25 September 2012

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပြောရရင် ပြုံးရွှင်နေတဲ့ သမီး၊

ဖခင်ဖြစ်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ပြောရရင် ပြုံးရွှင်နေတဲ့ သမီး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိချင်ရင် အများကြီးက ကိုယ့်ကို ချစ်နေဖို့ မလိုပါဘူး၊ တယောက်ထဲက ကိုယ့်ကို နှစ်နှစ်ကာကာ ချစ်ရင်ကို ရပါပြီ။ အဖေဟာ ကျွန် မကို အလွန်ချစ်တယ်လို့ အမေက ပြောပါတယ်။ ကျွန်မဟာ အဖေ့ရဲ့ အချစ်ဆုံးသမီးပါ၊ ဒါကို အဖေကိုယ်တိုင် ပြောခဲ့တဲ့ အကြောင်း မှတ်တမ်းမှတ်ရာတွေ ရှိပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အရွှန်းဖောက်ပြီး ပျော်ရွှင်စွာ ဖြေကြားထားတဲ့ စက်တင်ဘာ ၂၂ နယူးယောက် ကွင်းစ်ကောလိပ် ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ ဖြေကြားထားတာတွေကို နားဆင်နိုင်ပါတယ်။