06 March 2013

ကျောက်တန်းမြို့နယ်လူထု၏ဆန္ဒပြပွဲတွင်ဗကသများအဖွဲ့ချုပ်ပါဝင်ကူညီ

ကျောက်တန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ကျေးရွာအုပ်ချုပ်ရေးမှူးပြန်လည်ရွေးချယ်ရန်ညွှန် ကြားချက်အား မကျေနပ်ကြသည့် ရွာသူ/သားများ၏ဆန္ဒဖော်ထုတ်ပွဲကို ယမန်နေ့(၄.၃.၂၀၁၃) တနလာင်္နေ့ နံနက်(၁၀)နာရီမှ(၁၁)နာရီ၄၅မိနစ်အထိ ကျောက် တန်းမြို့တွင် ပြုလုပ်ခဲ့ကြ သည်။လူ၄၀၀ကျော်တက်ရောက်ပါ ၀င်ခဲ့ကြပြီး ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှလည်း တက်ရောက်ပါဝင်ခဲ့ကြပါသည်။ု
          လူထုစိတ်ကြိုက်ရွေးကောက်တင်မြှောက်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူးများကို ယခင်အုပ်ချုပ်ရေး မှူးနှင့်အပေါင်းအပါများက အကြောင်းမရှိအကြောင်းရှာ ကာ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အားကန့်ကွက်စာများပေးပို့ခဲ့သဖြင့် ကျောက်တန်းမြို့နယ်အုပ်ချုပ်းရေးမှူးမှ ကျေးရွာအုပ်ချုပ်ရေး မှူးပြန်လည် ရွေးချယ်ပွဲပြု လုပ်ရန်ဆုံးဖြတ်ချခဲ့သဖြင့် သက်ဆိုင်ရာကျေးရွာရှိ ရွာသူ/သားများက အဆိုပါဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် (၂.၃.၂၀၁၃)တောင်သူလယ်သမားနေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့်တင်ခဲ့ရာ ကန့်သတ်ဦးရေ (၂၀၀)ဖြင့်(၄.၃.၂၀၁၃)နံနက် ၁၀နာရီမှ ၁၁နာရီအထိခွင့်ပြုချက်ကျခဲ့ပါသည်။ဆန္ဒထုတ်ဖော်ရန် လူဦးရေ၂၀၀ခန့်သာကျခဲ့သော်လည်း ဆန္ဒထုတ်ဖော်ပွဲတွင်သက်ဆိုင်ရာရွာသူ/သားများအပြင် NLDပါတီ ၀င်များ နှင့်ကျောင်းသားများ ၀န်းရံပါဝင်ခဲ့ကြသဖြင့် ဆန္ဒပြအင်အား၄၀၀ကျော်ခဲ့ပါသည်။ဆန္ဒပြသူများ သည် မနက်၁၀နာ ရီတွင်ကျောက်တန်းမြို့မင်းကျောင်းလမ်းမှ စတင်ထွက်ခွာ၍ ကျောက်တန်းမြို့နယ် တရားရုံး ကျောက်တန်းမြို့ နယ်ရဲစခန်း ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့အား စီတန်းလှည့်လည်၃ကြိမ်ပတ်ခဲ့ကြပြီး ကြွေးကြော်သံ များကြွေးကြော်ကာ`ပြည်သူ့ဆန္ဒ အမှန်ဖော်ပေးရေး´`ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်မှုအမှန် တရားပေါ်ပေါက်ရေး´`ပြည် သူရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးအားအတည်ပြုပေးရေး´စသည့် ပိုစတာများကိုင် ဆောင်၍ကြွေးကြော် သံ များကြွေးကြော်ခဲ့ကြ သည်။ယခုဆန္ဒပြပွဲသည်ကျောက်တန်းမြို့နယ်တွင်ပထမဆုံးအကြိမ် ဆန္ဒဖော်ထုတ်ပွဲဖြစ်ပြီး ကျွန်ုပ်တို့ ဗကသ များအဖွဲ့ချုပ် မှကျောင်းသူ/သူများက ရွာသူ/သားများအား ရုံးပိုင်းဆိုင် ရာကိစ္စများ၊သတင်းမီဒီယာများအားချိတ်ဆက်ပေးခြင်းများဖြင့်လူအင်အားပံ့ပိုးပါဝင်ကူညီပေးခဲ့ကြပါသည်။


                                                                          ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ
                                                                                                                        ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်