08 January 2014

ဟင်္သာတတက္ကသိုလ်က ဘွဲ့ယူမည့် ကျောင်းသား/ကျောင်းသူတွေကို ဧဓမြတိုက်နေ

  ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတက္ကသိုလ်တွင် ဇန်န၀ါရီ ၁၁/၁၂ ရက်နေ့၌ ကျင်းပမည်ဖြစ်သော ဘွဲ့နှင်းသဘင်အခမ်းအနားအား တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများမှာ ဓာတ်ပုံကြေးပေးသွင်း ရာတွင် တစ်ဦးကို တစ်သောင်း ခုနှစ်ထောင်ကျပ် ပေးသွင်းနေရကြောင်း သိရသည်။ မယူမနေရ ဗီဒီယိုခွေဖိုးဟုဆိုကာ ကျောင်းသားတစ်ယောက်လျှင် နှစ်ထောင်ကျပ်ကောက်ခံနေသည်ဟုလည်း သိရသည်။

“ ကျွန်တော်က ဒီနှစ်ဘွဲ့တက်ယူမှာ၊ ခု ဓာတ်ပုံကြေးက တစ်ယောက်ကို တစ်သောင်း ခုနှစ်ထောင် သွင်းရတယ်၊ မယူမနေရ သဘောမျိုး ဘောင်ချာဖြတ်ပေးနေတာ၊ အစမ်းနေ့နဲ့ဖိုင်နယ်ကို ဗီဒီယိုခွေ ဘိုးက နှစ်ထောင်တဲ့၊ ကျွန်တော့်အမတွေ အစဉ်အဆက် ဘွဲ့ယူလာတာ အဲလောက် မဟုတ်ဘူး၊ ဖြတ်ပြီးရင် ဘယ်လိုအကြောင်းနဲ့မှ ပိုက်ဆံပြန်ထုတ်မပေးဘူးလို့ ရေးထားတယ်၊ ဓာတ်ပုံတွေကို ရှေ့လ ၅ ရက်နေ့ကနေပြီး ၉ ရက်နေ့အထိပဲ ထုတ်ယူခွင့်ရှိတယ်တဲ၊့ အများစုက နယ်ကနေလာပြီး ထုတ်ရမှာ အဆင်မပြေလောက်ဘူး၊ ပြီးတော့ တစ်ခါမှ မကြားဖူးဘူး၊ ဒင်နာကြေးဆိုပြီး တစ်ယောက်ကို ၁၅၀၀/ကျပ် ကောက်သေးတယ်၊ ဒါက ကျောင်းနဲ့ စီးပွားရေးသမားတွေပေါင်းပြီး လုပ်စားတာ၊ လွန်လွန်းအားကြီးလာပြီ၊ ကျွန်တော်အခု ပညာရေးဝန်ကြီးဌာနကို တိုင်မယ်၊ ဖုန်နံပတ်ရှာနေလို့၊ ကျောင်းသားတွေကို ဧဓမြတိုက်နေတာပဲ ” ဟု ဘွဲ့နှင်းသဘင်တက်ရောက်မည့် ကျောင်းသားတစ်ဦးက ရင်ဖွင့်ပြောပြသည်။

သတင်း... Hinthata HumanRights