22 January 2011

ဆိုမာလီ ပင်လယ်ဓားပြများ ပြန်ပေးဆွဲထားတဲ့ SAMHO JEWELRY သဘောင်္ပေါ်မှ မြန်မာလူမျိုး ၁၁ဦး ပြန်လည်လွတ်မြောက်


APသတင်းဋ္ဌာန ရုပ်သံ
ဆိုမာလီ ပင်လယ်ဓားပြများအား ဖမ်းဆီးထားစဉ်
ဤသို့ စွန့်စွန့်စားစား ကိုရီးယား ကွန်မာန်ဒိုများ
သောကြာနေ့ မနက် အစောပိုင်းက ဤသို့ စစ်ဆင်ရေး ပြုလုပ်ခဲ့ပါတယ်။
ဖမ်းဆီးရမိသော လက်နက်များ AK-47
စစ်ဆင်ရေးအား ပြန်လည်ရှင်းလင်း ပြောကြားနေစဉ်


ဂျပန် TBS သတင်းဋ္ဌာနမှ ထုတ်လွှင့်သွားတဲ့ SAMHO JEWELRY သဘောင်္ သတင်း
ပြီးခဲ့တဲ့ ရက်သတ္တပတ်က  UAE နိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဓာတု ပစ္စည်းများ သယ်ဆောင်လာတဲ့ SAMHO JEWELRY သဘောင်္အား ဆိုမာလီ ပင်လယ်ဓားပြများက ပြန်ပေးဆွဲခဲ့ပါတယ်..။ အဆိုပါ သဘောင်္ပေါ်၌ ကိုရီးယားလူမျိုး (၈)ဦး မြန်မာ (၁၁)ဦးနဲ့ အင်ဒိုနီးရှား (၂)ဦး ပေါင်း သဘောင်္ဝန်ထမ်း ၂၁ဦး လိုက်ပါခဲ့ပါတယ်..။ အဆိုပါ ပြန်ပေးဆွဲခံရတဲ့ သဘောင်္နှင့် သဘောင်္ပါဝန်ထမ်း ၂၁ဦးအား ကိုရီးယား ရေတပ် ကွန်မန်ဒို အထူးတပ်ဖွဲ့မှ.. သောကြာနေ့ မနက်အစောပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီး ယနေ့ ၂၁ရက်နေ့ မနက်မှာတော့ သဘောင်္ဝန်ထမ်း (၂၁)ဦးအား ဘေးမသီရန်မခ အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပါတယ်...။ အဆိုပေါ်သဘောင်္အား ပြန်ပေးဆွဲခဲ့သည့် ဆိုမာလီ ပင်လယ်ဓားပြ (၅)ဦးအား အရှင်ဖမ်းမိပြီး (၈)ဦးအား အသေဖမ်းမိခဲ့ပါတယ်..။

အဆိုပါ အောင်မြင်တဲ့ Opertion စစ်ဆင်ရေး အပြီးမှာတော့ ကိုရီးယား သမ္မတ  Lee Myung-bak မှသတင်းစာရှင်းလင်းပွဲနဲ့ ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး ကိုရီးယားတစ်နိုင်ငံလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်...။ မိမိနိုင်ငံသား ကိုရီးယား လူမျိုး (၈)ဦးရဲ့ အသက်အန္တရယ်မှ လွတ်မြောက်ရန်အတွက် ကိုရီးယားသမ္မတ ကိုယ်တိုင်နဲ့ ကိုးရီးယားစစ်တပ်မှ စီမံကိန်းချပြီး ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်..။ ကိုရီးယား သမ္မတမှ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာကတော့  ပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးအတွက် ဘယ်လို အပြုအမူမျိုးကိုမှ ခွင့်မလွှတ်နိုင်ဘူးဟု  ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ့် အထူးအားရဖွယ် စကားကို ပြောဆိုသွားခဲ့ပါတယ်။ တခြားနိုင်ငံတွေမှာတော့ မိမိတို့ နိုင်ငံသားတွေရဲ့ အသက်ကို တန်ဘိုးထားပြီး အထူးအလေးပေးထား ဆောင်ရွက်ကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်...။ အဆိုပါ သဘောင်္ပေါ်မှာတော့ မြန်မာလူမျိုး သဘောင်္ Crew (၁၁)ဦးတိတိ ပါဝင်ပါတယ်.။

သတင်း ဓာတ်ပုံ ရင်းမြစ် AP,Reuters
ဒီမိုဝေယံ

မြန်မာကွန်မာန်ဒိုများ မြို့တွင်းစစ်ဆင်ရေးတစ်ခု မြင်ကွင်း