26 March 2013

ပြန်ကြားရေးဝန်ကြီးဌာနဟာ အင်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဝေ သူနာမည် နဲ့ လျှောက်ထားတဲ့ ဒီလှိုင်း အပါအ၀င် ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာထုတ်ဝေခွင့်ရသွားကြောင်း

ပြန်ကြားရေးဝန်ကြီးဌာနဟာ အင်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဝေ သူနာမည် နဲ့ လျှောက်ထားတဲ့ ဒီလှိုင်း အပါအ၀င် ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ (၈) စောင် ထပ်မံ ထုတ်ဝေ ခွင့်ပေးလိုက်တဲ့အတွက် စုစုပေါင်း သတင်းစာ (၁၆) စောင်ထုတ်ဝေ ခွင့် ရသွားပြီဖြစ်ပါတယ်။

ဒီတစ်ကြိမ် ထုတ်ဝေခွင့်ပေးလိုက်တဲ့ သတင်းစာ (၈) စောင်ထဲမှာ အောင်မြင်နေတဲ့ အပါတ်စဉ်ထုတ် သတင်းဂျာနယ် ထုတ်ဝေနေတဲ့ အလဲဗင်းမီဒီယာဂရုဖ်၊ ရန်ကုန်တိုင်းမ်၊ ဆဲဗင်းဒေး နဲ့ The Voice ဂျာနယ်တွေက ထုတ်ဝေမယ့် သတင်းစာတွေလည်း ပါဝင်ပါတယ်။

အခုနောက်ဆုံး သတင်းစာ ထုတ်ဝေခွင့်ရသူတွေထဲမှာ ထူးခြားချက် အနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင် အောင်မြင်နေတဲ့ Three Friends Construction ကုမ္ပဏီလည်း ပါဝင်ပါတယ်။