
မြန်မာနိုင်ငံသို့ ဂျပန်၊ အင်ဒိုနီး ရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံမှ ကားတာယာများအဓိက ဝင်ရောက်ပြီး ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံထုတ် တာယာများကို ပိုမိုကြိုက်နှစ်သက် ဝယ်ယူကြသည်။ ဂျပန်နိုင်ငံထုတ် တာယာအသစ်များမှာ ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းပါးပြီး သက်တမ်းလွန်တာယာများသာ ဝင်ရောက်မှုရှိကာ အမြန်လမ်းသစ်ပေါ်တွင် မောင်းနှင်မည့်ကား များ၌ သုံးစွဲမှု မရှိကြောင်း သိရသည်။ ”တာယာသက်တမ်းကုန်လို့ အသစ်လဲလိုက်ရတဲ့ တန်ဖိုးကိုနှမြောလိုက်လို့ မတော်တဆမှုဖြစ်လာရင် ဆုံးရှုံးမယ့်တန်ဖိုးနဲ့ လူ့အသက်တွေက ပိုပြီး တန်ဖိုးကြီးပါတယ်၊ ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ အမြန်လမ်းမကြီးပေါ်မှာ မောင်းမယ့်ကားတွေကို တာယာလေးဘီးလုံး တစ်ခါတည်းလဲပေးပြီး စက်ပစ္စည်းတွေကိုပါ စိတ်ချရအောင်တစ်ပါတည်း စစ်ဆေးပြီးမှ သွားပါတယ်” ဟု CRANE ကားအငှားဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကွန်ကရစ်လမ်းများမှာ တာယာပွန်းမှုပိုမိုမြန်ဆန်ပြီး ကတ္တရာလမ်း ပေါ်တွင်ပြေးဆွဲသော တာယာပွန်းနှုန်းထက် ၂ဝ ရာခိုင်နှုန်းပိုမိုပျက် စီးလွယ်ကြောင်း သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖွင့်လှစ်ပြီးနောက် ရန်ကုန်-မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပခုက္ကူသို့ သွားသောကားများအားလုံး အမြန်လမ်းသစ်ပေါ်မှ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ဝေယံမိုးမြင့်
Source ပေါ်ပြူလာ ဂျာနယ်...