23 February 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ စွယ်စုံရ အနုပညာရှင် ကိုဇာဂနာ လွတ်မြောက်ရေးအတွက် Cinema For Peace Gala 2011 ဆုပေးပွဲ အခမ်းအနားသို့ ပေးပို့တဲ့ ဗီဒီယိုမက်ဆေ့ခ်ျ (ရုပ်သံ)


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့က ဂျာမဏီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပခဲ့တဲ့ ၆၁ကြိမ်မြောက် ရုပ်ရှင်ပွဲတော် Cinema For Peace Gala 2011 ဆုပေးပွဲ အခမ်းအနား၌ ဗီဒီယိုမက်ဆေ့ခ်ျ ပေးပို့ခဲ့ပြီး မြန်မာပြည်တွင်း လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ရင်း နှစ်ရှည်ထောင်ဒါဏ် မတရားကျခံနေရတဲ့ ပြည်သူ့အချစ်တော် စွယ်စုံရ အနုပညာရှင်ကိုဇာဂနာ လွတ်မြောက်ရေးအတွက် အနုပညာရှင်များမှ ကူညီတောင်းဆိုပေးဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်..
ယခုနှစ် Cinema For Peace Gala 2011 ဆုကို ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ဇန္နဝါရီလက ဟေတီ နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ဟေတီပြည်သူများအတွက် အကူအညီပေးရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ တိုက်တွန်းနှိုးဆော် ကြိုးစား အားထုတ်ခဲ့တဲ့ မင်းသားရှောင်ပင်းက ရရှိခဲ့ပါတယ်..။