09 November 2010
08 November 2010
ထိုင်းနိုင်ငံသတင်းဌာန channel 7 မှ မြဝတီ တိုက်ပွဲ သတင်းကို ညနေခင်းသတင်းမှာထုတ်လွှင့်ပြသနေခြင်း
ဟံသာဝတီမှ ကူးယူဖော်ပြပါသည်.။
ထိုင်းနိုင်ငံ ASTV သတင်းဌာန မှ ထုတ်လွှင့်ပြသနေသော မြဝတီ ပြည်သူများထွက်ပြေးခိုလှုံမှုသတင်းနှင့်နအဖရွေးကောက်ပွဲသတင်း
ထိုင်းနိုင်ငံ မဲဆောက်နှင့် မြဝတီ ချစ်ကြည်ရေး တံတားထိပ် တွင် ထိုင်းအာဏာပိုင် များအား တွေ့မြင်ရသည့်
သတင်းဓာတ်ပုံ နှင့် မြဝတီမြို့ မှ ခေတ္တတိမ်းရှောင်ရောက်ရှိလာကြသောမြန်မာပြည်သူများအား ထိုင်းအာဏာပိုင်များ နေထိုင်ဘို့ နေရာများချနေစဉ်

ရွေးကောက်ပွဲ မဲအနိုင်အရှုံး စာရင်း (၂)
မဲစာရင်းတွေ ရင်းမြစ်က http://www.news-eleven.com ကပါလို့ ပေးပို့လာသူက ဆိုပါတယ်...
၁၉၉၀ ရွေးကောက်ပွဲတုန်းက မဲပေးခွင့်ရှိသူ သန်း ၂၀ လောက်မှာ ၁၅ သန်းကျော်လောက်မဲပေးပြီး ဆန္ဒမဲပေးမှု၇၂ ရာခိုင်နှုန်းရှိခဲ့ပါ တယ်။ အခု၂၀၁၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၂၉သန်းကျော်ရှိပါတယ်။ ဆန္ဒမဲပေးသူ ရာခိုင်နှုန်းတော့ မသိရသေးပါဘူး....။

နအဖ ရဲ့ မသမာတဲ့ ရွေးကောက်ပွဲ ကို မသမာတဲ့မဲများနဲ့ ဘဲပြီးဆုံးသွားပါကြောင်း

ရန်ကုန်မြို့ရှိ မဲရုံတရုံတွင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ မဲရေတွက်နေစဉ်။ နိုဝင်ဘာ ၇၊ ၂၀၁၀။
မြန်မာနိုင်ငံ တနိုင်ငံလုံးက မဲရုံပေါင်း ၃၀,၀၀၀ ကျော်မှာ ဒီနေ့မနက် ၆ နာရီက စပြီး မဲပေးခဲ့ကြပြီး ညနေ ၄ နာရီမှာ မဲရုံတွေ ပိတ်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံက မဲပေးခွင့်ရှိသူ ၂၉ သန်းထဲက အနည်းစုကသာ မဲရုံတွေမှာ မဲပေးခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။
မဲပေးသူတွေ နည်းပြီး ခြောက်ကပ်နေတဲ့အပေါ် စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြသူတွေက ရန်ကုန်မြို့မှာ စားသောက်ကုန်တွေ ၀ယ်ယူ စုဆောင်းကြတာကြောင့် အခြေခံစားကုန် ဈေးတွေ တက်သွားခဲ့ပါတယ်။ ဓာတ်ဆီတွေကိုလည်း ၀ယ်ယူ သိုလှောင်နေကြတာကြောင့် ဓာတ်ဆီဈေးက တဂါလံကို ၂,၅၀၀ ကျပ်နဲ့ ၃,၅၀၀ ကျပ်အထိ ဖြစ်သွားခဲ့တယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
နေပြည်တော်မှာတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဇေယျာသီရိမြို့နယ်က မဲရုံမှာ မဲသွားပေးခဲ့ပြီး ဇေယျာသီရိ မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီက လက်ရှိ မြန်မာစစ်အစိုးရရဲ့ နံပါတ် ၃ ခေါင်းဆောင် သူရ ဦးရွှေမန်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဦးချစ်စိန်တို့ ၂ ဦးတည်း ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဇေယျာသီရိ မဲဆန္ဒနယ်မှာတော့ မဲပေးနိုင်သူ လူဦးရေရဲ့ ၆၂% က လာပြီး မဲပေးခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောကြားခဲ့ပေမဲ့ နေပြည်တော်ရဲ့ ခရိုင်မြို့နယ် ၈ မြို့နယ်မှာ မဲပေးခွင့်ရှိသူ ၆၀၀,၀၀၀ ကျော်ရဲ့ ၅၀% သာ တကယ်တမ်း မဲလာပေးခဲ့ကြတာလို့ သတင်းထောက်တွေက ဆိုပါတယ်။
တခြားသော နေပြည်တော်ခရိုင် မဲဆန္ဒနယ်မြေတွေမှာတော့ ဇမ္ဗူသီရိမြို့နယ်မှာ လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်၊ ပုဗ္ဗသီရိမြို့နယ်မှာ လက်ရှိ စစ်အစိုးရ အတွင်းရေးမှူး သီဟသူရ ဦးတင်အောင်မြင့်ဦးတို့က ပြည်ခိုင်ဖြိုးပါတီရဲ့ အမတ်လောင်းတွေအဖြစ် ၀င်ပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ရန်ကုန်တိုင်းမှာ အများက စိတ်ဝင်စားနေကြတဲ့ လက်ရှိ ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း၊ တသီးပုဂ္ဂလ အမတ်လောင်း ဦးကောင်းမြင့်ထွဋ်တို့ရဲ့ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်က ရွေးကောက်ပွဲမှာတော့ အခု တောင်ဥက္ကလာပ ၅ ရပ်ကွက်က မဲရုံတွေမှာ ရေတွက်ပြီးစီးသွားခဲ့တာမှာ ကြိုတင်မဲတွေနဲ့ ပေါင်းပြီး ဦးအောင်သိန်းလင်းက အနိုင်ရသွားခဲ့တယ်လို့ ဦးကောင်းမြင့်ထွဋ်က ဗွီအိုအေကို ပြောခဲ့ပါတယ်။
တောင်ဥက္ကလာပမြို့နယ်မှာ မဲရုံပေါင်း ၂၀၃ ရုံရှိပြီး ကျန်တဲ့ရပ်ကွက်တွေက မဲရုံတွေမှာလည်း မဲတွေ ရေတွက်နေဆဲ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို ဒေသခံတွေ အားလုံးက မဲပေးခဲ့ကြတယ်လို့ ယုံကြည်တဲ့အကြောင်း ကျားဖြူပါတီလို့ လူသိများတဲ့ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဧရာဝတီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ ဒီ ၂ ရက်အတွင်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး မြ၀တီမြို့မှာတော့ ဗုဒ္ဓဘာသာ ကရင်တပ်ဖွဲ့ (DKBA) က နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်မခံသူတွေက မဲရုံတွေရှေ့မှာ လက်နက်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုတွေ မရှိသေးဘဲ ဒီသတင်းကိုလည်း အာဏာပိုင်တွေက အတည်ပြုခြင်း မရှိသေးပါဘူး။
သတင်း...(VOA)

07 November 2010
မြ၀တီမြို့အစိုးရရုံးကို ဒီကေဘီအေက သိမ်းလိုက်တယ်ဆိုတဲ့ သတင်းအားDKBAခေါင်းဆောင် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး (ခေါ်) စောလဘွယ်ကိုအားမေးမြန်းချက်
မြ၀တီမြို့အစိုးရရုံးကို ဒီကေဘီအေက သိမ်းလိုက်တယ်
နော်နိုရင်း၊ ၀၇ နိုဝင်ဘာ ၂၀၁၀
သောတရှင်များရှင်။ ကရင်ပြည်နယ် မြ၀တီမြို့တွင်းက အစိုးရရုံးတချို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ဝင်တွေ သိမ်းလိုက်တယ်လို့ ကြားသိရပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့လည်း ဒီကေဘီအေနဲ့ပြန်လည်ပူးပေါင်းတာတွေရှိတယ်လို့ ကြားသိရပါတယ်။ ဒီအကြောင်းကို သိရဖို့ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး (ခေါ်) စောလဘွယ်ကို ဒီဗွီဘီသတင်းထောက် နော်နိုရင်း က ဆက် သွယ်မေးမြန်းထားပါတယ်။
ဗိုလ်မှူးချုပ်နှုတ်ခမ်းမွေးကို ဒီဗွီဘီသတင်းထောက် နော်နိုရင်း မေးမြန်းခဲ့တာပါရှင်။

နအဖ ရဲ့ အတုအယောင်ရွေးကောက်ပွဲ ရန်ကုန်မြို့ ၏ မဲရုံ သတင်းကို CRPP အဖွဲ့ဝင် နိုင်ငံရေးခေါင်းဆောင်တဦးမှ ယခုလိုပြောကြား
ရန်ကုန်မြို့ ၊ မြို့နယ်(၃၀)ကျော်မှာ မဲရုံ(၅၀)ကျော်ခန့်ကို သွားရောက်စောင့်ကြည့်နေခဲ့ရာ မနက်(၆)နာရီမှ နေ့လည် (၁၂)နာရီအထိ မဲရုံ အသီးအသီးတွင် မဲလာရောက်ပေးသူ လူ(၁၀၀)မကျော်ခဲ့ပေ။ သင်္ကန်ကျွန်းမြို့နယ် မဲရုံများတွင် မဲလာရောက်ပေးမှု အလွန်နည်းပါသည်။ မဲရုံများကို စောင့်ကြည့်နေသော ပြည်တွင်းမှ နိုင်ငံရေးခေါင်းဆောင် စီအာပီပီ အဖွဲ့ဝင်တစ်ဦးမှ ယခုဘဲ ပြောကြားသွားပါသည်။
နအဖ ရဲ့ အတုအယောင်ရွေးကောက်ပွဲ အား ဂျပန်သတင်းဌာန APF မှသတင်းသွားယူခဲ့သော ဂျပန် သတင်းထောက် အားဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခံနေရဆဲ
နိုဝင်ဘာလ (၇) ရက် မှာ ထိုင်းမြန်မာနယ်စပ် တံတားအောက်ကနေ ဘောနဲ့ နံနက် ၈း၃၀ မှာ မြ၀တီကို ကူးပြီး ၀င်ရောက်သတင်းရယူသူဂျပန်နိုင်ငံသား တိုနီမက်ဆာမိုတို အသက် ၄၉ နှစ် ဘောပင်ဗွီဒီယိုကင်မ၇ာတချောင်း၊ ဂျပန်ဖုန်းတလုံး၊ ထိုင်းဖုန်းတလုံး ၊ နှင့် APF သတင်းဌာန ကဒ်ပြား နှင့် passport တို့ နှင့်အတူ ဖမ်းစီးခံရပြီး အခု မြ၀တီ ရဲစခန်းမှ စစ်ဆေးမေးမြန်းရန်အတွက် စစ်ကြောရေးစခန်းသို့ ပို့ ဆောင်လိုက်ကြောင်းအခု သတင်းရရှိပါတယ်။သတင်းအသေးစိတ် အားထပ်မံဖော်ပြပေးသွားပါမည်
မြတ်လေးငုံ
မြတ်လေးငုံ
နအဖရဲ့ အတုအယောင်ရွေးကောက်ပွဲ မနက်ပိုင်းအသံများနှင့် မြင်ကွင်းဓာတ်ပုံများ

အဖွဲ့ချုပ် စီအီးစီအဖွဲ့ဝင် ဦးဥာဏ်ဝင်း။..။ လောလောဆယ် အန်ကယ်သိရသလောက် မဲပေးတဲ့သူ နည်းတယ်လို့သိရတယ်.. လောလောဆယ် အခြေအနေကတော့ ရန်ကုန်မြို့တွင်းက တာမွေနဲ့ အန်ကယ်တို့ ပုဇွန်တောင် ရေကျော်ဘက်မှာ မဲပေးတဲ့သူနည်းတယ် ဆိုတာသိရတယ်.. ယခုလောလောဆယ်တော့ ဒီလောက်ဘဲသိရပါသေးတယ်...
ရန်ကုန်မြို့တွင်းမှ တက်ကြွလူငယ်တစ်ဦး။...။ ဒီနေ့မနက်တည်းက ရွေးကောက်ပွဲ သွားကြပါစို့ သီချင်းဖွင့်နေတာ နားကိုငြီးနေတာပဲ.. လူငယ်တွေထက် လူကြီးတွေကတော့ နေ့လည် နေပူမှာ စိုးလို့ စောစောသွားကြတာ တွေ့တယ်.. ကြောက်ကြတာလည်းပါမယ်.. လမ်းပေါ်မှာတော့ ကြံ့ဖွတ်တွေ တရုံးရုံး.. အမြင်ကပ်စရာ နောက်တိုက်ပုံတွေတောင် ကြိုဝတ်ထားတယ် သူတို့နိုင်မယ်ဆိုပြီး ရူးများရူးနေလားမသိဘူး.. လားရှိုးက သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ကြည့်တော့ လားရှိုးမှာ ကျားဖြူပါတီကိုပဲ ထည့်ကြတယ်တဲ့ ကြံ့ဖွတ်က တိုးလို့မရဘူးတဲ့.. ဒါပေမယ့်ဒီကောင်တွေ သမ္မတတောင် ကြိုရွေးထားတယ် ဆိုတော့ ဘာတွေ အကောက်ကြံဦးမလဲ မသိဘူး....
တောင်ဥက္ကလာမှ လူငယ်တစ်ဦး။....။ ဒီနေ့ တောင်ဥက္ကလာမှာတော့ မဲလာပေးတဲ့သူတွေတော့ တွေ့တယ် .. အဓိကက ဦးအောင်သိန်းလင်းကို မုန်းပြီး တစ်သီးပုဂ္ဂလ ကောင်းမြတ်ထွဋ်နဲ့ NDF ကိုပေးကြတာများတယ် ပြောတယ်.. မဲလာပေးကြတာက တော်တော်များများက ကြောက်ကြတာများတယ်.. မထူးဘူးဆိုပြီး ကြံ့ဖွတ်ကလွဲရင် တစ်ခြားသူပေးမယ် ဆိုတာလည်းပါတယ်..။ ဓာတ်ပုံကတော့ ရိုက်မရဘူး.. မြို့ထဲခဏနေ လှည့်ကြည့်လိုက်ဦးမယ်.. ပြန်လာမှ ထပ်ပြီးပြောမယ်..။
တောင်ဒဂုံ ၆၉ရပ်ကွက်မှ အမျိုးသမီးတစ်ဦး။....။ တောင်ဒဂုံမြို့နယ် မှာကြံ့ဖွတ်က ခင်းပေးထားတဲ့ လမ်းလေးလမ်းရှိတယ်..။ တဝက်တပျက်ပဲ ရှိသေးတယ်..။ အဲ့ဒီလမ်းလေးလမ်းက ဆန္ဒမဲပေးခွင့်ရှိတဲ့လူတွေ ဒီနေ့ မဲပေးဖို့သွားတော့ မဲလက်မှတ်တွေ မပေးဘူး.. မဲပေးဖို့ စာရင်းမရှိဘူးဆိုပြီး ပြောတယ်..။ နောက်ကော်မရှင်ကို သွားပြောတော့လည်း မပါရင်မထည့်နဲ့ မထည့်လည်းရတယ် ကိုယ်နဲ့မဆိုင်တာ မစုံစမ်းနဲ့လို့ ရင့်ရင့်သီးသီးပြောပါတယ်.။ နောက်မဲပေးခွင့်ရှိတဲ့ လူငယ်တွေ သွားတော့လည်း မဲရုံမှာ လူရှင်းနေရဲ့သားနဲ့ နေ့လည်၂နာရီမှ လာလို့ပြောပြီး ပြန်လွတ်လိုက်တာ တွေရှိပါတယ်..။
ဒီမိုဝေယံ

တာမွေသားတစ်ဦး။....။ တာမွေ ၄ ရပ်ကွက်အတွင်းရှိ မဲရုံတရုံမှာ နံနက် ၁၀ နာရီခွဲ အချိန်ထိ မဲလာပေးသူ တဦးမှ မရှိပါဘူး..။ မဲစာရင်း စစ်သူမှာ စားပွဲပေါ်တွင် ခေါင်းတင်အိပ်ပြီး စောင့်နေရတာ တွေ့ခဲ့ရပါတယ်..။
လတ်တလောရရှိတဲ့ သတင်းများအား ဆက်လက် ဖော်ပြသွားပါမည်..ဒီမိုဝေယံ
ယနေ့ နအဖ ရဲ့ အတုအယောင် ရွေးကောက်ပွဲကြီး မနက်(၆)နာရီမှစတင်ဖွင့်လှစ်ထားပြီးရန်ကုန် - တောင်ဥက္ကလာပမြိုနယ် (၆) ရပ်ကွက်ရှိ မဲရုံအမှတ် (၄) မြင်ကွင်း

နအဖ ရဲ့ အတုအယောင် ရွေးကောက်ပွဲ ကြီးကိုမနက်(၆)နာရီ စတင်ဖွင့်လှစ်ချိန် မြင်ကွင်း
ဓာတ်ပုံ...news-eleven
နအဖ ရဲ့ အတုအယောင်ရွေးကောက်ပွဲ မှာ ကြံ့ဖွတ်ပါတီကြိုတင်မဲကောက်ယူမှုကို တစည ပါတီက တရားစွဲဆိုမယ်လို့ပြောကြား
ကြိုတင်မဲ ကောက်ယူတာတွေနဲ့ ပတ်သက်ပြီး တစည ပါတီက ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကို တခြားပါတီတွေနဲ့ ပေါင်းပြီး တရားစွဲဆိုမယ်လို့ RFA ကို ပြောပါတယ်။
တောင်တွင်းကြီးမြို့နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ရပ်ကွက်ကော်မရှင်၊ ရပ်ကွက်ဥက္ကဋ္ဌ စတဲ့ အာဏာပိုင်တွေနဲ့ ပေါင်းပြီး မြို့နယ်အတွင်း ရွာသူရွာသားတွေဆီကနေ ကြိုတင်မဲတွေကို နည်းမျိုးစုံနဲ့ ရယူနေတာ တွေ့ရတယ်လို့ တောင်တွင်းကြီးမြို့နယ် တိုင်းဒေသကြီးမှာ တစည ပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာကျော်ဆွေက ပြောပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့ ညက ကျောင်းကုန်းရွာမှာ ဖြစ်ပျက်ခဲ့တာကို ခုလိုပြောပါတယ်။
“ဟောပြောပွဲ သွားတဲ့နေရာမှာ အဲဒီက ရွာမှာ ညကြီးကို အချိန်မဟုတ်ဘဲနဲ့ ကြိုတင်မဲ ဆိုပြီးတော့ မဲတွေ ခေါ်ပေးနေတာ။ သူ့ရဲ့ ဥက္ကဋ္ဌရယ် ရယက ဥက္ကဋ္ဌရယ် နှစ်ယောက်ထဲ၊ ရွာထဲက လူတွေ အကုန်ခေါ်ပြီး မဲပေးခိုင်းနေတာ။ ကျနော်တို့ မြို့နယ်က တခြားပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ ညှိပြီးတော့ တရားစွဲဖို့ လုပ်ထားတယ်,
အခုဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို မြို့နယ်ကော်မရှင်ကို နှုတ်နဲ့ တိုင်ကြားပေမယ့် ဒေသတွင်းမှာ ကြိုတင်မဲ ကောက်ယူတာတွေ မရှိတော့ဘူးလို့ ပြောတယ်လို့ ဆိုပါတယ်။
“ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၅၇) ကနေ (၆၀) အထိ အကုန်လုံး ချိုးဖောက်တာလို့။ အဲဒါကြောင့် ဒါ တရားမစွဲလို့ မရဘူး စွဲမှာ။ ဒြီ့ပင်နေရာတွေမှာလည်း ဒါမျိုးတွေ အများကြီး ဖြစ်နေတာ။ အဲဒါကြောင့် တောင်တွင်းကြီးမြို့နယ်ထဲမှာ မဲရုံ စိုက်မယ့် နေရာတွေ အကုန်လုံး ကျနော်တို့ ပါတီက ကိုယ်စားလှယ် လွှတ်ထားတယ်။ ကျနော်တို့ ကိုယ်စားလှယ် မရှိတဲ့ မဲရုံ ၂ ရုံပဲ ရှိတယ်။ အဲဒီက ကိုယ်စားလှယ်တွေကလည်း ခု ထပ် သတင်းပို့ထားတာ အခု အရမ်းများနေတယ်။ အဲဒါကြောင့် အကုန်လုံးစုပြီးတော့မှ တိုင်မယ်လို့ လုပ်ထားတာ။ မဲရုံမှာ မျက်မြင်သက်သေ လိုက်မယ့်သူတွေရော။ ကျနော်တို့ကိုယ်စားလှယ်တွေက ကိုယ်စားလှယ်လုပ်၊ ဟိုလူတွေက သက်သေလုပ်ပြီး တော့ ဒီလူတွေကို တရားခံ အဖြစ်နဲ့ တိုင်ကို တိုင်မှာ,
တောင်တွင်းကြီးမြို့နယ်အတွင်း ပါတီစုံက ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁၄ ဦး ရှိတဲ့အနက် ၄ ဦးဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဖြစ်တာကြောင့် ကိုယ်စားလှယ်လောင်း ၁၀ ဦး စုပေါင်းတိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ နည်းဥပဒေအရ မသမာမှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲအပြီး ၁၅ ရက်အတွင်း တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ မကျင်းပရသေးခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အောင်ပွဲခံဖို့ စီစဉ်နေပြီလို့ ပါတီနဲ့ နီးစပ်သူတွေကRFA ကို ပြောပါတယ်။ မနက်ဖြန် ကျင်းပမယ့် ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၈ ရက်နေ့မှာ ရန်ကုန်တိုင်းအတွင်း အောင်ပွဲခံ အခမ်းအနားတခု ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ကြံခိုင်ဖွံဖြိုးရေးပါတီနဲ့ နီစပ်သူတဦးကခုလိုပြောပါတယ်။
“ကြံ့ခိုင်ရေးက လူ ၃ ထောင်နဲ့ အောင်ပွဲခံဖို့ အကုန်လုံး ဖိတ်ထားပြီးပြီ။ ၈ ရက်နေ့ည။ွဤ၍ နေရာကို ကြံ့ဖွံ့ဆေးရုံဆိုပြီး လုပ်ထားတာ မကြာသေးဘူး။ အဲဒီဆေးရုံမှာ ရန်ကုန်တတိုင်းလုံးက စည်းရုံးရေးမှူး၊ ကိုယ်စားလှယ်အားလုံး လူ ၃ ထောင် ညစာစားပွဲ အကြီးအကျယ်ခင်းမယ်။ အောင်ပွဲခံမယ်။ ၈ ရက်နေ့ည,
ခုလို အောင်ပွဲခံနိုင်တာ လက်ရှိ ကောက်ခံရရှိပြီးဖြစ်တဲ့ ကြိုတင်မဲနဲ့တင် အနိုင်ရနေပြီ ဖြစ်တာကြောင့်လို့ ခန့်မှန်း ပြောဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးကို RFA က ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်း ကိုင်မယ့်သူ မရှိပါဘူး။
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ပတ်သက်ပြီး မေးမြန်းစရာ ရှိတာတွေကို မေးမြန်းနိုင်ဖို့ သတင်းပြန်ကြားရေး တာဝန်ခံတဦး ထားရှိပေးဖို့ ပြီးခဲ့တဲ့အပတ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်တွင်း ဂျာနယ်သတင်းထောက်တွေက တောင်းဆိုထားပေမယ့် ခုချိန်အထိ ပြန်ကြားရေးဌာန ဖွင့်လှစ် မပေးသေးသလို ပါတီနဲ့ ပတ်သက်ပြီး တာဝန်ခံ ပြောဆိုသူလည်း မရှိကြောင်း သိရပါတယ်။
သတင်း...RFA

Subscribe to:
Posts (Atom)