19 January 2012

NLD ပါတီအနိုင်ရရေး ဒေါ်အောင်ဆန်းစုကြည် လှုံ့ဆော်မှုများ စတင်




ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီ အောင်နိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လှုံဆော်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၁၀ ရက်ကျော်မှသာ လုပ်ဆောင်ရမည် ဖြစ်သဖြင့် ပါတီ ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က လှုံဆော်ပေးနေခြင်းဖြစ်ကြောင်း သူမက ဆိုသည်။

ဇန်န၀ါရီလ ၁၇ ရက်နေ့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ပြုလုပ်ခဲ့သည့် မြို့နယ်ရုံးဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် NLD ကိုယ်စားပြု၍ ယင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ဒေါ်ဖြူဖြူသင်းအား မဲပေးကြပါရန် လူံ့ ဆော်ခဲ့သည်။

“အရေးကြီးတာက မဲထည့်ဖို့ပါ။ကျွန်မတို့ ပြည်သူပြည်သားတွေဟာ ကိုယ့်ကံကြမ္မာ ကိုယ်ပိုင်ပြီဆိုပြီး မဲပေးကြပါ။ မဲပေးတဲ့ နေရာမှာလည်း ဖြူဖြူ့ကို မဲပေးကြပါ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယင်း မိန်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

NLD ပါတီ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကိုယ်စားလှယ်စရိတ် မတတ်နိုင်ပါက ပါတီမှကုန်ကျခံမည်ဖြစ်ကြောင်း သိရသည်။

ယင်းပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် တစ်ကြိမ်၊ ဇန်နဝါရီလ ၁၇ ရက် နေ့တွင် တစ်ကြိမ် ထုတ်ပြန်ခဲ့သည်။

သတင်း....yangonchronicle
ဓာတ်ပုံ..သူရှိန်လှထွေး