၂၅နှစ်ဆိုတာ
သက်ရှိထင်ရှားလူတစ်ယောက်အတွက်အရွယ်ရောက်ပြီး၊ပညာစုံပြီးလူ့ဘောင်လောကမှာ
ထိုက်သင့်သလောက် လည်း အတွေ့အကြုံရှိပြီးတဲ့ လူငယ်တစ်ယောက် ဖြစ်နေပါပြီ။
၁၉၈၈ခုနှစ်က စလိုက်တဲ့ ကျွန်မတို့ရဲ့လှုပ်ရှား
မူအရေးတော်ပုံဟာ အခုဆိုရင်အရွယ်ရောက်ပြီး ရင့်ကျက်နေပါပြီ။
ကျွန်မတို့ရဲ့အဖေ၊ အမေ၊အဘိုးအဘွားတွေ လက်ထက်က ဆင်နွဲခဲ့ကြတဲ့၁၃၀၀ပြည့်
အရေးတော်ပုံဆိုတာကို ငယ်ငယ်ကဖတ်ခဲ့ရ၊မှတ်ခဲ့ရ၊ တဆင့်စကား၊တဆင့်နားနဲ့
လေ့လာခဲ့ဖူးပါတယ်။ ၁၃၀၀ပြည့်အရေးတော်ပုံကြီး ကြောင့်တခါတည်း
လွတ်လပ်ရေးမရခဲ့ပေမယ့်လို့ လွတ်လပ်ရေးအတွက် အရေးကြီးတဲ့ အချိုး
အကွေ့တစ်ခုဖြစ်ခဲ့တယ်လို့ သိခဲ့ရပါတယ်။ ၁၃၀၀ပြည့် အရေးတော်ပုံကြီးအပြီး
နှစ်ပေါင်း၅၀လောက်အကြာ ရွှေရတုအခါသမယ ကျွန်မတို့လက်ထက်မှာ
၁၃၅၀ပြည့်အရေးတော်ပုံကြီးကို ကိုယ်တိုင်ကိုယ်ကျပဲြ့ကုံတွေ့ရပါတော့တယ်။
ကျွန်မတို့ ဆင်နွဲခဲ့ကြတဲ့ ၁၃၅၀ပြည့် အရေးတော်ပုံကြီးဟာလည်း
ဒီမိုကရေစီရေး၊လွတ်လပ်မူ အခွင့်အရေးတွေအတွက် အရေးပါတဲ့
အချိုးအကွေ့ကြီးတစ်ခုဖြစ်ခဲ့ပါ တယ်။ မပြီးဆုံးနိုင်တဲ့ ဒီအရေးတော်ပုံကြီးဟာ
အခုဆိုရင်ငွေရတုတောင် တိုင်ခဲ့ပါပြီ။ ၁၃၀၀ပြည့် အရေးတော်ပုံကြီးကစလို့
လွတ်လပ်ရေးရဲ့ ရွှေရတု၊ငွေရတု ကာလတွေကို ဖြတ်သန်းခဲ့ရတဲ့ကျွန်မတို့
တိုင်းပြည်ဟာ တကယ်ပဲ လွတ်လပ်ရေးရဲ့အနှစ်သာရတွေ၊ ဒီမိုကရေစီစနစ်ရဲ့
အခွင့်အရေးတွေ ခံစားရရှိပြီလားလို့ မေးစရာရှိပါတယ်။အမှန်တော့
ဒီမိုကရေစီစနစ်ဆိုတာ ကျွန်မတို့နှိုင်ငံမှာ နှစ်ပေါင်းများစွာ
အမြစ်တွယ်ခဲ့တဲ့၊ ပြဿနာတွေကို ဖြေရှင်းဖို့ အခွင့်အရေး ပေးနိုင်တဲ့ စနစ်ပဲ
ဖြစ်ပါတယ်။ အာဏာရှင်စနစ်အောက်မှာ ဖြေရှင်းခွင့်မရခဲ့တဲ့နိုင်ငံရေး၊
စီးပွားရေး၊ လူမူရေး၊ ဘာသာရေး၊ အခက်အခဲတွေ၊ အတားအဆီးတွေ၊ ပြဿနာတွေကို
စနစ်တကျဖြေရှင်းဖို့၊ညှိနှိုင်းတိုင်ပင်ဖို့၊ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့
ကျွန်မတို့ ဒီမိုကရေစီကို လိုအပ်ပါတယ်။ဒီမိုကရေစီစနစ်နဲ့ ညီညွှတ်တဲ့
လွတ်လပ်မူ၊ အခွင့်အရေးတွေ လိုအပ်ပါတယ်။ ဒီလိုလွတ်လပ်မူအခွင့်အရေးတွေ
မရသရွေ့၊ ဒီလိုညှိနှိုင်းဆွေးနွေးအဖြေရှာမူ အလေ့အကျင့်ကို တစ်ခုကို
မထူထောင်နိုင်သရွေ့ ကျွန်မတို့ဟာ လွတ်လပ်ရေးရဲ့ အနှစ်သာရနဲ့ ဒီမိုကရေစီရဲ့
အရသာကို ခံစား၊စံစား နိုင်ဦးမှာ မဟုတ်ပါဘူး။၈၈ အရေးတော်ပုံဟာ
ကျွန်မတို့ပြည်သူတွေရဲ့နား၊မျက်စိတွေကို ဖွင့်ပေးခဲ့ပါတယ်။
နှစ်ပေါင်းများစွာ အထီးကျန်နေရာက ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြန်ရခဲ့ပါတယ်။
အရေးအကြီးဆုံးက ကျွန်မတို့ရဲ့ တိုင်းရင်းသားတွေအပါအ၀င် ပြည်သူလူထု
တစ်ရပ်လုံးက မိမိတို့အလိုရှိတဲ့စနစ်၊
ထူထောင်ချင်တဲ့လူ့ဘောင်၊တည်ဆောက်ချင်တဲ့ ပြည်ထောင်စုကို
ရှင်းလင်းထင်ရှားစွာ ထုတ်ဖော် ပြသဖို့ အခွင့်အရေးတွေ ရလိုက်တာပါပဲ။
အမျိုးသားရင်ကြားစေ့ရေးကို လျှောက်ခြင်းအားဖြင့် အားလုံးပါဝင်တဲ့
တည်ဆောက်ရေးဖြစ်စေနိုင်မယ့် အခွင့်အရေးကိုလည်း
ရလိုက်ပါတယ်။သမိုင်းကြောင်းနဲ့ ယှဉ်ရင် ၂၅ နှစ်ဆိုတာ သိပ်ကြာလှတာမဟုတ်တဲ့
အတွက် ကျွန်မအနေနဲ့ မပြီးဆုံးသေးတဲ့ အရေးတော်ပုံ တစ်ခုကို
ဆက်လက်ဆင်နွဲနေတယ်လို့ပဲ သဘောထားပါတယ်။ ဒီမိုကရေစီရဲ့အရသာကို
မြည်းစမ်းကြည့်ခွင့်ရရုံနဲ့ ၈၈ အရေးတော်ပုံမှာ အသက်တွေ၊ဘ၀တွေ
စည်းစိမ်ဥစ္စာတွေ၊ ရာထူးနန္တရတွေ၊ အခွင့်အလမ်းတွေ
အဆုံးရှုံးခံခဲ့တဲ့သူတွေအပေါ် တာဝန်ကျေ ပြီလို့ မပြောနိုင်သေးပါဘူး။
ကျွန်မတို့ လိုချင်တဲ့စနစ်၊လူ့ဘောင်၊ပြည်ထောင်စုကို တည်ဆောက်ဖို့
အခွင့်အရေးရမယ် ကြံရုံရှိသေးတယ်လို့ပဲ ပြောနိုင်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်
ငွေရတုကနေ ရွေရတုမတိုင်မီ ကျွန်မတို့စိုက်ခဲ့သမျှ နောင်လာနောက်သားများ
ရိတ်သိမ်းခွင့်ရဖို့ ကျွန်မတို့ဟာ ကမ္ဘာပေါ်မှာ အများက အထင်မကြီးတောင်
အထင်သေးမခံရတဲ့ တိုင်းပြည်တစ်ခုဖြစ်ဖို့၊ ကျွန်မတို့
တိုင်းရင်းသားပြည်သူလူထုအားလုံး တကယ်လွတ်လပ်ပြီးဒီမိုကရေစီအခွင့်အရေး၊
လွတ်လပ်ခွင့်၊ အခွင့်အလမ်းတွေ စစ်စစ်မှန်မှန် ရရှိခံစားနိုင်ဖို့
ဆက်လက်ကြိုးစားကြရပါဦးမယ်။ ကျွန်မလည်း လွန်ခဲ့တဲ့ ၂၅နှစ်က ယူခဲ့တဲ့
တာဝန်တွေ ပြီးပြတ်ကျေပွန်အောင် ဆက်လက် ကြိုးစားပါဦးမယ်။
ဒေါ်အောင်ဆန်းစုကြည် —
ဒေါ်အောင်ဆန်းစုကြည် —