26 September 2013

အာဏာအားကိုး နဲ့ မတော်မတရားတွေလုပ်နေကြတုန်းပါလား..

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အုပ်ချုပ်ရေးမှူးက အုန်းဇုန်းကျေးရွာအုပ်ချုပ်ရေးမှူးကို ပါးရိုက်မှု စက်တင်ဘာလ၂၅ ရက် နေ့လည် ၁နာရီက ဖြစ်ပွားခဲ့ပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနမှ အရာရှိတစ်ဦး အုန်းဇုန်းကျေးရွာ အုပ်စု၊ ၀က်သေကျေးရွာကို လာရောက်ကွင်းဆင်းတာကို ရာအိမ်မှူး၊ဆယ်အိမ်မှူးတွေ ဆင့်ခေါ်ရာမှာ လာရောက်ဖို့ နောက်ကျတာကြောင့် ယခုလို ပါးရိုက်ခံရတာဖြစ် တယ်လို့ အရိုက်ခံရတဲ့ အုန်းဇုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့် က ပြောပါတယ်။

" ငါးမိနစ်၊ဆယ်မိနစ်လောက်ပဲနောက်ကျတယ်။ ဘာမပြောညာမပြောနဲ့ ပါးရိုက်တယ်။ လောလောဆယ်အမှုသွားဖွင့်တယ်။ ရဲစခန်းက အမှုဖွင့် မပေးသေးဘဲ ဆေးစာတောင်းလို့ မနက်ဖြန် ဆေးစာရမယ်" လို့ ဦးမြင့်က ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ပါးရိုက်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာ ဆက်သွယ်လို့မရခဲ့ပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်လက်ဆက်သွယ် မေးမြန်းရာ ပါးရိုက်ခံရမှုဖြစ်စဉ်ကို ကြားသိရကြောင်းဖြေကြားပါတယ်။

 The Modern News Journal