24 December 2009

အကိုဖြစ်သူ၏ကန့်ကွက်မှုကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ပြင်ဆင်မှုကို ယနေ့ ညနေမှစပြီးစည်ပင်သာယာမှရပ်ဆိုင်းလိုက်ကြောင်း..။


နေအိမ်အကျယ်ချုပ်ချထားခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ ရှေ့နေဦးဟန်တိုးမှ ကန့်ကွက်သဖြင့် ယနေ့ညနေမှစ၍ ရပ်ဆိုင်းလိုက်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ဒီကနေ့ ညနေကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်ဆင်နေမှုတွေကို ရပ်ဆိုင်းလိုက်ရပါတယ်။ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးဟန်တိုးက ကန့်ကွက်လို့ဆိုပြီး စည်ပင်က ရပ်ဆိုင်းခိုင်းပါတယ်။ ဒီညနေပဲ ရပ်ဆိုင်းလိုက်ရလို့ ပြင်ဆင်နေတာတွေ တိုးလို့တန်းလန်း ဖြစ်ကုန်ပါတယ်။ ဒီအိမ်ပြင်ဆင်ခွင့် ရဖို့ ဒေါ်အောင်ဆန်းစုကြည်က အိမ်ကိုမြို့တော်စည်ပင်မှာ ခွင့်ပြုချက်တောင်းပြီး ပြင်ဆင်ခွင့်ရလို့ ပြင်ဆင်တာပါ.... အခုနေအိမ်ပြင်ဆင်ခွင့် ရပ်ဆိုင်းရာမှာ မေးမြန်းခြင်း၊ စီစစ်ခြင်းမရှိပဲ ရပ်ဆိုင်းခိုင်းပါတယ်... ဒေါ်အောင်ဆန်းစုကြည် ကလည်းရပ်ဆိုင်းပေးမယ် ပြောပါတယ် ဟု အကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား
ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့နွယ်သိန်း(မေတ္တာဦးကလောင်နာမည်ဖြင့် သရဖူ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ) တို့ ပါဝင်ပတ်သတ်နေကြောင်း၊ ဦးအောင်ဆန်းဦး၏ လက်မှတ်ကို သံရုးံမှ တဆင့်ရယူ စေခဲ့ကြောင်း ထိုစဉ်က အမေရိကန်နိုင်ငံ၌သံမှုးကြီးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သော စစ်ထောက်
လှမ်းရေးဗိုလ်မှုးဟောင်းဦးအောင်လင်းထွဋ်မှတွေ့ဆုံမေးမြန်းခန်းတခုတွင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဦးအောင်ဆန်းဦးကို စစ်အစိုးရမှ မြန်မာပြည်အလယ်ပိုင်း ရှေးဟောင်းမြို့တော် ပုဂံတွင် မြေကွက်များပေးခြင်း၊ အိမ်ဆောက်ရာမှ ကူညီပံ့ပိုးခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။ ဦးအောင်ဆန်းဦး၏ ဇနီးဒေါ်လဲ့လဲ့နွယ်ဘက်မှ ဆွေမျိုးများဟာ ယခုနေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများမှာ လုပ်ပိုင်ခွင့်များ ရရှိနေပါတယ်။


သတင်းပေးပို့သူ ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။