14 March 2011

မက်စ်မြန်မာ ဦးဇော်ဇော်ရဲ့ ရန်ကင်း ကလေး အထူးကု ဆေးရုံသစ်ဖွင့်ပွဲ...

 သံအမတ်တွေက အနောက် အလယ်မှာက မျောက်...
ယနေ့ မနက် ၈း၁၀ မှာ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းမပေါ်ရှိ ယခင် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးရုံးနှင့် လက်အောက်ခံဌာနများ အဖြစ် ဖွင့်လှစ်ခဲ့သော ရုံးအဆောက်အဦးများကို ခုတင်(၅၅၀)ဆံ့ ကလေး အထူးကု ဆေးရုံသစ်ကြီးအဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါ ကလေးအထူးကု ဆေးရုံသစ်ကြီး၏ အကျယ်အ၀န်းမှာ မြေဧရိယာ(၉.၅)ဧက ကျယ်ဝန်းပါသည်။


မက်စ်မြန်မာကုပ္မဏီပိုင်ရှင် ဦးဇော်ဇော်မှ မြန်မာကျပ်ငွေ သန်းပေါင်း(၉၀၀၀)ကျော် အကုန်ကျခံကာ လှုဒါန်းဆောက်လုပ် ပေးခဲ့သည်ဟု သိရှိရပါသည်။ ရန်ကင်းကလေးအထူးကု ဆေးရုံသစ်ဖွင့်ပွဲသို့ နအဖအတွင်းရေးမှုး(၁) ဦးသီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်မှုးကြီး၏ သမီးနှင့်မြေး ဖိုးလပြည့်(ခ) နေရွှေသွေးအောင်၊ ကျန်းမာရေးဝန်ကြီးဌာန၀န်ကြီး ဒေါက်တာကျော်မြင့်၊ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၊ မက်စ်မြန်မာကုပ္မဏီအုပ်စု ပိုင်ရှင်ဦးဇော်ဇော်နှင့် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်များ၊ နိုင်ငံတကာမှ သံအမတ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြပါသည်။

ရန်ကင်း ကလေးအထူးကုဆေးရုံသစ်ဖွင့်ပွဲကို ယနေ့ မတ် ၁၃ ရက် နံနက် ၈း၁၀ အချိန်တွင် အလှုရှင်ဖြစ်သော မက်စ်မြန်မာကုပ္မဏီအုပ်စု ပိုင်ရှင်ဦးဇော်ဇော်၊ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ၀န်ကြီးဒေါက်တာကျော်မြင့်၊ နအဖအတွင်းရေးမှုး(၁) ဦးသီဟသူရ တင်အောင်မြင့်ဦး တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ရန်ကင်းကလေးအထူးကု ဆေးရုံသစ်တွင် ဆေးရုံအဆောင်ပေါင်း (၂၄)ဆောင်ပါရှိသည်ဟု သိရှိရပါသည်။ ဖွင့်ပွဲ အခမ်းအနားကျင်းပပြီးနောက် နအဖဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏မြေး ဖိုးလပြည့်(ခ) နေရွှေသွေးအောင်မှ ရန်ကင်းကလေးအထူးကု ဆေးရုံသစ်အတွက် အလှုငွေ(၁၅)သိန်းကို လှုဒါန်းခဲ့သည်ဟု သိရှိရပါသည်။

ဒါကတော့ သတင်းတစ်ပိုင်းပေါ့...

သာဓုခေါ် သင့်မသင့်ထက် နေရွှေသွေးအောင် လှူတာ သမ္မတ လစာရဲ့ သုံးပုံတစ်ပုံပါ..။ Max မြန်မာ ဦးဇော်ဇော်လှူတာ ကျပ်ငွေ သန်းပေါင်း (၉၀၀၀)တဲ့ နားကြားများ မှားလားလို့ပေါ့..။ သိန်း(၉၀၀၀)ထောင် မဟုတ်ပါ.. သန်း(၉၀၀၀)ထောင် ဒေါ်လာ ၉သန်းပေါ.့.။ နအဖဗိုလ်ချုပ်ကြီးတွေ ပိုင်ဆိုင်မှုဆိုရင် စဉ်းစားသာကြည့်ပါတော့..။ နအဖဗိုလ်ချုပ်တွေကော ဝင်ငွေကြေငြာရဲပါ့မလား.. လွှတ်တော်ထဲမှာ အမတ်ဆိုသူတွေက လူတိုင်းသိနေတဲ့ မေးခွန်းကို မေးနေပြီး  ဝန်ကြီးဆိုသူတွေက ဖြေချင်တာ ဖြေနေတာထက် အများသိချင်တဲ့ ပိုင်ဆိုင်မှုတွေ  ဝင်ငွေကို စစ်ဆေးပိုင်ခွင့်၊ ဝင်ငွေခွန် ဆောင်မဆောင် ကြေငြာခွင့် မေးမြန်းခွင့်ရှိပါလား။ တပ်ချုပ်ကြီးသားနေတဲ့ အိမ်က လျှပ်စစ်မီးမီတာခက ကျပ် ၁၀၀ကျော်ပဲ ကျတယ်ဆိုပဲ။ ဒီလို တိုင်းပြည်ဘဏ္ဍာငွေတွေကို အလကားနီးပါး ရနေတဲ့ တပ်ချုပ်ကြီး အသိုင်းအဝန်းက ဝင်ငွေခွန်ကျတော့ အများနီးပါး ဆောင်စရာမလိုဘူးလား။ မေးချင်တာပါ.. လွှတ်တော်ကိုယ်စားလှယ် ကြီးများလည်း လွှတ်တော်မှာ ဘာမှမအဖြေမရတဲ့ အမေးတွေ မေးမြန်းပြီး နောက်ဆုံးကတော့လည်း လုပ်ချင်တာပဲ လုပ်သွားတာကို ခံနေရမယ့် အတူတူ မိမိတို့ကိုယ်ကိုယ် ဘယ်ဘဝ ရောက်နေပြီလည်းဆိုတာ ပြန်လည် ဆန်းစစ်ပါဦးလို့ တင်ပြလိုက်ရပါတယ်...။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ

အောက်မှာပေါ်ချင်တာဒီမှာရေး