31 March 2011

Samsung ကျွန်ပျူတာများတွင် သုံးစွဲသူ မသိစေဘဲ လျှို့ ဝှက်ထည့်သွင်းထားသည့် spyware ခေါ် သုံးစွဲမှုမှန်သမျှ မှတ်သားသည့် ဆော့ဖ်ဝဲ ပါရှိနေကြာင်း သိရှိရ။



























Samsung ကွန်ပျူတာများထဲတွင် spyware ဟုခေါ်သည့် ကွန်ပျူတာသုံးစွဲသူ၏ သုံးစွဲမှုမှန်သမျှကို သုံးစွဲနေသူ မသိစေဘဲ အလိုအလျောက် လျှို့ ဝှက်မှတ်သားသည့် ဆော့ဖ်ဝဲ software program အား ထည့်သွင်းထားကြောင်း စစ်ဆေးတွေရှိရကြောင်း သိရှိရပါသည်။

အဆိုပါ လျှို့ ဝှက်မှတ်သားသည့် ဆော့ဖ်ဝ်အား ထည့်သွင်းထားမှုကို NetSec Consulting Corp အင်တာနက်လုံခြုံရေးဆောင်ရွက်နေသည့်အဖွဲ့ အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ Mohamed Hassan မှ ထောက်လှမ်းသိရှိရခြင်း ဖြစ်ပါသည်။ မိုဟာမက်အနေဖြင့် လွန်ခဲ့သည့် ဖေဖေါ်ဝါရီလအတွင်း Samsung laptop တစ်လုံးဝယ်ယူခဲ့ပြီး သုံးစွဲနေရာမှ တွေ့ ရှိရခြင်း ဖြစ်ပါသည်။

အဆိုပါ ဆော့ဖ်ဝဲမှာ Starlogger ဖြစ်ပြီး၊ de Willebois Consulting မှ ထုတ်သည့် spyware ဖြစ်ကြောင်း သိရှိရသည်။ Starlogger ဆော့ဖ်ဝဲဟာ ကွန်ပျူတာသုံးစွဲနေသူ၏ အသုံးပြုမှုမှန်သမျှကို သုံးစွဲနေသူ မသိစေဘဲ လျှို့ ဝှက်ခိုးယူမှတ်သားထားပြီး၊ ကွန်ပျုတာ keyboard မှ နှိပ်ရိုက်သည့် စာလုံးမှန်သမျှကိုလည်း မှတ်သားထားကြောင်း သိရှိရသည်။ အဆိုပါ ဆော့ဖ်ဝဲကို ကွန်ပျူတာဝယ်ယူစဉ်ကတည်းက ပါရှိထည့်သွင်းထားခြင်း ခံနေရတာ ဖြစ်ကြောင်း မိုဟာမက်မှ ပြောကြားပါသည်။

အဆိုပါ ဆော့ဖ်ဝဲမှာ Starlogger ဟာ ကျွန်ပျူတာ စာရိုက်သည့် စာလုံးမှန်သမျှ၊ အီးမေးလ်မှန်သမျှ၊ မက်ဆေ့ခ်ျမှန်သမျှ၊ မှတ်တမ်းမှန်သမျှ၊ သွားရောက်ခဲ့သည့် အင်တာနက် စာမျက်နှာမှန်သမျှ၊ ကျွန်ပျူတာသုံးစွဲသူနှင့် အခြားသူများ usernames (Log-in names) အမည်နှင့် ပတ်စ်ဝေါ့ (passwords) မှန်သမျှ အစရှိသည်တို့ ကို ခိုးဝှက်မှတ်သားကြောင်း သိရှိရပါသည်။

ထိုကဲ့သို့  Samsung ကျွန်ပျူတာ၏ လျှို့ ဝှက် ဆော့ဖ်ဝဲ spyware ထည့်သွင်းခံထားရမှုကို ထပ်မံသိရှိစေရန်အတွက် မိုဟာမက်မှ အမျိုးအစား model မတူသည့် Samsung ကွန်ပျူတာတစ်လုံး ထပ်မံဝယ်ယူပြီး စမ်းသပ်ကြည့်ရာတွင် အဆိုပါ ဆော့ဖ်ဝဲ ပါရှိထည့်သွင်းထားသည်ကို တွေ့ ရှိရကြောင်း သိရှိရပါသည်။