06 September 2012

ဇယား ၃ နဲ့ ငြိနေတဲ့ ဦးအောင်သိန်းလင်း




ဒီတပတ် တနင်္လာနေ့လွှတ်တော်မှာ ဦးအောင်သိန်းလင်းရဲ့ စားကျက်မြေဆိုင်ရာ အဆိုကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD အမတ်တွေ၊ ဒီမိုကရက်တစ်ပါတီအမတ်တွေနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက ထိုင်နေခြင်းဖြင့် ကန့်ကွက်ခဲ့ပါတယ်။

ဒါပေမယ့် လွှတ်တော်မှာ အင်အားအများဆုံးဖြစ်တဲ့ ကြံ့ဖွံ့ပါတီအမတ်တွေက ထောက်ခံတဲ့အတွက် မဲအများဆုံးရပြီး ပြည်သူ့လွှတ်တော်က ဒါကို လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့က ဘာကြောင့် ကန့်ကွက်ရပါသလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

ဦးအောင်သိန်းလင်းအဆိုက "တိုင်းနှင့်ပြည်နယ် အသီးသီးတွင် စားကျက်မြေများကို ဌာနဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ ကုမဏီအမည်ဖောက်၍လည်းကောင်း ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ၊ ကုမဏီများမှ သီးစားခရယူနေခြင်းများ ရှိနေပါသဖြင့် လယ်ယာမြေကို အမှန်တကယ် လုပ်ကိုင်နေသူများ လယ်သမားများကိုသာ ဦးပိုင်အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း" တဲ့။

စာစီထားတာ ဖတ်ကြည့်ရင်တော့ လယ်သမားတွေအတွက် ရှေ့ရှုတင်တဲ့အဆိုလို့ ထင်ရပါတယ်။ ဒါပေမယ့် နောက်ကွယ်က ၀ှက်ဖဲကိုလည်း သံသယ ရှိနေကြတာပေါ့လေ။

သုံးသပ်သူတချို့ကတော့ တောင်ဥက္ကလာပအမတ် ဦးအောင်သိန်းလင်းက သူ့သိက္ခာပြန်ဆယ်ချင်လို့ လယ်သမားအရေးဆိုင်ရာ အဆိုကို တင်တယ်လို့လည်း မြင်ကြတယ်။ တကယ်သာ ဒီအဆိုကို လက်ခံဆွေးနွေးပီး ဥပဒေဘာညာ ထွက်လာရင် ဦးပိုင်အမည်ပေါက် ဟာ တကယ့်လယ်သမားတွေနာမည် ဖြစ်ဖို့တော့ သတိထားသင့်တယ်လို့ သုံးသပ်ကြတယ်။

ကန့်ကွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မေးကြည့်တဲ့အခါကျတော့ သူ့အဆိုက ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၃ နဲ့ ငြိနေလို့ပါတဲ့။

ကဲ ... လာပြန်ပြီ။ ဖွဲ့စည်းပုံနဲ့ ငြိတဲ့ နောက်တခု။ ဘယ်လိုငြိတာပါလဲ။

ဇယား ၃ ပါ ဥပဒေပြုစာရင်းတွေထဲမှာ စားကျက်မြေများထိန်းသိမ်းရေး နဲ့ဆိုင်တာ ဥပဒေပြုရမှာ ပါပါတယ်။ ပုဒ်မ ၁၉၆ အတိုင်းဆိုရင် ဇယား ၃ ပါ ဥပဒေပြုစာရင်းကို ဥပဒေပြုခွင့်ရှိသူတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့) ဒေသ ဦးစီးအဖွဲ့၊ တိုင်းနဲ့ဒေသကြီးလွှတ်တော်တွေက ဖြစ်ပါတယ်။

ပြည်နယ် တိုင်းလွှတ်တော်တွေရဲ့ ဥပဒေပြုခွင့်အာဏာကို ပြည်သူ့လွှတ်တော်က ဥပဒေပြုဖို့ တင်တဲ့အမတ်က တင်တယ်။ ဆွေးနွေးဖို့လည်း ထောက်ခံတယ်ဆိုတော့ ဗိုလ်ပြုတ် အမတ်တွေ ကိုယ့်ခေါင်းဆောင်ကြီးရေးခဲ့တဲ့ ဖွဲ့စည်းပုံကို ဆန့်ကျင်တာလား။ တိုင်း၊ ဒေသတွေရဲ့ ဥပဒေပြုရေး အာဏာကို စွက်ဖက်ချင်တာလား။ ဒါမှမဟုတ် ဖွဲ့စည်းပုံမှာ ပါတာတွေ သေချာ မလေ့လာဘဲ ပြည်သူ့အကျိုးပြုသယောင်ယောင် ပြည်သူကို ဆွယ်ချင်တာလား။

၂၀၀၈ ဖွဲ့စည်းပုံပါ ဇယား ၃ ကို ပူးတွဲ ဖော်ပြလိုက်ပါတယ်။

ဇယား ၃

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း
(ပုဒ်မ ၁၉၆ ကို ရည်ညွှန်းသည်)

၁။ မြို့ပြနှင့် ကျေးရွာ စီမံကိန်းများ
၂။ လမ်းတံတားများ ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး၊
၂။ ပြည်သူ့ကျန်းမာရေး
၎။ စည်ပင်သာယာရေးလုပ်ငန်း၊
၅။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
၆။ စားကျက်မြေများ ထိန်းသိမ်းရေး
၇။ သစ်တော်များ ကာကွယ်ထိန်းသိမ်းရေး
၈။ ပြည်ထောင်စုက ပြဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
၉။ မြို့နှင့် ကျေးရွာများအတွင်း ရေနှင့် လျှပ်စစ်မီးဆိုင်ရာကိစ္စ၊
၁၀၊ မြို့များနှင့် ကျေးရွာများ၏ ဈေးများဆိုင်ရာကိစ္စ၊

ပုဒ်မ ၁၉၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များအား မိမိတို့ တိုင်း သို့မဟုတ် ဒေသအတွက် ဇယား ၃ တွင် ဖော်ပြထားသော ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြုခွင့်အာဏာများကို ခွဲဝေအပ်နှင်းသည်။
 

05 September 2012

ခရမ်းမြို့နယ်ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ၊ ခရမ်းမြို့အရှေ့ခြမ်းအမတ် ဦးမြင့်ဦး၏ လယ်သမားများအားခွဲခြားဆက်ဆံခြင်း (သို့မဟုတ် ) ဒုက္ခကြားကရင်ဖွင့်သံများ

ကြံ့ခိုင်ရေးပါတီမှ လယ်သမားများအား တစ်ဧကလျှင် ကျပ် ( ၁၅၀၀၀ ) ကိုအတိုးနှုန်း (၂) ကျပ် ဖြင့် ထုတ်ချေးခဲ့ပါသည် ..။လယ်သမားများအနေဖြင့်ပြီးခဲ့သောနှစ်တွင် စပါးဈေး ၊ ပဲဈေး များ မကောင်းခြင်း ၊ သီးနှံအထွက်မကောင်းခြင်း ၊ ယခုနှစ်တွင် ရေကြီးသောကြောင့် လယ်ယာမြေများ ပျက်စီးခြင်းစသော ဒုက္ခပေါင်းစုံကြုံတွေ့ရသောကြောင့် ချေးငွေအား ပြန်မဆပ်နိုင်ခဲ့ကြပါ။ 

ထို့ကြောင့် ယနေ့ 5.9.2012 နေ့တွင် ကျေးရွာ ( ၂၆ ) ရွာမှလယ်သမားများအား ဆင့်ခေါ်ပြီး ချေးငွေများ ပေးဆပ်ရန် ပြောကြားခဲ့ပါသည် ။ထိုသို့ပြောကြားရာတွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဦးမှ လယ်သမားများအားနှစ်မျိုးခွဲထားကြောင်း (၁) NLD ပါတီဝင် လယ်သမားနှင့် (၂) ပါတီဝင်မဟုတ်သော လယ်သမားဟူ၍ ရှိကြောင်း ။ NLD ပါတီဝင် လယ်သမားများအနေဖြင့် (၁၆.၉.၂၀၁၂ ) နောက်ဆုံးထားပြီး ချေးငွေ ဆပ်ရမည်ဖြစ်ကြောင်း မဆပ်နိုင်ပါကတရား စွဲမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပါသည် ။ ပါတီဝင်မဟုတ်သောလယ်သမားများ အနေဖြင့် မိမိတို့နှင့် လာရောက် ညှိနှိုင်း နိုင်ပါကြောင်းစသည်ဖြင့် ပြောဆိုခဲ့သည် ။ ချေးငွေ မဆပ်နိုင်ခြင်းကို အခွင့်ကောင်းယူကာNLD ပါတီဝင်များအား နှိပ့်ချခွဲခြား ဆက်ဆံလိုက်ခြင်းဖြစ်ပါသည် ..။ယခုလက်ရှိတွင် ကြံ့ခိုင်ရေးပါတီသည် အစိုးရဖြစ်နေသောကြောင့် ပါတီစွဲမထားသင့်ပါ ။ အားလုံးသော လယ်သမားများအား ပြည်သူများအနေဖြင့်ရှုမြင်သင့်ပါသည် ။ ထိုသို့ ခွဲခြားဆက်ဆံခြင်းသည် အစိုးရတရပ် လုပ်သင့်သောကိစ္စများ မဟုတ်ပါ ။ လုပ်လဲမလုပ်သင့်ကြောင်းကို သမ္မတကြီးနှင့်တကွသက်ဆိုင်ရာ ၀န်ကြီးများ သိစေရန် တင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျား ..။


    ဒုက္ခတောမှ လယ်သမားများ

နိုင်ငံတော်သမတ ကလျာထားသော ပြည်ထောင်စုဝန်ကြီးများစာရင်း


(၁) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး -ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်
(၂) ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး - ဒုတိယ ဗိုလ်ချူပ်ကြီး ကိုကို
(၃) နယ်စပ်ရေးရာ ၀န်ကြီးဌာန - ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး
(၄) နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး - ဦးဝဏ္ဏမောင်လွင်
(၅) ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး - ဦးအောင်ကြည်
(၆) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ...
- ဦးမြင့်လှိုင်
(၇) ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ၀န်ကြီး - ဦးဝင်းရှိန်
(၈) ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး - ဦးကျော်လွင်
(၉) အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး- ဒေါက်တာကံဇော်
(၁၀) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး - ဦးဝင်းမြင့်
(၁၁) ဆက်သွယ်ရေးနှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး - ဦးသိန်းထွန်း
(၁၂) သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီးဌာန ၀န်ကြီး - ဦးဝင်းထွန်း
(၁၃) မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီး - ဦးအုန်းမြင့်
(၁၄) သတ္ထုတွင်းဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာမြင့်အောင်
(၁၅) သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီး - ဦးကျော်ဆန်း
(၁၆) အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး- ဦးမောင်မြင့်
(၁၇) ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး - ဦးညဏ်ထွန်းအောင်
(၁၈) ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီး- ဦးဌေးအောင်
(၁၉) စက်မှုဝန်ကြီးဌာန ၀န်ကြီး - ဦးအေးမြင့်
(၂၀) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး - ဦးခင်မောင်စိုး
(၂၁) ကျမ်းမာရေးဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာဖေသက်ခင်
(၂၂) ပညာရေးဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာမြအေး
(၂၃) သာသနာရေးဝန်ကြီးဌာန ၀န်ကြီး - သူရဦးမြင့်မောင်
(၂၄) သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး - ဒေါက်တာ ကိုကိုဦး
(၂၅) အားကစားဝန်ကြီးဌာန ၀န်ကြီး -ဦးတင့်ဆန်း
(၂၆) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး- ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်
(၂၇) ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး - ဗိုလ်ချုပ် ဇေယျာအောင်
(၂၈) စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး - ဦးသန်းဋ္ဌေး
(၂၉) ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး- ဦးအေးမြင့်ကြူ
(၃၀) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး- ဦးခင်ရီ
(၃၁) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၁) - ဦးသိန်းညွန့်
(၃၂) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၂) - ဦးစိုးမောင်
(၃၃) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၃) - ဦးစိုးသိန်း
(၃၄) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၄)- ဦးအောင်မင်း
(၃၅) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၅)- ဦးလှထွန်း
(၃၆) သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး (၆) - ဦးတင်နိုင်သိန်း
(၃၇) ပြည်ထောင်စု စာရင်းစစ်ချုပ် - ဦးသိန်းထိုက်

သတင်း...Yangon Media Group

တစ်ဦးတစ်ယောက်တည်း နေရာရရေးထက် ဒီမိုကရေစီခိုင်မာရေးကို ဦးတည်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


တစ်ဦးတစ်ယောက်တည်း နေရာရရေးထက် ပြည်သူများအား ဒီမိုကရေစီ ခိုင်မာရေးကိုသာ ဦးတည်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဒီမိုကရေစီ အရွယ်ရောက် ခိုင်မာလာပါက ဒီမိုကရေစီခေါင်းဆောင်များ မလိုအပ်တော့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကမ္ဘာကပင် ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးဟု သတ်မှတ်ခံရသော ဒေါ်အောင်ဆန်းစုကြည်က... စက်တင်ဘာ ၁ ရက်၊ နေ့လယ်ပိုင်းက ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တွင် ဒေသခံများ အား ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့ရှိ ရေဘေးဒဏ်သင့် ရပ်ကွက်တချို့သို့ သွားရောက်ကာ ကျန်းမာရေးရန်ပုံငွေအတွက် မတည်ငွေ ကျပ်သိန်း ၂၀ ကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ဒေသခံများ တင်ပြကြသည့် လိုအပ်ချက်များကို နားထောင်ကာ ပြန်လည်ဆွေးနွေးခဲ့သည်။ ပုသိမ်မြို့နယ် အင်န်အယ်လ်ဒီရုံးချုပ်ရှေ့ရှိ ဒေသခံလူထုများအား မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းဟောပြော သွားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ကနေပြီး ပြည်သူတွေကို အားလုံး ဒို့ပဲ လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ဘယ်တော့မှ မလုပ်ဘူး။ အဲဒီလို လုပ်ပေးမယ်ဆိုရင် ပြည်သူတွေက ဘယ်တတ်တော့မလဲ။ ကျွန်မတို့ ပြည်သူတွေကို သန်မာစေချင်တယ်။ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်စေချင်တယ်။ မိဘကောင်းတွေက သားသမီးတွေကို သူတို့ကို အားကိုးစရာ မလိုတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာအောင် လုပ်ပေးရမယ်။ ငါတို့ကိုပဲ အားကိုးစေချင်တယ်ဆိုရင် စစ်မှန်တဲ့မေတ္တာ မဟုတ်တော့ဘူး။ ဒါအတ္တပဲ။ ပြည်သူပြည်သားတွေကို ဒီမိုကရေစီ အရွယ်ရောက်အောင် ကျွန်မတို့က အမြန်ဆုံးတွန်းပို့ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေက ဒီမိုကရေစီ အရွယ်ရောက်သွားလို့ရှိရင် ဒီမိုကရေစီခေါင်းဆောင်တွေကို မလိုအပ်တော့ဘူး။ ကိုယ့်ဘာသာကိုယ် လုပ်နိုင်တဲ့ အခြေအနေ ဖြစ်သွားမယ်။ ငါတစ်ယောက်တည်း အမြဲနေရာမှာ ရှိရေးအတွက်ဆိုပြီး လုပ်နေတဲ့ပုံနဲ့ဆိုရင်တော့ ကျွန်မတို့ပြည်သူတွေဟာ ဒီမိုကရေစီအတွက် ခိုင်မာတဲ့ အခြေအနေကို ရောက်လာမှာ မဟုတ်ပါဘူး”ဟု ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားနှင့် ပတ်သက်၍ သတင်းစာဆရာ ဦးရဲနိုင်မိုးက “ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ခေါင်းဆောင်တွေအပေါ်မှာ မှီခိုဖို့ မလိုတော့ဘူး။ ဒါဟာ ခေါင်းဆောင်တွေမှ မဟုတ်ဘူး။ အစိုးရကလည်း ဒီအတိုင်းပဲ။ တကယ့် မှန်ကန်တဲ့စနစ်မှာ အစိုးရရဲ့ အခန်းကဏ္ဍဟာ မကြီးမားတော့ဘူး။ ဘာလို့လဲဆိုတော့ စနစ်က မှန်ကန်သွားပြီ။ လူတွေက ရင့်ကျက်သွားပြီ။ ပုံမှန်လည်ပတ်သွားပြီပေါ့။ နိုင်ငံရေးပညာရှင်တချို့ ပြောတာရှိတယ်။ ရှိမှန်းမသိတဲ့ အစိုးရက အကောင်းဆုံးအစိုးရလို့။ တစ်ခုပဲ စိုးရိမ်ပူပန်စရာ ရှိတာက အဲဒီစနစ်ကလည်း မမှန်သေးဘူး။ ပြည်သူအများစုကလည်း ဒီမိုကရေစီ ရင့်ကျက်မှု ကျင့်သားမရသေးဘူး။ လူ့အဖွဲ့အစည်းက စနစ်နဲ့ကျင့်သားမှန်ကန်မှု မရှိသေးတဲ့အချိန်မှာ ခေါင်းဆောင်တွေ ဆုံးရှုံးသွားမယ် ဆိုရင်တော့ အဲဒါကြောက်စရာ ကောင်းပါတယ်”ဟု မှတ်ချက်ပေးသည်။

“အခု ဒေါ်အောင်ဆန်းစုကြည် လျှောက်တဲ့ပုံစံကို ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် ပိုပြီးရင့်ကျက်လာတယ်လို့ ကျွန်တော်ကတော့မြင်တယ်။ တစ်ခုပဲ စိုးရိမ်ပူပန်မှုက အဖွဲ့အစည်းဆိုတဲ့ ရှုထောင့်နဲ့ ကြည့်မယ်ဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူတစ်ဦးအပေါ်မှာ မှီခိုနေရမှုက များတယ်လို့ မြင်တယ်”ဟု ဦးရဲနိုင်မိုးက ဆက်လက်ပြောသည်။

ပုသိမ်မြို့သို့ စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်သည် ရေဘေးသင့် ရပ်ကွက်များတွင် ပါဝင်သော အမှတ်(၁၂) ရေကြည်ဦးရပ်ကွက်နှင့် အမှတ်(၁၄) ဥမ္မာဒန္တီရပ်ကွက်တို့သို့ သွားရောက်ခဲ့ပြီး ရပ်ကွက်နေ ပြည်သူများ၏ လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ ထို့နောက် ကျန်းမာရေး ရန်ပုံငွေအတွက် ငွေကျပ်ဆယ်သိန်းစီကို မတည်ပေးခဲ့ပြီး ရန်ပုံငွေထိန်း သိမ်းရေး ကော်မတီ များကိုလည်း ဖွဲ့စည်းပေးခဲ့သည်။

“အဓိကက ပိုက်ဆံမဟုတ်ပါဘူး။ ဒီရန်ပုံငွေကို ဘယ်လိုထိန်းသိမ်းမယ်။ ဘယ်လိုသုံးမယ်ဆိုတာပဲ။ ဒီရန်ပုံငွေလေးကို ထိန်းသိမ်းပြီးတော့ တကယ်လိုအပ်တဲ့ သူတွေကို ဘယ်သူ့ကို ဘယ်လောက်ပေးမယ်။ ဘာအတွက်ပေးမယ်။ အဲဒီလို လုပ်တတ်ကိုင်တတ်အောင်လို့ပါ။ ဒီရန်ပုံငွေဟာ အရေးပေါ် ရန်ပုံငွေဆိုတော့ နောက်ကုန်သွားမှာပဲ။ ကုန်သွားပေမယ့်လည်း ဒီရန်ပုံငွေကို ထိန်းသိမ်းသုံးစွဲတဲ့နေရာမှာ ရသွားတဲ့ အတွေ့အကြုံတွေကတော့ ကုန်သွားပျောက်သွားမှာ မဟုတ်ဘူး။ ကိုယ့်ရပ်ရွာအတွက် လူမှုရေးလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အသုံးဝင်မယ့် အတွေ့အကြုံတွေ ဖြစ်ပါတယ်”ဟု သူမ ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရေဘေးသင့် ပြည်သူများ တွေ့ဆုံရာတွင် ရေကြီးရခြင်းအကြောင်းအရင်းများနှင့် လတ်တလော ကြုံတွေ့နေရသော ကျန်းမာရေးအပါအ၀င် အခက်အခဲပြဿနာများကို တင်ပြခဲ့ကြကြောင်း သိရသည်။
 
သတင်း...  7Day News Journal

၅-၉-၂၀၁၂ နေ့ နံနက် ၁၀း၃၀ နာရီတွင် အမေရိကန် အထက်လွှတ်တော်အမတ် Mr. Dean Rohrabecher နှင့်အဖွဲ့သည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ

၅-၉-၂၀၁၂ နေ့ နံနက် ၁၀း၃၀ နာရီတွင် အမေရိကန် အထက်လွှတ်တော်အမတ် Mr. Dean Rohrabecher နှင့်အဖွဲ့သည်NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်နေအိမ်တွင်
လာရောက်တွေ့ဆုံခဲ့ပါသည်။။

 ဓာတ်ပုံ...ကိုဆန်နီ

ကလေးသူငယ်များအား လွန်မင်းစွာရိုက်နှက်ခြင်းကိစ္စ အရေးယူပေးပါရန်

 

 

မြောက်ဥက္ကလာပ၊ အမှတ် (၆) အခြေခံပညာ အလယ်တန်းကျောင်းတွင် သူငယ်တန်း ကလေးတစ်ဦးအတွက် ရိုးရိုးကျူရှင် တစ်လလျှင် ငါးထောင်ကျပ်၊ ရှယ်တစ်လလျှင် တစ်သောင်းကျပ်တို့ဖြင့် အတန်းပိုင်အသီးသီးတို့မှ ရပ်ကွက်အတွင်း အိမ်ခန်းငှား၍ သင်ကြားခြင်းမှာ ပညာရေးလောကအတွက် လွန်စွာ ရုပ်ဆိုးလှပါသည်။ ကျောင်းအုပ်ဆရာမကြီးမှလည်း ၎င်းကျူရှင်ကိစ္စမှာ ဝန်ထမ်းများ ဝမ်းစာဖူလုံမှုမရှိ၍ ပညာရေးဝန်ကြီး ကိုယ်တိုင်ကပင် သိပါလျှက် မျက်ကွယ်ပြုထားရကြောင်း ပြောဆိုခဲ့ပြီး ကျူရှင်မတက်နိုင်သော ကလေးများအား ယခုကဲ့သို့ မဲ၍ရိုက်တတ်ပါသည်။ ( ဦးမျိုးအောင် - မမြသဇင်ခိုင်၏ဖခင်)

သတင်း... လမ်းပြကြယ်

ပြဋ္ဌာန်းဥပဒေများ သဘောမတူသည့်အတွက် NLD ပါတီအား ရွေးကောက်ပွဲကော်မရှင် ခေါ်ယူတွေ့ဆုံ


လက်ရှိ ပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများလိုက်နာရန် ဥပဒေပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ သဘောတူညီမှုမရှိကြောင်း စာတင်ခဲ့သည့်အတွက် ပြည်ထောင်စု ရွေးကောက် ပွဲကော်မ ရှင်မှ NLD ပါတီမှ တာဝန်ရှိသူများအား သြဂုတ်လ ၃၁ ရက်နေ့ တွင် နေပြည်တော်သို့ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့သည်။
“ခုလို ခေါ်ယူတွေ့ဆုံတာပာာ NLD ပါတီရဲ့ လက်ရှိလှုပ်ရှားနေတဲ့ လှုပ်ရှားမှုတွေအတွက်လည်းပါတယ်။ ပြီးတော့ နိုင်ငံရေးပါတီတွေအတွက် ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ကျွန်တော်တို့ပါတီက သဘောမတူပါဘူးလို့ စာတင်ခဲ့လို့ပါ။ ဒီဥပဒေရဲ့ တစ်ချို့အချက်တွေကို လက်ခံနိုင်ပေမယ့် တစ်ချို့ အချက်တွေကိုတော့ လက်မခံနိုင်ပါဘူး။ ဒါကြောင့် ကော်မရှင်ကို လက်မခံနိုင်ကြောင်း စာတင်ခဲ့တာပါ”ပာု NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းတွေ့ဆုံပွဲတွင် NLD ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ အမြင်မတူညီမှုများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ပြီး တိကျသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းမရှိဘဲ ပြဋ္ဌာန်းဥပဒေ များနှင့်ပတ်သက်၍သာ နှစ်ဖက်အမြင်များကို အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရ သည်။

သတင်း..... yangonchronicle

ထွက်ရှိရေနံနှင့် သဘာဝဓာတ်ငွေ့များ ပြည်တွင်းဦးစားပေးသုံးစွဲရန် စွမ်းအင်ဝန်ကြီး ကတိပေး

 မြန်မာနိုင်ငံအတွင်း ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ကို ပြည်ပသို့ ရောင်းချတော့ မည်မပာုတ်ဘဲ ပြည်တွင်း၌သာ ဦးစားပေး သုံးစွဲ သွားမည်ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ “ကျွန်တော်တို့ဆီကထွက်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို ပြည်ပကို သိပ်မရောင်းတော့ ပါဘူး။ ပြည်တွင်းမှာပဲ အဓိကသုံးစွဲသွားမှာပါ။ အရင် တုန်း ကတော့ ပြည်တွင်းဓာတ်ငွေ့လိုအပ် ချက်မရှိသေးလို့ တရုတ်ကို ရောင်းစားခဲ့တာပါ။

 ပြည်တွင်းမှာသုံးစွဲလို့ ပိုလျှံနေရင်တောင် တန်ဖိုးမြှင့်ထုတ်ကုန် တွေ ထုတ်လုပ်သွးမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။ လက်ရှိ ပြည်တွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ် လုပ်ရေး စွမ်းအင်ကဏ္ဍတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုထုတ်လုပ်နိုင်ရန် ကုန်းတွင်း ရေနံလုပ်ကွက်များတွင် နိုင်ငံတကာတင်ဒါစနစ်ဖြင့် လုပ်ငန်းရှင်များအား စိစစ်ရွေးချယ်လုပ်ကိုင်ခွင့်ပြုထားပြီး အဆိုပြုချက်များအနက် နိုင်ငံနှင့်ပြည်သူ များအတွက် ရည်ရွယ်၍ နိုင်ငံအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုမိုရရှိနိုင်စေရန် တိုးမြှင့်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ “ရန်ကုန်မြို့အနီးက M-3 လုပ်ကွက်မှာ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ထိုင်းနိုင်ငံက PTTE ကုမ္ပဏီတို့ ပူးပေါင်း ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

 ဒီလုပ်ကွက်က ထွက်လာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ပြည်ပကို လုံးဝ မရောင်းပါနဲ့ ပြည်တွင်းမှာ လိုအပ်တဲ့ စွမ်းအင်ကဏ္ဍတွေအတွက်ပဲ သုံးစွဲသွားမှာပါ”ပာု စွမ်းအင်ဝန်ကြီးဌာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ထို့ပြင် ရခိုင်ကမ်းလွန်ဒေသရှိ လုပ်ကွက် A-1 နှင့် A-3 တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း မှ ထွက်ရှိသော ဓာတ်ငွေ့များကို ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် အဓိက သုံးစွဲသွားမည်ဖြစ်ပြီး ရဲတံခွန်စီမံကိန်းမှ ထုတ်လုပ်မည့် သဘာဝ ဓာတ်ငွေ့နှင့်အတူ ထွက်ရှိလာမည့် အပေါ့စားရေနံ (Condesate)ကိုလည်း ပြည်တွင်း၌ချက်လုပ်၍ ပြည်သူများအသုံးပြုနိုင်စေရန် ဆောင်ရွက်သွားမည်
 ဖြစ်ကြောင်း သိရသည်။ 

သတင်:မြန်မာပို့စ်

04 September 2012

ယနေ့ ညနေတွင် တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စ မေတေး ကိုအားနေ မာရှာဘာနေ နှင့်အဖွဲ့သည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံ


၎-၉-၂၀၁၂ ညနေ ၃း၃၀ နာရီတွင် တောင်အာဖရိကနိုင်ငံ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စ မေတေး ကိုအားနေ မာရှာဘာနေ နှင့်အဖွဲ့သည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အား နေပြည်တော်ရှိ သူမ၏ နေအိမ်တွင် လာရောက်တွေ့ဆုံခဲ့ပါသည်.။။

ဓာတ်ပုံ.. ကိုဆန်နီ

ABSDF ဗဟို ဥက္ကဋ္ဌ ဟောင်းများ မြန်မာနိုင်ငံ တွင်း အမြဲတမ်း နေထိုင်ခွင့် ရရှိရန် ကြိုးပမ်း


မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းများ ပါဝင် ဆောင်ရွက်နိုင်ရန်တွက် အမြဲတမ်းနေ ထိုင် ခွင့် PR (Permanent Resident ) ရ ရှိအောင် ကြိုးပမ်းသွားမည် ဖြစ် ကြောင်း လက်ရှိ အမေရိကန် နိုင်ငံ သား ခံယူထားသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဗဟို ဥက္ကဋ္ဌဟောင်း နှစ်ဦးဖြစ်သော ဦးမိုးသီးဇွန် နှင့် ဦးထွန်းအောင်ကျော် တို့ က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇန ဟိုတယ်တွင် စက်တင်ဘာလ ၃ ရက်နေ့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော် တို့ အခုလာရတာ ဗီဇာက ၂၁ ရက် ပဲ ရတယ် ။အဲ့ဒီ အချိန်နဲ့ ကျွနတော် လုပ် ချင်တာ တွေ မလုပ် နိုင်ဘူးဆိုတာလည်း ကျွန်တော် တို့ သိတယ်။ အမြဲ တမ်း နေ ထိုင် ခွင့် ရဖို့ တွက် အစိုးရ ပေါ် မူတည်ပါတယ် “ဟု ဦးထွန်းအောင်ကျော် ကပြော ဆိုသည်။

ABSDF အဖွဲ့ ဝင်များ သည် လက်နက် ကိုင် တပ် ဖွဲ့ ဝင် များ၊ တိုင်း ရင်း သား လက်နက် ကိုင်ခေါင်း ဆောင်၏ များ ပြသနာ၊ အခက်ခဲများ နှင့် အစိုး ရအပေါ် ထားရှိ သည့် သဘော ထာား ကို နား လည် သိရှိ သော ကြောင့် ပြည် တွင်း စစ် ရပ် ဆဲရေး နှင့် ငြိမ်း ချမ်း ရေး လုပ် ငန်း စဉ်များတွင် ဝင်ရောက် ကူညီ လုပ် ကိုင် ရန် မြန် သို့ ပြန်လည်ရောက် ရှိ လာခြင်းဖြစ်ကြောင်း ဦးမိုးသီးဇွန် ကပြောသည်။

ပြည်ပ မှာရှိတဲ့ အတိုက်ခံများပြန်လာရန် သဘောတူထားပြီးဖြစ်ကြောင်း၊ ပညာရှင်အားလုံးအား ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတွေနှင့်လည်း အမြန်ဆုံး ငြိမ်းချမ်းရေး ရရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက်သွားဖြစ်ကြောင်း ဦးမိုးသီးဇွန်က ဆက်လက်ပြောကြားခဲ့သည်။

အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ်ခံထားရသူများကို စာရင်းမှပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟို ဥက္ကဌဟောင်းများဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ဦးမိုးသီးဇွန်နှင့် ဦးထွန်းအောင်ကျော်တို့ ၉ဦးအဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင် ဘာလ၁ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာ ခဲ့ကြသည်။
 
သတင်း... The Voice Weekly

"ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို ဒီချုပ် ၊တပ်မတော်သား၊တိုင်းရင်းသားပါတီများကန့်ကွက်"

ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ဦးအောင်သိန်းလင်း၏အ ဆိုကို ဒီချုပ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက် ခဲ့သောကြောင့် ဆက်လက် ဆွေးနွေးသင့် မသင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့် မဲခွဲခဲ့သည်။ ယင်းသို့ မဲခွဲရာတွင် ဒီချုပ် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီအချို့ နှင့် တပ်မတော် သား ကိုယ်စားလှယ်များအားလုံးက မပ်တပ်မရပ်ပဲ ကန့်ကွက် ဆန္ဒမဲ ပြုခဲ့ကြသည်။ 

 ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမတွင် လက်ရှိ အစည်း အဝေးတတ်ရောက်သူ ကိုယ် စားလှယ် ဦးရေ ၃၅၂ ဦးရှိ ပြီး ဦးအောင်သိန်းလင်း၏ အဆိုကို ထောက်ခံသူ ၁၇၇ ဦးရှိခဲ့ပြီး ထောက်ခံဆန္ဒမဲ အရေ အတွက်မှာ ကိုယ်စားလှယ်ဦးရေ၏ ၃ ပုံ တစ်ပုံ ထက် ကျော်လွန်သောကြောင့် ကန့်ကွက် ခဲ့သော်လည်း လက်ခံဆွေးနွေးရန် ဥက္ကဌ က ဆုံးဖြတ်ပေးလိုက်သည်။ " ဆွေးနွေးတဲ့ အခါ မှ ဥပဒေ နည်းဥပဒေ နဲ့ ညီမညီ ထပ်ပြီးသိရမှာပါ။အဲဒီ အခါမှ ထပ် ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်" ဟု ဥက္ကဌ က ပြောကြားသည်။ 

အဆိုမှာ " တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာန ဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ကုမ္မဏီ အမည်ဖောက်၍ ခွဲဝေချထားပြီးတောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများကုမ္မဏီများမှ သီးစားခ ရယူခြင်းများရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ်လုပ်ကိုင်နေသူများကိုသာဦးပိုင် အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း" အဆိုဖြစ်သည်။

 ပုံစာ - ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို မတ်တပ်ရပ်နေ သူများမှာ ထောက်ခံ ဆန္ဒပြုကြသူများဖြစ်ပါသည်။ 

 
သတင်း...Popular Myanmar News Journal

02 September 2012

ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ကျင်းပမည်

လာမည့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း ဒုတိယအကြိမ်ကျင်းပပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်း အနားကို နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အစိုးရသစ်တက်ပြီးနောက်ပိုင်း ဒုတိယအကြိမ် ကျင်းပတာပါ။ ပြီးခဲ့တဲ့ ၂၀၁၁ စက်တင်ဘာလ ၁၅ရက်နေ့တုန်းကလည်း ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ အဲ့ဒီတုန်းက လွှတ်တော်ကိုယ်စားလှယ်တွေရှိတဲ့ နိုင်ငံရေးပါတီတွေကိုပဲ ဖိတ်ကြားခဲ့ပါတယ်”ပာု အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် နေပြည်တော်၌ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသို့ တက်ရောက်နိုင်ရန် ပြည်တွင်းရှိ နိုင်ငံရေးပါတီအား လုံးကို ဖိတ်ကြားခဲ့ပြီး တစ်ပါတီလျှင် နှစ်ယောက်နှုန်းဖြင့် တက်ရောက်ရန် ဖိတ်ကြားခြင်းခံထားရကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
“တရားဝင်ဖိတ်စာမရောက်သေးပေမယ့် နေပြည်တော်ကဖုန်းဆက်ပါတယ်။ ဒီမိုကရေစီနေ့အခမ်းအနားကို တက်ရောက်ဖို့အတွက်ပါ။ ကျွန်တော်တို့ပါတီကတော့ နှစ်ယောက်အပြည့်တက်မယ်။ ခုချိန်ထိတော့ နိုင်ငံရေးပါတီတွေအားလုံးကို ဖိတ်မယ်လို့ ပြောထားပေမယ့် ပါတီအချို့ကို တော့ မဖိတ်သေးဘူး”ပာု ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခင် ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် လွှတ်တော်ပါတီများက ဒီမိုကရေစီနေ့ဆိုင်ရာစာတမ်းများ ဖတ်ကြားခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂမှ အဖွဲ့ဝင်နိုင်ငံများတွင် ဒီမိုကရေစီအရေး ထွန်းကားနိုင်ရန် စက်တင်ဘာ ၁၅ ရက်နေ့ကို ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂမှ၂၀၀၇ခုနှစ်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သတင်း.....  yangonchronicle

ယနေ့ညနေ ၈၈ မျိုးဆက် စေတနာဝသန် ဂီတရန်ပုံငွေပွဲ ရန်ပုံငွေ ဖျော်ဖြေပွဲ

  ဂီတပွဲ အခမ်းအနားသို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေအဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဦးတင်ဦးနှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း နှင့် ဦးအောင်မင်း

ကဗျာဆရာ ၅၀ ရဲ့ ကဗျာရှည်ကြီးကို ကျောင်းသား ၅၀ က ရွတ်ဆို


ကြွရောက်အားပေးကြသော ပရိတ်သတ်

Photo: ကြွရောက်အားပေးကြသော ပရိတ်သတ်

 ယနေ့ညနေ ၈၈ မျိုးဆက်ကျောင်းသားများအတွက် ရန်ပုံငွေ ဖျော်ဖြေပွဲတွင် ယခုအချိန် ( ည ၇း၃၀ နာရီ ) အထိ အလှူငွေ သိန်း ၇၀၀ ကျော် ရရှိနေပြီဖြစ်ပြီး ရရှိထားသည်။ ဒီနေ့ည ဂစ်တာလေလံဆွဲပွဲက ရရှိခဲ့တဲ့ ငွေကြေးထဲက သိန်း ၂၀၀ ကို ကချင် စစ်ဘေးဒုက္ခသည်များ၊ ကချင်ဒေသ ကလေးများအတွက် နှင့် နောက် သိန်း ၁၀၀ ကို ရခိုင်ဒုက္ခသည်များအတွက် ၈၈မျိုးဆက်ကျောင်းသားများက (ထပ်မံ) လှူဒါန်းလိုက်ပါတယ်။ (ယနေ့ညတွင် ၈၈မျိုးဆက်ကျောင်းသ
ားများက ကချင် စစ်ဘေးဒုက္ခသည်များအတွက် သိန်း၃၀၀ နှင့်ရခိုင်ဒုက္ခသည်များအတွက် သိန်း ၂၀၀ လှူဒါန်းလိုက်ပြီ ဖြစ်ပါတယ်။ ရေဘေး ဒုက္ခသည်များအတွက် သိန်း ၁၀၀ အပါအ၀င် စုစုပေါင်း သိန်း ၆၀၀ ကို ချက်ချင်းလှူဒါန်းခဲ့ပါသည်။)
ဓာတ်ပုံ..၊သတင်း...Ko  Ant Bwe Kyaw

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပုသိမ် ရေဘေး သင့် ပြည်သူများအား သွားရောက်တွေ့ဆုံ သတင်း ဓာတ်ပုံ










 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁ ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရေကြည်ဦး ရပ်ကွက် နဲ့  အမှတ် ၁၄ ရပ်ကွက်ရှိ ရေဘေး သင့် ဒေသခံတွေကို သွားရောက်တွေ့ဆုံ ကာ ရပ်ကွက် တခုအတွက် အလှူငွေ ၁၀ သိန်းစီ စုစုပေါင်း သိန်း၂၀ ပေး အပ်ခဲ့ပါတယ်။

ဓာတ်ပုံ..DVB