26 July 2013

လွန်ခဲ့သည့် ၂၅နှစ်တိတိက ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည် ၏ စကား


ဗမာ့နိုင်ငံရေး ဘယ်လောက်ရှုပ်ထွေးတယ်ဒီရှုပ်ထွေးမှုဒါဏ်ကို ဖေဖေ ဘယ်လောက်ခံခဲ့ရတယ်ဆိုတာ
ကျမတို့ မိသားစု အသိဆုံးပါပဲ။

ဖေဖေဟာ စိတ်ပန်းကိုယ်ပန်းနဲ့ ဒီနိုင်ငံရေးကို လုပ်ဆောင်လာတာဟာဘာ အကျိုးစည်းစိမ်မှ မခံစားခဲ့ရပါဘူး။

ဒါကြောင့်မို့လို့လဲ လွတ်လပ်ရေးရပြီးတဲ့အခါကျလို့ရှိရင်ထပ်ပြီးတော့ အာဏာလုတဲ့ နိုင်ငံရေးမျိုးကို ဆက်မလုပ်ချင်ဘူးဆိုတာဖေဖေအတိအလင်း ပြောသွားပါတယ်။

ဒီလို ပြောသွားတာမျိုးကြောင့်မို့လို့ ကျမလည်းနိုင်ငံရေးလောကနဲ့ ဝေးဝေးကင်းကင်း နေခဲ့ချင်ပါတယ်။
အဲဒီလို ဝေးဝေးကင်းကင်း နေချင်ခဲ့လျက်သားနဲ့အခုမှ ဘာလို့ ဒီအရေးအခင်းထဲမှာ ၀င်ပါနေရသလဲလို့
မေးစရာလည်း ရှိပါတယ်။

အဲဒီဟာကတော့ ဒီအရေးအခင်းဟာ တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အရေးအခင်း ဖြစ်နေပါတယ်။
ကျွန်မမှာလည်း ဖေဖေ့ရဲ့သမီး လုပ်ပြီးတော့ခေါင်းရှောင်ပြီးတော့ နေလို့ မဖြစ်တော့ဘူး။
ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးလို့ ခေါ်ရင်လည်း ဖြစ်ပါတယ်။

[၁၉၈၈ သြဂုတ်လ ၂၆ရက်နေ့တွင် ရွှေတိဂုံအနောက်မုဒ်တွင် ကျင်းပသော ဒီမိုကရေစီရရှိရေး လူထုအစည်းဝေးပွဲကြီးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နုတ်တင်ပြသည်။]