31 December 2009

၂၀၁၀ နှစ်သစ် ကို ပျော်ရွှင် ချမ်းမြေ့ မှုတွေ နဲ့ တို့မြန်မာ တွေ လျှောက်လှမ်း နိုင်ပါစေရှင်.။

"မြန်မာပြည်သူပြည်သားအပေါင်းတို့လွတ်လပ်မှုရရှိကြမည့်

၂၀၁၀ ခုနှစ်သစ်ဆီသို့ "




[၂၀၁၀ နှစ်သစ် ကို ပျော်ရွှင် ချမ်းမြေ့ မှုတွေ နဲ့ တို့မြန်မာ


တွေပျော်ရွှင်ဘွယ်ရာနစ်သစ်ကိုလျှောက်လှမ်း


နိုင်ကြပါစေရှင်။]

၂၀၀၉ နှစ်ရဲ့ နောက်ဆုံးနေ့လေးကို အံ့သြ စရာ ပန်းချီကားလေးတွေနဲ့ နုတ်ဆက် လိုက်ပါတယ်ရှင်.။

တကယ်ကို ထူးခြားဆန်းပြားတဲ့ ပန်းချီပါပဲ ...

ကြည့် ကြည့်အုံးနော်


















၂၀၀၉ နှစ်ဟောင်း ရဲ့ နောက်ဆုံးနေ့လေးကိုတော့ ဤပန်းချီ ပြပွဲလေးနဲ့ နုတ်ဆက် လိုက်ပါတယ်ရှင်.။
-----------------------------------------------------------------------------------------------။
အဓမ္မဝါဒီများအတွက် ၂၀၁၀နှစ်သစ်ဆုတောင်း...။


Photobucket
အဓမ္မဝါဒီများအတွက် ၂၀၁၀နှစ်သစ်ဆုတောင်းကို ပေးပို့ ပေးသော ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်.။

လမ်းများနဲ့ တို့တစ်တွေ

လမ်းများနဲ့ တို့တစ်တွေ

ငါတို့ဖြတ်သန်းနေတဲ့ဘဝတွေ
အတုလား...
အစစ်လား...
ငါတို့ကိုယ်တိုင်လည်း
အတုလား...
အစစ်လား...
ဘဝမှာ
ရှိခြင်းတရားတွေနဲ့
ခဏခဏပျက်ကွက်တတ်တဲ့စက္ကန့်တွေထဲမှာ
ငါတို့တစ်တွေရဲ့
အတုအစစ်တွေကြားက
ရိုးသားမှုဆိုတာ
ခါးဝတ်ပုဆိုးလောက် မလွယ်ဘူးဆိုတာ...
တို့ရဲ့... ဘဝထဲမှာ
ကြည့်လေ မြင်လေ...။


ကဗျာ(သာဇော်)

30 December 2009

သစ္စာဖောက်


သစ္စာဖောက်

ကွေးနေလား..
ကောက်နေလား...
ဖြောင့်နေလား...။

သုံးရာသီ ရေစိမ်ခံရဲ့လား...
အနစ်နာခံရဲ့လား...
ဝန်ချတောင်းပန်နိုင်ပါ့မလား...။

ဦးဆောင်ချင်တာလား
နောက်ကလိုက်ချင်တာလား...
ဘေးတိုက်သွားနေတာလား...။

သစ္စာရှိရဲ့လား...
သစ္စာဖောက်မှာလား...
နှစ်ဖက်ချွန်တော့မှာလား...။

နောက်ကြောဓားနဲ့ထိုးတာလား...
ရှေ့ကနေမျက်စိထဲ သဲနဲ့ပက်မှာလား..။
သွားပုတ်လေလွှင့် ပလဲပနံသင့်နေမှာလား...။

အာဏာရှုးတို့ရဲ့ မစင်နံ့မှာ...
မြူးတူးပျော်ပါး...
အရှက်မရှိသူများအတွက်...
မေးခွန်းများက အဆိပ်ရည်များသဖွယ်...
ပြေးစရာမြေမရှိသလို...
ပြည်သူရဲ့ တံတွေးခွက်မှာ...
မင်းတို့ရဲ့ သမိုင်း...
ရိုင်းစိုင်းအကျည်းတန်လာလိမ့်မယ်...။

(၂၀၁၀ရွေးကောက်ပွဲဝင်မည့်သူများ
အတွက်)

ရဲရင့်သက်ဇွဲ


ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။



ရန်ကုန်က မြန်မာ့အရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီမှာ ပါဝင်နေသော သူများသမိုင်းအကျဉ်း။

ဖြိုးမင်းသိန်း ဆိုတဲ့ သူ့ရဲ့ သမိုင်းအကျဉ်း

၁၉၈၈-သံလျှင်လူ့ဘောင်သစ်ပါတီတွင်ပါဝင်လှုပ်ရှားခဲ့သည်.။နောက်ဗကသကျောင်းသားအဖွဲ့
တွင်လည်းပါဝင်ခဲ့သည်။၁၉၉၀အောက်ဗတွင်လုပ်ခဲ့ပါသည်.။၁၉၉၁ဒေါ်ချိုချိုကျော်ငြိမ်း၊
ရွှေထီးတို့နဲ့
အမှုတွဲဖြစ်ပြီး(ရ)နှစ်ကျခဲ့ပါသည်.။၊၁၉၉၅ထောင်တွင်းနောက်မှုတစ်ခုတိုးပြီး၊
ဦးဝင်းတင်တို့နဲ့နောက်
အမှုတွဲဖြစ်ခဲ့သည်.၊တောင်ငူထောင်မှပြန်ခေါ်ပြီး
၂၀၀၀တောင်ငူထောင်နောက်မှု-(ရ)နှစ်ထပ်ကျခဲ့
ပြန်သည်.။နောက်မြောင်းမြထောင်သို့ပြောင်းရွှေ့ခဲ့ပြီး။
မြောင်းမြထောင်ကနေပြီး(၂၀၀၅ဇူလိုင်၆)
လွတ်ထောင်မှပြန်လည်လွတ်မြောက်ခဲ့ပြီး။
နိုင်ငံရေးကိုလုံးဝပါဝင်ပါတ်သက်မှုများမရှိတော့ဘဲဘယ်
နေရာမှမပါဝင်တော့ပါ။
စီးပွားရေးကိုဘဲလုပ်နေပြီး။ယခုတွင်၈၈ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ်
်
ညီမနှင့်အိမ်ထောင်ကျနေခဲ့ပါသည်.။

သိန်းဌေး ဆိုတဲ့ သူ့ရဲ့ သမိုင်းကြောင်း အကျဉ်း..။

၁၉၈၈ဗကသတွင်ပါဝင်ပါတ်သက်ခဲ့ပြီး။စစ်အာဏာသိမ်းသော်အခါတောခိုခဲ့ပါသည်.။၁၉၈၈နိုဝင်ဘာ
၁ရက်မှာလှအောင်နှင့်အတူပြည်တွင်းသို့ပြန်ဝင်ခဲ့သည်.။၁၉၈၉တပ်ဦး
တောတွင်းပြန်များနှင့်ပေါင်း
တိုက်ပွဲကော်မတီဖွဲ့စဉ်ကပါခဲ့နောက်ပိုင်းဘာမှမလုပ်တော့
ဘဲနေခဲ့ပြီး။စီးပွားရေးသမားတဦးအဖြစ်
အနော်ရထာ(ဖရေဇာ)လမ်းမပေါ်မှာ လျှပ်စစ်
ပစ္စည်းဆိုင်ဖွင့်လှစ်ခဲ့သည်။၂၀၀၉-ကိုကိုလတ်(ဘီဘီစီ)
နှင့်တွဲ၍ စီးပွားရေးပိတ်ဆို့မှုဆန့်
ကျင်ရေး ကင်ပိန်းတခု လုပ်ခဲ့သည်.။

မင်းလွင် ဆိုသူ့ရဲ့ သမိုင်းအကျဉ်း..။

၁၉၈၈တောခိုပြီးမယ်တော်ကျောင်း၁၃၅ယောက်အုပ်စုနှင့်၁၉၈၈ခုနှစ်တွင်ပြန်လည်ပြီးပြည်တွင်း
သို့်ဝင်ရောက်ခဲ့ပါသည်.။၁၉၈၉တိုက်ပွဲကော်မတီပါဝင်ခဲ့ဘူးပြီး။
နောက်ပိုင်းတွင်ဘာမှမလုပ်တော့ပါ။
စီးပွားရေးကိုရခိုင်ဘက်တွင် ရေလုပ်ငန်းကုမ္မဏီတခုကိုလုပ်နေခဲ့ပါသည်။


သောင်းဝင်း ဆိုသူ့ရဲ့ သမိုင်းအကျဉ်း.

၁၉၉၆ထောင်ကျခဲ့ပြီး။၂၀၀၂တွင်မြောင်းမြထောင်မှလွတ်မြောက်ခဲ့သည်.။ထောင်မှပြန်လည်
လွတ်မြောက်လာပြီးမြောက်ဒဂုံတွင်နေထိုင်ပြီး။နိုင်ငံရေးမှုဖြင့်ထောင်မှပြန်လည်လွတ်မြောက်လာ

သောထောင်ထွက်များကြား နံမည်ပျက်ရှိခဲ့သူတဦးဖြစ်သည်.။
ထောက်လှမ်းရေးသတင်းပေးလို့ သူ့အားပြောကြသည်။


သိန်းတင်အောင် ဆိုသူ့ရဲ့ သမိုင်းအကျဉ်း.။


၁၉၈၈ မှာပါဘူးသည်ဟုပြောခဲ့ဘူးသည်။ အေးလွင်တို့နှင့်တွဲ anti section လုပ်ခဲ့သည်။ဝေစုများ
မတည့်၍အေးလွင်အဖွဲ့မှထွက်လာခဲ့ပြီး။၂၀၀၉ကိုကိုလတ်(ဘီဘီစီ)နှင့်တွဲ၍စီးပွားရေး
ပိတ်ဆို့မှုဆန့်
ကျင်ရေးကင်ပိန်းတခု လုပ်ခဲ့သည်။ယခု ဦးသုဝေ ပါတီ တွင် ပါနေခဲ့သည်.။


သမိုင်းမကောင်းခဲ့သော သူများက ရန်ကုန်က မြန်မာ့အရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီ ကို ဖွဲ့ထားတယ်ဆိုတာကတော့ ပြည်သူများကို ဒီလို ၈၈ အမည်ခံပြီး မရိုးသားသော နိုင်ငံရေး လှည့်ကစားနေတဲ့ လှည့်ဖြားနေတဲ့ လုပ်ရပ်တွေကို သတိထားကြဖို့  တိုက်တွန်းလိုက်ရပါတယ်။

သူတို့၏ သမိုင်းအချက်အလက် များကို ကျမမြတ်လေးငုံအား ပြန်လည်မျှဝေ ပေးသော (၈၈နိုင်ငံရေးအကျဉ်းသား များအား)ကျေးဇူးတင်ပါသည်.။

Voice Of Burma စာစောင်...

VOB

နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲနီးလေ နအဖက လှည့်ဖြားကစားလေ၊ နအဖအတွက် လုပ်သူတွေကလည်း ခြေလှမ်းသွက်လေ၊ ပြည်သူတွေ မျက်စိရှင်ရှင် နားစွင့်စွင့်နဲ့  နေကြပါဗျို့ .။

သိန်းတင်အောင်နဲ့ ဖြိုးမင်းသိန်း တို့က ဒီနေ့  ဒီဇင်ဘာ ၃၀ ရက်နေ့ မှာ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်လိမ့်မယ်။ နေ့လည် (၁) နာရီကနေ (၃) နာရီအတွင်း။ နေရာက အမှတ် ၁၂၃၊ ဘီ (၃)၊ ဦးချစ်မောင်လမ်း၊ ဗဟန်းမြို့နယ်ပါ။ မြန်မာ့အရေးဆွေးနွေးပွဲကော်မတီ ဆိုပြီး နာမည်ခံထားတယ်။

သူတို့ ရဲ့ ကျောထောက်နောက်ခံက ၀န်ကြီး အောင်သောင်းရဲ့ PA ဗိုလ်ကြီး ကိုကိုနိုင်ပါ။ သူတို့ထဲမှာ ကျောင်းသားအမည်ခံပြီး ၈၈ တုန်းက ဗိုလ်ခင်ညွန့်တို့နဲ့ ပူးပေါင်းသွားတဲ့ ဖောက်ပြန်ရေးသမား ဘီဘီစီ ကိုကိုလတ်ရဲ့ အပေါင်းအပါတွေပါတယ်။ ကြားထဲက ပွဲစားလုပ်နေသူက အေးလွင်ရဲ့ အလိုတော်ရိ တင်မောင်အေးပါ။

အစီအစဉ်တွေအားလုံးကို မြို့နယ် မ-ယ-က နဲ့ရော၊ SB သတင်းတပ်ဖွဲ့ရော၊ တာမွေ ကြံ့ဖွတ်နဲ့ရော ညှိနှိုင်းပြီး ဆောင်ရွက်ပါတယ်။ ပြည်ပက မြန်မာသတင်းဌာန အပါအ၀င် နိုင်ငံခြားသတင်းဌာနများကို ၈၈ ကျောင်းသားခေါင်းဆောင်တွေက လုပ်သယောင်ယောင် သတင်းလွှင့်ပြီး ဖိတ်ထားပါတယ်။

သူတို့အားလုံးဟာ အေးလွင်နဲ့ မတည့်သယောင်ယောင် ဟန်ပြပြီး အေးလွင် မြောင်းထဲရောက်နေရာကနေ ပြန်ဆယ်တင်ဖို့ စနစ်တကျ ဗျူဟာဆွဲပြီး လှုပ်ရှားနေကြပါတယ်။ အေးလွင်ဟာ စစ်အစိုးရရဲ့ ဗျူဟာမြောက် ၈၈ရဲ့ ဂုဏ်သိက္ခာကို ဖြိုခွဲပေးသူဖြစ်ပါတယ်။

အောက်ပါအချက်တွေကို မှတ်သားပြီး သင့်လျော်သလို propaganda အလုပ်များမှာ သတိထားသင့်ပါတယ်။

(၁) သိန်းတင်အောင်ဟာ အေးလွင်နဲ့အတူတူ ၀န်ကြီးအောင်သောင်းရဲ့ favour ကိုရဖို့ ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်း မဟုတ်တရုတ်တွေ စာထုတ်ပြီး ဖော်ပြခဲ့တယ်။ သူ့ကိုယ်သူ 141 ခေါင်းဆောင်လိုလို ၈၈ ကို အရောင်အသွေးမှိန်အောင် လုပ်ခဲ့ပါတယ်။

(၂) ဘီဘီစီ ကိုကိုလတ်ဟာ ခင်ညွန့်တို့ ထောက်လှမ်းရေး မရှိတော့တဲ့နောက်ပိုင်း စ-အ-ဖ နဲ့ SB တို့နဲ့ အလုပ်လုပ်နိုင်ဖို့ ပြန်ကြိုးစားလာပါတယ်။ သူက အခု သိန်းတင်အောင်တို့နဲ့ ပူးပေါင်းထားပါတယ်။ ( ဒါပေမယ့် အပြမှာတော့ မတူသယောင် လုပ်ထားတယ်။)

(၃) ဖြိုးမင်းသိန်းရဲ့ ကျောထောက်နောက်ခံက ဒေါ်ချိုချိုကျော်ငြိမ်းပါ။ သူက ကိုဌေးကြွယ်နှမကို ရအောင်ချိုင်ပြီး NLD နဲ့လည်း မရအရ ပူးကပ်နေပါတယ်။ သူ့ဆောင်ရွက်ချက်တွေကို သန်လျင် SB က ထောက်ပံ့ပါတယ်။

(၄) တင်မောင်အေးက အမည်မထင်မရှားနေပြီး internet ဆက်သွယ်မှုတွေ ဆောင်ရွက်ပေးပါတယ်။ အေးလွင်နဲ့တုန်းကလည်း ဒီလို အလုပ်လုပ်ပေးလို့ GSM ဖုန်းတစ်လုံး အမြတ်ထွက်ခဲ့ပါတယ်။ နောက်ပိုင်း ဝေစု မတည့်တော့လို့ သိန်းတင်အောင်လိုပဲ အေးလွင်က ဖယ်ထုတ်ထားတာပါ။

(၅) နေမျိုးဝေက ဘလော့ဂ်တစ်ခု ပြုလုပ်ပြီး SB ရဲ့ ၀ါဒဖြန့်ချိရေးယန္တရားမှာ အလုပ်လုပ်နေသူပါ။ သူက ရှမ်းပြည် ခွဲထွက်ရေး စိတ်ကူးယဉ် ဦးရွှေအုန်းကို ချဉ်းကပ်ပြီး အလုပ်လုပ်ဖို့  ကြိုးစားနေပါတယ်။ သူက အဲဒီသိန်းတင်အောင်တို့ရဲ့ ဒိုင်ခံ ၀ါဒဖြန့်ချိရေးဆောင်ရွက်သူပါပဲ။

(၆) နေမျိုးဝေ၊ တင်မောင်အေးတို့ဟာ UDP အတွင်းရေးမှူး ကျော်မိုးနဲ့ ဆက်သွယ်ပြီး ပြည်တွင်း မှာ ပါတီဖွဲ့စည်းခွင့်ရရင် တစ်နည်းတစ်ဖုံ UDP အဖြစ် ရပ်တည်ဖို့ ဆောင်ရွက်နေပါတယ်။


ပြန်လည် မျှဝေ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

29 December 2009

ရန်ကုန်မြို့ ၊တာမွေမြို့နယ်တွင် အသက်၂နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦး ၆ထပ်တိုက်ပေါ်မှ ပြုတ်ကျ သေဆုံးခြင်း..။

ရန်ကုန်မြို့၊တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ဇာတိဂုဏ်လမ်းရှိ ၆ထပ်တိုက်သစ်တစ်ခုမှ

ကလေးငယ်တစ်ဦးသည် ၂၇ရက်နေ့ နံနက် ၇နာရီ၅၀မိနစ်ခန့်အချိန်တွင် ၆ထပ်မှပြုတ်ကျ

သေဆုံးခဲပါတယ်။ကလေးပြုတ်ကျချိန်တွင် အိမ်တွင် ကလေးတစ်ဦးတည်းသာကျန်နေခဲ့ပြီး၊

မိခင်ဖြစ်သူမှာ အရင်နေ့များက ဈေးသွားတိုင်းအမြဲခေါ်သွားလေ့ရှိသော်လည်း ထိုနေ့တွင်မှ

ကလေးအိပ်ပါစေတော့ဟုခေါ်မသွားဖြစ်ခဲ့ပါ။ ကလေးကို တာမွေမြို့နယ်ရှိ အထူးကုဆေးခန်း

ကြီးတစ်ခုသို့ အရင်ဆုံးခေါ်သွားပြရာ ကလေးဆေးရုံကြီးသို့သွားရန် စေခိုင်းသဖြင့် ကလေး

ဆေးရုံသို့ အသွား လမ်းတွင်ပင်ကလေးအသက်ပျောက်သွားခဲ့ပါတယ်။



အလွန်ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ နောင်ဒီလို အဖြစ်မျိုးမဖြစ်ရအောင်

မိဘများအနေနဲ့ ငယ်ရွယ်တဲ့ သားသမီးများကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ခြင်းများ

မပြုလုပ်သင့်ပါကြောင်းနဲ့ အနာဂတ်ရဲ့  ကလေးငယ်များကို ပိုမို ဂရုစိုက်ပေးကြပါလို့

ပန်ကြားရင်း ဤသတင်း လေးအားတင်ပြလိုက်ပါတယ်.။



သတင်း ပေးပို့ ပေးသော မောင်လေးရဲကို အားကျေးဇူးတင်ပါသည်.။

အသျှင်ဥတ္တမ(နှစ်၁၃ဝ ပြည့်) အထိမ်းအမှတ်



ရခိုင့်အာဇာနည် အာရှနီဝန်း မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်
အသျှင်ဥတ္တမ(နှစ်၁၃ဝ ပြည့်) အထိမ်းအမှတ် (၂၈ ဒီဇင်ဘာ ၂ဝဝ၉)

ဆရာတော် ဦးဥတ္တမသည် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ (၂၈)ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည် စစ်တွေမြို့ ရှိ ရူပရပ်တွင် ဖခင် ဦးစံ မြ နှင့် မိခင် ဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ်သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေး ထူးချွန်ခဲ့သည်။ ဆရာတော်သည် အသက် ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ ၀တ်ပေးရာမှ ရှင်ဥတ္တမ ဘွဲ့အမည်တွင်ခဲ့သည်။ အသက် ၁၉နှစ်တွင် ရဟန်းပြုပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ်နှင့်ပင် သွားရောက်ခဲ့ရင်း နိုင်ငံရေးစိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခဲ့ခြင်းဖြစ်သည်။


ဆရာတော် ဦးဥတ္တမသည် ဘာသာ စကားပေါင်း(၉)မျိုးကို ကောင်းစွာတတ်မြောက်ပြီး အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီး ယား၊ ကိုးရီယား၊ အီဂျစ်နိုင်ငံများနှင့် ဥရောပတိုက်ရှိ ပြင်သစ်နိုင်ငံများ အပါအဝင် အာရှတိုက်မှ နိုင်ငံအများ အပြား တို့ကို ခရီးလှည့်လည်ခဲ့သည်။ထို့နောက် ဆရာတော်သည် ၁၉၂၀ ခုနှစ် တွင် ဗမာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန့်ကျင်ရေး တရားများကို ဟောပြောခဲ့သည်။ ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်၁၂ လ အပြစ်ပေးခံရသည်။ ဆရာတော်သည် ၁၉၂၄တွင်လည်း“အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော် ဟောပြောခဲ့သည့် အတွက်ကြောင့် ဒုတိယအကြိမ် ထောင် ၃နှစ် ကျခဲ့ပြီး ၁၉၂၈တွင် တတိယအကြိမ် အဖမ်းခံခဲ့ရသည်။ ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှထွက်သွား ပါ” ဟူသော စာကို ရေးသား ပေးပို့ခဲ့သည်။ ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မှုခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါ ဖြစ်သည်။ ဆရာတော်ပျံလွန်ချိန်အထိ နယ်ချဲ့အစိုးရကို ဆန့်ကျင်ခဲ့သည်။



ဆရာတော်ကို မြန်မာတပြည်လုံးက လေးစားခြဲ့ကသည်။ဆရာတော်ဦးဥတ္တမ အခမ်းအနားများ အမြဲ ပြုလုပ်ခဲ့ကြသည်။ စစ်အာဏာရှင်များလက်ထက်တွင် ဆရာတော် ဦးဥတ္တမ၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်ကို အတုယူမှုများ ဖြစ်လာမည်ကို စစ်အာဏာပိုင်များမှ စိုးရိမ်လာသည့်အတွက် ဆရာတော်အား မေ့ပျောက်စေရန် သမိုင်းစာအုပ်များတွင် ရေးသားခွင့်များ ပိတ်ပင်ပြီး ကျောင်းသုံးစာအုပ်မှလည်း ဆရာတော်သမိုင်းကို ဖျောက်ဖျက်ခဲ့သည်။ ရွှေတိဂုံဘုရားအနှီးရှိ ဦးဥတ္တမပန်းခြံ ကို ကန်တော်မင်ပန်းခြံ အဖြစ် ပြောင်းလဲ ခေါ်ဆိုစေခြင်း၊ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံနှင့် ဦးဥတ္တမရုပ်တုကိုလည်း မွမ်းမံမှု မရှိခြင်းနှင့် ဆရာတော်ရုပ်တုကို ပူဇော် အရိုအသေပေးမှုများ၊ အခမ်းအနားလုပ်ခြင်းများကို တားမြစ်အရေးယူခြင်းများ ရှိသည်။ စစ်အစိုးရသည် ဆရာတော် ဗမာပြည် လွတ်မြောက်ရေးအတွက် ပထမမျက်စိဖွင့်ပေးခဲ့သည်ဆိုသော သမိုင်းအစဉ်အလာကို ဖျောက်ချင်ဇောဖြင့် စစ်အစိုးရလက်ထက်တွင် “ဂရက်တောက် မင်းထွက်သွား” စကားကို စစ်သမိုင်းပြတိုက်တွင် ပြသထားရာတွင် ဆရာတော်နေရာတွင် ဆရာတော်တပည့် ဦးဝီစာရရုပ်ထုဖြင့် သမိုင်းတွင် ယခုအထိ စစ်သမိုင်း ပြတိုက်တွင် ပြသထားသည်။။



“ရဲလျှင်ကြံ။ ကြောက်လျှင်ပြန်
သူရသတ္တိနည်းလျှင် ပျက်စီးရမည်
ကိုယ်ဖို့ကြုံလျှင် သက်လုံကောင်းကြပါစေ
သွေးမထွက်သောစစ်ပွဲကြီးကို ဆင်နွှဲကြ။
ကိုယ့်ရည်မှန်းချက် အောင်မြင်ချင်ရင် နောက်မတွန့်ကြနဲ့။
( ဆရာတော်ဦးဥတ္တမ)

ဆရာတော် ဦးဥတ္တမသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထင်ရှားကျော်စောသူ ပုဂ္ဂိုလ်ကြီးတဦး ဖြစ်ပါသည်။ ထင်ရှား ကျော်စောရခြင်း၏ အရင်းအမြစ်သည် ဆရာတော်အနေဖြင့် နိုင်ငံအကျိုး ဆောင်ရွက်ရာတွင် ရခိုင်သားတို့၏ ဗီဇစရိုက် အကျင့်ဖြစ်သည့် ရိုးသားမှု၊ ပွင့်လင်းမှု၊ ရင်ထဲတွင် ရှိသမျှကို မကွယ်မဝှက် ဘွင်းဘွင်းပြောဆိုတတ်မှု အပေါ် အခြေခံသည်ဟု ကောက်ချက်ချလိုသည်။



ဆရာတော်သည် နိုင်ငံရေးသမားတဦး မဟုတ်ပါ၊ နိုင်ငံရေးအကျိုးဆောင် တဦးသာဖြစ်ပါသည်။ ဆရာတော်တွင် နိုင်ငံရေးသမားတဦးကဲ့သို့ လက်ဝဲ၊ လက်ျာနှင့် လစ်ဘရယ်စသော နိုင်ငံရေးဝါဒများ မရှိခဲ့ပါ၊ နိုင်ငံရေး အကျိုးဆောင်ခြင်းသည် နိုင်ငံသူနိုင်ငံသားများ ကောင်းစားရေးအတွက် ပရဟိတအလုပ် သက်သက်သာ ဖြစ်ကြောင်းကို ဆရာတော်သည် မီးမောင်းထိုးပြ နိုင်ခဲ့ပါသည်။ နိုင်ငံရေး အကျိုးဆောင်သူများတွင် အတ္တဟိတ ဆိုသော ကိုယ်ကျိုးစီးပွားကို လုံးဝအဓိကမထားကြပါ။ ကိုယ်ကျိုးစွန့်သူများသာ ဖြစ်ကြပါသည်၊ နိုင်ငံသူ နိုင်ငံသားအား တပါးကျွန်ဘဝက လွှတ်မြောက်ရေးနှင့် လူသားရင်းမြစ် တိုးတက် ဖွံ့ဖြိုးရေးသည်သာ အဓိက အခြေခံ ခံယူကြပြီး မိမိအသက် ခန္ဓာ ဥစ္စာကိုပင် စတေးထားသူများပင် ဖြစ်ကြပါသည်။ ဆရာတော် ဦးဥတ္တမအပါအဝင် ဝံသာနုခေတ်က ပုဂ္ဂိုလ်များ။



၁၉၁၈ခုနှစ်တွင် ဆရာတော်ဦးဥတ္တမသည် ဥရောပတိုက်၊ အမေရိကန်၊ ဂျပန်ပြည် စသည်တို့မှ ပြန်ကြွ၍ လာသောအခါ မြန်မာပြည်တွင် ဝိုင်-အမ်-ဘီ-အေ အသင်းက နိုင်ငံရေးလုပ်ငန်းများကို စတင် လုပ်ကိုင်နေကြပြီ ဖြစ်ကြသဖြင့် ဦးဥတ္တမလည်း ဝင်ရောက်ကူညီကာ စိတ်အားထက်သန်စွာ လုပ်ဆောင်လေသည်။ ဤကဲ့သို့ စတင်လုပ်ဆောင်လျှင် လုပ်ဆောင်ခြင်းပင် အစိုးရ စုံထောက်များမှာ ဆရာတော်နောက်သို့ တကောက်ကောက် လိုက်နေခြင်းကြောင့် ဦးဥတ္တမအား သံဃာတော်များက မပေါင်းသင်းဝံ့ကြချေ။ ထို့ပြင် ဆရာတော် ပြောပုံ နေပုံတို့မှာ နိုင်ငံရေးဆရာတော်ပီပီ အနည်းငယ် ကြမ်းတမ်းရကား အရဟတ္တဓဇဂုဏ် နှင့် မညီညွတ်ဟုဆိုကာ ဆရာတော်အား မည်သည့်ကျောင်းကမှ လက်မခံဘဲနေသောကြောင့် အင်းစိန် ဒိစတြိတ် သမိုင်းမြို့ရှိ အိမ်တအိမ်တွင် သတင်းသုံး နေရရှာလေသည်။



ထိုအချိန်အခါတွင် သူရိယသတင်းစာက ဦးဥတ္တမ၏ နိုင်ငံရေးဆောင်ရွက်ပုံများကို အထူးတလည် ထောက်ခံအားပေးသည့်ပြင် ဆရာတော်၏ အပြုအမူမှန်သမျှ မှန်ကန်ကြောင်းကို နေ့စဉ်လိုပင် ရေးသားကြ၏။ ဤနည်းအားဖြင့် တစတစ သတင်းစာဖတ်၍ ခေတ်မှီသောလူများ နိုင်ငံရေးမျက်စိ ပွင့်၍လာသောကြောင့် ဦးဥတ္တမဟောသော တရားပွဲများသို့ သွားရောက်ခါ နိုင်ငံရေးတရားများကို နာစပြုကြလေသည်။ ဆရာတော် ဦးဥတ္တမမှာ များသောအားဖြင့် ဦးလှဖေ၊ ဦးဘဖေတို့နှင့် အတူ သူရိယ သတင်းစာတိုက်တွင် သတင်းသုံး၏။ ဦးဥတ္တမ နိုင်ငံရေး လုပ်ဆောင်ရာတွင် ထိုခေတ်အခါက ခေတ်၏ရှေ့ပြေးဖြစ်သော ဦးဘဖေ၊ ဦးလှဖေ စသော ပုဂ္ဂိုလ်များက အားပေးလေ၏။ ၄င်းတို့၏လုံ့လကြောင့် သူရိယသတင်းစာ၏ အကူအညီဖြင့် တိုင်းသူပြည်သားများ၏ မျက်စိပွင့်လင်း၍ လာလေသည်၊ သို့ဖြစ်သဖြင့် သူရိယသတင်းစာ၏ ထိုစဉ်က ဆောင်ရွက်ချက်များကို တိုင်းသူ ပြည်သူသားများက ကျေးဇူးတင်ထိုက်လေသည်။



ဦးဥတ္တမမှာ နိုင်ငံရေးတရားကို ကြမ်းကြမ်းဟောတတ်သည့်အတိုင်း သံဃာတော်များ ကျောင်းတွင် ကျိန်း၍ မနေကြရန်နှင့်။ တိုင်းပြည်သည် ကျွန်ဘဝရောက်၍နေသောအခါ တိုင်းသူပြည်သားများမှာ ကျွန်များဖြစ်၍ ကျွန်များ ကိုးကွယ်သော ဘာသာသည်လည်း ကျွန်ဘာသာနှင့် ကျွန်သာသာနာပင်ဖြစ်မည်။ ကျွန်ဘဝမှ လွတ်မြောက်မှသာလျှင် သာသနာ ကြီးပွါး ထွန်းကားနိုင်မည် ဖြစ်သောကြောင့် ကျောင်းများတွင် ကျိန်း၍နေခြင်းငှါ မသင့်ကြောင်း သံသာသမဂ္ဂီ ဖွဲ့စည်းကာ လွတ်လပ်ရေး ကြိုးစားသင့်ကြောင်း သံဃာတော်များအားအား သတင်းစာမှ၎င်း။ တရားဟောရာ၌၄င်း။ ဆွဲငင်ပြောဆိုလျှောက်ထားသဖြင့် သံဃာတော်များမှာ သာသနာ ညှိုးငယ်သည်ကို ကိုယ်တိုင်တွေ့ရခြင်း။ တကာတကာမများမှာ တနေ့တခြား အောက်တန်းကျ၍လာခြင်း ဆင်းရဲခြင်း။ သာသနာပြုမင်း ရှိမှသာလျှင် သာသနာစည်ပင် ဖွံ့ဖြိုးတိုးတက်မည်တို့ကို သတိရကာ နိုင်ငံရေးတွင် စိတ်ဝင်စားစ ပြု၍လာတော့သည်။



ဦးဥတ္တမသည် ထိုစဉ်အခါက လူငယ်စုများဖြစ်ကြသော ဦးဘဖေ၊ ဦးသိမ်းမောင်၊ ဦးလှဖေ၊ ဦးမောင်ကြီး စသောသူများ၏ အားပေးချက်အရ ရွှေတိဂုံစေတီတော်ကြီး၎င်း။ ဗိုလ်တထောင်ဘုရား၌၄င်း။ ဗိုလ်တထောင် လွှစင်တန်း၌၄င်း။ တရားဟောပြောရာတွင် အစဦးက (၃ဝ)/(၄ဝ)မျှ လာရောက်၍ နိုင်ငံရေးတရားကို နာကြသော်လည်း တစတစ တရားနာ ပရိသတ်တိုး၍ လာလေသည်။ ဤသို့ဟောပြောရာမှ ရန်ကုန်မြို့တွင် သာမဟုတ်၊ တောနယ်များသို့လည်း ကြွရောက်ဟောပြော၏။ ထို့နောက် ၁၉၂၁ ခုနှစ် ဒေးဒရဲ ဆူးကလပ်ရွာတွင် တရားဟောပြောသည့်အတွက် ပုဒ်မ ၁၂၄ (က) အစိုးရ အကြည်ညိုပျက်မှုနှင့် တရားစွဲခံရ၏။ ထို့ကြောင့် ပုသိမ်နယ် ကျောင်းကုန်းတွင် တရားဟောနေစဉ် ဖမ်းဆီးပြီးလျှင် ဖျာပုံမြို့သို့ ယူဆောင်ပြီး၊ ဖျာပုံမှတဆင့် မအူပင်ရုံးသို့ လွှဲပြောင်းကာ ထောင်ဒဏ်အပြစ်ပေးခြင်း ခံရလေသည်။



ဤသို့ ဦးဥတ္တမအား အပြစ်ပေးလိုက်သောအခါ တပြည်လုံး လူရော သံဃာပါ နိုးကြားလာကြပြီးလျှင် နိုင်ငံရေးစိတ်ဓါတ် အထူးဝင်စားလေတော့သည်။ သံဃာတော်များမှာလည်း အမှုမဲ့အမှတ်မဲ့ နေခြင်းငှါ မသင့်ပြီဟု ယူဆပြီးလျှင် ရန်ကုန် သရက်တော ကျောင်းတိုက်နှင့် ဗဟန်းတိုက်များတွင် သံဃသမဂ္ဂီအသင်းများကို စတင် တည်ထောင်လေသည်။ ထို့နောက် အောက်မြန်မာပြည် တဝှမ်းလုံးတွင် သံဃသမဂ္ဂီ အသင်း (၃၇)သင်းကို တည်ထောင်ပြီးစီး၏။ ဆရာတော် ဦးဥတ္တမ ထောင်ကျ၍ သံဃာတော်များနှင့် လူထုကြီး ပူးပေါင်းကာ လွတ်လပ်ရေးကြိုးပမ်းမှုကြီး အရှိန်အဟုန် မြင့်မားလာခဲ့ပါသည်။

ဆရာတော် ဦးဥတ္တမ နှစ် (၁၃၀) ပြည့် အထိမ်းအမှတ်အဖြစ် ဆရာတော်၏ အတွေးအမြင်များကို ရဟန်းရှင်လူ အပေါင်းနှင့် တပ်မတော် အတွင်းရှိ သားကောင်းစစ်သည်များထံသို့ နိုင်ငံရေး အကျိုးဆောင်စိတ်ဓါတ်များ နိုးကြွစေရန် မျှဝေလိုက်ပါသည်။



အာသျှနီဝန်း ရခိုင့်အာဇာနီ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ နှစ်၁၃၀ ပြည့်နိန့်ု့ ၂၀၀၉ဒီဇင်ဘာလ(၂၈) ရက်နိန့်  ကျရောက်မည် ဖြစ်ပ်ါသောကြောင့် ပြည်တွင်းပြည်ပဟိ ပြည်သူတစ်ရပ်လုံးသို့ အသိပီး တိုက်တွန်း အပ်ပါသည်။




ခင်မင်လေးစားစွာဖြင့်
(အမျိုးသားရေးနိုင်နိုင်)

၈၈ ၀၁၁၉၉၁၃၈၂၉၁

အလင်းအိမ်စာစောင်.....

Luminary Magazine 4 of 2
ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်..။

28 December 2009

မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၂၁) နှစ်ပြည့် ဓာတ်ပုံ ထဲကပြောသော အမှတ်တရများ.။

မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ (၂၁)နှစ်ပြည့် အောက်မေ့ဘွယ် အမှတ်တရ.။

ဒီဇင်ဘာ (၂ရ)ရက် မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်၏ (၂၁)နှစ်ပြည့် အောက်မေ့ဘွယ် အမှတ်တရ.။






(သားဖိုးဥာဏ်ရဲ့မေတ္တာရပ်ခံချက်)။


ဖခင်လွတ်မြောက်ရေးတွက်၊ သားဖိုးဥာဏ်ရဲ့ဆုတောင်းပွဲ..။


(သားဖိုးဥာဏ်ရဲ့မေတ္တာရပ်ခံချက်)။


မိထ္ထိလာထောင်၌ ထောင်ဒဏ်(၁၉)နှစ် ကျခံနေရသော အင်းစိန်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်၊ တွဲဖက်တာဝန်ခံ(၁)၊ ကိုထွန်းထွန်းနိုင်(ခ) ဖိုးဥာဏ် အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဇနီးမအေးအေးသက်နှင့် သားဖြစ်သူ ဖိုးဥာဏ်တို့သည် အမှတ်(၁၇)ဗောဓီညောင်ပင်လမ်း၊ ဖော့ကန်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေအိမ်၌ ယနေ့(၂၇.၁၂.၀၉)နေ့ နံနက်တွင် ပင့်သံဃာတော်ငါးပါးအား အရုဏ်ဆွမ်းဆက်ကပ်၍ နိုင်ငံရေးအကျဉ်းသားအရေတွက်တိုင်း ဝထ္ထုငွေ ၂၂၀၀ိ ကျပ်၊ အပြာ ရောင်မျက်နှာသုတ်ပုဝါတို့ ဆက်ကပ်လှူဒါန်းပြီး ကိုထွန်းထွန်းနိုင်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ ဆုတောင်း
ခဲ့သည်။ ဇနီးနှင့်သားမှ အကျဉ်းသားဝတ်စုံအရောင်ဖြစ်သည့် အပြာရောင်ဝတ်ဆင်၍ ဆုတောင်း
ခြင်းကို ပြုလုပ်ခဲ့သည့် ဟု သိရသည်။

ဆုတောင်းပွဲသို့ ဖိတ်ကြားထားသည့် ရပ်ကွက်ပြည်သူများ၊ အကျဉ်းသားမိသားစုများနှင့် နိုင်ငံရေး
မိတ်ဆွေများ တက်ရောက်ကြသည်။ ဧည့်ပရိတ်သတ်များကို ကြက်သားပလာတာဖြင့် ဧည့်ခံခဲ့သည်
ဟု သိရသည်။
(အကျဉ်းသားဝတ်စုံအပြာရောင်နှင့်တွေ့ရသော ဇနီးမအေးအေးသက်နှင့်သားဖိုးဥာဏ်)။

(အဖေတွက်ရည်စူးပီးငှက်လွှတ်ရန်ပြင်နေသည့်သားဖိုးဥာဏ်)

(အပြာရောင်ဝတ်စုံနှင့်သားဖိုးဥာဏ်)။

(ဖိတ်ကြားထားသည့်ပြည်သူ)။

(နိုင်ငံရေးအကျဉ်းသားမိသားစုများ)။

ပေးပို့ ပေးသော မောင်လေး စိုင်းငယ် အားကျေးဇူးတင်ပါသည်.။

27 December 2009

ရင်ထဲက ပြည်သူ့ မေတ္တာ အမှန်ဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အတွက်သာ.။



ပြည်သူလူထုကလေးစားချစ်ခင်မှုကိုဘာနဲ့ မှ မလုပ်ယူဘဲ ပြည်သူတွေကို မေတ္တာစေတနာ
အပြည့်နဲ့ ထာဝရပြည်သူ့ဘက်ကရပ်တည်မှုတွေကိုယနေ့ထိအပြည့်အဝပေးနေခဲ့တဲ့ပြည်သူတွေ
ချစ်မြတ်နိုးမှုကို ယနေ့ထိတိုင်း ခံယူလျက် ရှိတဲ့ ကျမတို့ ခေါင်းဆောင်အားအမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီအောင်နိုင်ရေးလုပ်စဉ်ကပြည်သူတွေတိုင်းနှင့်ပြည်နယ်မြို့ရွာများတွင်တခဲနက်အားပေး
ရွက်ဆိုခဲ့သောခမောက်သျှင်ကဗျာလေးဖြစ်ပါသည်.။ပြည်သူတွေရွတ်စိုခဲ့သောကဗျာလေးအားပြန်
လည်ဖော်ပြလိုက်ပါတယ်ရှင်.။


ကျမတို့လူထုခေါင်းဆောင်အားမေတ္တာစေတနာအပြည့်အဝပေးခဲ့ကြသောပြည်သူတွေရဲ့မေတ္တာကို ဘယ်သူမှရနိုင်မည်မဟုတ်ပါ.။ယနေ့ထိလက်နက်အားကိုးနှင့်ပြည်သူတွေကိုအုပ်ချူပ်နေသော
စစ်အာဏာရှင်နအဖ
အနေနှင့်လည်းဘယ်တော့မှရနိုင်မည်မဟုတ်သလိုနအဖလက်ပါးစေများသည်
လည်းဘယ်တေ
ာ့မှပြည်သူ့မေတ္တာကိုရနိုင်မည်မထင်ပါ.။မည်သို့ပင်နည်းမျိုးစုံသုံးပြီးပြည်သူများကို
စည်းရုံးနိုင်ပါစေ.။
ရင်ထဲကတကယ်စစ်မှန်တဲ့ပြည်သူ့မေတ္တာဟာပြည်သူလူထုခေါင်းဆောင်ဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်မှတပါးမည်သူမှ ရယူနိုင်မည်.
မဟုတ်ပါ.။

ဤအောင်နိုင်ရေး မှတ်တမ်း သည် မြတ်လေးငုံ ၏မှတ်တမ်း သာဖြစ်ပါသည်.။

မိဘကျေးဇူး အမှန်တကယ် သိတတ်ရိုသေတယ်ဆိုရင် မိဘစကား မိဘဖြစ်စေချင်တာကို လက်တွေ့ လေးစားလိုက်နာရပါတယ် အောင်ဆန်းဦး။


ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျက်နှာကိုမှ မထောက်မြန်မာနိုင်ငံ စစ်မိစ္ဆာတွေနဲ့ ပေါင်းပြီးတော့ ဘဝင်မြင့်အောက်ခြေလွတ်နေတဲ့ အောင်ဆန်းဦးကို မြန်မာပြည်သူတို့က နွားလောက်မှ အသိတရားမရှိတဲ့အတွက် မြန်မာနိုင်ငံထဲကို ပြည်သူအားလုံးက ဝင်ခွင့်ပေးစရာ မလိုဘူး။

ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီး အောင်ဆန်ဦးဆိုတာလည်း ပြည်သူအားလုံးက အသိအမှတ်ပြု
စရာမလိုဘူး။ ဘာဖြစ်လို့ အသိအမှတ်ပြုစရာမလိုတာလည်းဆိုရင်ဘဝင်မြင့်အောက်ခြေလွတ်တာ
လည်းမပြောနဲ့ စစ်မိစ္ဆာခွေးတွေဟာ အောင်ဆန်းဦး မြန်မာနိုင်ငံကိုလာပြီး အကုသိုလ်လာလုပ်တဲ့
အချိန်မှာ အသိတရားမရှိတဲ့ အောင်ဆန်းဦးရဲ့နောက်မှာ စစ်မိစ္ဆာခွေးတွေနဲ့ တစ်နှစ်တစ်ခါ
ပုဇွန်တောင်မြို့နယ်၊ မြသိန်းတန်ကျောင်းတိုက်ကို ဆွမ်းလာကပ်ပါတယ်။







အောင်ဆန်းဦးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင့်မြတ်တဲ့စိတ်ဓါတ်၊ မြင့်မြတ်တဲ့နှလုံးသား၊ မြင့်မြတ်တဲ့ကိုယ်ကျင့်တရားကို မလိုက်တော့ပဲနဲ့ စစ်မိစ္ဆာခွေးတွေရဲ့ အယူဝါဒလမ်းစဉ်ကို
လိုက်သွားတဲ့ အောင်ဆန်းဦးကို ပြည်သူအားလုံးက စစ်မှန်တဲ့ဒီမိုကရေစီကြီးကိုရရှိတဲ့အချိန်
်မှာလည်း အယူဝါဒလွဲမှားနေတဲ့ အောင်ဆန်းဦးကို လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့
သားကြီး အောင်ဆန်းဦးလို့ မပြောကြပါနဲ့။

မြန်မာနိုင်ငံအတွက်၊ ပြည်သူအတွက်ကို ကိုယ်ကျိုးစွန့်လွှတ် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်
အောင်ဆန်းနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ခေါ်အောင်ဆန်းစုကြည်တို့ဟာမြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်၊ လူသားအားလုံးနဲ့ သတ္တ၀ါအားလုံးအတွက်ကို စွန့်ခြင်းကြီးငါးပါးကို စွန့်ပြတော်
မူခဲ့ပါတယ်။
စွန့်ခြင်းကြီးငါးပါးဟာ ဘယ်လိုလဲဆိုလို့ရှိရင် -

ပစ္စည်းဥစ္စာကို စွန့်တာကဓနပရိစ္စာဂ၊

သားသမီးကို စွန့်တာက ပုတ္တရိစ္စာဂ၊

မယားကို စွန့်တာကဘရိယပရိစ္စာဂ၊

ကိုယ်လက်အင်္ဂါကို စွန့်တာကအင်္ဂါပရိစ္စာဂ၊

ကိုယ့်အသက်ကို စွန့်လွှတ်တာက ဇီဝိတပရိစ္စာဂ - ကို မြတ်စွာဘုရားရှင်က စွန့်ခြင်းကြီးငါးပါးကို လူသားအားလုံးအတွက် နည်းပေးလမ်းပြအဖြစ်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအင်္ဂါရပ်တွေနှင့်
ပြည့်စုံတဲ့ လူသားအားလုံးဟာ သေသွားခဲ့သော်လည်း ကမ္ဘာကြီးမပျောက်ကွယ်သရွေ့ထင်
ကျန်နေမှာ အမှန်ပါပဲ။

ရှေးရှေးက မင်းကောင်းမင်းမြတ်တွေကို ကြည့်မနေပဲနဲ့ မိမိတို့ မြန်မာနိုင်ငံသူ/သားတွေကို
ညှင်းပန်းနှိပ်စက်ခဲ့တဲ့ နေမ၀င်အင်ပါယာဆိုတဲ့ (ဗြိတိသျှ)အင်္ဂလိပ်တွေ၊ ဖက်ဆစ်ဂျပန်တွေကို
တိုက်ထုတ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘောသုံးကျိပ်တို့သမိုင်းကို ကြည့်လိုက်ပါ။

အဲဒီသမိုင်းကို စစ်မိစ္ဆာခွေးတွေနှင့် အသိတရား မရှိတဲ့ အောင်ဆန်းဦးတို့ဟာ ကောင်းတဲ့သမိုင်း
နောက်ကို မလိုက်ပဲနဲ့ ခွေးကျင့်ခွေးကြံ ကြံတဲ့ စစ်မိစ္ဆာခွေးတွေနောက်ကို လိုက်သွားတဲ့ အောင်ဆန်းဦး
ဟာ အသက်နှစ်ဆယ်ကျော် သုံးဆယ်ဝန်းကျင် မော်ဒယ်မလေးနဲ့ လာပြီးတော့ ပုဇွန်တောင်မြို့နယ်၊ မြသိန်းတန်ကျောင်းတိုက်ကို ဆွမ်းလာကပ်သွားတာကတော့ အမှန်ဖြစ်ပါတယ်။

အောင်ဆန်းဦးဟာ ဒါနမျိုးစေ့ ဘယ်လောက်ပဲ မြှုပ်နေမြှုပ်နေ အောင်ဆန်းဦးရဲ့ ဒါနဟာ
နှမ်းစေ
လောက်ပဲ ဖြစ်ပါတယ်။ အောင်ဆန်းဦးဟာ ကိလေသာအမှောင်ဖုံးပြီး စစ်မိစ္ဆာတွေနဲ့
ပေါင်းပြီးတော့
ပတ္တမြားလို တောက်ပနေတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို
နွံထဲမြှုပ်ဖို့ကို စစ်မိစ္ဆာခွေးတွေနဲ့ပေါင်းပြီး လုပ်ကြံနေတာကို တို့ပြည်သူ/သားတွေအားလုံးကရပ်
ကြည့်နေတော့
မှာလား .... ?

ရပ်ကြည့်မနေကြပါနဲ့။ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူအားလုံး အဲဒီစစ်မိစ္ဆာခွေးတွေ ရှိနေသ၍ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်စားထားခဲ့တဲ့ ဆင်းတုတော်တွေကို ခေါင်းတွေဖြတ်၊ ဗိုက်တွေဖောက်
ပြီးတော့ ထာပနာပစ္စည်းတွေကို ထုခွဲရောင်းချပြီး ကိုယ်ကျိုးအတွက် သုံးနေတဲ့ စစ်မိစ္ဆာခွေးတွေကို ငရဲပြည်ပို့ကြရမယ်။

မြန်မာနိုင်ငံသူ/သားတွေ ကြည်ညိုလေးစားခဲ့ရတဲ့ ဗုဒ္ဓဆင်းတုတော်တွေကိုလည်း ဖျက်ဆီးတယ်၊ ရဟန်းသံဃာတွေကိုလည်း သတ်ခဲ့တယ်၊ ကျောင်းသားတွေကိုလည်း သတ်တယ်၊ ပြည်သူအား
လုံးကိုလည်း ညှင်းပန်းနှိပ်စက်ခဲ့တယ်။

မြန်မာနိုင်ငံကိုလည်းကမ္ဘာ့အလယ်မှာနိမ့်ကျအောင်လုပ်ခဲ့တဲ့စစ်မိစ္ဆာခွေးတွေကိုအ၀ီစိငရဲမပို့
နိုင်ကြဘူးဆိုရင်တော့ မိမိတို့မြန်မာနိုင်ငံမှာ စစ်မိစ္ဆာခွေးတွေကြောင့် မိမိတို့ကြည်ညိုလေးစားရတဲ့ ဗုဒ္ဓဘာသာတရားတော်တွေကို လေးစားလိုက်နာရမှန်း မသိရတဲ့ မြန်မာနိုင်ငံကြီး ဖြစ်သွားလိမ့်မယ်။

ယခုပစ္စုပ္ပန်မှာလည်း စစ်မိစ္ဆာခွေးတွေ လက်အောက်ရောက်နေတဲ့ စစ်အာဏာရူးလေးတွေဟာ
ဘုရားကို ဘုရားမှန်း မသိ၊ တရားကို တရားမှန်း မသိ၊ သံဃာကိုသံဃာမှန်း မသိ၊ ကျေးဇူးရှင်ကို
ကျေးဇူးရှင်မှန်း မသိတဲ့ စစ်မိစ္ဆာခွေးတွေကို တိုက်ပွဲဝင်ပြီး ငရဲပြည်ပို့လိုက်ကြပါလို့ ဆိုပြီးတော့ နိဂုံးချုပ်လိုက်ပါတယ်။

(ရွှေဝါရောင် နန္ဒာစရိယ)။

ပြန်လည် ဝေမျှ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

ကျမ တို့၏ လူထုခေါင်းဆောင် အပေါ်ယုတ်မာ ကောက်ကျစ် သော ဒေါ်လဲ့လဲ့နွယ်သိန်းအကြောင်း တစ်ပိုင်းတစ်စ။



ဒေါ်လဲ့လဲ့နွယ်သိန်းနှင့်ပတ်သက်ပြီး သိသလောက် ပြောပြပါရစေ ...

ဒေါ်လဲ့လဲ့နွယ်သိန်းရဲ့ အဖေက မော်လမြိုင်မှ တရုတ်လူမျိုးပါ။ သူ.အမေကတော့ တနင်္သာရီကဘဲ
မွန်အမျိုးသမီး။ သူဟာ မောင်နှစ်မ (၅) ယောက်အနက် အကြီးဆုံး မော်လမြိုင် မော်တလိမ်း
ကျောင်းက ဆယ်တန်းအောင်ပြီး တက္ကသိုလ်မှာ Zoology နှင့် ဘွဲ.ရ ပါတယ်။

သူ.မိသားစုဟာ ရန်ကုန်ကို ပြောင်းလာပြီး ပြည်လမ်းမ လေဟာပြင်ဈေး (ဟောင်း) မှာ ဆေး
ရောင်းပါတယ်။သူ.နာမည်ရင်းက သိန်းလဲ့နွယ် လို.ခေါ်ပါတယ်။ သိန်းလဲ့နွယ်ရဲ့ အမေဟာ
ယောက္ခမဖြစ်သူ တရုတ်မိသားစုရဲ့ အသိအမှတ်ပြုခြင်း မခံရလို. သိန်းလဲ့နွယ် ဘ၀မှာ ခံစားချက်
ရှိခဲ့ပါတယ်။

သူ.ရဲ့ မြင့်မားခြင်တဲ့စိတ် လူထဲဝင်ခြင်တဲ့စိတ်နဲ့ ကြိုးစားခဲ့ပါတယ်။ အနောက်တိုင်းကို အထင်
ကြီးတဲ့ သိန်းလဲ့နွယ်ဟာ တက္ကသိုလ်မှာ demonstrator လုပ်ရင်း သံရုံးပါတီတွေ တက်ရောက်ခဲ့ ကျက်စားခဲ့ပါတယ်။

ပါတီဂျပိုး သိန်းလဲ့နွယ်ဟာ ဂျာမန် လူမျိုးတစ်ယောက်နှဲ့  ချစ်ကျွမ်းဝင်ပြီး နှစ်ပေါင်းအတန်ကြာ
တွဲခဲ့ပြီး အတူနေခဲ့တော့မလောက် ရင်းနှီးခဲ့ပါတယ်။(၁၉၆၆ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး ၁၉၇၀ ခုနှစ်မှာ ဘွဲ.ရပြီး ရန်ကုန် တက္ကသိုလ်မှာ သရုပ်ပြဆရာမ လုပ်ခဲ့ပါတယ်။ သုခမြိုင်မှာနေပြီး ညဘက် နိုင်ငံခြားသား
တွနဲ့ ပါတီသွားရင် ပြည်လမ်းက သူငယ်ချင်းအိမ်မှ တဆင့်သွားခဲ့ပါတယ်။ ဒီလို ပါတီတက် အရက်သောက်ရင်း ဂျာမန်အမျိုးသားတစ်ဦးနဲ့ living together ၃-၄ နှစ်နေခဲ့ပါတယ်)


ဂျာမန်လေး ပြည်တော်ပြန်ချိန်မှာ လိုက်သွားဖို. ကြိုးစားခဲ့ပေမဲ့ ဖခင်ဖြစ်သူ အသဲအသန် ခွဲစိတ်ဆေးကုသခံနေခဲ့ရတာမို. လိုက်သွားခွင့်ကို မိခင်က မပေးလို. လိုက်မသွားရဘဲ ကျန်ခဲ့ပါတယ်။ ဖခင်နေကောင်းလာပြီးတော့မှ ရန်ကုန်မှာနေတဲ့ အမေရိကန် အသက်ကြီး အဖိုးကြီးတစ်ယောက်၏ ဇနီးအဖြစ်ဖြင့် ယူအက်စ်ကို လိုက်ပါသွားခဲ့ပါတယ်။

ယူအက်စ်ရောက်ပြီး မကြာခင်မှာဘဲ အဖိုးကြီးကို ပစ်ခဲ့လို. အမေရိကန်အဖိုးကြီးဟာ ရန်ကုန်က
သူ့အိမ်နီးခြင်း ဆရာဝန်မကြီးတစ်ဦးကို မျက်ရည်စက်လက်နဲ့  ပြောပြခဲ့တာ မြင်တွေ.ဘူးပါတယ်။

ဒေါ်သိန်းလဲ့နွယ်ဟာ ယူအက်စ်ရောက်ပြီးနောက် အမျိုးသား (အဖြူ) တစ်ဦးနှင့် ထပ်အိမ်ထောင်ထပ်
ကျဘူးပြီး ကွဲသွားတယ်လို. သိရပါတယ် ( အတိအကျတော့ မသိပါ)။

နောက် တော့ အောင်ဆန်းဦးနဲ့ အိမ်ထောင်ကျပြီး ဒေါ်သိန်းလဲ့နွယ်ဟာ ယူအက်စ်ရောက်ပြီး ဒေါ်လဲ့လဲ့နွယ်သိန်းအဖြစ်ဖြင့်၎င်း ဗိုလ်ချုပ်အောင်ဆန်း ချွေးမအဖြစ်၎င်း အလွန်လှပစွာ ၀တ်စားဆင်ယင်၍ အာဇာနည်နေ့ အခမ်း
အနားများတွင် ဦးအောင်ဆန်းဦးနှင့်အတူ သတင်းစာမျက်နှာဖုံးတွင် ပေါ်ထွက်လာပါတော့တယ်။

တစ်သက်လုံး အညတြဘ၀ဖြင့် နေခဲ့ရပြီး အလွန်မြင့်မားချင်သူ သိန်းလဲ့နွယ် (ခေါ်) ဒေါ်လဲ့လဲ့နွယ်သိန်း ဆုတောင်း ပြည့်ခဲ့သည့်အပြင် ၄င်း၏ မောင်နှမများ၏ စီးပွားရေးလုပ်ငန်းများကို နအဖဗိုလ်ချုပ်က
တော်များ၏ အကူအညီဖြင့် ထောက်ပံ့ခဲ့ ကူညီခဲ့သူ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်းသည် သူ၏
မောင်နှမများကို ကူညီရန် ၀န်မလေးခဲ့ပေမဲ့ ဦးအောင်ဆန်းဦးကတော့ တစ်ဦးတည်းသော
နှမဖြစ်သူ မုဆိုးမကို နေအိမ်မှာ မနေနိုင်အောင် ဒုက္ခပေးဘို. ပြင်ဆင်နေသည်မှာ ရင်နာစရာ
ကောင်းပါသည်။

ဦးအောင်ဆန်းဦးရော ဒေါ်လဲ့လဲ့နွယ်သိန်းပါ ယူအက်စ် နိုင်ငံသား ခံယူထားကြပြီး ဖြစ်ပါသည်။
အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ အနေနဲ့  မိမိကိုယ်ကျိုးစီးပွားရေးအတွက် လုပ်နေရုံတင်
မဟုတ်ဘဲ၊ နအဖအလိုကျတင်မဟုတ်ဘဲ ကိုယ်ကိုတိုင်ကပါ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ အနှောင့်အယှက်ပေးတာတွေ လုပ်နေရတာလည်းဆိုရင်
အောင်ဆန်းဦးရဲ့  မိန်းမ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းကြောင့် အစပြုတယ် ဆိုရပါလိမ့်မယ်။


ပြန်လည် ဝေမျှ ပေးပို့ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

The Voice ဂျာနယ်....။

voice ဂျာနယ်

ပေးပို့ ပေးသော ဒိမိုဝေယံ နှင့် အား ကျေးဇူးတင်ပါသည်.။

ရာဇဝင်ရိုင်းတဲ့သား....

Aung San Oo

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်.။

26 December 2009

သနား စရာ ကဗျာ.။

သနား စရာ ကဗျာ.။


သနားစရာ

မြို့ပျက်ကြီးထဲလူတချို့

အုပ်ဆိုင်းမှိုင်းညို့နေတဲ့ကောင်းကင်အောက်မှာ

နေမ၀င်ခင် အပေးအယူမမျှ

ထချကြတဲ့ပွဲလေးပါ ။

ကဲဗျာ အခုတော့

ဟိုတိုင် ဒီတိုင်

နှစ်ဘက်လုံးကတိုင်တန်းနေကြ

ကြည့်မြင်တိုင်တဘက်ကမ်းက

ရမ်းခဲ့ကြတဲ့ ရန်ပွဲ

လူရမ်းကားနဲ့မခြား

သန္ဓေအနေထားကိုဖေါ်ပြ

ဗီဇနဲ့သရုပ်အထုတ်ကို

အဟုတ် ဖြည်ပြလိုက်တာပါ

ကြံ့ဖွတ်နဲ့ ရဲထွန်း

နယ်မြေလု ရိုက်တဲ့ပွဲ

သူမှန်ငါမှန်တွေကြားမှာ

အလံတွေမီးရှို့ခဲ့ကြတယ်

ဘယ်သူတွေ အပြစ်ရှိလဲ

ကဲသေသေချာစဉ်းစားကြစမ်း

လူရမ်းကားတွေ ဖြစ်နေကြပါရော့လား ။

အရိုက်ခံရသူ ဆေးရုံရောက်

ရိုက်တဲ့သူက ရဲတိုင်

သူတိုင်ငါတိုင်

အမှုတွေအပြိုင်ဖွင့်နေကျ

နင်တို့ဘ၀ သနားစရာ

တို့တိုင်းပြည်မှာ

ဥပဒေဆိုတာဘယ်အရာလဲ

အမှန်တရားဘယ်နားမှာလဲ

သေချာကြည့်စမ်း

စဉ်းစားစမ်းပါ

မင်းတို့ဘ၀က သနားစရာပေါ့ ။



ငထ(ဘလုပ်မြေ)
၂၃-၁၂-၂၀၀၉

ဤ ကဗျာ အား
ပြည်တွင်းမှ ကိုယ်တိုင် ရေးသားပေးပို့ ပေးသော ကဗျာဆရာ ငထ(ဘလုပ်မြေ) အားကျေးဇူးတင်
ပါသည်.။

နေမွန်းတည့်လုချိန်(၁၁း၄၈)



ကလိမ်ကကျစ် ကကြိုးဆွဲနေတဲ့ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းနဲ့  မလွန်ဆန်ရဲဘဲ လိုရာကြိုးဆွဲကနေရတဲ့ အောင်ဆန်းဦး။

ကလိမ်ကကျစ်ကကြိုးဆွဲနေတဲ့မိန်းမယုတ်လဲ့လဲ့နွယ်သိန်းနဲ့မလွန်ဆန်ရဲဘဲလိုရာကြိုးဆွဲကနေရတဲ့
အောင်ဆန်းဦး။


ဒေါ်အောင်ဆန်းစုကြည်ကို အနှောင့်အယှက်ပေးနေတဲ့ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်း
အကြောင်းပြောရရင်အောင်ဆန်းဦးတို့ရဲ့နေအိမ်ဟာအမေရိကန်နိုင်ငံဆန်ဒီဂို(SanDiego)၊ ကယ်လီဖိုးနီးယားပြည်နယ် (California) မှာ ရှိပါတယ်။ အမေရိကန်နိုင်ငံသား ခံယူထားကြတဲ့
အောင်ဆန်းဦးတိုဟာမြန်မာပြည်ကိုသွားရောက်လည်ပတ်ပြီးအာဏာရူးနအဖတွေနဲ့ဆက်ဆံ
ရေးပြုလုပ်ကြပါတယ်။

အောင်ဆန်းဦးရဲ့မိန်းမလဲ့လဲ့နွယ်သိန်းဟာစာရေးဆရာမမေတ္တာဦးအမည်ခံခရီးသွားဆောင်းပါး
တွေရေးနေတဲ့သူဖြစ်ပါတယ်။အောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့ ဟာ နအဖအာဏာရူးတွေနဲ့
ဆက်ဆံရေးပြုလုပ်ပြီး ကိုယ်ကျိုးစီးပွားရေးတွေ တည်ဆောက်နေကြပါတယ်။ အာဏာရူး နအဖ
ကလည်းအောင်ဆန်းဦးလဲ့လဲ့နွယ်သိန်းတို့ကိုအဆောက်အဦးလုပ်ပိုင်ခွင့်တွေပေးပြီးနိုင်ငံရေးမှာ
အသုံးချတာ လုပ်နေပါတယ်။


အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ အနေနဲ့ မိမိကိုယ်ကျိုးစီးပွားရေးအတွက် လုပ်နေရုံတင်
မဟုတ်ဘဲ၊နအဖအလိုကျတင်မဟုတ်ဘဲကိုယ်ကိုတိုင်ကပါမြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ အနှောင့်အယှက်ပေးတာတွေ လုပ်နေရတာလည်းဆိုရင်
အောင်ဆန်းဦးရဲ့ မိန်းမ မိန်းမယုတ် လဲ့လဲ့နွယ်သိန်းကြောင့် အစပြုတယ် ဆိုရပါလိမ့်မယ်။


လဲ့လဲ့နွယ်သိန်းဟာမြန်မာပြည်ကိုသွားရောက်လည်ပတ်စဉ်မှာအကြားအမြင်ဗေဒင်ဆရာတစ်ဦးဆီကို သွားရောက်ပြီး “သူမရဲ့ ယောင်္ကျား အောင်ဆန်းဦးအနေနဲ့  မြန်မာပြည်ရဲ့  ၀န်ကြီးချူပ် ဖြစ်ဖို့  ရှိပါသလား”
လို့  မေးမြန်းခဲ့ပါတယ်။ အောင်ဆန်းဦးကို ၀န်ကြီးချူပ်ဖြစ်စေလိုတာထက် လဲ့လဲ့နွယ်သိန်းဟာ မြန်မာနိုင်ငံ
ရဲ့  ၀န်ကြီးချူပ်ကတော် သမတကတော် ဖြစ်လိုနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့  First Lady လို
မျိုး မြန်မာနိုင်ငံရဲ့  first lady အဖြစ် စိတ်ကူးယဉ် ရူးသွပ်နေသူဖြစ်ပါတယ်။

လဲ့လဲ့နွယ်သိန်းဟာဗိုလ်ချူပ်အောင်ဆန်းသမီးဒေါ်အောင်ဆန်းစုကြည်အပေါ်မှာမနာလိုစိတ်တွေ များပြားနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဘ၀ ပျက်စီးရေးအတွက် ဖျက်လို့ ဖျက်ဆီးနဲ့ ယုတ်မာ
သော ကလီကမာ ဥာဏ်နီဥာဏ်နက်နဲ့  လုပ်ကြံနေတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ အတွက် ပထမဦး
ဆုံး စတင်တာကတော့ ယောင်္ကျားဖြစ်သူ အောင်ဆန်းဦးကို အသုံးချတာဘဲ ဖြစ်ပါတယ်။ လဲ့လဲ့နွယ်သိန်း
ဟာအောင်ဆန်းဦးအပေါ်အကြပ်ကိုင်အနိုင်ယူထားတဲ့အချက်တွေကိုခုတုံးလုပ်ပြီးအောင်ဆန်းဦးကို ရုပ်သေးရုပ်တစ်ရုပ်လို ကြိုးဆွဲကစေခဲ့ပါတယ်။

အောင်ဆန်းဦးဟာ ညီမရင်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖခင်ဖြစ်သူ ဗိုလ်ချူပ်အောင်ဆန်း
မိခင်ဖြစ်သူ ဒေါ်ခင်ကြည်တို့ ရဲ့  မျက်နှာကိုမှ မထောက်ဘဲ မိန်းမယုတ်ဖြစ်သူ လဲ့လဲ့နွယ်သိန်းရဲ့ 
ပြောဆို ခိုင်းစေသမျှကိုသာ နာခံပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ကိုယ်ကျိုးမဘက်ဘဲ စွန့် လွှတ်
အနစ်နာခံ မှုပေါင်းများစွာနဲ့  ကြိုးစားဆောင်ရွက်ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကိုရင်း
ဖြစ်သူကိုယ်တိုင်က မညှာမတာ ဖျက်လို့ ဖျက်ဆီးလုပ်ရက်ခြင်းဘဲ ဖြစ်ပါတယ်။

လဲ့လဲ့နွယ်သိန်းဟာ အောင်ဆန်းဦးနဲ့  မရယူခင်မှာ ယောင်္ကျားရှိခဲ့ဖူးသူဖြစ်ပါတယ်။ လည်ပတ်
လွန်းတဲ့ လဲ့လဲ့နွယ်သိန်းဟာ ဂုဏ်ပကာသနတွေ မက်မောသူဖြစ်ပြီး ကိုယ်ကျိုးအတ္တကြီးမားသူဖြစ်
်တဲ့အလျောက် အောင်ဆန်းဦးကို အရယူခဲ့သူ ဖြစ်ပါတယ်။ အောင်ဆန်းဦးအနေနဲ့  လဲ့လဲ့နွယ်သိန်း
ရဲ့  ချယ်လှယ်မှုကို မလွန်ဆန်ရဲတာရော ကျန်းမာရေးမကောင်းမွန်မှုများအရရော မိန်းမယုတ်
လဲ့လဲ့နွယ်သိန်းရဲ့  စီစဉ်ဆောင်ရွက်မှုတွေအရ နောက်ဆုံးမှာ နအဖအဏာရူးတွေနဲ့  ဆက်ဆံပါ
တော့တယ်။

အောင်ဆန်းဦးဟာ မွေးသဖခင် ဗိုလ်ချူပ်အောင်ဆန်းရဲ့  ဂုဏ်သိက္ခာကိုမှ မထောက် မိန်းမယုတ်
တစ်ဦးရဲ့လိုရာကြိုးဆွဲကခံနေတာဟာအောင်ဆန်းဦးအနေနဲ့ရှက်ဖို့အလွန်ကောင်းပါတယ်။
အောင်ဆန်းဦးအနေနဲ့မည်သို့သောအကြပ်ကိုင်မှုအရဖြစ်စေအကြောင်းပြချက်အရဖြစ်စေ
ကျန်းမာရေးအရဖြစ်စေ ဆင်ခြေပေးအကြောင်းမပြဘဲ မိမိရဲ့  အမိအဘဂုဏ်သိက္ခာ ကိုယ်ရဲ့ 
ဂုဏ်သိက္ခာကို ထိန်းသိန်းစောင့်ရှောက်တဲ့ အမျိုးသားကောင်းတစ်ယောက်အနေနဲ့  ခံယူခဲ့
သင့်တာပါ။

အောင်ဆန်းဦးအနေနဲ့  အသက်ကြီးပြီး နောင်တရရမယ့်အစား မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့ 
ကြိုးကိုင် ချုပ်ကိုင်မှုတွေကို မလွန်ဆန်ရဲဘဲ အောင်ဆန်းဦးအမည် အသုံးချတာကို ဆက်လက်
ခံနေပြီး အဖေဗိုလ်ချုပ် (ဦး) အောင်ဆန်း၊ အမေ ဒေါ်ခင်ကြည်တို့ မျက်နှာကို သားရင်းဖြစ်သူ
ကိုယ်တိုင်က အိုးမည်းသုတ် ဖျက်ဆီးပစ်နေပါတယ်။

အောင်ဆန်းဦးအနေနဲ့  အမှန်တကယ်လုပ်သင့်ခဲ့တာက တိုင်းပြည်နဲ့ လူမျိုးမျက်နှာထောက်ပြီး
မိန်းမယုတ် လဲ့လဲ့နွယ်သိန်းရဲ့  မဟုတ်မမှန်လုပ်ရပ်တွေကို ထုတ်ဖေါ်ပြောဆိုခဲ့ရမှာပါ။
ညီမရင်း ဖြစ်သူဒေါ်အောင်ဆန်းစုကြည်အပေါ် အကိုရင်းဖြစ်သူကိုယ်တိုင်က ရဲရဲရင့်ရင့်နဲ့ 
အကာအကွယ်ပေး စောင့်ရှောက်မှုတွေ ပြုလုပ်ဆောင်ရွက်ခဲ့ရမှာပါ။

ယခုကတော့အောင်ဆန်းဦးဟာမိန်းမယုတ်လဲ့လဲ့နွယ်သိန်းရဲ့မျက်နှာတစ်မျက်နှာထဲကြည့်ပြီး မလွန်ဆန်နိုင်တာတွေ ကျန်းမာရေးမကောင်းတာတွေ အကြောင်းပြပြီး မိမိရဲ့  ဂုဏ်သိက္ခာကို မိမိ
ကိုယ်တိုင် အဖတ်ဆည်မရအောင် ကျဆင်းစေခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ထိုက်တန်တဲ့ တုန့် ပြန်
မှုတွေကိုပြည်သူတွေကနေပေးမှာဖြစ်ပါတယ်။အောင်ဆန်းဦးအနေနဲ့အချိန်မီပြန်လည်အဖတ် ဆည်ချင်တယ်ဆိုရင်တော့ အောင်ဆန်းဦး ဘာလုပ်သင့်သလည်းဆိုတာ အောင်ဆန်းဦး သိမှာပါ။

ဒီလိုမှ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်နှောင့်ယှတ်နေဦးမယ်၊ နအဖအာဏာရူး
တွေနဲ့ဆက်လက်ဆက်ဆံနေဦးမယ်ဆိုရင်တော့အောင်ဆန်းဦးဟာအမျိုးသားသစ္စာဖောက်၊ မိဘဂုဏ်ကျေးဇူးအပေါ် သစ္စာဖောက်၊ သွေးသားညီမအရင်းအပေါ် သစ္စာဖောက်သူ ဆက်လက်ဖြစ်
နေမှာဖြစ်ပြီး လူသေပြီးနောက်တောင် နာမည်ပျက်နဲ့  သစ္စာဖောက် အောင်ဆန်းဦးအနေနဲ့ 
သမိုင်းမှာ ဖျက်မရတဲ့ အမည်းစက် တင်ကျန်နေမှာ ဖြစ်ပါတယ်။

ဒီလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ်သာမက ကမ္ဘာ့တစ်ဝှန်းလုံးက နိုင်ငံတကာအစိုးရများ
ကိုယ်တိုင်ကပါ ဂုဏ်ပြုချီးကျူးထားခြင်းကို ခံရတဲ့ နိုဘယ်ငြိမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို
အကိုဖြစ်သူ အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းတို့ ကနေ နေအိမ်ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုမှု
ပြုလုပ်နေတာဟာ သာမန် မိသားစုအရေးပြဿနာမဟုတ်ဘဲ မြန်မာပြည် ဒီမိုကရေရရှိရေးကို
အနှောင့် အယှက်ပေးနေတာ ဖြစ်တဲ့အတွက် အောင်ဆန်းဦးနဲ့  လဲ့လဲ့နွယ်သိန်းဟာ အမျိုးသား
သစ္စာဖောက်တွေ ဖြစ်နေပါပြီ။

ထို့အတူအမေရိကန်နိုင်ငံကနေဒေါ်အောင်ဆန်းစုကြည်ရဲ့မြန်မာပြည်လွတ်မြောက်ရေးကြိုးပမ်းမှုကို ပံ့ပိုးအားပေးနေမှုကို အမေရိကန်နိုင်ငံသားခံယူထားကြသူများဖြစ်တဲ့ အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်း
တို့ကဆန့်ကျင်နေတာဖြစ်တဲ့အတွက်အမေရိကန်နိုင်ငံသားတစ်ဦးအနေနဲ့အမေရိကန်နိုင်ငံအပေါ် သစ္စာဖောက်တာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကနေစီးပွားရေးပိတ်ဆို့ထားတဲ့အာဏာရူးနအဖတွေနဲ့ပြောင်ပြောင်တင်းတင်းစီးပွားရေး ဆက်ဆံမှုတွေတိုက်ရိုက်သွားရောက်ပြုလုပ်နေပြီးရရှိနေတဲ့ငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေအားလုံးကို အောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့ဟာအမေရိကန်နိုင်ငံမှာပြန်လည်သုံးစွဲနေတာဖြစ်တဲ့အတွက် အမေရိကန်အစိုးရအနေနဲ့အောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့ကိုအမေရိကန်နိုင်ငံဥပဒေများအရ အရေးယူသင့်နေပါပြီ။

ဒီကိစ္စကိုအမေရိကန်နိုင်ငံမှာရောက်ရှိနေထိုင်နေကြတဲ့မျိုးချစ်မြန်မာများအနေနဲ့ဖေါ်ထုတ်တင်ပြပြီး အောင်ဆန်းဦးနဲ့ လဲ့လဲ့နွယ်သိန်းတို့ရဲ့ပိုင်ဆိုင်မှုတွေအမေရိကန်နိုင်ငံသားအဖြစ်ခံယူထားမှုတွေကို
စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ပေးဖို့  တရားဝင် တောင်းဆိုသင့်ပါတယ်။

မြန်မာပြည်တွင်းမှာရှိကြတဲ့မြန်မာပြည်သူလူထုအနေနဲ့လည်းအောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့ကို ရှုတ်ချကန့်ကွက်မှုတွေ၊အောင်ဆန်းဦးနဲ့လဲ့လဲ့နွယ်သိန်းတို့လိုအမျိုးသားသစ္စာဖောက်တွေရဲ့ ယုတ်မာတဲ့လုပ်ရပ်တွေကိုတားဆီးဟန့်တားမှုတွေပြုလုပ်သင့်ပြီးမြန်မာပြည်သူပြည်သားများ လွတ်မြောက်ရေးလမ်းခရီးမှာ ခလုတ် စူးငြောင့်လို ဒုက္ခပေးနေတဲ့သူတွေကို ဒီအတိုင်း လက်ပိုက်
ကြည့်ကာ ခွင့်လွတ်နေရမယ့် အချိန် မဟုတ်တော့ပါဖူး။

ဒီလိုစူးငြောင့်ခလုပ်ကန်သင်းတွေကိုမဖယ်ရှားဘဲလစ်လျူရှုထားမယ်ဆိုရင်အဆိုပါအမျိုးသား သစ္စာဖောက်များဟာတဖြည်းဖြည်းနဲ့ပိုမိုအတင့်ရဲလာပြီးပြည်သူလူထုရဲ့အကျိုးကိုနစ်နာထိ
ခိုက်စေတဲ့လုပ်ရပ်များ ပိုမိုလုပ်လာရုံသာမကအာဏာရူးနအဖတွေကိုထောက်ပံ့ပေး
နေတဲ့နအဖလက်ပါးစေ အကြီးစားလက်ရုံးများဖြစ်လာပြီး သူတို့ ကိုယ်တိုင် အာဏာရှင်များ
သဖွယ်ဖြစ်လာတာမို့  တိုင်းပြည်ရဲ့  လူမျိုး အနာဂတ်အတွက် အထူးရင်လေးစရာ ဖြစ်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကိုလုပ်ကြံဖျက်ဆီးနေခြင်းဟာမြန်မာပြည်သူလူထုရဲ့ခေါင်းဆောင်ကို
လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့  အနာဂတ်ကို လုပ်ကြံဖျက်ဆီးတာ ဖြစ်ပါတယ်။
ဒီအတွက်မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေနဲ့လူထုခေါင်းဆောင်ရဲ့ဘ၀လုံခြုံမှုကိုအကာအကွယ် ပေးစောင့်ရှောက်ကြရမှာဖြစ်သလိုအနှောင့်အယှက်ပြုသူတွေကိုဖယ်ရှားပစ်ရမှာအရေးကြီးဆုံး အမျိုးသားရေးတာဝန်တစ်ရပ်လို့  ခံယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

သတင်းပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ပါသည်.။

25 December 2009

သံတိုင်ကြားက N.L.D လူငယ်များရဲ့ ထောင်တွင်းမေ့လို့မရတဲ့ကိုယ်တွေ့ ဖြစ်ရပ်များနှင့် သူ ၏ စိတ်ခံစားချက်များ ကိုထင်ကျော်..။

ko htin kyaw


(သုံးရောင်ခြယ် ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည် မိသားစု ပုံ)


(သုံးရောင်ခြယ်ကျောင်းသား များအမှတ်တရပုံ လေးပါ.။လူစုံတော့မဟုတ်ပါဘူး.။)

နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား...။.


ပြီးခဲ့တဲ့ (၂၄)ရက်နေ့ ကြာသာပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အယူခံအမှုကိစ္စ အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက် တွေဆုံခွင့်ရခဲ့ပါတယ်။ ရှေ့နေများသွားရောက် မတွေ့ဆုံမှီ တရက်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုအား အမေရိကန်၌ နေထိုင်နေသူ အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးဟန်တိုးမှ ကန့်ကွက်ခဲ့သဖြင့် မြို့တော်စည်ပင်က ရပ်ဆိုင်းခိုင်းခဲ့ပါတယ်....။

အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခွင့်ရခဲ့တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက အိမ်ရဲ့လက်ရှိ အခြေအနေကို ပြောဆိုရာမှာ " အန်ကယ်တို့ အမြင်မှာကတော့ နေရတာ အဆင်မပြေဘူးလို့ မြင်ပါတယ်..... ဘာလို့လဲဆိုတော့ အိမ်မှာ မျက်နှာကျက်တွေက အစခွာထားတယ်.... တခြမ်းကို ပြင်ဆင်နေတဲ့ အတွက် အိမ်ရဲ့တခြားဘက်အခြမ်းမှာ သွားနေနေရတာပါ.... အိမ်က ပြင်ဆင်နေဆဲကာလ ဖြစ်တဲ့အတွက် အဆင်မပြေတာတွေ အများကြီးပေါ့... ပြတင်းပေါက်က သံပန်းတွေတောင် ခွာပြီးပြင်ဆင်ထားရတာ.... အခုလို အိမ်ပြင်ဆင်ရေးကို ရပ်ဆိုင်းလိုက်ရတော့ အိမ်ရဲ့ ပြတင်းတံခါးတွေတောင် ပြန်မတပ်ရသေးဘူး.. အဲ့ဒါကို အလုပ်သမားလေးတွေက သစ်သားတွေနဲ့ ပြန်ရိုက်ပေးထားရတာပေါ့....." ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်...။

နေအိမ်ပြင်ဆင်ဆဲ ကာလမှာ မည်သူမဆို အခိုက်အတန့်တော့ ဒုက္ခရောက်ကြပါတယ်... အိမ်ပြင်ဆင်ပြီး နေသားတကျဖြစ်မှသာ အစစအရာရာအဆင် ပြေကြတာပါ.... ယခုလိုပြင်ဆင်နေတာကို ရပ်ဆိုင်းလိုက်တာဟာ နေထိုင်နေရသူတွေ အတွက်အင်မတန်မှ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ လုံခြုံမှုလည်း အနည်းနဲ့ အများထိခိုက် စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေအိမ်ပြင်ဆင်ခွင့်ရဖို့ မြို့တော်စည်ပင်ရဲ့ ခွင့်ပြုချက်ရယူပြီးမှ အာဏာပိုင်များနဲ့ ညှိနှိုင်းပြီး ပြင်ဆင်ခွင့်ရလို့ ပြင်ဆင်ခဲ့တာပါ.... ။

ဆက်လက်ပြီး ရှေ့နေကြီးဦးဥာဏ်ဝင်းမှ " ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စအပေါ်မှာ တစုံတရာ Complain တက်ခြင်း မရှိပါဘူး.... ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ အိမ်ပြင်ဆင်ဆဲ ကာလမှာ အိမ်ပြင်ဆင်မှု ရပ်ဆိုင်းတဲ့ အတွက် အဆင်မပြေတာတွေ ရှိပေမယ့် အမှတ်မထားပါဘူး... အမိန့်ပေးတဲ့ ညွန်ကြားချက်ကို လိုက်နာပါမယ်လို့ ပြောဆိုပါတယ် ..... " ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်... ။

ဒါဟာလူထုခေါင်းဆောင်ရဲ့ အင်မတန်ပျော့ပြောင်းတဲ့ သဘောထားနဲ့ တွေ့ဆုံဆွေးနွေးရေးကို အထိအခိုက်မခံလိုတာ ပေါ်လွင်စေပါတယ်.....။

လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ (မေတ္တာဦး ကလောင်နာမည်ဖြင့် ရွှေအမြူတေ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ ဒေါ်သိန်းလဲ့နွယ်(ခေါ်)ဒေါ်လဲ့လဲ့နွယ်သိန်း)တို့ ပါဝင်ပတ်သတ်နေကြောင်း သိရှိရပါတယ်...။ ဦးအောင်ဆန်းဦးကို စစ်အစိုးရမှ မြန်မာပြည်အလယ်ပိုင်း ရှေးဟောင်းမြို့တော် ပုဂံတွင် မြေကွက်များပေးခြင်း၊ အိမ်ဆောက်ရာမှ ကူညီပံ့ပိုးခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။ ဒေါ်သိန်းလဲ့နွယ်(ခေါ်) လဲ့လဲ့နွယ်သိန်းဘက်မှ ဆွေမျိုးများဟာ ယခုနေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများမှာ လုပ်ပိုင်ခွင့်များ ရရှိနေပါတယ်။

သတင်း...ဒီမိုဝေယံ။



ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ ၂၀၀၈ခုနှစ်က နေအိမ်ကိစ္စနဲ့ပတ်သတ်တဲ့ မူရင်းစာကိုလည်း ကိုဖိုးတရုတ်ဘလော့မှ ပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်.....
http://www.photayokeking.org/Articlesmm/dassk-was-assassinated-of-the-mind-by-gen-than-shwe.html
BMALH
BMALH2


သတင်းပေးပို့ ပေးသော ဒီမိုဝေယံအားကျေးဇူးတင်ပါတယ်.။