှင် ကားအသစ်အစားထိုးသည့် ကိစ္စသည် ကျပ်(၂၂)သိန်း သာကုန်ကျခဲ့ပါသည်။
သိန်း(၃၀၀)နီးပါး အမြတ်အစွန်းရရှိသော ယခုလို ယဉ်တိုက်ခိုက်မှု အကျိုးအမြတ်ကို ကြွက်သေတခု အရင်းပြုဆိုသလို တိုက်ကား တစီးကို အရင်းပြုပြီး..။
လက်ဆုပ်လက်ကိုင် အမြတ် ရယူနိုင်ခဲ့သည့် စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်အတွက်၊ ဤဖြစ်စဉ်သည် အကျိုးပေးသည့် စီးပွားရေး အမြင်သစ်တရပ်အဖြစ်ရှိနေမှာ အသေအချာပင် ဖြစ်ပါတော့သည်။

စီးပွားရေး အမြင်ဖြင့်ကြည့်သူ
စစ်ကိုင်းသား..
01 February 2014
Unity Journal အယ်ဒီတာချုပ် အား သတင်းတပ်ဖွဲ့ မှ ပြီးခဲ့ သည့် မိနစ် ပိုင်းက လာရောက်ခေါ်ဆောင်သွား
Unity journal တွင်ဖေါ်ပြ ခဲ့သောလျှိုဝှတ် ဓါတုလက်နက်စက်ရုံသတင်းဆောင်း ပါးနှင့်စပ်လျှင်း၍
အရေးယူဆောင်ရွက်မှု ဟုယူဆရသော စစ်ဆေးမှုများကို အာဏာပိုင်များ
ကဆောင်ရွက်လျှက်ရှိပြီးယနေ့ ည တွင် ပေါက်မြို့ နေ Unity journal သတင်းထောက်
ကိုလူမော်နိုင် အား သက်ဆိုင်ရာ လာရောက် ခေါ်ဆောင် သွားကြောင်းနှင့် ၊
အခြား ရန်ကုန်နေ သတင်းထောက် ၃ ဦး ၏နေအိမ်များသို့ ယနေ့ ညတွင်
ဝင်ရောက်စစ်ဆေးမှု များရှိကြောင်း ၄င်း Unity Journal အယ်ဒီတာ ဖြစ်သူ
ကိုတင်ဆန်း မှပြောကြားပါသည်။
နောက်ဆက်တွဲ သတင်း
Unity Journal အယ်ဒီတာချုပ် အား သတင်းတပ်ဖွဲ့ မှ ပြီးခဲ့ သည့် မိနစ် ပိုင်းက လာရောက်ခေါ်ဆောင်သွားပြီဟု သိရှိရသည်။
သတင်း...Thiha Thwe
နောက်ဆက်တွဲ သတင်း
Unity Journal အယ်ဒီတာချုပ် အား သတင်းတပ်ဖွဲ့ မှ ပြီးခဲ့ သည့် မိနစ် ပိုင်းက လာရောက်ခေါ်ဆောင်သွားပြီဟု သိရှိရသည်။
သတင်း...Thiha Thwe
Subscribe to:
Posts (Atom)