14 September 2013

မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင်ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော်အရာရှိတစ်ဦး ခေါင်းဖြတ်သတ်ခံရ

 မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင် ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော် အရာရှိတစ်ဦး ခေါင်းဖြတ်အသတ် ခံရပြီး တခြားအဆင့်နှစ်ဦးတို့ အ သတ်ခံရကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ သိရှိရသည်။

''ဗိုလ်ဇော်မျိုးထက်ရဲ့ မျက် နှာကို ဓားနဲ့အမွှန်းခံရပြီးခေါင်း ဖြတ်ပြီးတော့ ဗိုက်ထဲခွဲထည့်ထား တယ်။ တခြားအဆင့်နှစ်ဦးကတော့ အသတ်ခံထားရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်း ချမ်းရေး ကောင်စီ က ကေအိုင်အို ကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင် ရွက်ပေးဖို့ တရားဝင်စာပေးပို့ထား တယ်။ သူတို့ဆီကပြန်ကြားတာ မလာသေးဘူး။ ကေအိုင်အိုအနေ နဲ့ ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ အပေါ်မူတည်ပြီး ဆက်လက် ဆောင် ရွက်သွား ပါမယ်'' ဟု နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစစ်ပွဲဖြစ်ပွားရာ   ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အတွင်းနေရာသည် စစ်စခန်းနယ် မြေသတ်မှတ်မှုအရ ကေအိုင်အိုနယ် မြေမဟုတ်ကြောင်း အဆိုပါတာ ဝန်ရှိသူမှ ဆက်လက်ပြောကြား ခဲ့သည်။ ကျဆုံးသွားသောအရာရှိ မှာ ဗိုလ်ဇော်မျိုးထက်၊ ဒုတပ်ကြပ် စိုးနိုင်ဦးနှင့် တပ်သားခင်မောင် သန့်တို့ဖြစ်ကြောင်း၊ ဩဂုတ် ၃၀ ရက်တွင် ကွယ်လွန်သွားခြင်းဖြစ် ကြောင်း သိရသည်။

''အောက်ခြေမှာ ထိတွေ့ မှုတွေဖြစ်လို့ တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်မှုတွေဖြစ်တာ လက်ခံလို့ ရပေမယ့် ဒီလိုဖမ်းဆီးသွားပြီး ရက် ရက်စက်စက်သတ်ဖြတ်တာမျိုး တော့လက်မခံနိုင်ပါဘူး''ဟု သမ္မတ ရုံးမှ တာဝန်ရှိသူက ဆက်လက် ပြောသည်။

ယင်းနှင့် ပတ်သက်ပြီး ဗိုလ် ဇော်မျိုးထက်၏ဖခင် ဦးမျိုးဦးက ''မိသားစုထဲမှာ အကြီးဆုံးသား ဖြစ်ပါတယ်။ ဦးတေဇကို ရေခဲ တောင်မှ ကယ်ထုတ်ခဲ့တဲ့ ဗိုလ် တစ်ဦးဆိုတာလဲ ဟုတ်ပါတယ်။ ဖြစ်ပုံကတော့ တိုက်ပွဲမှာ တိုက် ရင်းနဲ့ ပျောက်သွား တယ်လို့ ဆို ပါတယ်။ ကျွန်တော်တို့သားကိစ္စ ကို ယခုလ ၅ရက်ကမှ သိရတာ ဖြစ်ပါတယ်''ဟု အတည်ပြုပြော ကြားခဲ့သည်။

သတင်း....Yangon Media Group

13 September 2013

နေ့စဉ်ထုတ် သတင်းစာများကို Mobile Phone များတွင် ကြည့်ရှုနိုင်

 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ နေ့စဉ် ထုတ်ဝေလျက်ရှိသည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar နေ့စဉ်ထုတ် သတင်းစာများကို အွန်လိုင်း အင်တာနက်မှတစ်ဆင့် မိမိတို့၏ ကွန်ပျူတာ၊ Tablet နှင့် Mobile Phone များမှ တစ်ဆင့် ကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။ ကွန်ပျူတာမှတစ်ဆင့် ဖတ်ရှုလိုသူများနှင့် Download ချပြီး သိမ်းဆည်းထားလိုသူများအတွက် www.moi.gov.mm/npe/mal၊ www.moi.gov.mm/npe/km၊ www.moi.gov.mm/npe/nlm Website  လိပ်စာများမှတစ်ဆင့် ဖတ်ရှု သိမ်းဆည်း ထားနိုင်ပါသည်။ Android Mobile Phone များနှင့် Tablet များမှတစ်ဆင့် ဖတ်ရှုလိုသူများအတွက် m.moi.gov.mm/npe/mal၊ m.moi.gov.mm/npe/km၊ m.moi.gov.mm/npe/nlm Website လိပ်စာများမှ တစ်ဆင့် ဖတ်ရှုနိုင်ပြီးမိမိ၏ Android Mobile Phone များနှင့် Tablet များမှ အလွယ်တကူ တိုက်ရိုက်ဖတ်ရှုနိုင်ရန် apk အတွက် google playstore ၏ Categories တွင် news and magazines ကို ရွေးချယ်၍ မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar စာသား အမှတ်တံဆိပ်ပါ Application Icon များကို နှိပ်၍ Install လုပ်ယူကာ မိမိ Mobile Phone များနှင့် Tablet များပေါ်တွင် တိုက်ရိုက် ဖတ်ရှုခြင်းနှင့် Download ချ၍ ဖတ်ရှုခြင်းများ ပြုလုပ်နိုင်ပါသည်။ Download ချ၍ ဖတ်ရှုရန်အတွက် မိမိ Mobile Phone များနှင့် Tablet များပေါ်တွင် Acrobat Reader Version ကို ဦးစွာ Install လုပ်ထားရန် လိုအပ်ပါသည်။ ipad နှင့် iPhone များအတွက် The Apple Store တွင် Mobile app ကို Free Download ချ၍ ဖတ်ရှုနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "

08 September 2013

.မြန်မာတိုင်းရင်းသူတွေထဲ မှာခေါင်းမြီးခြုံတဲ့လူမျိုးရှိပါသလား?

 

မသိလို့မေးပါရစေ...သိသူများဖြေပေးကြပါ.. မနေ့ည(6.9.2013) Sky Net  ရုပ်သံကလွှင့်တဲ့ mntv လိုင်းမှာ ချမ်းချမ်းဆိုထားတဲ့ လုံ့ဆော်ရေးသီချင်းတေးသရုပ်ဖော် မှာ မြန်မာတိုင်းရင်းသူပေါင်းစုံ လက်တွဲပြီးကကြတယ်.အဲဒီအထဲမှာ ခေါင်းမြီးခြုံတဲ့တစ်ယောက်ပါလာတယ်.မြန်မာတိုင်းရင်းသူတွေထဲ
မှာခေါင်းမြီးခြုံတဲ့လူမျိုးရှိပါသလား?.....မရှိဘူးဆိုရင် အဲသီချင်းကိုရိုက်တဲ့ ဒါရိုက်တာကဘာ၇ည်ရွယ် ချက်နဲ့ ခေါင်းမြီးခြုံတွေကို တိုင်းရင်းသူတွေနဲ့အတူထည့်ရိုက်ရတာလဲ?...

သိသူများမျှဝေပေးကြပါ....