13 March 2013

လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လိုပါက မိမိကိုသာ ဦးတည်ပြုလုပ်စေလိုကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြော


လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လိုပါက မိမိကိုသာ ဦးတည်ပြုလုပ်စေလိုကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ဆန္ဒပြချင်ရင် ကျွန်မကိုပဲပြပါ။ ရန်ကုန်က သက်ဆိုင်ရာအာဏာပိုင်တွေကို ခွင့်ပြုချက်တောင်းပါ။ ခွင့်ပြုချက်ရရင် ကျွန်မ အိမ်ရှေ့မှာ လာပြနိုင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဆန္ဒပြလိုပါက ဥပဒေနှင့်အညီသာ ပြုလုပ်စေလိုပြီး ဥပဒေမဲ့ လုပ်ရပ်များကို မပြုလုပ်စေလိုကြောင်း ၎င်းကဆိုသည်။

"ဆန္ဒပြတာတွေကို ဥပဒေနဲ့အညီ ခွင့်တောင်းပြီး ပြစေချင်တယ်။ ဥပဒေနဲ့မညီဘဲပြရင် အရေးယူဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ကျွန်မအနေနဲ့ အကြံပြုထားတယ်"ဟု ပြောသည်။


သတင်း... 7Day News Journal