30 May 2013

ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း

ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း..

မောင်ပြည့်စုံ၏ ပြတ်ရှ၊ ဒဏ်ရာများ
 
 ခရမ်းမြို့ကြက်ခြေနီများမှ ဘောလုံးပွဲ အားပေးသူ ပြည်သူတဦးအား
အုပ်စုဖွဲ့၍ ကတ်ကြေးဖြင့် ထိုးကုသခြင်း


အားကစားနှင့် ကာယပညာကြီးကြပ်မှု
 ကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်
28.5.2013 နေ့ ညနေ ၄ နာရီတွင် ကျင်းပသော အမှတ် (၁၂) ရပ်ကွက် နှင့် ကမာကလူ
ကျေးရွာ ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ပွဲတွင် ဘောလုံးပွဲ ကျင်းပနေစဉ်
ကမာကလူကျေးရွာမှ မောင်ပြည့်စုံသည် ပရိတ်သတ် အထဲမှ အော်ဟစ် အားပေးခဲ့သည်။

 ပွဲပြီးချိန်တွင် ကွင်းအပြင်မှ အော်ဟစ်အားပေးသည်ဆိုကာ မောင်ပြည့်စုံအား ခရမ်းမြို့နယ်
ကြက်ခြေနီတပ်ဖွဲ့ဝင် ၄ ဦးမှ နှစ်ဦးက ဖမ်းချုပ်ပြီး ကျန်နှစ်ဦးမှ
လက်သီးဖြင့်ထိုးခြင်း၊ ဆေးသေတ္တာအတွင်းမှ ကတ်ကြေးဖြင့် ထိုးခြင်းများ
ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်မှုကြောင့် မောင်ပြည့်စုံမှာ ခရမ်းမြို့နယ်
ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူခဲ့စဉ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းလွင်မှ
ချက်ချင်း ဆေးရုံမှဆင်းခိုင်းပါသည်။ မှုခင်းဖြစ်စဉ် မဖြစ်ပေါ်အောင်
သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ၀ိုင်းဝန်းဖုံးဖိခဲ့ကြပြီး လက်သိပ်ထိုး
ဖြေရှင်းခြင်း၊ လျှော်ကြေးပေး ဖြေရှင်းခြင်းမျိုး၊ မတရားသဖြင့်
နိုင့်ထက်စီးနင်း ပြုလုပ်ကြပါသည်။ အဆိုပါ လူမှုရေး ဆောင်ရွက်နေသည်ဟု အမည်ခံထားသည့် ကြက်ခြေနီဆိုသူများမှ ဝိုင်းဝန်းထိုးကြိတ်သော ဒဏ်ရာကြောင့် မောင်ပြည့်စုံမှာ
ဦးခေါင်းနှင့် ပခုံးတွင် စုတ်ပြဲဒဏ်ရာ ရရှိပြီး ၁၂ ချက်
ချုပ်လိုက်ရပါသည်။

ဤကဲ့သို့ မိမိကိုယ်ကိုယ် မိမိအများအကျိုးပြု ပြည်သူလူထုအတွက်ဟု ခံယူထားသော ပြည်သူ့ ကြက်ခြေနီဆိုသူများမှ ပြည်သူတဦးအား နိုင်ထက်စီနင်း လူမဆန်စွာ ရိုက်နှက် ထိုးကြိတ်မှုအား ခရမ်းမြို့နယ် အား/ကာ မှူး ဦးသန်းထွန်း၊
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် (ကြက်ခြေနီ ဒုဥက္ကဋ္ဌ )ဦးကျော်မြင့်အောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကြီးလွင်၊ မြို့နယ် ဆေးရုံအုပ် ဒေါက်တာမင်းလွင်တို့အား မှုခင်းဖြစ်စဉ် အမှန်ပေါ်ပေါက်ပြီး ထိရောက်စွာ
ရမ်းကားသော ကြက်ခြေနီများအား စစ်ဆေး အရေးယူပေးပါရန် တင်ပြအပ်ပါသည်။
 
မရမ်းကားတဲ့ ခရမ်းသား