၈ နှစ်တာအတွင်း အဆိုးရွားဆုံး ရေကြီးလျှက်ရှိသည့်
ပုသိမ်မြို့နှင့် ပုသိမ်ခရိုင်အတွင်း အခြား ၅မြို့နယ်တို့မှာ လူနေအိမ်နှင့်
စပါးခင်းများ ရေနစ်မြုပ်လျှက်ရှိ သည်ဟု ပုသိမ်မြို့မှ ပေးပို့သည့်
သတင်းများအရ သိရသည်။
ပုသိမ်ခရိုင်အတွင်း ယခုအချိန်ထိ
ကောက်ယူရရှိသည့် စာရင်းများအရ အိမ်ထောင်စု ၁၂ ထောင်ကျော် ၊ ကျေးရွာအုပ်စု
၈၀၀ နီးပါး ရေနစ်မြုပ်မှု ဒဏ်ကို ခံနေရကာ လယ်မြေဧက ၂ သိန်း ၄ သောင်းကျော်
ရေနစ်မြုပ်ခဲ့ကြောင်း အုပ်ချုပ်ရေး ဋ္ဌာနများမှ ရရှိသည့် စာရင်းများ အရ
သိရှိရသည်။
ရေကြီးမှုကြောင့် အထက်တန်းကျောင်း ၂၅
ကျောင်းအပါအ၀င် စုစုပေါင်း စာသင်ကျောင်း ၄၀၀ ကျော် ပိတ်ထားရသည်ဟု
လည်းအဆိုပါ စာရင်းများအရ သိရှိရသည်။
ဇူလိုင်လကုန်ကတည်းက
မိုးသည်းထန်ကာ င၀န် မြစ်ရေတိုးလာပြီးနောက် သြဂုတ်လ ဒုတိယပတ်တွင်
ပုသိမ်မြို့ ၏ လူနေရပ်ကွက် တ၀က်နီးပါး ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
ယခုရက်ပိုင်း ပုသိမ်မြို့တွင်း ရေကြီးမှု အရှိန် အနည်းငယ်တန့်နေသည့်
အနေအထားရှိသော်လည်း ကန်ကြီးဒေါင့်နှင့် သာပေါင်း၊ ငါးသိုင်းချောင်းမြို့
နယ်များတွင် ဆိုးရွားနေဆဲလည်း ဖြစ်သည်။
လူနေအိမ်များ
ရေနစ်မြုပ်နေသဖြင့် စာသင်ကျောင်းများ နှင့် ဘုန်းတော်ကြီးကျောင်းများတွင်
ရေဘေးဒုက္ခ္ခ္ဃသည်များ သွားရောက် ခိုလှုံနေရကာ မြို့နယ် အုပ်ချုပ်ရေး
အာဏာပိုင်များနှင့် နိုင်ငံတကာ အန်ဂျီအိုတို့မှ စားနပ်ရိက္ခာ ဝေငှပေးခြင်း
ရှိသည်ဟု ဒုက္ခသည်အချို့ က ပြောသည်။
ရေကြီးမှုကြောင့် ပုသိမ်
ကြံခင်း မီးရထားလမ်းလည်း ပိတ်ထားရကာ ရန်ကုန် ပုသိမ်ကားလိုင်းအချို့
ရပ်နားထားပြီး အချို့ကားလိုင်းများက စီးနင်းခ ၂ ဆ ယူကာ ပြေးဆွဲလျှက်ရှိသည်။
ပုသိမ်ခရိုင်အတွင်း
အဆိုးရွားဆုံး ရေကြီးမှု ဖြစ်ပွားနေသည့်မြို့နယ်မှာ သာပေါင်းမြို့နယ်ဖြစ်၍
ငသိုင်းချောင်းမြို့နယ် မှ ဒုတိယအဆိုးရွားဆုံးဖြစ်သည်။ ယင်းမြို့နယ် ၂
မြို့နယ်၏ ရေကြီးမှုအခြေအနေမှာ စိုးရိမ်ရသည့် အနေအထားဖြစ်သည်ဟု လည်း
ဒေသခံတို့က ပြောသည်။
ကန်ကြီးဒေါင့်မြို့ ရေကြီး၊ အန္တရာယ် ရေမှတ်ထိရောက်နေ



မြို့တွင်း မြင်ကွင်း

ကန်ကြီးဒေါင့်မြို့ ရေနစ်မြုပ်လျှက်ရှိသည်ကို သြဂုတ်လ ၁၈ ရက်နေ့ က မြင်တွေ့ရစဉ်
