19 September 2013

အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် ပတ်သက်ပြီး Mr.Jelson Garcia ပြောကြားခဲ့သော အသံဖိုင်

BIC (Bank Information Center) ၏ Asia Programမန်နေဂျာ Mr.Jelson Garcia က မြန်မာနိုင်ငံမှ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ ရှိသော ငွေစာရင်းငါးခု ပြည်ပတွင် ရှိနေကြောင်း စက်တင်ဘာ ၁၀ ရက်က ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားခဲ့သည့် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံနှင့် သက်ဆိုင်သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို စက်တင်ဘာ ၂၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်ရန် ရှိပါသည်။ ထိုသတင်းစာ ရှင်းလင်းပွဲ၌ The Daily Eleven အပါအ၀င် မီဒီယာ အသီးသီးမှ မေးခွန်း တစ်ခု (သို့မဟုတ်) နှစ်ခု မေးမြန်းခွင့် ရရှိနိုင်ပါသည်။ ထို့ကြောင့် အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ သိရှိလိုသည်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ မေးမြန်းလိုသူများ အနေဖြင့် ယခု ပို့စ်၏ အောက်ခြေရှိ Comment Box ၌ ဖြစ်စေ၊ သီးခြား Private Message ပေးပို့၍ ဖြစ်စေ မေးမြန်းနိုင်ပါ သည်။ မေးမြန်းလာသည့် မေးမြန်းချက်များကို အခြေခံပြီး The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုး ကိုယ်တိုင် မေးခွန်း  မေးမြန်း ပေးမည် ဖြစ်ပါ သည်။ မေးခွန်းမေးမြန်းလိုသူများ အနေဖြင့် အခြား မီဒီယာများထံသို့လည်း မေးခွန်းများ ပေးပို့ မေးမြန်းနိုင်ပါသည်။

ထို့အတူ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၀ ရက်က Mr.Jelson Garcia ၏ ပြောကြားမှုနှင့် ဘာသာပြန်ပေးခဲ့သူ၏ အသံဖိုင်ကိုလည်း အများပြည်သူ သိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။


သတင်း Eleven Media Group