28 May 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၂၁)နှစ်ပြည့် ရွေးကောက်ပွဲ အနိုင်ရတဲ့နေ့မှာ ကျင်းပတဲ့ လွတ်မြောက်နိုင်ငံရေး အကျဉ်းသားများ ကြိုဆိုနှုတ်ဆက်ပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနား....

အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့ချုပ် (ဒု)ဥက္ကဌဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် အမှုဆောင် လူကြီးများအား တွေ့ရစဉ်...
အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဘဘဦးတင်ဦးအား အဖွဲ့ချုပ် ပါတီဝင် အမျိုးသမီးကြီးတစ်ဦးမှ ဂုဏ်ပြုပန်းစည်းပေးအပ်နေပုံ
အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် အခမ်းအနား ကျင်းပရာ အဖွဲ့ချုပ်ရုံးချုပ်သို့ အလာတွင် အဖွဲ့ချုပ်ပါတီဝင် အမျိုးသမီးများမှ ဂုဏ်ပြုပန်းစည်းများနှင့် ကြိုဆိုနှုတ်ဆက်နေကြစဉ်...
အဖွဲ့ချုပ်လူငယ် တာဝန်ခံကိုရာဇာနှင့် ရင်းနှီးစွာ နှုတ်ဆက် စကားပြောနေတဲ့ HIP HOP အဆိုတော် ကိုဇေယျာသော်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့် စာတမ်း ကိုင်ဆောင်ထားသော အဖွဲ့ချုပ် ပါတီဝင်တစ်ဦးအား အဖွဲ့ချုပ်ရုံးရှေ့၌ ယနေ့နံနက် ၁၀း၃၀ အချိန်တွင်တွေ့ရစဉ်...

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၂၁ နှစ်မြောက်နေ့ ဖြစ်သည့်  ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင်  လွတ်မြောက် နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နှင့်အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီအဖွဲ့ဝင်လူကြီးများ၊ အဖွဲ့ချုပ်ပါတီဝင်များနှင့် HIP HOP အဆိုတော် ကိုဇေယျာသော်၊ ကိုမျိုးသိန်း(ခ)ဂျွန်နသန် အစရှိသည့် နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းချခံကြခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် အကျဉ်းသား(၅၆)ဦး တက်ရောက်ခဲ့ပါသည်။ 

အခမ်းအနားကို နံနက် ၁၁ နာရီတွင် စတင်ဖွင့်လှစ်ပြီး လွတ်မြောက်နိုင်ငံရေး အကျဉ်းသားများအား အဖွဲ့ချုပ်(ဒု)ဥက္ကဌ ဦးတင်ဦးမှ နိုင်ငံရေး အကျဉ်းကျသူများ လွတ်မြောက်လာသည့်အတွက် လွန်စွာမှ ၀မ်းမြောက်ကြောင်း၊ မိမိတို့ ယုံကြည်ထားသည့်အတိုင်း၊ မှန်ကန်သောခံယူချက်များ အတိုင်း ဆက်လက်ဆောင်ရွက် လုပ်ကိုင်သွားကြပါရန်... တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပြီး၊ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေရာမှ ပြန်လည်လွတ်မြောက်လာ သူများအား လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့် ယုံကြည်ထားရှိအပ်သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အလုံးစုံ အပြည့်အ၀ ရရှိသည့်အထိ ဆက်လက်ဆောင်ရွက် တိုက်ပွဲဝင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နေ့လည် ၁၂ နာရီအချိန်၌ အခမ်းအနားကို ခေတ္တရပ်နားခဲ့ပါသည်။ ကြွရောက်ကြသော အဖွဲ့ချုပ်ပါတီဝင်များ၊ လွတ်မြောက်နိုင်ငံရေး အကျဉ်းသားများနှင့် ဧည့်သည်တော်များအား သက်သက်လွတ် ခေါက်ဆွဲကြော်ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။
 ကြွရောက်လာကြသော ဧည့်သည်တော်များအား သက်သက်လွတ် ခေါက်ဆွဲကြော်ဖြင့် ဧည့်ခံ ကျွေးမွေးနေစဉ်...
အဖွဲ့ချုပ်အခမ်းအနားသို့ တက်ရောက်လာကြသော အဖွဲ့ချုပ်ပါတီဝင်များအား အဖွဲ့ချုပ်ရုံးရှေ့တွင် တွေ့မြင်ရစဉ်...
 
 မေ ၁၇ ရက်နေ့က အကျဉ်းထောင် အသီးသီးမှ  ပြန်လည် လွတ်မြောက်လာကြသော အခမ်းအနားသို့ တက်ရောက်လာကြသည့် လွတ်မြောက် နိုင်ငံရေးအကျဉ်းသားများအား  တွေ့ရစဉ်...
 လွတ်မြောက်နိုင်ငံရေး အကျဉ်းသူအမျိုးသမီး အချို့အား အဖွဲ့ချုပ် ရုံးချုပ်အတွင်း တွေ့ရစဉ်...
အဖွဲ့ချုပ်တွင်ကျင်းပပြုလုပ်သော လွတ်မြောက် နိုင်ငံရေးအကျဉ်းသားများအား ကြိုဆိုနှုတ်ဆက်ပွဲနှင့် ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲ အခမ်းအနားသို့ ကြွရောက်လာကြသော အဖွဲ့ချုပ်ပါတီဝင်များ၊ သတင်း လာရောက် ယူကြသော ပြည်တွင်းပြည်ပ သတင်းထောက်များအား အဖွဲ့ချုပ်ရုံးချုပ်ရှေ့တွင် တွေ့ရစဉ်။

 သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံဒီမိုကောင်းကင်....

၁၉၉၀ပြည့်ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရခဲ့သည်မှာ (၂၁)နှစ် ပြည့်ခဲ့ပြီ ဖြစ်သော်လည်း.. စစ်အစ်ုးရမှ ရွေးကောက်ပွဲ ရလာဒ်အား ကတိကဝက် ပြုခဲ့သည့်အတိုင်း အကောင်အထည် ဖော်ပေးခဲ့ခြင်း မရှိခဲ့ပဲ မျက်နှာပြောင်တိုက်ကာ ၂၀၁၀ရွေးကောက်ပွဲအား ကျင်းပပြုလုပ်ခဲ့ပါတယ်..။ အဆိုပါ ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲအား မတရားနည်းဖြင့် အနိုင်ရယူခဲ့ကာ အပြင်ပန်းသာ ဟန်ပြ ပြောင်းလခဲ့ပြီး အနှစ်သာရ ပြောင်းလဲခြင်းမရှိတဲ့ ဒီမိုကရေစီ အစိုးရဟူသော အမည်နာမအား ခံယူလျှက် အာဏာရှင် စံနစ်ကိုသာ ဆက်လက် ကျင့်သုံးနေပါတယ်....။