UNAIDS က ပေးအပ်သည့် အေအိုင်ဒီအက်စ် ရောဂါ ရှိသူများအား ခွဲခြား
ဆက်ဆံခံရမှု မရှိရေး ကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်လှုပ်ရှားသူ အဖြစ်
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကို ခန့်အပ် ကြောင်း အဆိုပါ အဖွဲ့အစည်း ၏
ထုတ်ပြန်ချက် အရ သိရသည်။
အာဖရိက မှ အာရှအထိ ဒေါ်အောင်ဆန်းစုကြည် ၏
အကြောင်းကို ပြောကြပြီး အားကျ အတုယူဖွယ် ကောင်းသည့် ပုဂ္ဂိုလ်ဖြစ်ကာ UNAIDS ၏
အထူး ကိုယ်စားလှယ် အဖြစ် ခန့်အပ်ရသည့် အတွက် ဂုဏ်ယူမိ ကြောင်း UNAIDS ၏
အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ မီရှဲလ် ဆီဒီဘေး က ပြောကြားသည်။
ဂုဏ်သိက္ခာနှင့် အခြေခံ လူ့အခွင့်အရေး အတွက် နေ့စဉ် ရုန်းကန် လှုပ်ရှား
နေရသည့် လူများ၏ ခေါင်းဆောင် အဖြစ် ရွေးချယ် ခံရခြင်း အတွက် အလွန် ဂုဏ်ယူ
မိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည် ဟု UNAIDS ၏ ထုတ်ပြန်ချက် တွင်
ပါရှိသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ် ရောဂါရှင်
လေးသောင်း ကို ကုသ ပေးနေရပြီး၊ ရောဂါရှိကြောင်း သံသယ ရှိလျှင် စောစီးစွာ
စစ်ဆေးခြင်းဖြင့် ရောဂါသစ် များကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း ဆီဒီဘေးက
ပြောကြားသည်။