16 March 2011

ဥက္ကဋ္ဌကြီးဦးတေဇ၏ ကျွန်ုပ်နှင့် (၇၅နာရီကြာ) မဒွယ်ရေခဲတောင်မှ စွန့်စားခန်းများ (ရဟတ်ယာဉ်ပျက်ကျတဲ့ မှတ်တမ်း၊ ဓာတ်ပုံများ-၃)

နောက်ဆုံးရက် ကယ်ဆယ်ရေးရဟတ်ယာဉ် တက်လာပြီဟု သိရပြီး ရဟတ်ယာဉ်မှ မြင်နိုင်သည့် နေရာတွင် မိမိတို့ စုထိုင်ကာ ရဟတ်ယာဉ် စောင့်နေကြပုံ..
ကယ်ဆယ်ရေး ရဟတ်ယာဉ်နှင့် ပါလာပြီး ရဟတ်ယာဉ်ပေါ်မှ ခုန်ချကာ မိမိတို့နှင့် အတူပူးပေါင်း ကူညီကယ်ဆယ်ခဲ့သော ညီငယ် ခွန်နောင်မြင့်ဝေ..
ကျန်းမာရေးချိုတဲ့နေသည့် ဒုက္ခသည် ၂ဦးဖြစ်သည့် Capt. စည်သူချိမ့်နှင့် Grace တို့ကို ရဟတ်ယာဉ်ပေါ် တင်အပြီး " သူတို့၂ဦး အသက်တော့ ကယ်နိုင်ပြီဟု ကြွေးကြော်ကာ ကျန်ရှိသော မိမိတို့ အဖွဲ ပျော်ရွှင်စွာ မှတ်တမ်းတင်နေပုံ "
မဒွယ်ကို နောက်တစ်ခေါက် ခြေလျင်ပြန်တက်လာမည်ဟု ကြွေးကြော်နေပုံကို ဦးသက်ထွန်းမှ မှတ်တမ်းတင်ထားစဉ်... (ရဟတ်ယာဉ်မှ မရှိတော့တာ.. ဒီတစ်ခါဆိုရင် ဇာတ်သိမ်းခန်းပေါ့)
နောက်ဆုံးနေ့ ရဟတ်ယာဉ်ပေါ်မှ ရသည့်စောင်နှင့် Snow Travel Coat ကို ဝတ်ဆင်ကာ အရမ်းပူနွေးတာပဲဟု ဥက္ကဋ္ဌမှ နောက်နေစဉ် မှတ်တမ်းတင်ထားပုံ.... (ရီလိုက်ရတာ...)
နေရောင်နှင့် ရေခဲပြင်၏ ရောင်ပြန်ဟပ်မှုကြောင့် ငိုထားသကဲသို့ ဖြစ်ပြီး မျက်စိနာနေကြသော ဥက္ကဋ္ဌနှင့် ကိုဇေယျာတို့အား မှတ်တမ်းတင်ထားပုံ....
ရဟတ်ယာဉ် ပျက်ကျရာနေရာနှင့် စခန်းချရာနေရာများ..
ဥက္ကဋ္ဌနှင့် အဖွဲ့အား သယ်ဆောင်သည့် ရဟတ်ယာဉ် ရောက်ရှိလာစဉ် (ဗီယက်နမ် စစ်ကားတွေထဲကလို ဘာလိုလို Rambo ပြန်လာပြီ.. အဲ Ramtay  ရမ်တေ ပေါ့ဗျာ)
ပူတာအိုသို့ ရောက်ရှိပြီး ဆေးစစ်မှု့ခံယူနေသော ဥက္ကဋ္ဌအား ဒုဥက္ကဋ္ဌမှ အားပေးနေစဉ် (ဗီယက်နမ် စစ်ပြန်လိုလို ဘာလိုလို လက်စက်သတ်တော့ ချိတ်ထမီဝတ် တပ်ချုပ်ကြီးနဲ့ အပေါင်းအပါတွေအတွက် နတ်ရေကန် သနပ်ခါးနဲ့ မိတ်ကပ် သွားရှာတာကိုး.. )
ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီး ဒုက္ခသည်အားလုံးကို ပန်းလှိုင်ဆေးရုံတွင် ဆေးစစ်ကြည့်ရာ အားလုံးတို့မှာ Toxic များ၊ မကောင်းသည့် (အင်ဇိုင်း)များ အလွန်များနေ၍ စင်္ကာပူသို့ အမြန်ပို့ပြီး Singapore Raffles Hospital တွင် ဆေးကုသမှု ခံယူနေစဉ်..
ဥက္ကဋ္ဌကြီးဦးတေဇ၏ ကျွန်ုပ်နှင့် (၇၅နာရီကြာ) မဒွယ်ရေခဲတောင်မှ စွန့်စားခန်းများ (မှတ်တမ်း)  ဤမှာတွင် ပြီးဆုံးပါပြီ.. ဇာတ်သိမ်းမှာတော့ မြိုင်ရာဇာတေဇရဲ့ နတ်ရေကန် ရှာပုံတော်ကတော့ နောက်ဆုံး ဒီနေ့တေဇတို့ ကံမကောင်းပါလား ဆိုသလို ရဟတ်ယာဉ်လည်းဆုံး၊ နတ်ရေကန်ထဲလည်းမဆင်းရ၊ သေကံမရောက် သက်မပျောက်ပဲ စင်ကာပူဆေးရုံရောက်ပြီး ဇာတ်သိမ်းလိုက်ပါကြောင်း..

မဒွယ်ရေခဲတောင်မှ နတ်ရေကန်ရှာပုံတော် အပိုင်း(၁) ပြန်ဖတ်ချင်ရင် http://www.demowaiyan.co.cc/2011/03/blog-post_13.html
မဒွယ်ရေခဲတောင်မှ နတ်ရေကန်ရှာပုံတော် အပိုင်း(၂) ပြန်ဖတ်ချင်ရင် http://www.demowaiyan.co.cc/2011/03/blog-post_9566.html