26 March 2014

ပခုက္ကူဆန္ဒပြပွဲပါဝင်သူကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ ဦးကို ပခုက္ကူရဲတပ်ဖွဲ့ခေါ်ယူ

ပခုက္ကူမြို့ဆန္ဒပြပွဲ အောင်မြင်စွာ ပြီးဆုံး
=====================
ပခုက္ကူမြို့အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြသူများသည် နံနက် ၁၀း ၁၅ နာရီတွင် ပခုက္ကူမြို့၊ ၁၂ ရပ်ကွက်ရှိ အမှတ် ၂ အခွန်လွတ်ဈေးအရောက် စီတန်းလှည့်လည်ခြင်းကို အဆုံးသတ်ခဲ့ကြပြီး အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ ဟောပြောပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ မမီးမီးနှင့် မနီလာသိန်းတို့က ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာများကို ဟောပြောခဲ့ကြပြီး နံနက် ၁၀း ၄၅ နာရီတွင် ဆန္ဒဖော်ထုတ်ပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။


ပခုက္ကူဆန္ဒပြပွဲပါဝင်သူ   ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ဦးကို ပခုက္ကူရဲတပ်ဖွဲ့ခေါ်ယူ
=============================
ယနေ့ မတ်လ ၂၆ ရက် နံနက် ပခုက္ကူမြို့တွင် ခွင့်ပြုချက်မရဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည်၊ ဟောပြောပြီး ဆန္ဒဖော်ထုတ်ကြသူများအနက် ပခုက္ကူဒေသခံများဖြစ်ကြသော ကိုသန်းနိုင်၊ ကိုသက်ကြူနှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ဦးကို ပခုက္ကူရဲစခန်းမှ စခန်းမှူးက လာခေါ်ကြောင်း နှင့် ၈၈ မျိုးဆက်တို့က ထမင်းစားပြီးမှ လာခဲ့မည်ဟု အကြောင်းပြန်ထားကြောင်း ယခု ၁၂း၀၀ နာရီတွင် ပခုက္ကူမှ သတင်းရသည်။


 

သတင်း - Ant Bwe Kyaw