16 January 2012

ပြုသူက အသစ် ခံရသူက အဟောင်း...



လောကဥပဒေနဲ့ ငြိစွန်းလို့ သံဃာတော်တွေကို ထောင်ချတဲ့အပြစ်ဒဏ်ထက် သိက္ခာမချ သိက္ခာမကျသေးတဲ့ သံဃာတော်တွေရဲ့ သင်္ကန်းဝတ်တွေကို အတင်းဆွဲခွာချွတ်တဲ့ အပြစ်ဒဏ်က ပိုပြီး အပြစ်ကြီးတယ်ဆိုတာကို ကမ္ဘာသူ ကမ္ဘာသားတွေ သိစေချင်ပါတယ်။ အကျဉ်းထောင်အတွင်းမှာ ကျန်ရစ်ခဲ့တဲ့ သံဃာတော်တွေ လွတ်မြောက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့ မစိုးရိမ်ဆရာတော် အရှင်ဝီရသူက ပြောဆိုလိုက်ပါတယ်။ မစိုးရိမ်ဆရာတော် အရှင်ဝီရသူဟာ ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကျောက်ဆည် ကုလား-ဗမာ အရေးအခင်းအတွင်း အဓမ္မ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၁၇/၂၀၊ ၅ည၊ ၂၉၅/က၊ ၈ (၁) တို့နဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရကာ ပထမ မန္တလေးထောင်၊ အခုနောက်ဆုံး မြစ်ကြီးနားထောင်တွေမှာ အကျဉ်းကျခံနေခဲ့ရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ရရှိချိန်မှာ ထောင်တွင်း ၈ နှစ်နဲ့ ၃ လ နေခဲ့ရပြီး ဖြစ်ပါတယ်။