23 July 2013

ဆယ်ကျော်သက်အရွယ် ကလေးများရှိသော မိဘများ အတွက် အထူးသိပေးချက်

 

ဒီနေ. ရန်ကုန်ဆရာစံလမ်းထိပ် Pearl Condo အောက်က Asia Light မှာလင်းလင်း အခွေအသစ်ဝင်ဝယ်ရင်း တွေ.ခဲ့တာလေးပါ

တကယ့်ချာတိတ်လေး တဖွဲ. ( ၁၅နှစ် အရွယ်လောက် ) အရက်တပုလင်း စုဝယ်နေကြတယ်
မြင်ကွင်း က မလှဘူးဗျာ။  ထားလိုက်ပါလေ။

ပြန်ထွက်လာတော့ ဘေးက Eucalypt ဆိုတဲ့ဆိုင်မှာ တခါံးတွေပိတ်ထားပြီး
အထဲမှာ DJ ဖွင့်ထားတဲ့ အသံတွေ အပြင်က အတိုင်းသား ကြားနေရတယ်။
အပြင်မှာ ကလေးတွေ ၃၀ လောက်ရှိတယ်။

တချို.ချာတိတ်တွေက မူးလို. တချို.က ဆေးလိပ်လေးတွေ လက်ကြားညှပ်လို့
ချာတိတ်မလေးတွေဆို ဆယ်တန်းတောင် မရောက်သေးတဲ့ အရွယ်တော်တော်များများလေးတေ
အားလုံးရဲ. ဝတ်စားဆင်ယင်မှုက မောင်နှချင်း တွဲမသွားသင့်တဲ့ပုံစံတွေ

Night Club ဝတ်စား ဆင်ယင်မှုပေါ့ တံခါးကြီး ပိတ် လို. အဝ မှာ ကျနော်မျက်မှန်းတည်းမိတဲ့စားပွဲ  ထိုးလေး က လက်မှတ်ရောင်းနေတယ်(ဝန်ခံပါတယ် အရင်က ကျနော်ထိုင်ခဲ့တဲ့ ဆိုင်ပေါင်းများစွာထဲမှာ ဒီတဆိုင်လည်းပါတယ်)

သွားစပ်စုကြည့်တယ်။ promotion ပွဲလားဆိုတော့မဟုတ်ဘူးဆရာ " Day Club " တဲ့။ နေ.လည် ၂ နာရီမှာ ဖွင့်တာဆိုတော့ဟုတ်တာပေါ့ " Day Club " ပေါ့လေ။

မင်းကွာ ငါလည်း Night Club သွားပါတယ်။ အခုက ကလေးတွေချည်းပဲဆိုတော့
အထဲမှာ ဒီထက် ငယ်တာလေးတွေတောင်ရှိသေးတယ်တဲ့။

သူတို.တွေက ညဖက်ထွက်လို. အိမ်က မိဘတွေနဲ. သိပ် အဆင်မပြေဘူးလေတဲ့။
ကျနော် တလမ်းလုံး အပြန်မှာ စဉ်းစားတယ်။ ဒီကလေးတွေအိမ်က မိဘတွေကို ဘယ်လိုပြောခဲ့သလဲ။ ဘာကို အတုခိုးနေကြတာလဲ။

ဘာကြောင့်ခွင့်ြ့ပုနေကြတာလည်း။ ခေတ်မှီတယ်ဆိုတာ ဘာလည်း။

ချစ်စရာ လူငယ်လေးတွေဆိုတဲ့ ဂုဏ်ကို ဘာလို. မထိန်းတော့တာလည်း။

ကျနော်လည်း အဖေတယောက်ပါ ရင်လေးမိတယ်။ကဲ ဘယ်လိုလုပ်ကြမလဲဗျာ ငါတို့တွေ ဘာတွေလျှောက် လုပ်နေတာလဲ ဆွမ်းလောင်းဓမ္မာရုံတွေဆောက် လမ်းတိုင်းမှာလမ်းကြိုလမ်းကြား ပါမကျန် တရားပွဲတွေလုပ် ဗုဒ္ဒဘာသာယဉ်ကျေးမှုသင်တန်းတွေဖွင့်လည်းပဲ တစ်နှစ်ထက်တစ်နှစ်သင်္ကြန်က ပိုးဆိုးပက်ဆက်ဖြစ်လာတာပဲရှိတယ် ခုတခါလာပြန်ပြီ လမ်းပိတ်ပြီးစတုဒီသာကျွေးသလို အတင်းဆွဲပြီးအားမနာပလက်မှတ်ထိုးခိုင်းတယ် မျိုးစောင့်ဥပဒေတဲ့ အဲဒါတွေလာမှပဲ ကမ္ဘာ့သမိုင်းမှာဘယ်လူသားမှမကျူးလွန်တဲ့ အရိုင်းခေတ်ကတောင် သမိုင်းမှာမရှိခဲ့တဲ့ ဘယ်လူ့အဖွဲ့အစည်းကမှလက်သင့်မခံနိုင်တဲ့ သမီး၂ယောက်လုံးကိုအဖေကမုဒိမ်းကျင့်တာနဲ့အမေကိုသားကမုဒိမ်းကျင့်တာနဲ့အရွယ်မရောက်သေးတဲ့ကလေးငယ်လေးတွေကိုလိင်ဆက်ဆံလို့ကလေးတွေသေဆုံးရတဲ့အမှုတွေဆိုတစ်လကို၂မှုလောက်ရှိတယ် ဒီအမှုတွေအားလုံးကိုကြည့်ပါငါတို့ဗုဒ္ဓဘာသာဝင်တွေပါ ငါတို့ကိုယ်ကိုငါတို့ဂုဏ်ယူလို့မဆုံးဘူးဖြစ်နေတယ် သာကီဝင်မျိုးပြောလိုက် ကမ္ဘာမှာမြန်မာဟေ့လို့ကြွေးကြော်လိုက်နဲ့ အောက်ခြေဒေါက်တိုင်မကောင်းပဲ အတွင်းခန်းတွေ လိုက်ခြယ်သနေရင်ပြိုမှာပဲ ဘယ်သူမှအလကားနေရင်းကိုယ့်အမျိုးကိုလာမဖျက်ပါဘူး အားလုံးက ကိုယ့်သမိုင်းကို ကိုယ့်လက်နဲ့ရေးနေကြတာပါ ဘယ်မွတ်စ်လင်မ်ကုလားမှ ဖာဘိမထောင် အရက်ဘီယာဘား မဖွင့်တာ ကျွန်တော်တို့အသိဆုံးပါဗျာ.။ ရန်ကုန်တမြို့လုံးကအနှိပ်ခန်းတွေ ကလပ်တွေနဲ့ဇိမ်ခန်းတွေအားလုံးမှာလုပ်နေတာတွေက မွတ်စလင်မ်မိန်းကလေးတွေမဟုတ်ပဲ ကျွန်တော်တို့ငွေတွေအကုန်ခံပြီးဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းပေးထားတဲ့ သင်တန်းဆင်း ဗုဒ္ဓဘာသာဝင်တွေချည်းပဲ ပိုဆိုးလာတာက အရင်အင်္ဂလိပ်ကားဆိုအမေနှမတွေနဲ့မကြည့်ဘူး အခန်းတွေပါတတ်လို့ မတော်လို့ကြည့်မိလို့အခန်းပါလာရင် ရီမူ့ကမကောင်းရင် မျက်နှာပူ စရာဆိုပြီးမကြည့်ကြဘူး မြန်မာကားပဲမိသားစုထိုင်ကြည့်ကြတာ ခုအဲဒီမြန်မာ ကားမှာ လဲ အော် ရယ်ဆက်စ် တွေပါလာပြီ မီးခိုးကြွက်လျှောက်ပဲ မုဒိမ်းမှုကလဲရာခိုင်နှုန်းတက်လာပြီ ရလာတဲ့ဒီမိုကရေစီကို အသုံးချတာ လွတ်လပ်မှုကို အသုံးချတာနေရာမှားနေတာပေါ့ တကယ့်စာပေလွတ်လပ်မှုမှာမသုံးဘူး နိုင်ငံ့ရေးစာပေတွေခုထိတည်းဖြတ်တာခံနေရတယ် ဗီဒီယိုတွေမှာ အော်ရယ်ဆက်စ်တွေထည့်လို့ရတာကိုပျော်နေကြတယ် အဲဒါလွတ်လပ်တာမဟုတ်ဘူး ခေတ်ပျက်တာခေါ်တယ်။


ရှယ်ပေးကြပါဗျာ။ ကလေးတွေအတွက်ပါ။

ဆင်ဆာမဲ့ သတင်းကမ္ဘာ