17 December 2010

အား မနွဲ့ ကြသူများ



လူသားတွေရဲ့ အစသမိုင်းဦးဘုံမြေခေတ်တွေကထဲက အမျိုး သားတွေက အုပ်ချုပ်သူနေရာမှာ နေခဲ့ကြတာ ယဉ်ကျေးပါ တယ်ဆိုတဲ့ ယနေ့ခေတ်အထိ ပါပဲ။ အခု အချိန်မှာတောင် အမျိုးသမီးဆိုတာက အားနွဲ့တဲ့ လူသားတွေအဖြစ် သတ်မှတ်ထားကြဆဲပါ။ လူ့ အခွင့်အရေး အပြည့်အဝ ရတဲ့ အမေရိကန်လိုနိုင်ငံ မျိုးမှာတောင် အမျိုးသမီး သမ္မတ မရှိသေးပါဘူး။

ကျမတို့ ငယ်စဉ်က သမိုင်းဖတ်စာအုပ်ထဲမှာ အာဇာနည် ဂျုံး ဆိုတဲ့ မိန်းခလေးတဦး အ ကြောင်းသင်ခဲ့ရဖူးပါတယ်။ သူက ခရစ်ယာန် ဘာသာကို ယုံကြည်ကိုးကွယ်ပါတယ်။ အဲ ဒီ အချိန်တုန်းက ပြင်သစ်နိုင်ငံမှာ ခရစ်ယာန် ဘာသာကို မကိုးကွယ်ကြသေးပါဘူး။ ခရစ် ယာန်ဘာသာ ကိုးကွယ်သူတွေကိုလဲ စုန်း၊ စုန်းမ လို့စွပ်စွဲပြောဆိုနေကြချိန် ဖြစ်ပါတယ်။ သူမကို အာဏာပိုင်တွေက ဖမ်းမိသွားချိန်မှာ ခရစ်ယာန်ဘာသာကို မကိုးကွယ်ပါဘူးလို့ ထွက်ဆိုခိုင်းပါတယ်။ ဒါပေမဲ့ သူမက မထွက်ဆိုခဲ့ပါဘူး။ ဒါကြောင့် သူမကို ရုံးတင် ပါ တယ်။ ရုံးတော်မှာ သူမကို စုန်းမလို့ ဝန်ခံခိုင်းခဲ့ပါတယ်။ သူမက ဝန်မခံခဲ့တဲ့အတွက် မီး ရှို့သတ်ခံခဲ့ရပါတယ်။ သူမရဲ့ သတ္တိကြောင့် လူတွေက ခရစ်ယာန် ဘာသာကို စိတ်ဝင် စားလာခဲ့ကြပါတယ်။

လူတွေ သတ်မှတ်သလို တကယ်ပဲ အမျိုးသမီးတွေက အားနည်းနေသလား၊ တကယ် ကို စွမ်းဆောင်နိုင်တဲ့ အမျိုးသမီးတွေ အစဉ်အလာနဲ့ ရှိခဲ့ဘူးပါတယ်။ ၁၉၈၀ခုနှစ် မှာ ကျမက လူမှန်းသိတဲ့ အရွယ်ရောက်နေပါပြီ။ တခါတရံ တီဗွီကနေ အင်္ဂံလန်နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် တော်တော်ချောတဲ့ မာဂရက်သက်ချာကို တွေ့ဘူးနေပါတယ်။ သူ့ကို ထက်မြက်တဲ့သူ အဖြစ်သိနေပေမဲ့ သူကိုဘာကြောင့်လူတွေ အသိအမှတ်ပြုလဲ ဆိုတာကို နားမလည်ခဲ့ပါဘူး။ လူကြီး သူမတွေ ကိုမေးတော့မှ သူ့ရဲ့ အရည်အချင်းကို သိလာပါတယ်။

သူ့ရဲ့ လက်ထက်မှာ အာဂျင်တီးနား နိုင်ငံရဲ့ အရှေ့မှာရှိတဲ့ ဖေါက်ကလန်ကျွန်း အရေး အခင်း ဖြစ်ခဲ့ပါတယ်။ အဲဒီ အရေးအခင်းမှာ သက်ချာက အင်္ဂလန်တပ်တွေကို ချက်ခြင်း စေလွတ်တိုက်ခိုက်ခဲ့ပါတယ်။

၁၉၈၄ မှာတော့ အိုင်းရစ်ရီပတ်ဘလစ် တပ် (IRA) က ကွန်ဖရင့် ကျင်းပနေစဉ်မှာပဲ ဗုံးခွဲ လုပ်ကြံခဲ့ပါတယ်။ သက်ချာ ကွန်ဖရင့်ကိုလာစဉ် လမ်းမှာ လုပ်ကြံခံရတာပါ။ သူမက ကြောက်ရွံ့တုန်လှုပ်မှု လုံးဝမရှိဘဲ ကွန်ဖရင့်မှာမိန့်ခွန်း ဆက်ပြောခဲ့ပါတယ်။ ဒါကြောင့် လဲ သူမကို အင်္ဂလန် သမိုင်းမှာ အိုင်းရင်းလေဒီလို့ ခေါ်ခဲ့ကြတာပေါ့။

အမေရိကန် နိုင်ငံဟာ လူ့အခွင့်အရေး အပြည့်အဝပေးထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ကျား၊ မ တန်းတူ အခွင့်အရေး ပေးထားပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ သမတ မဖြစ်ကြသေး ပါဘူး။ အမျိုးသမီးတွေဟာ အမြင့်ဆုံးရာထူးအဖြစ် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့ပါတယ်။ ပထမဦးဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးကတော့ မယ်ဒလင်းအော်ဘရိုက်ပဲ ဖြစ်ပါ တယ်။

သူမဟာ ချက်ကိုဆလိုဗက်ကီးယား နိုင်ငံသူတဦး ဖြစ်ခဲ့ပြီး ဆိုဗီယက်တွေ ချက်ကိုသိမ်း ပိုက်တော့ အမေရိကန်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ သူဖြစ်ပါတယ်။ သူမဖခင်က ချက် ဒီမိုကရက် တဦးဖြစ်ခဲ့ပြီး သူရဲ့ အဘိုးအသွားတွေဟာ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီ တွေရဲ့ သတ်ဖြတ်မှု ကိုခံ ခဲ့ရပါတယ်။ သူမဟာ သတင်းစာသမားတဦး ၊ကျောင်းဆရာမ တဦး ဖြစ်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ သမ္မတ ဘီလ်ကလင်တန်က ကမ္ဘာကုလသမဂ္ဂမှာ အမေရိကန်နိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ရာကနေ စတင်ထင်ရှားလာပါတယ်။

၁၉၉၇ ခုနှစ်မှာတော့ သူမဟာ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ခဲ့ပါတယ်။

ကျမတို့နေထိုင်တဲ့ အာရှတိုက်မှာတော့ ကျား၊ မ ခွဲခြားမှုက ပြင်းထန်တယ်လို့ ဆိုနိုင်ပါ တယ်။ မိန်းခလေးမွေးတာဟာ မိဘတွေကို ဂုဏ်ငယ်စေတယ်လို့ ထင်မြင်ယူဆသူတွေ များပါတယ်။ ယောက်ကျားလေးတွေကို မြင့်မြတ်တယ်လို့လဲ ယူဆကြပါတယ်။ ကျမတို့ မြန်မာတွေမှာ စကားပုံတောင်ရှိပါတယ် “ကြက်မတွန်လို့ မိုးမလင်းဘူး” တဲ့ ဒါဆို ကြက် ဖတွေတွန်လို့ မိုးလင်းခဲ့တာလား။

ကျမတို့ အာရှတိုက်မှာတော့ ထူးခြားထင်ရှားတဲ့ အမျိုးသမီးတွေ အများအပြားပေါ်ထွန်း ခဲ့ဖူးပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အင်ဒီရာဂန္ဒီ ဖြစ်ပါတယ်။ သူမဟာ ဖခင်တည်ထောင် ခဲ့တဲ့ BJP ပါတီမှ ၁၉၆၆-၇၇ ခုနှစ်အထိ ပထမအကြိမ် ဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။ သူ အာ ဏာရစဉ် ၁၉၆၇ ခုနှစ်တွင် အမျိုးသား နျူကလီးယား စီမံကိန်းကို စတင်ခဲ့ပါသည်။

၁၉၇၅ ခုနှစ်တွင် အစိမ်းရောင်တော်လှန်ရေးဟု လူသိများသော လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ပြုပြင် ပြောင်းလဲ ခဲ့သည်။ ဒုတိယအကြိမ် အဖြစ် ၁၉၈၀ မှ ၁၉၈၄ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ သူ့ဘဝတလျောက်လုံး နိုင်ငံအရေးကိစ္စများကိုသာ ဆောင်ရွက်ခဲ့ပါ တယ်။ ၁၉၈၄ ခုနှစ်မှာတော့ ဆစ်ခ် သူပုန်များက လုပ်ကြံခဲ့တဲ့အတွက် အင်ဒီရာဂန္ဒီ သေ ဆုံးခဲ့ရပါတယ်။

ပါကစ္စတန် နိုင်ငံဟာ နိုင်ငံရေး မတည်ငြိမ်မှု တနှစ်ထက် တနှစ်ပိုများလာပါတယ်။ ပါကစ္စ တန်နိုင်ငံမှာ နိုင်ငံရေးအရ ထင်ရှားတဲ့ “ဘူတို” မိသားစုဟာ လုပ်ကြံမှုကြောင့် အားလုံးနီးပါး သေဆုံးခဲ့ရပါတယ်။ ဖခင်အလီဘူတိုဟာ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦး ဖြစ်ပြီး သမ္မတ၊ ဝန်ကြီးချုပ် ရာထူးများဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ အလီ ဘူတိုဟာ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ကို စတင်တည်ထောင်ခဲ့ သူဖြစ်ပါတယ်။

၁၉၇၇ ခုနှစ်မှာစစ်အာဏာရှင် “မိုဟာမက် ဇီယာအူဟတ်” က အာဏာသိမ်းလိုက်ပြီး အလီဘူတိုကို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။ အလီဘူတိုရဲ့ သမီးအကြီးဆုံး ဘနေဇီရာဘူ တို ကို ဖမ်းဆီးကာ ထောင်ထဲမှာ ၂ နှစ်ထားပြီး နေအိမ်အကျယ်ချုပ်နဲ့ ၆ နှစ်နီးပါး ထားခဲ့ ပါတယ်။

၁၉၈၄ ခုနှစ်မှာ နိုင်ငံတကာ ဖိအားတွေကြောင့် ဇီယာအူဟတ်က ဘနေဇီရာ ကို လွတ် ပေးပြီး ဆေးကုသခွင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်္ဂလန်ထွက်ခွင့် ပြုခဲ့ပါတယ်။ အဲဒီ နောက် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ ဘနေဇီရာက အဝေးရောက် ပါတီခေါင်း ဆောင်အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဘနေဇီရာ ပါကစ္စတန် ပြန်ရောက်လာခဲ့ပါတယ်။

သူမက ပါကစ္စတန်မှာ လွပ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပပေးဖို့ လှုံ ဆော်မှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ အာဏာရှင် ဇီယာအူဟတ် လုပ်ကြံခံရပြီး နောက် ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ဘနေဇီရာဘူတို အနိုင်ရ ခဲ့ပါတယ်။ သူမဟာ မူဆလင်နိုင်ငံတွေရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာခဲ့ ပါတယ်။ ဝန်ကြီးချုပ်ဖြစ်ချိန်မှာ သူမဟာ အသက် ၃၅ နှစ်သာ ရှိပါသေးတယ်။ လ ၂၀ အကြာမှာ သမ္မတ ဂူလန်အဟတ်ခန်က သူမကို လာဒ်စားမှုနဲ့ ဖယ်ရှားခဲ့ပါတယ်။

၁၉၉၃ ခုနှစ်မှာတော့ ရွေးကောက်ပွဲ နောက်တကြိမ် ပြန်နိုင်ခဲ့ပြီး ၁၉၉၆ မှာ သမတ ဖာ ရူလီဟာရိ က လာဒ်စားမှုနဲ့ ရုံးတင်တရားစွဲတဲ့အတွက် ဒူဘိုင်းကို ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ ဘနေဇီရာဘူတိုကို ထောင်ဒဏ် ၃ နှစ် ချမှတ်ထားခဲ့ ပါတယ်။

၂၀၀၇ ခုနှစ်မှာတော့ သမ္မတ မူရှာရက်က လွတ်ငြိမ်းချမ်းသာ ခွင့်ပေး လိုက်တဲ့အတွက် ပါကစ္စတန်ကို ပြန်ရောက်လာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကျင်းပပေးမဲ့ အထွေထွေရွေး ကောက်ပွဲမှာ အဓိက အတိုက်အခံအဖြစ် ဝင်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။ ၂၀၀၇၊ ဒီဇင်ဘာလမှာတော့ သူမဟာ လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ဟာ ၁၉၈၀ ခုနှစ် ဝန်းကျင်တွေတုန်းက အာဏာရှင် မားကိုစ့်ရဲ့ လက် အောက်က ဆင်းရဲနေတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။ အတိုက်အခံ ခေါင်းဆောင် Mr အာကွီနို ကိုလုပ်ကြံခဲ့ပြီးနောက် ပြုလုပ်တဲ့ ရွေးကောက်ပွဲကို Mrအာကွီနိုရဲ့ ဇနီးဖြစ်သူ ကိုရာဇန် အာကွီနိုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ကိုရာဇန်အနိုင်ရခဲ့ပေမဲ့ မား ကိုစ့်က သူအနိုင်ရတယ်ဆိုပြီး ကြေညာတဲ့ အခါမှာတော့ ပြည်သူတွေက ငုံမခံတော့ဘဲ အထွေထွေသပိတ်ကို ဆင်နွဲကြပါတယ်။ အာဏာရှင်က စစ်တပ်နဲ့အနိုင်ယူဘို့ ကျိုးစားခဲ့ ပေမဲ့ စစ်ဦးစီးချုပ် ရားမိုစ့် က ပြည်သူဖက်က အခိုင်အမာ ရပ်တည်ခဲ့တာကြောင့် မား ကိုစ့် နိုင်ငံကနေ ထွက်ပြေးခဲ့ရပါတယ်။

ကျမတို့ ဗမာပြည်မှာလဲ ထူးခြားထက်မြက်တဲ့ အမျိုးသမီးတွေ ရှိခဲ့ပါတယ်။ စာရေး ဆရာ မကြီး ဒေါ်ခင်မျိုးချစ်ဆိုရင် ဂျပန်ခေတ်က ဂျပန်တွေရဲ့ရုံးမှာ စာရေးမလုပ်ရင်း တိုက်ပွဲဝင် ရဲဘော်တွေအတွက် သတင်းတွေစုံစမ်းပေးခဲ့ပါတယ်။ ဂျပန်တွေသာ သိသွားခဲ့ရင်တော့ ဆရာမကြီးအတွက် တွေးဝန့်စရာ မရှိပါဘူး။ ဆရာမကြီးဟာ တိုင်းပြည်အတွက် အသက် နဲ့ ရင်းဝံ့သူတဦး ဖြစ်ပါတယ်။ ဆရာမကြီးဟာ သူအသက်ရှင်ခဲ့သမျှ ကာလတလျောက် လုံး တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးဆပ်ခဲ့တဲ့ သူဖြစ်ပါတယ်။

အမေလူထု ဒေါ်အမာဆိုရင်လည်း အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ ရဲရဲတောက်ကျောင်းသူ တဦး ဖြစ်ခဲ့ပါတယ်။ အမှန်တရားဘက်က ရပ်တည်ရင်း သတင်းစာသမားဘဝမှာ ထောင် အကြိမ်ကြိမ်ကျခဲ့ရသလို၊ အမေ့ရဲ့ သားတွေဟာလဲ တော်လှန်ရေးအတွက် သားကောင်း တွေ ဖြစ်ခဲ့ကြပါတယ်။ အမေက လူထုအတွက် ကြံကြံခိုင်ရပ်ရင်း သားတွေကိုလဲ ထောင်ဝင်စာ ပို့ပေးခဲ့သလို စာပေသားသမီးတွေကိုလဲ မွေးထုတ်ပေးခဲ့ သူဖြစ်ပါတယ်။

ပြည်သူလူထုတွေက ချစ်ခင်မြတ်နိုးကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင် ဆန်းရဲ့ ရင်သွေးတဦး ဖြစ်ပါတယ်။ ဟီလာရီ ကလင်တန်က ဒ်ါအောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့ မျော်လင့်ချက် ဖြစ်တယ်လို့ ၂၀၀၉ ခုနှစ် က လူသိရှင်ကြား ထုတ်ဖော် ပြောကြားသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ကိုယ်ပိုင်ဘဝကိုစွန့်လွတ် ထားပြီး ပြည်သူတွေအတွက် သူမ မြှုပ်နှုံခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ သူမကို စစ်အာဏာသိမ်းအစိုးရက မြန်မာပြည်က ထွက်ခွါသွားမယ်ဆိုရင် နေအိမ်အ ကျယ်ချုပ်က လွတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ သူမက ငြင်းပယ် ခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ သူမကို လုပ်ကြံခဲ့ပေမဲ့ သူမက တုန်လှုပ်မှုမရှိဘဲ ယနေ့ထိတိုင် ပြည်သူ့ ရှေ့မှ မားမားမတ်မတ် ရပ်တည်နေသူ ဖြစ်ပါတယ်။ သေနတ်ကိုင်ထားသူ အမျိုးသားကြီး များရဲ့ ကြောက်ရွံ့ခံနေရသူ လည်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားရင်ကြားစေ့ရေးကို ကျိုးပမ်း ဆောင်ရွက်နေဆဲပါ။

၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတရာထူးကို တာဝန်ယူဖို့ အတွက် စစ်ရေးအတွေ့အကြုံ ရှိရမယ်လို့ ဆိုပါတယ်။ အခြေခံဥပဒေအရ သမ္မတရဲ့အထက်မှာ စစ်ဦးစီးချုပ် ကနေရာ ယူထားပါတယ်။ ဒါပေမဲ့ အရည်အချင်း ဘယ်လောက်ပြည့်စုံနေပါစေ မြန်မာအမျိုးသမီး တွေဟာ သမ္မတဖြစ်ခွင့် မရပါဘူး။

မြန်မာပြည်ကို စစ်ရေးအတွေ့အကြုံရှိသူတွေဟာ ရာစုနှစ်တဝက်လောက် အုပ်ချုပ်လာ ခဲ့ကြပါတယ်။ ဒါကြောင့် ယနေ့မြန်မာပြည်ဟာ ခေတ်နောက်ကြနေတဲ့ ဖွံဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံဖြစ်နေတဲ့အပြင် ပြည်သူတွေဟာ ဆင်းရဲမွဲတေနေကြပါတယ်။ နိုင်ငံကို တိုးတက်အောင်လုပ်ချင်တဲ့ ဆန္ဒအမှန်တကယ်ရှိတယ်ဆိုရင် စစ်ရေးအမြင်ရှိဖို့ထက် တိုင်းပြည်နဲ့ ပြည်သူတွေကို အမှန်တကယ် ချစ်တတ်ဖို့ပဲ လိုပါတယ်။

ခင်ငြိမ်းသစ်