08 August 2013

"တပ်မတော်အစိုးရလက်ထက် အမှားဝန်ခံရန် သမ္မတကို ဦးမြင့်ပြောပေးမည်ဟုဆို" သတင်းကို ဦးမြင့်ပြန်လည်ငြင်းဆို




 
 ယနေ့ (သြဂုတ် ၇ ရက်) ထုတ် The Voice Daily သတင်းစာ မျက်နှာဖုံးသတင်းပါ "တပ်မတော်အစိုးရလက်ထက် အမှားဝန်ခံရန် သမ္မတကို ဦးမြင့်ပြောပေးမည်ဟုဆို" သတင်းကို ဦးမြင့်ပြန်လည်ငြင်းဆို

မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိနေသော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအထိမ်းအမှတ် ဆွေးနွေးပွဲအခမ်းအနား ဒုတိယနေ့၊ ယနေ့ (သြဂုတ် ၇ ရက်) ညနေပိုင်း ဆွေးနွေးပွဲတွင် သမ္မတအကြံပေးဖြစ်သူ ဦးမြင့်က ၄င်းသည် ယမန်နေ့က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းမဟုတ်ကြောင်း ငြင်းဆိုသွားခဲ့သည်။

လယ်ယာမြေ ပြဿနာရပ်ဆိုင်ရာများကိုသာ သမ္မတထံ ပြောကြားသွားမည်ဟု ၄င်းအနေဖြင့် ပြောခဲ့ခြင်းသာဖြစ်ကြောင်း၊ တပ်မတော်အစိုးရလက်ထက် အမှားဝန်ခံရန် သမ္မတကိုပြောပေးမည်ဟု ၄င်းအနေဖြင့် မပြောခဲ့ကြောင်း ဦးမြင့်မှ ငြင်းဆိုသွားခဲ့သည်။

သတင်းဓာတ်ပုံ.....ko  Ant Bwe Kyaw