သင်္ကြန် အကျနေ့ ဧပြီ ၁၄ ရက်က ရန်ကုန်မြို့ ဦးဝိစာရလမ်းမကြီးပေါ်တွင် ယာဉ်မတော် တဆမှုဖြစ်ပွားခဲ့ရာ ကားပေါ်ပါသူ ကိုးဦး ထိခိုက် ဒဏ်ရာရရှိ သွားကြောင်း သိရှိရသည်။
ယနေ့ နံနက် ၁၀ နာရီ ခွဲ ခန့်တွင် ဦးဝိစာရလမ်းအတိုင်း မောင်းနှင်လာသော ဆန်းထွန်း အင်ဂျင်နီ ယားရင်း လုပ်ငန်းပိုင် လိုက်ထရပ်ကားတစ်စီးသည် လမ်းပေါ်တွင် စလစ်ဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ တပ်မတော် ခန်းမရှေ့ရှိ သံတံခါးတိုင်ကို ၀င်ရောက်တိုင်မိခဲ့သည်။ ကားခေါင်းပိုင်းတစ်ခုလုံး ကြေမွပျက်စီးသွားပြီး ကားပေါ်ပါ သူများ အားလုံး ထိခိုက် ဒဏ်ရာရ သွားကြောင်း သတင်းရရှိသည်။
`ကားခေါင်းခန်းပါတဲ့ နှစ်ယောက်ကတော့ အတော်အခြေအနေဆိုးတယ်ဗျ`ဟု မျက်မြင်သက်သေတစ်ဦးက သင်္ကြန်သတင်းအဖွဲ့ကိုပြောပြသည်။
ဒဏ်ရာရသူအားလုံးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ဆေးကုသမှုခံယူစေပြီး သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်း ဂျာနယ်တွင် ဖော်ပြထားသည်.။