27 April 2010

ဘုရားသားတော်သံဃာတော်များကိုရက်စက်စွာသတ်ဖြတ် ထားသောသွေးစွန်းသောလက်များဖြင့်မသူတော်မင်းရုပ်များ မဟာဓောဓိပင် အားမစိုက်သင့်ပါဘူး.....။

ကဆုန်လပြည့် (၅) နေ့

(၁) ဗျာဒိတ်ယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့် (သောကြာနေ့)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် - ၁၀၄၊ ကဆုန်လပြည့်
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် - ၁၄၈၊ ကဆုန်လပြည့် (အင်္ဂါနေ့)

(ကဆုန်လပြည့်၊ကဆုန်ညောင်ရေသွန်းပွဲကျင်းပရခြင်းအထိမ်းအမှတ်သည်ဘုရား၏ပရိဘောဂစေတီကို စုပေါင်းပူဇော်ပြီး ညောင်ပင်အသက်ရှည်စိမ်းလန်းစိုပြေသကဲ့သို့သာ သနာတော် သန့်ရှင်း၊ တည်တံ့၊
ပွားများ
နိုင်ရန်)

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဖြစ်ပေသည်။


(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော
ဂေါတမအမည်ဖြင့်ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟုဒီပင်္ကရာမြတ်စွာဘုရားထံမှနိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။


(၂)မဟာသက္ကရာဇ်၆၈-ခုကဆုန်လပြည့်နေ့တွင်ဂေါတမဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

(၃)မဟာသက္ကရာဇ်၁၀၃-ခုကဆုန်လပြည့်နေ့အရုဏ်တက်ချိန်တွင်ဂေါတမဘုရားအလောင်းတော်
သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ဘုရားဖြစ်တော်မူခဲ့သည်။


(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျဉ်၌
ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် ၄-ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကကဆုန်လပြည့်နေ့အား
ဘုရားနေ့ဟုသတ်မှတ်ခဲ့ကြသည်။ဘုရားရှင်သည်ဤနေ့ဤအခါ၌သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက်ဗောဓိပင်အားအမှီပြု၍တရားအားထုတ်တော်မူခဲ့သည်။ထို့ကြောင့်ဗုဒ္ဓဘာသာ
ဝင်တို့သည်ဗောဓိပင်အားရေသွန်းလောင်းခြင်းစသောကုသိုလ်ကောင်းမှုတို့ကိုပြုလုပ်ကြသည်။
ရေသွန်းလောင်းကြသည်မှာကဆုန်လတွင်ရေရှားပြတ်လပ်၍ညှိုးလျော်အံ့ဆဲဖြစ်သောဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

ဤသို့မဟာဗောဓိပင်စိုက်ပျိုးသောသူများသည်အလွန်ပင်သန့်ရှင်းစင်ကြယ်သောစိတ်နှလုံးဖြူစင်
သန့်ရှင်း
သောသူများသာလျှင်စိုက်သင့်ပါသည်.။ဘုရားရှင်တော်၏သားတော်သံဃာတော်များအား
ရက်စက်စွာသတ်
ဖြတ်ခဲ့၊မတရားသဖြင့်သံဃာတော်များအားထောင်သွင်းအကျဉ်းချပြီနှိပ်စက်ညှင်းပန်း
ခဲ့သောသွေးစွန်းသည်
လက်များဖြင့်မဟာဗောဓိပင်အားညောင်ရေသွန်းလောင်းခြင်း၊စိုက်ပျိုးခြင်းမှာ
စက်ဆုတ်စရာအင်မတန်ကောင်းပါသည်.။အပြစ်မဲ့ပြည်သူလူထုနှင့်ကျောင်းသားများကိုလဲမတရား
သတ်ဖြတ်၊ညှင်းပန်းနှိပ်စက် မှုတွေကျူးလွန်ခဲ့တဲ့လူတွေ ဟာဤသို့ပြုလုပ်ဘို့လုံးဝမသင့် ပါဘူး။

မင်းကျင့်တရားနှင်မညီဘဲ တိုင်းသူပြည်သားများအား မတရားသော နည်းမျိုးစုံကိုသုံးပြီးညှင်းပန်းနှိပ်
စက်ခဲ့သောမသူတော်မင်းရုပ်များအနေဖြင့်ဤနေ့ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့သည်ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်နေ့တနေ့ဖြစ်သောနေ့တွင်သွေးစွန်းနေသောလက်များဖြင့်မဟာဗောဓိပင်အားညောင်
ရေသွန်းလောင်းနေပုံမှာမင်းဆိုးမင်းညစ်များအနေဖြင့်ဤကဆုန်လပြည့်နေ့ဗုဒ္ဓနေ့သည်ဗုဒ္ဓဘာသာဝင်
တို့၏ နေ့ထူးနေ့မြတ်
ကိုညိုးနွမ်းစေမည့်မည်သည့်ကိစ္စကိုမျှ မလုပ်သင့်မလုပ်အပ်ပါဘူးလို့.....။



ခုလိုလုပ်ပုံလဲကြည့်ပါအုံး ဒေါ်ကြိုင်ကြိုင်က အပေါ်က ဘွဲ့ခံသီလရှင်ဆရာကြီးကအောက်က လှူဖွယ်အစုံစုံတွေနဲ့ဖြူစင်စွာ လှူတန်းနေတယ်ပေါ့

ဤဓါတ်ပုံ နှစ်ပုံ ကို ယှဉ်ကြည့်ပါ ပညာရှိတို့များ စကားပြန်မလို။

ပြည်သူလူထုကချစ်ခင်လေးစားအားကိုးတဲ့မြန်မာနိုင်ငံကပြည်သူတွေချစ်တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်


ပြည်သူလူထုကိုမတရားလက်နက်အားကိုးနဲ့ဖိနှိပ်ချုပ်ချယ်နေတဲ့ပြည်သူချဉ်ပတ်စစ်အစိုးရရဲ့
ခေါင်းဆောင်ဦးသန်းရွှေ

ကွာခြားပုံများကတော့

ပညာရှိတို့များ စကားပြန်မလိုပါ။ တိုက်ရိုက် ကိုစကားပြောနိုင်တယ်။ အရည်အချင်း တွေ ကဒီလို ကွာတာ။

(သန်းရွှေ)တို့က အင်္ဂလိပ်လို မှမတတ်တာ... တိုင်းပြည်အတွက်.. ၁၀ တန်းတောင် မအောင်ဘဲ.. စစ်ထဲဝင်လိုက်ရတာကို...

သူ ကမတတ်တော့ အင်္ဂလိပ်လို ကြေညာချက်တွေထုတ်တော့ သူမသိဘူးပေါ့.. အဲ့ဒါကြောင် နိုင်ငံတကာ ကဘာပြောပြော သူ ဂရုမစိုက်နိုင်တာပါ.....

နအဖစစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီ.


ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ ၀န်ကြီး အနည်းဆုံး ၁၇ ယောက်တို့ဟာ စစ်ရာထူးတွေကနေ အနားယူလိုက်ကြပြီ ဖြစ်ပါတယ်။ အခုလို စစ်ရာထူးက အနားယူလိုက်တာဟာ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ခြေလှမ်း ဖြစ်တယ်လို့ စစ်တပ် သတင်းရပ်ကွက်က ပြောပါတယ်။ အနားယူကြတဲ့ အထဲမှာ ဗိုလ်ချုပ်ဌေးဦးလည်း ပါဝင်ပါတယ်။




စစ်ယူနီဖောင်းကနေ အရပ်ဝတ် ပြောင်းဝတ်တာသာဖြစ်ပြီး အခု အစိုးရအဖွဲ့ ရာထူးတွေကတော့ ဒီအတိုင်းပဲ ဖြစ်ပါတယ်လို့ အမည်မဖော်လိုသူ အစိုးရ အရာရှိတယောက်က ပြောပါတယ်။အစိုးရ သတင်းမီဒီယာတွေကတော့ ဒီသတင်းကို အတည်ပြု ဖော်ပြတာ မတွေ့ရသေးပါဘူး။ စစ်ရာထူးတွေကနေ အနားယူတဲ့ သတင်းတွေ လာပါဦးမယ်၊ ဒါက ပထမအသုတ် ဖြစ်ပါတယ်လို့ သတင်းပေးသူက ဆိုပါတယ်။




စစ်ထွက် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တရပ်ကို မကြာမီ မှတ်ပုံတင်မယ်လို့ အများက မျှော်လင့်ထားကြပါတယ်။စစ်တပ်လိုလားတဲ့ အစိုးရတရပ်ဟာ ရွေးကောက်ပွဲနဲ့ ထွက်ပေါ်လာပြီး ဗိုလ်ချုပ်ကြီးတွေရဲ့ အာဏာချုပ်ကိုင်မှုကို ပိုမို ခိုင်မာစေလိမ့်မယ်လို့ ရွေးကောက်ပွဲကို ဝေဖန်သူတွေက ပြောကြပါတယ်။




ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ်လို့ ယူဆရတဲ့ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးတဲ့အတွက် နိုင်ငံတကာ အသိုက်အ၀န်းကလည်း စစ်အစိုးရကို ဝေဖန်နေကြပါတယ်။




တကယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီမှတ်ပုံတင်မယ် ဆိုရင် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေတွေက ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် NLD ပါတီက ပါတီအဖြစ် မှတ်ပုံမတင်တော့ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ ပြောပါတယ်။




ရင်းမြစ်..VOA

စတေကာကပ်မော်တော်ကားများကို တွေ့ရှိသည့်နေရာတွင် စတေကာခွာ၍ ချလန်ဖြတ်အရေးယူ စစ်အာဏာပိုင်များ၏သားသမီးမော်တော်ကားများမပါ.

ရန်ကုန်မြို့တော်တွင် မောင်းနှင်သွားလာလျှက်ရှိသော မော်တော်ယာဉ်များ စတေကာကပ်ထားသည် ကိုတွေ့ရှိရပါက နေရာမှာတင်ခွာယူ၍ ချလန်ဖြတ်အရေးယူလျှက်ရှိသည် ဟု သတင်းရရှိသည်။


ရန်ကုန်မြို့တော်အတွင်း မော်တော်ယာဉ်များတွင် စတေကာများ ကပ်ထားခြင်း၊ လေစုပ်ခွက်များ တပ်ဆင်ထားခြင်းတို့ကို တားမြစ်ပိတ်ပင်ခဲ့ပြီး အရေးယူမှုများ ယခင်ကတည်း ကပြုလုပ်ခဲ့သော်လည်း လိုက်နာမှု အားနည်းကြသည်ဟု သိရသည်။ စတေကာကပ်ထားသောယာဉ်များကို အသုံးပြုကာ ဒုစရိုက်မှုကျူးလွန်နိုင်သည့်အပြင် ယခင်ကလည်းကျူးလွန်ခဲ့သည့် ဖြစ်ရပ်များရှိခြင်းကြောင့် ပြီးခဲ့သည့်နှစ်ကစ၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လာခြင်းဖြစ်ပြီး အဆိုပါယာဉ်များကို စီမံခန့်ခွဲမှုနည်းလမ်းအရ ဒဏ်ငွေကျပ် (၅၁၅၀၀ )တပ်ရိုက် အရေးယူလျက်ရှိသည်။


စစ်ဆေးအရေးယူမှုမျာ ပြုလုပ်ရာတွင်ယာဉ်ထိန်းတပ်ဖွဲ့အပြင်တပ်မတော်တပ်ထိန်းတပ်ဖွဲ့များပါဝင်
သည့်အဖွဲ့ များဖြင့် ဆောင်ရွက်ခဲ့သည်ဟုသိရသည်။စစ်အာဏာပိုင်များ၏သားသမီးများမော်တော်ကား
များကိုကျတော့ ယခုထုတ်ထားတဲ့ အမိန့်မပါခဲ့ပါဘူးကြွင်းချက်တခုအနေနဲ့ထားထားခဲ့ပါသည်.။

စတေကာကပ်ထားသောမော်တော်ကားများကိုမောင်းနှင်းသောသူများမှာစစ်အစိုးရအသိုင်းအဝိုင်းနှင့်
စစ်အာဏာပိုင်ကြီးများ၏သား သမီးများသာ ဖြစ်ပါသည်.။ယာဉ်ထိန်းတပ်ဖွဲ့ များသည် ထိုကားများကို
ယနေ့ထိ ဖမ်းဆီးတားမြစ်ခြင်း မပြုလုပ်ခဲ့ သေးပါ.။

စစ်အာဏာပိုင်များ၏သားသမီးများသည်လမ်းပြောင်ပြန်မောင်းနှင်းလာသည်ကိုတွေ့လျှင်ယာဉ်ထိန်းရဲ
များ ဖမ်းဘို့မေ့နေတာလားတော့မသိ.။ မော်တော်ကားတိုက်မိလို့ သေဆုံးသွားလျှင် အတိုက်ခံရသူများ
ကိုလျှော်ကြေးပေးပြီယာဉ်ထိန်းရဲများကအမှုပိတ်ခိုင်း လိုက်ပါသေးသည်.။

စစ်အာဏာပိုင်များ၏သားသမီးများသည်မီးနီမသိ၊မီးဝါမသိ၊မီးစိမ်းမသိ၊သူတို့လိုသလိုမောင်းနှင်းနေသည်
ကိုယာဉ်ထိန်းရဲများတွေ့မြင်နေပေမဲ့တားမြစ်ချင်းအလျှင်မရှိပါ.။စစ်အာဏာပိုင်များ၏သားသမီးများသည်
မော်တော်ကားများကိုထင်ထိုင်ကျဲပြီမောင်းနှင်းနေသည်ကိုလဲလက်ပိုက်ကြည့်နေခဲ့သည်မှာယာဉ်ထိန်း
တပ်ဖွဲ့ဝင်များနှင့်တပ်မတော်တပ်ထိန်းတပ်ဖွဲ့ဝင်များအသိပင်ဖြစ်ပါသည်.။ထိုသို့စည်းကမ်းများကိုထုတ်ပြီ ထိုသူများကိုပါ အရေးယူသွားသင့်ပါသည်.။

ပြည်သူများ၏မော်တော်ကားများကိုယာဉ်ထိန်းတပ်ဖွဲ့များသည်မတရားအနိုင်ကျင့်ငွေတောင်းနေပါ
သည်.။အမြဲတမ်းဘီယာဘိုး၊ထမင်းဘိုး၊ဟိုဘိုးဒီဘိုးဆိုပြီတောင်းလို့မကုန်နိုင်သောအဘိုးတွေကို
ယာဉ်ထိန်းရဲများတောင်းရမ်းနေခြင်းမှာရန်ကုန်မြို့တော်၏အကျည်းတန်အရုပ်ဆိုးသည်အဖြစ်အပျက်
တခုဖြစ်နေပါသည်.။နအဖစစ်အစိုးရထုတ်တဲ့ အမိန့်တိုင်းကိုအရင်ဆုံး နအဖစစ်အာဏာပိုင်တို့ရဲ့
သားသမီးများနှင့်နအဖစစ်အစိုးရအသိုင်းအဝိုင်း ကိုသာလိုက်နာမှု ပြုခိုင်းသင့်ပါသည်.။

အလင်းအိမ် မဂ္ဂဇင်း အတွဲ(၄) အမှတ်(၄)

26 April 2010

KNU / KNLA ငြိမ်း/ကောင်စီ ဗိုလ်ချူပ်စောထိန်မောင်မှနအဖဗိုလ်ချူပ်ရဲမြင့်ထံပေးပို့သော စာတွင်နယ်ခြားစောင့်တပ်အဖြစ်သဘောမတူကြောင်း ပြတ်သားစွာပြောဆိုထား

နအဖဗိုလ်ချူပ်ကြီးတွေရဲ့  ကန့် သတ်မှုတွေ၊ မတရားမှုတွေ၊ အကြပ်ကိုင်တောင်းဆိုမှုတွေ၊ ခြိမ်းခြောက်ပြောဆိုမှုတွေနဲ့ အတူ လက်တွေ့  ဆက်ဆံရေးမှာလည်း ရိုးသားဖြူစင်မှု မရှိတာတွေကြောင့် - KNU/KNLA ငြိမ်း/ကောင်စီရဲ့  ဗိုလ်ချူပ်စောထိန်မောင်ကနေ နအဖ ဗိုလ်ချူပ်ရဲမြင့်ထံ စာရေးပြီး ပြတ်ပြတ်သားသား ပြောသားလိုက်ပါပြီ။

နအဖ စစ်ထောက်လှမ်းရေးချုပ် ဗိုလ်ချုပ်ရဲမြင့်ထံသို့ လိပ်မူပြီး KNU/KNLA ငြိမ်း/ကောင်စီမှ ဗိုလ်ချုပ်စောထိန်မောင် ပေးပို့သော စာမိတ္တူကို အများပြည်သူ သိရှိစေရန် တင်ပြပေးလိုက်ပါတယ်။

အဆိုပါ ဗိုလ်ချုပ်ရဲမြင့် ထံသို့ ပေးပို့သောစာသည် ယခုလ ဧပြီ ၂၂ ရက်နေ့တွင် Border Guard Force နယ်ခြားစောင့်တပ်ကိစ္စနှင့် စပ်လျဉ်း၍ နောက်ဆုံးနေ့အဖြစ်သတ်မှတ်ထားသော နအဖ၏ ရာဇသံပေးမှုကို တုံ့ပြန်လိုက်သော ပြတ်သားသည့် ပေးစာတစောင်ဖြစ်ပါတယ်။

KNU တပ်မဟာ (၇) မှူးဟောင်းတစ်ဦးဖြစ်သော ဗိုလ်ချုပ်စောထိန်မောင် သည် ယခုအချိန်တွင် နအဖ၏ လည့်ဖျားမှုများကို တဖြည်းဖြည်း သဘောပေါက်လာပုံရနေပါတယ်။ ဗိုလ်ချုပ်ရဲမြင့်ကိုလည်း ကတိမတည်သူ လူလိမ်အဖြစ် မေးခွန်းများ ထုတ်ထားတာတွေ့ ရပါတယ်။

စာပါအကြောင်းအရာများကတော့ နအဖမှ ၎င်းတို့အပေါ် တောင်းဆိုထားသော အချက်များကို ငြိမ်းချမ်းရေးကောင်စီ ဗိုလ်ချုပ် စောထိန်မောင်နှင့် ၎င်းတို့အဖွဲ့ကနေ ပြန်လည်တုံ့ပြန် ရေးသားထားချက်များ ဖြစ်ပါတယ်။။

Letter to SPDC Lt Gen Ye Myit

မြန်မာပြည်ထဲကအလုပ်အကိုင်ရှားပါးလာတာနှင့်အမျှဝမ်းမီးအတွက်ရရာအလုပ်ကြုံရာအလုပ်တွေထဲကမှကချင်ပြည်နယ်မီးရထားလမ်းပေါ်ကဘဝဝမ်းစာရှာဖွေနေကြသူများ


အလုပ်ဟူသမျှဂုဏ်ရှိစွတည်း

ဂုဏ်ရှိမှ လူရာဝင်
လူရာဝင်မှ လူအထင်ကြီး
အဆောင်ယောင်ဆိုတာ အယောင်ဆောင်မှု
အရုပ်ဆောင်ထားတဲ့ အပုပ်ကောင်
ဤကိုယ်ကာယ၏ခိုင်းစေမှုတွေထဲ
ရိုးသားခြင်းတွေက ခုန်ပျော်ပါး
ဝမ်းစာအတွက်ပေးအပ်ရတဲ့ ငါတို့ခွန်အားတွေထဲက
မာနမရှိ၊သောကမရှိ၊ဟိတ်ဟန်မရှိ
အင်အားတွေချည့်နဲ့သွားပါစေ
သူများမျက်ရည်သုတ်မှစားရတဲ့အစားအစာ
မသထာရေစားဖြစ်သွားတာနဲ့ လူပါးဝခံရတာ
သဗ္မေသတ္တာကမ္မာသကာလို့ ဘုရားဒေသနာကို
အမိအရနှလုံးသွင်းလိုက်မယ်
ငါတို့ဆရာပြောခဲ့သလိုပ
သေရင်ပြီးပြီ
သေရင်ပြီးပြီ လို့
အကြွင်းမဲ့နှလုံးသွင်းလိုက်မယ်လေ...။

ယဉ်ယဉ်သိန်း(နဘား)

ယခုအပါတ်ထုတ် လျှပ်တပြက် ဂျာနယ်မှ ပြန်လည်ဖော်ပြ ပေးလိုက်ပါသည်.။

ရန်ကုန်မြို့ရဲ့ပလက်ဖောင်းကလျှောက်ပေမဲ့..သက်တန်းကုန် အိမ်အိုအင်္ဂတေတွေကွာကျလို့ခေါင်းပေါက်သွားရှာတဲ့ ကလေးတယောက်...




နအဖစစ်အစိုးရလက်ထက်ခေတ်မှီတိုးတက်ဖွံ့ဖြိုးပါတယ်ဆိုပြီးစစ်ဗိုလ်ချုပ်ကြီးများယခုလိုမျိုးတွေ ဖြစ်နေတာကိုသေချာပြုပြင်သင့်ပါတယ်.။ရန်ကုန်မြို့တော်ဝန်ကြီးကလဲလမ်းဖွင့်ပွဲတွေကျောင်းဖွင့်ပွဲ
တွေဆေးရုံဖွင့်ပွဲတွေကိုပြုံးပျော်နေတဲ့မျက်နှာကြီးနှင့်ကောင်မလေးငယ်ငယ်လေးတွေကပ်ကြေးပေး
တိုင်းဖဲကြိုးတွေကို
လိုက်ဖြတ်နေတော့တာပါ..၊ယခုလို့တိုက်အိုတိုက်ဆွေးတွေကိုပြန်လည်ပြုပြင်မယ်
ဆိုပြီစာကပ်တယ်ဘဲပြောတယ်။
မြို့တော်စည်ပင်အနေနဲ့အခွန်တွေကိုအဆမတန်ကောက်မယ်၊
ပျက်ဆီးယို့ယွင်းနေတာတွေတော့ပြန်လည်ပြင်ဆင်
မွမ်းမံဘို့နေနေကောက်လိုက်ရတဲ့အခွန်တွေကို
သူတို့အိတ်ထဲထည့်မလောက် ဖြစ်နေတဲ့ ခေတ်ကြီးပါဘဲ...၊


ဗိုလ်ချုပ်မှူးကြီးများ.......ကိုယ့်တိုင်းပြည်ကိုခေတ်မှီတိုးတက်ချင်ရင်အောက်ခြေလူတန်းစားတွေကို အရင်စာနာနားလည်ကြပါလို့........။အောက်ခြေလူတန်းစားတွေကိုမစာနဲ့ဘဲကိုယ့်ဘို့ကိုယ့်ကြည့် နေကြမယ်ဆိုရင်တော့ဘယ်တော့မှခေတ်မှီတိုးတက်တဲ့နိုင်ငံဖြစ်လာနိုင်မှမဟုတ်ပါဘူး........။
ရန်ကုန်မြို့နေ ပြည်သူများတိုက်အို များဘေးကနေ ကပ်ပြီလမ်းမလျှောက်ဘို့ကို လက်တို့ပြီ
သတိပေးလိုက်ပါတယ်..။ဤသတင်းအားလျှပ်တပြက်ဂျာနယ်ကနေ ပြန်လည်ဖော်ပြ
ပေးလိုက်ခြင်းဖြစ်ပါသည်.။

မြန်မာနိုင်ငံရှိ နာဂလိုဏ်ဂူဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ တိုင်းရင်းသားကလေးငယ် များပြားလာ


ကျောင်းအိပ်ကျောင်းစား လက်ခံကာ ပညာသင်ကြားပေးနေ သော ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် နယ်စပ်ဒေသများ မှလာရောက်ကြသည့် တိုင်းရင်းသား ကလေးငယ်များ ပိုမိုများပြားလာကြောင်း နာဂလိုဏ်ဂူနှင့် ပိတောက်ရွှေဝါဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှစုံစမ်း သိရှိရပါသည်။



''ကျောင်းကို ရပ်ကွက်တွင်းက ကျောင်းသားလေးတွေအပြင် တခြား နယ်စပ်ဒေသက ကျောင်းသားလေးတွေလည်း ကျောင်းအိပ်၊ကျောင်းစားအနေနဲ့ တက်ရောက်တဲ့အတွက် တစ်နှစ်ထက် တစ်နှစ်ကျောင်းသား ဦးရေတွေက များလာပါတယ်။ စာသင်ခန်းနဲ့ ကျောင်းသားတွေ နေထိုင်တဲ့အဆောင် တွေမှာ ကျောင်းသားဦးရေကနှစ်စဉ် တိုးနေတဲ့အတွက် ရှိသင့်တာထက် နှစ်ဆကျော်နေထိုင်နေရပါတယ်။ ကျောင်းဆောင်သစ်ဆောက်ဖို့ စီစဉ်နေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဆောက်နိုင်သေးပါဘူး''ဟု ပိတောက်ရွှေဝါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ တာဝန်ရှိသူတစ် ဦးက ရှင်းပြပါသည်။




ပိတောက်ရွှေဝါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၁၉၅၈ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ကျောင်းဖွင့်သည့်သက်တမ်း ၄၉ နှစ် ရှိပြီဖြစ်ကာ နှစ်စဉ်ကျောင်းသားတစ်ရာခန့် လာရောက်ပညာသင်ကြားကြ ကြောင်းသိရသည်။




''ကျောင်းဖွင့်စကနယ်စပ်ဒေသ ကလေးငယ်တွေအတွက် အဓိက ရည်ရွယ်ဖွင့်လှစ်ခဲ့ပေမယ့် ပညာသင် ကြားဖို့ အခက်အခဲရှိတဲ့ ကလေးငယ်တွေအားလုံးကို လက်ခံပေးပါတယ်။ ဘယ်လိုကလေးတွေကိုပဲ လက်ခံမယ်ဆိုတဲ့ သတ်မှတ်ချက်တွေမရှိပါ ဘူး။ ယောက်ျားလေး၊ မိန်းကလေး အားလုံးသာသနာ့ဘောင်ဝင်စေပြီး စောင့်ရှောက်ပေးပါတယ်''ဟု နာဂလိုဏ်ဂူဆရာတော်လယ်တီ ဘဒ္ဒန္တဇာ ဂရာဘိဝံသက မိန့်ကြားတော်မူပါသည်။




နာဂလိုဏ်ဂူဘုန်းတော်ကြီး သင်ပညာရေးကျောင်းကို ၁၉၉၃ ခု နှစ်တွင် ကလေးဝဆရာတော်မှ ရန်ကုန်မြို့၊ နာဂလိုဏ်ဂူဘုရားကုန်းမြေ ၌ '၀' ကျောင်းသား ၁၇ ယောက်ဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဖွင့်လှစ်ပြီးချိန်မှ စ၍ နယ်စပ်ဒေသနှင့် တောင်တန်းဒေသ များမှတိုင်းရင်းသားပေါင်းစုံ တစ် ထောင်ကျော်နှစ်စဉ်လာရောက်၍ အခမဲ့ပညာသင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။




ကျောင်းအိပ်ကျောင်းစားအ ဖြစ်လက်ခံကာ ပညာသင်ကြားပေးသော အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ပညာ သင်ကြားမှုအတွက် လိုအပ်သော စာ အုပ်၊ ခဲတံ၊ ဘောပင်များသာမက ကျန်းမာရေးစောင့်ရှောက်မှုများကို လည်း စေတနာရှင်များ၏လှူဒါန်းမှု များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။




ဘုန်းတော်ကြီးသင်ပညာရေး သည် မြန်မာနိုင်ငံ၏ ပထမအစ ပညာသင်ကြားရေးစနစ်တစ်ခုဖြစ်ခဲ့ ပြီး မြန်မာတို့၏ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးတို့အတွက် အထောက်အကူတစ်ရပ်အဖြစ် ယနေ့တိုင် ဆက်လက်တည်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘုန်းတော်ကြီးသင်ပညာကျောင်းများ သည် ခေတ်စနစ်နှင့် လိုက်လျောညီ ထွေသော သင်ကြားမှုများကိုလည်း ပြောင်းလဲနိုင်ခဲ့ပြီး မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအ ဆင့်များအထိသင်ကြားပေးနိုင်ခဲ့သော် လည်း အလယ်တန်းနှင့်အထက်တန်း ပညာသင်ကြားခြင်းကို ၂၀၀၉-၂၀၁၀ ပညာသင်နှစ်မှစ၍ သင်ကြားမှု ရပ်နားခဲ့ကြောင်း သိရသည်။




ရင်းမြစ်....weeklyeleven

ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲတွင် ဆုရရှိသွားသော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် တွေ့ဆုံမေးမြန်းခြင်း...

Ko K T
ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ပြည်ပရောက် မြန်မာနိုင်ငံသားများ စုစည်း၍ မြန်မာနိုင်ငံအတွင်း လူမှုရေးလုပ်ငန်းများ၊ ထူးထူးချွန်ချွန် ဆောင်ရွက်နေကြသူများအား ကျေးဇူးတင် ဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို လော့စ်အိန်ဂျယ်လိစ်မြို့၊ အမေရိကန်ပြည်ထောင်စုတွင် ၂၄.၄.၂၀၁၀ (စနေနေ့) ညနေ (၅း၀၀)နာရီမှ (၇း၀၀)နာရီအတွင်း ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်ရဲ့ Citizen of Burma ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ရရှိသွားခဲ့ပါသည်။

ဆုရရှိမှုနှင့် ပတ်သက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူအား သွားရောက်ပြီး မေးမြန်းခဲ့ရာ ဦးကျော်သူမှ အောက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခဲ့ပါသည်။

Burma : မင်္ဂလာပါ ဦးကျော်သူ ။ အခု Citizen of Burma အဖွဲ့အစည်းက ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိသွားတယ်လို့ ကျွန်တော်တို့ သတင်းကြားသိရပါတယ်။ အဲဒီ သတင်းက မှန်ပါသလား ခင်ဗျာ။

ကျော် : သတင်းမှန် မမှန်တော့ ကျွန်တော်လည်း မသိသေးဘူး။ ခုနကတော့ မူဆယ် နာရေးကူညီမှုအသင်း ကနေပြီးတော့ ကျွန်တော်ကို ဖုန်းဆက်အကြောင်းကြားတယ်။ အင်တာနက်မှာ ပါနေပြီလို့ ပြောတယ်။ ကိုကျော်သူ ၀မ်းသာပါတယ်ဆိုပြီးတော့ အကြောင်းကြားတယ်။ အိမ်ရောက်တော့ အိမ်မှာပြန်ကြည့်တော့ ကျွန်တော် အီးမေးလ်ထဲမှာ ဘယ်သူဆီကမှ ဘာမှ မရောက်သေးပါဘူး။ ဒါပေမယ့် Citizen of Burma ဆိုဒ်ကို ကျွန်တော် ဖွင့်ကြည့်လိုက်တော့ အဲဒီမှာ “ ကျော်သူဆုရတယ် ” ဆိုပြီးတော့ စာတစ်ကြောင်းပဲ တွေ့တယ်။

Burma : ဆုရတယ်လို့ အဲဒီ စာကြောင်းလေး တွေ့လိုက်ရတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဘယ်လိုခံစားရပါသလဲ။

ကျော် : ဘယ်လိုခံစားရသလဲဆိုတော့ ကျွန်တော် ပိုပြီးတော့ တာဝန်ရှိသွားပြီ။ ပိုပြီးတော့ ဒီထက်မက အများကြီး ပြည်သူတွေကို ပေးဆပ်ဖို့ တာဝန်တွေ ပိုလာပြီလို့ ကျွန်တော် သတ်မှတ်ပါတယ်။

Burma : အရင်တုန်းကလည်း ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုကို ဦးကျော်သူ ရခဲ့သေးတယ်နော်။ အဲဒီိဆုကို ဘယ်ခုနှစ်က၊ ဘယ်ဌာနကနေ ပေးတယ်ဆိုတာကို မှတ်မိပါသေးလား။

ကျော် : ပြည်သူ့ဘက်သား အနုပညာသမားက ၂၀၀၉ ခုနှစ်က ပေးတာပါ။ အင်္ဂလန်ရောက် မြန်မာပြည်သူတွေ ပြည်သားတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ကနေပြီးတော့ ချီးမြှင့်တာပါ။ အဲဒါ သူတို့ သင်္ကြန်ပွဲလုပ်ရင်းနဲ့ အဲမှာ ပြည်သူ့ဘက်သား အနုပညာသမားဆိုပြီးတော့ ဆုရွေးချယ်မယ်ဆိုပြီးတော့ ကျွန်တော်ကို ချီးမြှင့်လိုက်တာပါ။

Burma : အရင်တုန်းက ဦးကျော်သူက ရုပ်ရှင်သရုပ်ဆောင် အနုပညာသမားတစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီ ရုပ်ရှင်သရုပ်ဆောင် အနုပညာသမား ဖြစ်ခဲ့တဲ့အချိန်မှာ အကယ်ဒမီဆုတွေလည်း ရရှိခဲ့တယ်။ ဒါရိုက်တာဆုတွေလည်း ရရှိခဲ့တယ်။ အဲဒီ အကယ်ဒမီဆုတွေရလို့ ပျော်ရွှင်မှုနဲ့ အခု လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်လို့ ရရှိတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရတဲ့အခါမှာ ဘယ်လို ကွာခြားသလဲ။ ခံစားချက်ပေါ်မှာပေါ့။
ကျော် : ရုပ်ရှင်အကယ်ဒမီဆု ဆိုတာကတော့ ကျွန်တော် ရုပ်ရှင်ကား တစ်ကားရိုက်တယ်ဆိုရင် သရုပ်ဆောင်မှုကို ပီပြင်အောင် သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်ရပါတယ်။ အဓိက ကတော့ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်တယ်ဆိုတာ အကယ်ဒမီဆုဆိုတာကြီးကို ရည်မှန်းပြီး သရုပ်ဆောင်ကြတာများတယ်။ ဒီ ဆုရရှိရေးအတွက် သရုပ်ဆောင်ကြတာများတယ်။ ဒီ အခု လူမှုရေးဆုဆိုတာကတော့ ဒါဟာ ကျွန်တော်တို့ ဘယ်လိုမှ ရည်မှန်းလို့ မရပါဘူး။ ရည်မှန်းလို့ မရဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့တယ်။ ကိုယ့်တာဝန် ကိုယ်ကျေခဲ့တယ်။ အဲဒီအတွက် ပြည်သူကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ဒီ မဲစနစ်နဲ့ ရွေးချယ်ခံရတာ။ အဲဒီတော့ ဒီ ပြည်သူ့ဂုဏ်ရည်ဆုကတော့ မြန်မာရုပ်ရှင် အကယ်ဒမီဆုနဲ့ အရမ်းကို ကွာဟလွန်းပါတယ်။ အကယ်ဒမီဆုနဲ့လည်း မနှိုင်းယှဉ်အပ်ဘူး။ ဒီ ပြည်သူ့ဂုဏ်ရည် ဆုဆိုတာ အင်မတန်ကို အမြတ်တနိုး၊ ကိုယ့်ဘ၀ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် အမြတ်တနိုး ထားရှိရမယ့် ဆုလို့ ကျွန်တော်မြင်တယ်။ ပြီးတော့ အခုပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုဆိုတာ နိုင်ငံတကာ အော်စကာဆုပေးပွဲလို အဲလို ပုံစံမျိုးနဲ့ ပေးတာကို ကျွန်တော် သဘောကျတယ်။ ဥပမာ - ဒီ ပထမဦးဆုံး စာရင်းအရ (၂၄)ဦးပေါ့လေ။ အသင်းအဖွဲ့အစည်းရော၊ လူပုဂ္ဂိုလ်တွေရော၊ ရဟန်းသံဃာတွေရော (၂၄) ဦးကို ရွေးထားတယ်.။ နောက်ဆုံး ဆန်ကာတင် (၅)ဦးကို ထပ်ရွေးချယ်တယ်။ ဒီ ဆန်ကာတင် (၅) ဦးကိုမှ အခမ်းအနားနေ့မှာ ဆုပေးရမယ့် သူကို ဆန္ဒမဲပေးပြီး ဆုံးဖြတ်လိုက်တယ်။ ဒါက အော်စကာဆုပေးတဲ့ ပုံစံမျိုး၊ အော်စကာဆုဆိုတာကလည်း ဆန်ကာတင် ဇာတ်ကား (၅) ကား ရွေးတယ်။ ဘယ်ကား ဘယ်ကားတွေပါလဲ။ ဒါ မျှော်လင့်ချက် ပေးလိုက်ပြီ။ အဲဒီ မျှော်လင့်ချက်တွေထဲမှာ ဒီကားကတော့ ဟိုကားထက် ဘယ်လိုသာလို့ ဓါတ်ပုံတော်လို့ သရုပ်ဆောင် တော်လို့ဆိုပြီးတော့ ပေးလိုက်တာ။ ဒါကတော့ အင်မတန် မြင့်မြတ်တဲ့ ဆုပေးခြင်း ရွေးကောက်တယ်လို့ ကျွန်တော်မြင်ပါတယ်။

Burma : အခု Citizen of Burma ကပေးတဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိတဲ့အခါမှာ ဦးကျော်သူအနေနဲ့ ဒီလူမှုရေး လုပ်ငန်းဆိုတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်တယ်လို့ ထင်ပါသလား။

ကျော် : ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာ ကျွန်တော်တစ်ဦးတည်း လုပ်တာလည်း မဟုတ်ဘူး။ ကျွန်တော်အနောက်မှာ ရှိတဲ့ အသင်းသူ အသင်းသားတွေ၊ အလုပ်အမှုဆောင်တွေအားလုံး တက်တက်ကြွကြွ လုပ်ကြတယ်။ အလှူရှင်တွေကလည်း တကယ့်ကို နှစ်နှစ်ကာကာနဲ့ လှူဒါန်းကြတယ်။ လှူဒါန်းကြတဲ့ အတွက်လည်း ကျွန်တော်တို့ လုပ်ငန်းဟာ အောင်မြင်လာတယ်။ အောင်မြင်တဲ့ အတိုင်းအတာမှာ ကျွန်တော်တို့ကလည်း ထိထိမိမိနဲ့ နာရေးရှင်တွေ ဥပမာ - သုခကုသိုလ်ဖြစ်ဆေးခန်းဆိုရင် ရောဂါဝေဒနာရှိတဲ့ ဝေဒနာရှင်တွေ နောက်အခုဆိုရင် သုခအလင်းစာကြည့်တိုက် စာကြည့်ခန်းတွေ ဖွင့်ထားတယ်။ နောက် ကလေးစာသင်တန်း အင်္ဂလိပ်စာသင်တန်းတွေက အင်မတန်ကို အားတတ်စရာကောင်းပါတယ်။ ကလေးတွေအတွက် အင်္ဂလိပ်စာ သင်တန်းဆိုတာကလည်း ကျွန်တော်က ၁၉၅၉ ခုနှစ်မှာ မွေးလာတယ်။ ၁၉၆၂ ခုနှစ် ဦးနေ၀င်း အစိုးရလက်ထက်မှာ ကျွန်တော်တို့က ကြီးပြင်းလာတယ်။ ကျွန်တော် အင်္ဂလိပ်စာကို အတော်လေး အားနည်းတယ်။ ကျွန်တော် မိဘ အဖေ၊ အမေတို့က အင်္ဂလိပ်စာ ဆရာ ဆရာမကြီးတွေ ဖြစ်တယ်။ ကျွန်တော် ညီဆိုလည်း အခု အမေရိကားရောက်နေတယ်။ ကျွန်တော် အမဆိုလည်း ဆရာဝန်မကြီးပါ။ နောက်မျိုးဆက်သစ်ကလေးတွေ အင်္ဂလိပ်စာ တတ်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော် ဒီအင်္ဂလိပ်စာ အခြေခံနွေရာသီ သင်တန်းလေးကို ကျွန်တော် အမျိုးသမီး ရွှေဇီးကွက်ကနေပြီးတော့ ဖွင့်လှစ်ပေးခဲ့တာကို ကျွန်တော်က တဖက်တလမ်းကနေ အားပေးမှုတွေ ကျွန်တော် လုပ်ပေးနိုင်ခဲ့ပါတယ်။

Burma : ဦးကျော်သူအနေနဲ့ ဒီ နာရေးကူညီမှုလုပ်ငန်းရယ်၊ သုခကုသိုလ်ဖြစ်ဆေးခန်းရယ်၊ သုခအလင်း စာကြည့်တိုက်တို့အပြင် နောက်ထပ် ဘယ်လိုလူမှုရေး ၀န်ဆောင်မှုလုပ်ငန်းတွေ ထပ်ပြီးတော့ လုပ်ဆောင်သွားမလဲ ဆိုတာလေး သိပါရစေ။

ကျော် : လူမှုရေး ၀န်ဆောင်မှုဆိုတာ မြန်မာပြည်မှာ လိုအပ်တာတော့ အများကြီးပါပဲ။ ဒါ အတိုင်းအတာ တစ်ခုအရ ခွင့်ပြုချက်ရှိမှ ကျွန်တော်တို့လည်း လုပ်ဆောင်နိုင်တယ်။ အခု နာရေးကိစ္စတို့၊ ဆေးခန်းကိစ္စတို့၊ ကလေးတွေ ပညာသင်တဲ့ သင်တန်းကိစ္စတွေဆိုလည်း သက်ဆိုင်ရာကနေပြီးတော့ အမြဲတမ်း လာပြီးတော့ စစ်ဆေးတာတွေ ဘာတွေရှိတယ်။ ဒါတွေက ကျွန်တော်တို့က ထိထိမိမိ လွတ်လွတ်လပ်လပ် ပံပိုးမှု မရနိုင်ဘူး။ မရနိုင်တဲ့ အတိုင်းအတာမှာ ရတဲ့ အခွင့်အရေးတိုင်း ထိထိမိမိ အကျိုးရှိအောင် ဆုံးဖြတ်ပြီးတော့ လုပ်ဆောင်ပေး အုံးမှာပဲ။ နောက်ထပ် ဖွင့်လှစ်မယ့် သင်တန်းတွေ ဆိုတာတော့ ကျွန်တော်လည်း လောလောဆယ် မပြောနိုင်သေးဘူး။

Burma : အခု ဦးကျော်သူ လက်ရှိလုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို ရုပ်ရှင်မင်းသား ဘ၀မှာရော၊ အခုလက်ရှိ ရုပ်ရှင်ရိုက် နားထားတဲ့ ဘ၀မှာရော လုပ်ဆောင်လာနိုင်တာက အချိန်ပိုပေးနိုင်တဲ့ အတွက်လား။ အစကတည်းက လူမှုရေးလုပ်ငန်းကို လုပ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိခဲ့လို့ အားသွန်ခွန်စိုက် လုပ်ဆောင်ပေးနိုင်တာ လား ဆိုတာလေး ပြောပြပေးပါအုံး။

ကျော် : ကျွန်တော် ၂၀၀၁ ခုနှစ်ကတည်းက ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်ပေါ့လေ။ အဲဒီ အချိန်ကတည်းက ဒီ နာရေးကူညီမှုအသင်းဆိုတာကို စတင်ခဲ့တယ်။ အဲတော့ ဒီ အနုပညာကို ရှင်းရှင်းပြောရရင် ကျွန်တော်အခုဆိုရင် ဒီ အနုပညာကို ခုတုံးလုပ်ပြီးတော့ အနုပညာနဲ့ အောင်မြင်ခဲ့တဲ့ “ကျော်သူ” ဆိုတာကြီးကို ကျွန်တော် ပြန်အသုံးချပြီး ပြည်သူတွေအတွက် ကျွန်တော် ပေးဆပ်နေခဲ့ပါတယ်။ အဲဒီလို ပေးဆပ်နေတယ် ဆိုတာကလည်း ကျွန်တော်ကို ဆရာတော်ကြီးတွေက “ ကျော်သူ မင်း .. ဒီဟာကို လုပ်ရမယ်။ ငါတို့ ဘုန်းကြီးတွေလည်း စာအောင်ဘွဲ့တွေ ရတယ်။ ဒီ ဘွဲ့တွေ ရပြီဆိုရင် သာသနာပြုတာ ပိုပြီး ထိရောက်တဲ့အတွက် မောင်ကျော်သူ မင်းကလည်း ဒီဟာကို လုပ်ပါ ” ဆိုပြီး ဆရာတော်ကြီးတွေကလည်း ကျွန်တော်ကို အားပေးပါတယ်။ ဘဘ ဦးသုခကလည်း ကျွန်တော်ကို အမြဲတမ်း တိုက်တွန်းတယ်။ “ မင်း .. ပြင်သစ်ဝန်ကြီးချုပ်ကို သိလား။ မသိပါဘူး။ အီတလီ သမ္မတကို သိလား။ မသိပါဘူး။ ချာလီချာပလင်ကို သိလား။ သိပါတယ်။ အေး .. ဒါပဲ။ အနုပညာသမားဆိုတာ ဘယ်လုပ်ငန်းပဲလုပ်လုပ် အောင်မြင်တယ်။ ဒါပေမယ့် လုပ်တဲ့လုပ်ငန်းက လူသားအကျိုးပြု လုပ်ငန်းဖြစ်ဖို့က အရေးကြီးတယ် ” ဆိုတဲ့ ဘဘရဲ့ ဆုံးမ သြ၀ါဒကို ကျွန်တော် အခုထက်ထိ လက်ဆုပ်လက်ကိုင်ပြုပြီးတော့ လုပ်ဆောင်နေခဲ့ပါတယ်။

Burma : ဦးကျော်သူက ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှာ ရုပ်ရှင်ရိုက်တာ အပိတ်ခံထားရတယ်။ တကယ်လို့များ လက်ရှိအခြေအနေမှာ နိုင်ငံရဲ့ ပေါ်လစီအပြောင်းအလဲကြောင့် ဦးကျော်သူ ရုပ်ရှင်ရိုက်ခွင့် ပြန်ရခဲ့လို့ရှိရင် ရုပ်ရှင် ပြန်ရိုက်အုံးမှာလား။ ဒါမှမဟုတ် လူမှုရေးလုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ဆောင် သွားမှာလား ဆိုတာလေး သိပါရစေ။

ကျော် : အခုချိန်မှာ ကျွန်တော်ကို ရိုက်ခွင့်ပေးတယ် ဆိုရင်လည်း မရိုက်တော့ဘူး။ ကျွန်တော် မရိုက်ဘူးဆိုတာ အခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်နေတဲ့ ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွေ ပရိတ်သတ်ကို ချပြနေတဲ့ ဇာတ်လမ်းတွေက ပရိတ်သတ်အတွက် ဘာ အကျိုးပြုတာမှ မရှိဘူး။ ပရိတ်သတ်အတွက် အကျိုးရှိမယ့် ဥပမာ - အတ္ထုပတ္တိဇာတ်လမ်းမျိုး၊ သမိုင်းကြောင်းအမှန် ဇာတ်လမ်းမျိုးတွေတော့ အချိန်ပေးပြီး ရိုက်ပေးနိုင်ရင် ကျွန်တော် ရိုက်ချင်ပါတယ်။ ၂၀၀၇ ခုနှစ်က စပြီးတော့ အခုချိန်ထိဆိုရင် (၃) နှစ်ရှိပြီပေါ့။ အဲလို ပိတ်လိုက်တဲ့အတွက်လည်း ကျွန်တော်ကို ပိတ်လိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ (ဦးကျော်သူမှ နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံးပြီး) ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ကျွန်တော်ကို ဒီလို ပိတ်ပင်လိုက်တဲ့အတွက် လူမှုရေး လုပ်ငန်းတွေ ပိုပြီးတော့ ဇောက်ချပြီး လုပ်နိုင်ခဲ့တယ်။ အဲဒီအတွက် ကျေးဇူးအများကြီး တင်ပါတယ်။

Burma : ဦးကျော်သူရဲ့ နာမည်နဲ့ Facebook မှာ kyaw thu`s fans ဆိုပြီးတော့ ဆိုဒ်တစ်ခုဖွင့်ထားတာကို တွေ့ရပါတယ်။ အဲဒီ ဆိုဒ်ဟာ ဦးကျော်သူတို့ ပြုလုပ်ခဲ့သမျှ၊ လူတွေကို ကူညီပေးခဲ့တဲ့ လူမှုရေးလုပ်ငန်း ဆောင်ရွက်ချက် အားလုံးကို ပြည်သူအားလုံး သိရှိအောင်၊ ကမ္ဘာနဲ့ အ၀န်းကို ရောက်ရှိနေတဲ့ မြန်မာပြည်သူ ပြည်သားတွေကိုရော၊ ကမ္ဘာလူသားတွေကိုရော တင်ပြပေးထားတဲ့ အဲဒီ Fans ဆိုဒ်ကိုလည်း အပိတ်ခံ ထားရတယ်လို့ ကြားပါတယ်။ အဲဒါရော ဟုတ်ပါသလား။

ကျော် : ဟုတ်ပါတယ်။ ပိတ်ထားပါတယ်။ ပိတ်ထားတာကလည်း ဘယ်လိုရည်ရွယ်ချက်နဲ့ ပိတ်လည်းတော့ မသိဘူး။ ဒါ ကျွန်တော် Facebook ပေါ်မှာ တင်တဲ့ကိစ္စတွေက နာရေးအခမဲ့ ကူညီပေးခြင်း၊ အခမဲ့ ဆေးကုသ ပေးခြင်း၊ အခမဲ့ ပညာသင်ကြားပေးခြင်း ဒီကိစ္စရပ်တွေပဲ ကျွန်တော် တင်ထားတာပါ။ ကျွန်တော်တို့ လုပ်ငန်း သဘောအရ လုပ်ငန်းမှာ တွေ့ထိတဲ့ အတိုင်းအတာ ကိစ္စတွေကို ကျွန်တော်တင်တာပါ။ နိုင်ငံရေး လှုံ့ဆော်မှု တွေလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီလို အလကား အခမဲ့ လုပ်ပေးနေရတဲ့ ကိစ္စကို အဲလို ပိတ်ဆို့မှု ဟန့်တားမှုတွေ လုပ်တာတော့ တော်တော်ကို ကျက်သရေ တုံးတဲ့ကိစ္စပါ။ ဒါကလည်း ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမှာပါ။

Burma : ဦးကျော်သူ အခု ပြည်သူ့ဂုဏ်ရည်ဆုကို ရသွားပါပြီ။ Citizen of Burma ဆိုတဲ့ အဖွဲ့အစည်း ဖြစ်မြောက်လာအောင် ၀ိုင်းပြီးတော့ ထူထောင်ပေးကြတဲ့၊ လှုံ့ဆော်ပေးကြတဲ့ နိုင်ငံရပ်ခြားကို ရောက်နေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေနဲ့ ဦးကျော်သူကို အားပေးနေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေရော၊ အလှူရှင်တွေ ရော၊ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ စေတနာ့ဝန်ထမ်း ကူညီလုပ်အားပေးနေကြတဲ့ အသင်းသူ အသင်းသားတွေရော သက်ဆိုင်သူ အားလုံးကို ဦးကျော်သူအနေနဲ့ ဘယ်လိုစကားမျိုးနဲ့ ကျေးဇူးတုံ့ပြန် ချင်ပါသလဲ။

ကျော် : ဒါက ကျွန်တော် လေးလေးနက်နက် ပြောရမယ့် ကိစ္စပါ။ ကျေးဇူးတင်ရမယ့် လူတွေကတော့ အများကြီးပဲ။ အခုလို ပြည်ပကနေပြီးတော့ ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ ဒီလို ပြည်သူလူထုအတွက် လုပ်ဆောင်နေတဲ့ လူမှုရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ လူတွေကို အခုလို ဆုချီးမြှင့်ခြင်း ပြုလုပ်ပေးနေတာလဲ။ အင်မတန်ကို တန်ဖိုးထားရတဲ့ ကိစ္စပါ။ မြန်မာလူမျိုးအတွက် မြန်မာပီသတဲ့ အလုပ်တစ်ခုလို့ ကျွန်တော် ထင်တယ်။ ဒါ ကိုယ့်လူမျိုးအတွက် အခုလို အဖက်ဖက်ကနေပြီးတော့ ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ဆောင်ရွက် ပေးနေတဲ့ လူမှုရေးသမားတွေလည်း အများကြီးရှိပါသေးတယ်။ အခြေအနေ အမျိုးမျိုးနဲ့ ပြည်ပရောက် မြန်မာလူမျိုးများက ပြည်တွင်းမှာ ရှိနေတဲ့ မြန်မာလူမျိုးများကို မြန်မာ ပီသစွာဖြင့် မျိုးချစ်စိတ်ဓါတ် ထက်သန်စွာ လေးလေးနက်နက် အသိအမှတ်ပြုခြင်းကို များစွာကျေးဇူးတင် လေးစားဦးညွှတ်လိုက်ပါတယ်။ ကျွန်တော် ဆိုလည်း ကျွန်တော်ရဲ့ သားနဲ့ သမီးကို ဒီ ၂၀၀၇ ခုနှစ်က စပြီးတော့ တွေ့ခွင့်မရတော့ဘူး။ ကျွန်တော်တို့ ပက်စပို့စ်တွေလည်း အပိတ်ခံထားရတယ်။ သားရော သမီးရော ဒီကို ပြန်မလာရဲကြဘူး။ ကျွန်တော်တို့ကလည်း မလာခိုင်းတော့ဘူး။ အဲတော့ မိသားစုကလည်း တစ်ကွဲတစ်ပြား ကိုယ့် အနုပညာလုပ်ငန်းကလည်း လုပ်ခွင့်မရ၊ အဲဒီတော့ နေ့စဉ်နဲ့ အမျှ မိုးလင်းတာနဲ့ ကိုယ့် ပိုက်ဆံနဲ့ ကိုယ် ဓါတ်ဆီထည့် ပြီးတော့ အသင်းကိုလာ။ အသင်းမှာ နာရေးကိစ္စတွေ ကူညီပြီးလုပ်ပေး။ ကိုယ့် ထမင်းကို ကိုယ့်ပိုက်ဆံနဲ့ ပေးဝယ်စား။ အဲလို လုပ်နေရပါတယ်။ အဖက်ဖက်က အခက်အခဲတွေ ကြားကနေပြီးတော့ လုပ်ဆောင်နေကြတဲ့အထဲမှာ အခုလို ပြည်သူ့ဂုဏ်ရည်ဆု ဆိုတဲ့ ဆုကြီးကို ဖန်တီးပေးခဲ့တဲ့ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတွေ အားလုံး၊ ဆန္ဒမဲပေးကြတဲ့ ပုဂ္ဂိုလ်အသီးသီး၊ ကျွန်တော်တို့ မျိုးရိုးထဲမှာလဲ သုဘရာဇာဆိုတဲ့ မျိုးရိုးလည်း မပါ ပါဘူး။ ဒီကမ္ဘာမြေပြင်ပေါ်ကို ကျွန်တော်ကို ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ ကျွန်တော်ရဲ့ ဖခင် ဦးစိန်တင်နှင့် ကျွန်တော်ရဲ့ မိခင် ဒေါ်မြသန်း မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်အသီးသီး ကျွန်တော်ရဲ့ ဘ၀မှာ အခုလို (၃) နှစ် (၃) မိုး ၀င်ငွေမရှိပဲ လူမှုရေး လုပ်ငန်းကို သစ္စာရှိရှိ သီလလုံခြုံစွာ ထမ်းရွက်ပေးမှုကို တဖက်တလမ်းမှ အားပေးကူညီ ခဲ့တဲ့ ကျွန်တော်ရဲ့ မဟေသီ ရွှေဇီးကွက်နဲ့ ဘာသာရေးနယ်ပယ်မှ တစ်ဆင့် လူမှုရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လမ်းကြောင်းပေးခဲ့သော ကျွန်တော်ရဲ့ သား ပြည်သိမ်းကျော် (U.S.A)၊ သမီး မြင့်မိုရ်ဦး (Austrilia) တို့ကိုလည်း ရင်ထဲမှာ နှစ်နှစ်ကာကာ အထူးကျေးဇူးတင် ဦးညွှတ်မိပါတယ်။ (၃) နှစ် (၃) မိုး ၀င်ငွေ မရှိပဲနဲ့ ဘယ်လို ရပ်တည်နိုင်သလဲလို့ မေးရင် (၂၅) နှစ် အနှစ် (၃၀) ကြိုးစားခဲ့ရတဲ့ အနုပညာလောကမှ ပြည်သူပေးခဲ့တဲ့ သရုပ်ဆောင်ကြေးများကို စနစ်တကျ သိမ်းဆည်း တိုးပွားအောင် လုပ်ပေးခဲ့တဲ့ ကျွန်တော် ဇနီး ရွှေဇီးကွက်ကိုပဲ ထပ်မံပြီး ကျေးဇူးတင်ရမှာပါ။ မောင်တစ်ထမ်း မယ်တစ်ရွက်နဲ့ လုပ်ကိုင်ရင်း ကျွန်တော် မသေမီ အချိန်ထိ ဒါမှမဟုတ် လူသားတွေ ဘယ်တော့မှ မသေနိုင်တော့မယ့် အချိန်ထိ ကျွန်တော်ကတော့ ဒီ နာရေးကူညီမှု လုပ်ငန်းကို ဆက်လက်လုပ်သွားမှာပါ။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ (၃၁) ဘုံမှာ ဘယ်ဘုံမှာမှ မရနိုင်တဲ့ ကုသိုလ်ကောင်းမှုကြီး ဖြစ်နေလို့ပါပဲ။ ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ၄င်း၏ ရင်တွင်းမှ စကားသံများကို လှိုက်လှိုက်လှဲလှဲ ပြောကြားသွားခဲ့ပါသည်။

ပေးပို့လာသူကတော့ အခုတလော သတင်းမှန်တွေနဲ့ ရေပန်းစားနေတဲ့
ပြည်သူ့အတွက် သတင်းအမှန် တင်ပြပေးမည့် ဆောင်ပုဒ်နဲ့ သတင်းတွေရေးနေတဲ့...ရဲရဲတောက် ဘားမားပါပါရာဇီ ဖြစ်ပါတယ်။

25 April 2010

၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအများဆုံးနဲ့ ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူ “ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း “ ဖြစ်ပါတယ် …




၂၀၁၀ ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် အဖြစ် မဲဆန္ဒအများဆုံးနဲ့ ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူ
“ ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း “
ဖြစ်ပါတယ် …




ကျော်သူ၊ ရုပ်ရှင်သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း -
ရုပ်ရှင်သရုပ်ဆောင်အလုပ်ကိုပါ အထိခိုက်ခံပြီး ရန်ကုန် - နာရေးကူညီမှုအသင်းကြီးကို ဦးဆောင် ဆောင်ရွက်သူ၊ ထိုနာရေးကူညီမှုအသင်းနှင့်အတူ စာကြည့်တိုက်၊ ဆေးခန်း စသည့် ကုသိုလ်ဖြစ် လုပ်ငန်းများကိုပါ ဆက်လက် တာဝန်ယူဆောင်ရွက်နေသူ၊ နိုင်ငံ၏ ခေတ်နောက်ပြန်ဆွဲသည့် အယူအဆ အလေ့အကျင့်များကို နာရေးကူညီမှုလုပ်ငန်း ၀တ္တရားများဆောင်ရွက်ရင်း ထုတ်ဖော်ပြောဆိုပြီး ပြောင်းလဲမှုသို့ ဆွဲခေါ်သူတဦးဖြစ်ပါသည်.။


ပြည်သူ့ဂုဏ်ရည် အဖြစ်မဲဆန္ဒအများဆုံးရရှိသွားသည့်သရုပ်ဆောင်ဦးကျော်သူ အား ကျမ မြတ်လေးငုံ ဘလော့ မှ လှိုက်လှိုက်လှဲလှဲဂုဏ်ပြုလိုက်ပါသည်.။

မြန်မာနိုင်ငံကိုဘာမှမသိဘာမှနားမလည်ဘဲအုပ်ချူပ်နေတဲ့ နအဖအာဏာရူးသန်းရွှေကစက်မှုကဏ္ဍတိုးတက်ရေး လမ်းညွှန်နေပြန်ပြီးနိုင်ငံတော်ကြီးတိုးတက်လာတော့မည့် ဖြစ်ခြင်း

နအဖ သန်းရွှေအကြောင်း ရေးထားတဲ့ Than Shwe Unmasking Burma’s Tyrant စာအုပ်။

Than-Shwe-Unmasking-Burma’s-Tyrant

သန်းရွှေရဲ့  ဘ၀အကြောင်းကို ရေးသားထားတဲ့ “Than Shwe: Unmasking Burma's Tyrant “ စာအုပ်ကို လာမယ့် မေလမှာ ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ - သန်းရွှေရဲ့  ညူကလီးယား အစီအစဉ်လုပ်ဆောင်မှုတွေ၊ ဓါတုလက်နက်အစီအစဉ်လုပ်ဆောင်မှုတွေ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရေး လုပ်ဆောင်မှုတွေမှာ သန်းရွှေ ပယောဂတွေ ထိပ်ဆုံးက ပါဝင်ပတ်သက်နေကြောင်းတွေ ဖေါ်ပြထားတယ်လို့  သိရှိရပါတယ်။

ဒီစာအုပ်မှာ သန်းရွှေရဲ့  အကျင့်စရိုက်တွေကိုလည်း ဖေါ်ပြထားကြောင်းနဲ့  သန်းရွှေလို အာဏာရူးတိုင်းဟာ သူရဲ့  အာဏာတည်မြဲဖို့ အတွက် မည်သူ့ ကိုမှ အလျှော့ပေး လိုက်လျောညှိနှိုင်းတာတွေကို လုပ်မှာ မဟုတ်ကြောင်း သုံးသပ်ပြထားပါတယ်။ ဒီအချက်ကို သိစေဖို့ အတွက် နအဖတွေဘက်ကများ လိုက်လျောညှိနှိုင်းမှုတွေ နိုင်ငံရေးအရ မျှော်လင့်ချက်တွေ ရနိုင်မလားဆိုပြီး နအဖနဲ့  တွဲဘက်ဆောင်ရွက်ရန် ခြေလှမ်းလှမ်းနေကြသူကို သတိပေးတဲ့အနေနဲ့  ဒီစာအုပ်ဖတ်ဖို့ သင့်ကြောင်းလည်း သိရှိရပါတယ်။

ဒီစာအုပ် ရေးသားသူကတော့ Benedict Rogers ဖြစ်ပြီး၊ ချက်နိုင်ငံသမတဟောင်း Vaclav Havel ၊ Burma in Revolt စာအုပ်ရေးသားသူ Bertil Lintner ၊ Daughter and Karen political activist from Burma စာအုပ်ရေးသားသူ ဇိုရာဖန်းတို့ ကနေ သုံးသပ်ထားပါတယ်။

နအဖ အာဏာရူး သန်းရွှေတို့ များ နောင်တမရသေးဘဲ ဆွေစဉ်မျိုးဆက် နာမည်သေနေတာကို ဂုဏ်ယူနေတုန်းပါဘဲ။

ပြည်လည် မျှဝေပေးပို့ ပေးသော ကိုနစ်နေမန်းအား အားကျေးဇူးတင်ပါသည်

၂၀၁၀ရွေးကောက်ပွဲကိုနိုင်ငံရေးပါတီတည်ထောင်လိုသူများ လျှောက်ထားမှုအခြေအနေ

2010 04 23 - Those Wishing to Form Political Parties Submit Applications[2]

ရက်ပေါင်း ၆၀ကျော်ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တို့ အလံတို့ကို ဖြုတ်ချထားစရာ အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို...

ိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ ပါရှိတဲ့ ရက်ပေါင်း ၆၀ကိုကျော်လွန်သွားချိန်မှာ ပါတီရဲ့ ဆိုင်းဘုတ်တို့ အလံတို့ကို ချထားဖို့မလိုဘူး.... ချထားစရာ အကြောင်းမရှိဘူး ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ နေ့လည်၁နာရီမှ ၃နာရီထိ အကျိုးဆောင် ရှေ့နေများနှင့် တွေ့ခွင့်ရစဉ် ပြောဆိုလိုက်ကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းကပြောဆိုပါတယ်။

Get this widget | Track details | eSnips Social DNA
ရှေ့နေကြီးဦးဥာဏ်ဝင်းရဲ့ ပြောဆိုချက် အသံဖိုင်ပါ....

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း။ ပြီးခဲ့တဲ့ အပတ်တွေက ဆေးရုံမှာ Echo ရိုက်တဲ့ ဆေးစစ်ချက်တွေ ကောင်းမွန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ဆက်လက်ပြောဆိုသွားပါတယ်။

သတင်း...ဒီမိုဝေယံ