မြတ်လေးငုံ
17 April 2012
ဒေါ်အောင်ဆန်းစုကြည် နဲ့ အနုပညာရှင်တွေရဲ့  နှစ်ဆန်း ၁ ရက် ကော့မှူးခရီးစဉ်
ဘယ်ခေါင်းဆောင် ဒီလိုမျိုး မြင်ဘူးလဲ
ပြည်သူ ထဲက ပြည်သူ့ခေါင်းဆောင်
ပြည်သူ့ခေါင်းဆောင် ဆိုတာ ဒီလိုဖြစ်နေရမှာပေါ့
ဓာတ်ပုံ ....Thanthar Win
၈၈ မျိုးဆက်သစ်သံချပ်အဖွဲ့ သင်္ကြန်အတတ်နေ့ညနေ ၅ နာရီတွင် တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့တွင် သံချပ်ဖြင့်ဖျော်ဖြေခဲ့
ဓာတ်ပုံ ....Popular Myanmar News Journal
ပရိတ်ကြီး ၁၁သုတ်
မြန်မာပြည်သူ ပြည်သား အပေါင်း နှစ်သစ် မင်္ဂလာအပေါင်း နဲ့ ပြည့်စုံကြပါစေ လို့ ၇ ရက်သားသမီး များအား မေတ္တာပို့သလိုက်ပါသည်
16 April 2012
မနက်ဖြန် နှစ်ဆန်းတရက်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အလှူ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် မွေးနေ့ နှစ် ၁ ရာပြည့် အထိမ်းအမှတ်အဖြစ် မနက်ဖြန် ကော့မှူးမြို့ကို သွားရောက်ပြီး ရပ်ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် ငွေ လှူဒါန်းမယ်လို့ သိရပါတယ်။
ဧပြီလ ၁၆ ရက် ဒီကနေ့ ကျရောက်တဲ့ ဒေါ်ခင်ကြည် နှစ် ၁ ရာပြည့် အထိမ်းအမှတ် အနေနဲ့ ကော့မှူးမြို့နယ် အတွင်းက ကျေးရွာအုပ်စုတွေကို မဲဖောက်ပြီး ငွေလှူဒါန်းမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ခံ ဦးခွန်သာမြင့်က ပြောပါတယ်။
ကံစမ်းမဲ ၃ ဆု ရွေးချယ်မှာဖြစ်ပြီး ပထမဆု ကျပ် ၁၇၅ သိန်း၊ ဒုတိယဆု ၇၅ သိန်းနဲ့ တတိယဆု သိန်း ၅ဝ လှူဒါန်းမှာ ဖြစ်ပါတယ်။ ကံစမ်းမဲ ပေါက်တဲ့ကျေးရွာတွေက ပြည်သူတွေကို အစည်းအဝေး ခေါ်ယူပြီး ကျေးရွာရဲ့
လိုအပ်ချက်တွေကို တခါတည်း စီစဉ်ခဲ့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတူ လိုက်ပါ ကူညီခဲ့တဲ့ အနုပညာရှင်တွေကလည်း မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါလာပြီး ကံစမ်းမဲ ဖောက်ပေးမှာဖြစ်သလို ကော့မှူးမြို့မှာ ဖျော်ဖြေဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
By: RFA Burmese
ယနေ့ နံနက် ခြံရှေ့  သို့လာရောက်ဖျော်ဖြေသည့် “သာဓုပါဗျာ” သံချပ်အဖွဲ့  ၏တင်ဆက်မှုကို အားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်
ဒီနေ့ သင်္ကြန် အတက်နေ့ မှာ ကျက်သရေ ရှိလှတဲ့ အန်တီပုံလေးတွေ တင်ရင် နဲ့ ဒီနှစ်ကို အဆုံးသတ်လိုက်ပါတော့မယ် ၊ မနက်ဖြန် ကျရောက် မယ့် နှစ်ဆန်းတရက်မှာ မြန်မာပြည်သူပြည်သားအပေါင်း လိုအင်ဆန္ဒ တွေ ပြည့်ဝကြပြီးအကြောင်းအမျိုးမျိုးကြောင့် မိသားစု နဲ့ဝေးနေကြသူများလည်း အမြန်ဆုံး ပြန်လည်တွေ့ဆုံ ကြရပါစေလို့ ကျမ မြတ်လေးငုံ မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှ
င်.။
ဓာတ်ပုံ.....
Popular Myanmar News Journal ၊ AFP
မြန်မာ့ရိုးရာအတာသင်္ကြန်တော် ပွဲတော် မြင်ကွင်းတွေထဲက ရန်ကုန် မြို့ ရဲ့ သင်္ကြန်မဏ္ဍပ်တွေနဲ့ အလှပြယာဉ်မြင်ကွင်း
၈၈ မျိုးဆက် မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့ ဖျော်ဖြေ (ရုပ်သံ)
ကော့မှုးမှ သက်ကြီး မဲဆန္ဒရှင် ၆၂ဦးကို ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြုမည်
ရွေးကောက်ပွဲတွင် ကော့မှုးမြို့နယ် ကျေးရွာ အုပ်စုများမှ မဲပေးခဲ့သည့်အသက် အကြီးဆုံးမဲဆန္ဒရှင်(၆၂)ဦးကို မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ဖိတ်ကြားကာ ဒေါ်အောင်ဆန်းစုကြည် မှဂါရ၀ပြု ကန်တော့မည်ဟု သိရသည်။
ကော့မှုးမြို့နယ်တွင် ကျေးရွာ အုပ်စု(၆၂)စုရှိရာ အုပ်စု တစ်စုစီမှ မဲပေးခဲ့သူ အသက် အကြီးဆုံး ပုဂ္ဂိုလ် တစ်ဦးစီကို ဖိတ်ကြားမည်ဟု ကော့မှုး မဲအောင်နိုင်ရေး အဖွဲ့ မှ ဦးလှမြင့်က ပြော သည်။
“NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ကို မဲပေးမှမဟုတ်ဘူး၊ ဘယ်ပါတီပဲ မဲထည်ခဲ့ထည်ခဲ့ အုပ်စု တစ်စုစီက အသက် အကြီးဆုံး မဲထည့်ခဲ့သူ၊ ကော့မှုး ကိုလည်း လာနိုင် လောက်တဲ့လူ ကိုပြောတာပါ ” ဟု ၎င်းက ရှင်းပြသည်။
သက်ကြီး ပုဂ္ဂိုလ်များကို ကော့မှုးသို့ ဖိတ်ကြား၍ ဂါရ၀ပြု ကန်တော့ပြီးပါက ၎င်းတို့ ထဲမှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု သုံးဆုကို မဲနှိုက်ရွေးချယ်ကာ ရပ်ရွာ အကျိုးပြု ရန်ပုံငွေများ ပေးအပ် ချီးမြုင့်မည်ဟု သိရသည်။
ရန်ပုံငွေ အနေဖြင့် ပထမဆု (၁၇၅) သိန်း၊ ဒုတိယဆု(၇၅) သိန်း၊ တတိယဆု သိန်း (၅၀) ချီးမြုင့်မည်ဖြစ်သည်။
“မဲပေါက်တဲ့ ဘိုးဘွားရဲ့  ရွာတွေက ဒီငွေတွေကို ရပ်ရွာ အကျိုးအတွက် ဘယ်နေရာတွေမှာ သုံးမလဲဆိုတာ စီမံချက် ဆွဲပြီး ပြန်တင်ပေးရမယ်။ ကျေးရွာ ရန်ပုံငွေသဘောပေါ့။ ”ဟု ကော့မှုး မဲအောင်နိုင်ရေး အဖွဲ့ဝင် ကိုလင်းဇော်က ပြောသည်။
မြန်မာ နှစ်ဆန်းတစ်ရက်နေ့ တွင် ပြုလုပ်မည့် အဆိုပါ ဂါရ၀ပြု ကန်တော့ပွဲသို့ ရန်ကုန် မှ အနုပညာရှင်များလည်း လာရောက်ကာ အနုပညာ ဖျော်ဖြေရေး အစီအစဉ်များ တင်ဆက်ကြမည်ဟု သိရသည်။
သတင်း... Popular News
15 April 2012
မဟာသင်္ကြန် အကြတ်နေ့ ရန်ကုန်မြို့တော် မြင်ကွင်း နှင့် မဟာသင်္ကြန် အကြတ်နေ့ မန္တလေးမြို့တော် မြင်ကွင်း
မဟာသင်္ကြန် အကြတ်နေ့ ရန်ကုန်မြို့တော် မြင်ကွင်း
မဟာသင်္ကြန် အကြတ်နေ့ မန္တလေးမြို့တော် မြင်ကွင်း
ဓာတ်ပုံမေားအား ဖေ့ ဘုတ် စာမျက်နှာမှ စုစည်းကူးယူပြီး ဖော်ပြထားပါသည်.။
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)