28 September 2009

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုများ။...။
























နေ့စွဲ - ၂၇ . ၉ .၂၀၀၉


အကြောင်းအရာ ။ ။ ၂ နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှု သတင်းပေးပို့ခြင်း



ကျွန်တော်တို့ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ မှ ယနေ့ (၂၇.၉.၂၀၀၉) နေ့တွင် မန္တလေး၊တောင်ကြီး၊မြစ်ကြီးနား၊ ကလေး ၊လာရှိုး၊ ပင်လုံနှင့် ရွှေဘို မြို့များတွင် ဒေါ်အောင်ဆန်းစုကြည်ပါ ၄” x ၆” အရွယ်အစားရှိ ဒေါ်အောင်ဆန်စုကြည်ပုံပါ ပို့စကဒ် အစောင်ရေ (၁၀၀၀) ကျော်အားဖြန့်ဝေသည့် လှုပ်ရှားမှုအား ပြုလုပ်ခဲ့ ကြောင်း သတင်းပေးပို့အပ်ပါသည်။

ထိုလှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသားတော် အရှင်သူမြတ်များ သွေမြေ ကျခဲ့သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကို ဦးညွတ် အလေးပြုသည့် အနေဖြင့် လည်းကောင်း ၊ သံဃာတော်များ ဦးဆောင်ပြီးပြုလုပ်မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီး မှတဆင့် အမျိုးသားလွတ်မြောက်ရေး လုပ်ရှားမှုကြီးကို ထောက်ခံသောအားဖြင့် လည်းကောင်း ပြုလုပ်ရခြင်း ဖြစ်ပါသည်။
ထို့အပြင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီးမှတဆင့် အမျိုးသား လွတ်မြောက်ရေး လုပ်ရှားမှုကြီးတွင် ကျွန်တော်တို့ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ သံဃာတော် အရှင် မြတ်များ နှင့် အတူ လက်တွဲပြီး အောင်ပွဲရသည်အထိ စစ်အစိုးရအား တိုက်ပွဲဝင် သွားမည်ဖြစ်ပါသည်။

အသေးစိတ် အချက်အလက်များကို သိရှိလိုပါက အွန်လိုင်းမှ တဆင့် အထက်ဗမာပြည် ကျောင်းသားသမဂ္ဂ အီးမေးလ် ubst.burma@gmail.com သို့ မေးမြန်းနိုင်ပါသည်။


လေးစားစွာဖြင့်

သန်းနိုင်

တွဲဖက်အထွေထွေအတွင်းရေးမှူး

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ။
အီးမေးလ်မှတဆင့်ပေးပို့လာသောကြောင့်ပြန်လည်မျှဝေလိုက်ပါသည်။

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*