04 December 2010

ဒေါက်တာစင်သီယာမောင် ၏ ( ၅၁ ) နှစ်ပြည့်မွေးနေ့ မင်္ဂလာဖိတ်ကြားလွှာ


ဒေါက်တာစင်သီယာမောင် ၏ ( ၅၁) နှစ်ပြည့်မွေးနေ့ မင်္ဂလာဖိတ်ကြားလွှာ



၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ(၆) ရက်နေတွင်ကျရောက်မည့် မယ်တော် ဆေးခန်းကို စတင် ထူထောင် ခဲ့သူ၊ထိုင်းမြန်မာ နယ်စပ်တွင် မြန်မာနိုင်ငံသားများအတွက် ပညာရေးနှင့်ကျန်းမာရေးလုပ်ငန်းများကို စွမ်စွမ်တံမံ လုပ်ကိုင်ဆောင်ရွက်ပေးနေသူ ဒေါက်တာစင်သီယာမောင်၏ (၅၁) နှစ်ပြည့် မွေးနေ့ မင်္ဂလာအခမ်းအနားကိုအောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်ဝေး၊ ရပ်နီးမှ မိတ်ဆွေများအားတတ်ရောက်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။



မွေးနေ့မင်္ဂလာ နေရက်- ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ(၆) ရက်

မွေးနေ့မင်္ဂလာ အချိန်- နံနက် ၉း၀၀ နာရီမှ ၁၁း၀၀ နာရီအထိ

မွေးနေ့မင်္ဂလာ နေရာ- စီဒီစီ အထက်တန်းကျောင်း၊ မယ်တော်



မွေးနေ့ပွဲကျင်းပရေးကော်မတီ

ပြည်တွင်းက အင်တာနက်ဆိုင်များအတွက် စည်းကမ်းချက် အသစ်များ ထုတ်ပြန်

အများပြည်သူသုံး အင်တာနက်ဆိုင်များတွင် လုံခြုံရေးကင်မရာ စီစီတီဗီ ကင်မရာများ တပ်ဆင်ရန်နှင့် ဝန်ထမ်းလေးဦး ခန့်ထားရန် သက်ဆိုင်ရာက အစည်းအဝေးခေါ်ယူ၍ အသိပေး ပြောကြားခဲ့ကြောင်း အင်တာနက်ဆိုင်ရှင် အချို့က ပြောသည်။ “တနင်္ဂနွေနေ့လယ်က(နိုဝင်ဘာ ၂၁) မ.ယ.က ရုံးမှာ ဆိုင်ရှင်တွေကို အစည်းအဝေးခေါ်ပြီး ပြောတာ”ဟု ကမာရွတ်မြို့နယ်၌ အင်တာနက်ဆိုင် ဖွင့်လှစ်ထားသော ဆိုင်ရှင်တစ်ဦးက ပြောသည်။ “ဒီလ ဒုတိယပတ်လောက်ကစပြီး အဲဒီကိစ္စ ဆိုင်တွေကို ပြောသွားတာ။

အဓိက ကတော့ မြို့တော်ခန်းမနားက (အင်တာနက်ဆိုင်) Sky Net မှာ ဗုံးတွေ့ပြီးတဲ့ နောက်ပိုင်းမှာ ဆိုင်တွေပိုပြီးတော့ လုံခြုံရေးကို အာရုံစိုက်လို့ရအောင်လို့ ပြောသွားတယ်”ဟု ကျောက်တံတားမြို့နယ်တွင် ဖွင့်လှစ်ထားသော အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ ထို့အပြင် ဆိုင်တွင်းရှိ အမှိုက်ပုံးနှင့် အိမ်သာအား စစ်ဆေးရန်၊ သုံးစွဲသူများက အွန်လိုင်းမှ အချက်အလက်များ ဆွဲချခြင်း(ဒေါင်းလော့)၊ အပ်(ပ်)ဒိတ် လုပ်ခြင်းအား ကြည့်ရှုမှတ်သားရန်နှင့် အင်တာနက်ဆိုင်များတွင် ညအိပ်နေထိုင်သူများအား ဧည့်စာရင်း တိုင်ကြားရန် ပြောကြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများက ပြောသည်။

အဆိုပါ စည်းကမ်းများအား သက်ဆိုင်ရာက စစ်ဆေးသည့်အခါ လိုက်နာထားခြင်း မရှိပါက ဆိုင်ပိတ်သည်အထိ ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ ဆိုင်ရှင်တစ်ဦးက ပြောသည်။ ယခုလ ၂ ရက်က ရန်ကုန်မြို့ Sky Net အင်တာနက်ဆိုင်တွင် ချိန်ကိုက်မိုင်း ၄ လုံးကို သက်ဆိုင်ရာက ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းချိန်ကိုက်မိုင်း ထောင်ခဲ့သူများကို ဆိုင်၏ စီစီတီဗီကင်မရာမှ မှတ်တမ်းတင်နိုင်မှုကြောင့် နောက်ပိုင်းတွင် အလားတူကိစ္စများ ကြုံရပါက အထောက်အပံ့ ရနိုင်ရန် တပ်ဆင်စေခြင်းဖြစ်ကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကျောင်းသားလူငယ်များကိုစစ်ကြောရေးစခန်းတွေမှာရက်ရက် စက်စက်စစ်ဆေးမေးမြန်းခိုင်းတဲ့ထောက်လှမ်းရေးအကြီးအကဲဟောင်း နေအိမ်အကျယ်ချုပ် မှ ပြန်လည်လွတ်မြောက်

ယနေ့ (၄.၁၂.၂၀၁၀)စနေနေ့ နံနက် ၅ နာရီ ခွဲတွင် နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်း မဟုတ်ပဲ အကန့် အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန်ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင်ဖမ်းဆီး ခံရပြီးနောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသားလုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ သည့် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း နှင့်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အားနိုဝင်ဘာလ ၃ရက်နေ့ သောကြာနေ့ ည ၁၂ နာရီခန့် တွင် နေအိမ်အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေးလိုက်သည် ဟု သတင်းရရှိသည်။

ဗိုလ်ချုပ် ခင်ညွန့် အား နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး သည် ဆိုသည့် သတင်း နှင့် ပတ်သက်၍ ဗိုလ်ချုပ်ခင်ညွှန့်၏ အိမ် အနီးတွင် နေထိုင်သူ တစ်ဦးက ည ၁၁ နာရီ ခွဲလောက်မှာ စစ်ကားတွေရောက်လာတယ်။ ရဲကား နှစ်စီးလဲ ပါတယ်။ ဘာဖြစ်လဲ ဆိုတာ တစ်လမ်း လုံးက စောင့်ကြည့်နေကြတာ ။ နောက် အားလုံး ပဲ ရယ်ရယ်မောမောနဲ့  ပြန်ထွက် သွား တယ်။ ဗိုလ်ချုပ် ခင်ညွန့် ကိုလည်း ခြံထဲ မှာတွေ့တယ်။ပြီးတော့ သူ ခြံတံခါးရှေ့က လုံခြုံရေး အစောင့် တွေ က သံဆူးကြိုးတွေဖယ်လိုက်တယ် ..အစောင့်တွေ ကတော့ အခုထိ ရှိသေးတယ် ၊ ဘေးအိမ်တွေ မှာ လည်း သူ့ လို နေအိမ်အကျယ်ချုပ် တစ်ယောင် ရှိသေးတယ် ဟု FNG သို့ ပြောသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် နေအိမ် အကျယ်ချုပ် ဖြင့် ခြောက်နှစ် ကျော် နေထိုင်စဉ် ကာလ အတွင်းငွေကြေးပြတ်လပ်၍ ၎င်း၏ Air Force ဂျာကင် များ ကို လုံခြုံရေး အစောင့် စစ်သားများ မှ တစ်ဆင့်အပေါင်ဆိုင် များ တွင် သွားရောက် ရောင်းချရသည်.။

FNG သည် ထိုသတင်း ကို သီးခြား အတည်ပြု နိုင်ခြင်း မရှိသေး သော်လည်း တိုးတက်ဖြစ်ထွန်းသမျှကို ထပ်မံ တင်ဆက် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

သတင်း..freedomnewsgroup.

....................................................................................................။

ဒီဇင်ဘာ ၃ရက်နေ့ရ အဖွဲ့ချုပ်သတင်း.. အမေစုသတင်းများ..

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သံအမတ်ကြီးများ လာရောက်တွေ့ဆုံ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့မနက်ပိုင်းက ဘန်ကောက် အခြေဆိုက် ဘယ်လ်ဂျီယန်နိုင်ငံ သံအမတ်ကြီးမှ လာရောက်တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာတော့ ရန်ကုန်အခြေဆိုက် သြစတြေးလျ သံအမတ်ကြီးတို့မှ လာရောက်တွေ့ဆုံခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယနေ့ မနက်ပိုင်းကလည်း ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဆက်လက် ပြောဆိုသွားပါတယ်..။

လူထုခေါင်းဆောင် အမေစုသတင်းများ

လာမည့် ဒီဇင်ဘာလ ၈ရက် ဗုဒ္ဓဟူးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲ ပြုလုပ်မှာ ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဆွမ်းလောင်းလှူမှာ ဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာလည်း ဘားလမ်းရှိ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံကို သွားရောက် လေ့လာမှာ ဖြစ်ကြောင်း အဖွဲ့ချုပ် နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်မှ ပြောဆိုပါတယ်..။
နိုဝင်ဘာလ (၂၃)ရက်နေ့က မိခင်နှင့်သား တွေဆုံစဉ် ဓာတ်ပုံ..
ကိုထိန်လင်း လာမည့် အင်္ဂါနေ့ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်..

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၃)ရက်နေ့က ၁၀နှစ်ကျော်ကြာ ကွဲကွာနေတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် Kim Aris ဟာ ပြည်ဝင်ခွင့် ဗီဇာ(၂)ပတ်ပြည့်မယ့် လာမည့် ဒီဇင်ဘာလ (၇)ရက်နေ့ အဂါင်္နေ့မှာ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ မနေ့က အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ကမ္ဘာ့ AIDS နေ့ အခမ်းအနားမှာလည်း ကိုထိန်လင်းဟာ မြန်မာပြည်သား အနုပညာရှင်များနဲ့ တွဲဘက်ပြီး တက်တက်ကြွကြွ ပါဝင်ဖျော်ဖြေခဲ့သလို.. ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀)ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်စဉ်မှာလည်း မိခင်ဖြစ်သူ လုံခြုံရေးအတွက် အထူးစောင့်ရှောက် ပေးခဲ့ပါတယ်..။ ကိုထိန်လင်း ခေါ် Kim Aris ဟာ ယခုလက်ရှိ အင်္ဂလန်နိုင်ငံမှာ နေထိုင်လျှက်ရှိပါတယ်...။

သတင်း.. ဒီမိုဝေယံ

ကချင်ပြည်နယ်သို့ စစ်အစိုးရ စစ်အင်အား နှင့် လက်နက်ကြီးများ ပို့ဆောင်နေ

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်သို့ မြန်မာစစ်အစိုး၏ စစ်အင်အားနှင့် လက်နက်ကြီးများကို မန္တလေးမှ ဗန်းမော်သို့ နိုဝင်ဘာလကုန်ပိုင်းမှ စတင်ပို့ဆောင်နေကြောင်းသိရသည်။

တရုတ်စစ်ကား ၁၂ စီးပါ အမြောက်လက်နက်ကြီးများ တင်ဆောင်လာသည့် စစ်ယာဉ်တန်း ဝင်ရောက်လာတာဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဗန်းမော်မှ လိုင်ဇာ၊ မြစ်ကြီးနားဖက်သို့လည်း တင်ဆောင်သွားကြောင်း မျက်မြင်တစ်ဦးမှ ဆိုသည်။

၎င်းက ဆက်ပြီး “ကားက ၁၀စီးပါ၊ ကားတစ်စီးပေါ်မှာ သူတို့က လက်နက်ကြီး တစ်လက်လက်နဲ့၊ စက်သေနက်တွေလည်း မျိုးစုံ၊ စစ်သားတွေက လေးငါးယောက်၊ လေးငါးယောက်ပါတယ်၊ စစ်သားတွေတော့ သိပ်မတွေ့ဘူး၊ လက်နက်ပဲသယ်ဖို့ လုံခြုံရေးလောက်ပဲ ပါတယ်။” ဟု ပြောသည်။

ယမန်နေ့ညနေပိုင်းတွင် မန္တလေးလမ်းဘက်မှ လက်နက်ကြီးတွေ တင်ဆောင်လာသည့် စစ်တပ်ကားအစီး ၅စီး မြို့ထဲထပ်ဝင်လာပြီး သင်္ဘောဖြစ်လည်း လက်နက်ကြီးတွေ သယ်ပို့နေသည်ဟု ဒေသခံတစ်ဦးမှပြောသည်။

သေနတ် သယ်ဆောင်လာသည့် စစ်တပ်ကားမြင်ခဲ့ရသည့် ဈေးသည်၊ ဒေသခံများက တုန်လှုပ်သွားကြကာ စစ်ဖြစ်မှာကို ကြောက်လန့်နေကြသည်ဟု ဒေသခံမှပင် ပြောသည်။

“အရင်တစ်ခေါက်က ဒီအောက်ပိုင်းကနေသယ်လာတာ မဟုတ်ဘူးထင်တယ်၊ သူတို့ စစ်တပ်တွေဆီကနေ စုဆောင်းပြီး အမြောက်ကြီး၊ သေနက်ကြီးတွေ ဒီမြို့ဘက်ကနေ ပတ်ပြီး လိုက်သယ်ပြတာ။ ဒေသခံတွေကိုကြတော့ သယ်လာတာပဲပြတာ၊ ပြည်သူတွေကို ခြောက်နေသလိုပဲ” ဟု လက်နက်တင်ကားကြီးမြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးမှပင် သုံးသပ်ပြောဆိုသည်။

စစ်အစိုးရဖက်မှ တရုတ်-မြန်မာနယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်အနီး မြို့များတွင် စစ်အင်အားနှင့် လက်နက်ကြီးများ တိုး၍ပို့ဆောင်ထားသလို ပြည်တွင်းရှိ KIO ဆက်ဆံရေးရုံးများအားလည်း ပိတ်ပင်လိုက်သည်။

တရုတ်နယ်စပ်အနီး KIO ဌာနချုပ်လိုင်ဇာမှတဆင့် နှစ်နိုင်ငံကုန်အ၀င်အထွက်အားလုံးကို လိုင်ဇာနှင့် အဓိကဆက်သွယ်သော မြန်မာစစ်အစိုးရထိန်းချုပ်သည့် လဂျားယန်ဂိတ်စုပေါင်းဂိတ်တွင် လုံးဝ ပိတ်ပင်ထားသည်မှာ နှစ်ပတ်နီးပါးရှိလာပြီဖြစ်သည်။

အခုလိုပိတ်ပင်မှုနောက်ပိုင်း KIO မှလည်း လိုင်ဇာမြို့ရှိ ကုန်သည်များအား ပြောင်းရွှေ့ကြရန် သတိပေးပြောဆိုလာသည်။

သတင်း...KNG

တက္ကသိုလ်ဝင်တန်းအတွက် အနီးကပ် ပညာဒါနသင်တန်း ဒီဇင်ဘာ ၁၁ ရက်နေ့ ဖွင့်လှစ်မည်

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အတွက် အနီးကပ် ပညာဒါနသင်တန်းအား ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း The Glory ပညာဒါနသင်တန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

ယင်းသင်တန်း အတွက် တက်ရောက်မည့်သူများကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင် ကျောင်းအပ်လက်ခံသွားမည် ဖြစ်ပြီး ကျောင်းသားကျောင်းသူ ၂၀၀ ဦးကို လက်ခံသွားမည်ဟု သိရှိရသည်။

''ဒီသင်တန်းကို တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမဲ့သူတွေ အတွက် အနီးကပ်အဖြစ် မတ်လဆန်းအထိ သင်ပေးသွားမှာပါ။ ပညာဒါန သင်တန်း ဖြစ်တဲ့အတွက် စာရွက်စာတမ်း၊ ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းကြေးတွေကို အကုန်လုံး ပညာဒါန ပြုသွားမှာပါ။ ဘာသာရပ်ဆိုင်ရာ သင်ခန်းစာတွေကို အချိန်တို အတွင်းမှာ အနီးကပ် သင်ကြားရခြင်း ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဘာသာရပ်တစ်ခုကို အတွေ့အကြုံများတဲ့ ဆရာ၊ဆရာမ နှစ်ဦးစီက သင်ကြားပေးသွားမှာပါ''ဟု The Glory ပညာဒါန သင်တန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါသင်တန်းကို ယခုနှစ်တွင် သုံးနှစ်မြောက် ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး ကျူရှင်စရိတ် မတတ်နိုင်သော တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''သင်တန်းမှ တက်ရောက်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေ စာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့မယ်ဆိုရင် ထိုက်တန်စွာ ဂုဏ်ပြုမဲ့အပြင် ပညာရည်ချွန်ဆု Scholarship ပေးခြင်းကိုလည်း ပြုလုပ်သွားမှာပါ''ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောပြခဲ့သည်။

သင်တန်းအချိန်ကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီခွဲအထိနှင့် စနေ၊ တနင်္ဂနွေ နေ့များတွင် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ သင်းကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ ခ ရပ်ကွက်၊ ဦးဖေသင်လမ်း (သင်္ကန်းကျွန်းဘူတာ) အနီးတွင် ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်း တက်ရောက်လိုသူများ အနေဖြင့် ဖုန်းနံပါတ် ၀၉၅၀၈၇၇၇၄ သို့ ဆက်သွယ်နိုင်သည် ဟု news-eleven ဂျာနယ်တွင် ဖော်ပြပါရှိပါသည်.။

ဒီမိဘမဲ့နေတဲ့ သမီးလေးက ခိုကိုးရာမဲ့ပြီး ငတ်လွန်းလို့ သူများမုန့် ခိုးစားရှာတာပါ ...။

Burma's Orphans of The Storm - Part 1 (Cyclone Nargis)



Burma's Orphans of The Storm - Part 2 (Cyclone Nargis)




ဒီမိဘမဲ့နေတဲ့ သမီးလေးက ခိုကိုးရာမဲ့ပြီး ငတ်လွန်းလို့ သူများမုန့် ခိုးစားရှာတာပါ ...။
Burma's Orphans of The Storm - Part 3 (Cyclone Nargis)


03 December 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် DVB သတင်းဌာန(၁.၁၂.၂၀၁၀) အင်တာဗျူး ရုပ်သံ မြင်ကွင်း

သတင်းညာ အသစ် တစ်စောင် ထုတ် ရန်စီစဉ်

နေပြည်တော်ကို ဗဟိုပြု၍ သတင်းစာတစ်စောင် ထုတ်ဝေတော့မည် ဖြစ်ကြောင်း သတင်းစာ၏ အမည်ကို နေပြည်တော်ဟု အမည်ပေးထားကြောင်း၊ ၎င်းသတင်းစာကို ၂၀၁၁ နှစ် နှစ်ဆန်းပိုင်းတွင် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ၎င်းသတင်းစာနှင့်နီးစပ်သူ သတင်းစာဆရာတစ်ဦးက ပြောသည်။

နေပြည်တော်သတင်းစာ ထုတ်ဝေနိုင်ရေးအတွက် အစမ်းခန့်အပ်ထားသော ဝန်ထမ်း ၆၀ ခန့်တို့သည် မန္တလေးမြို့အခြေစိုက် ရတနာပုံနေ့စဉ် သတင်းစာတိုက် သတင်းစာထုတ်ဝေမှုများကို လည်းကောင်း၊ မန္တလေးမြို့၏ သတင်းအရင်းအမြစ်များ၊ မန္တလေးမြို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့ကို လာရောက်လေ့လာလျက် ရှိကြောင်း ရတနာပုံ သတင်းစာတိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အသစ်ထုတ်ဝေမည် နေပြည်တော်သတင်းနှင့် ပတ်သက်၍ နေပြည်တော်သတင်းစာမှ တာဝန်ရှိသူများနှင့် မန္တလေးစာနယ်ဇင်း ဆရာများ တွေ့ဆုံပွဲကို ယနေ့နေ့လည်ပိုင်းက ၈၄ လမ်း၊ ၂၉x၃၀ လမ်းကြား၊ ရတနာပုံနေ့စဉ် သတင်းစာတိုက်၊ ကြော်ငြာဌာနတွင် ပြုလုပ်ကြောင်း သိရသည်။ အဆိုပါ နေပြည်တော်သတင်းစာသည် မြဝတီရုပ်မြင်သံကြား၊ ရတနာပုံ နေ့စဉ်သတင်းစာတို့နှင့် ဆက်စပ်မှုရှိပြီး မန္တလေးမြို့တွင် တိုက်ခွဲထားမည် ဖြစ်ကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ကျင်းပပြုလုပ်ခဲ့သော အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ရုပ်သံ







အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် WORLD AIDS DAY အထိမ်းအမှတ်ပွဲ ဓာတ်ပုံ မှတ်တမ်း..

အမေစုနှင့် HIV ဝေဒနာရှင် ကလေးငယ်များ
အမေစု၊ မဖြူဖြူသင်း
ကဗျာဆရာ ကိုငြိမ်းသစ်
အမေစုသား ကိုထိန်လင်း
ကိုတိုးလွင်၊ ကိုရဲလွင်၊ ကိုညီညီလွင်
ဓာတ်ပုံ.. ML,DMWY
အမေစုနဲ့ အတူထိုင်နေတဲ့ ကလေးငယ် အယောက်(၂၀)ကျော်က HIV Postive ခံစားနေကြရပါတယ်..
ဝေဒနာရှင်တွေ အပေါ်မှာ ထားတဲ့ အမေ့ရဲ့မေတ္တာပါ..။
ဓာတ်ပုံ Reuters,AP
ဒီနေ့ မနက် ၁၀နာရီမှာ အခမ်းအနားကို ကျင်းပပြုလုပ်ပါတယ်..။ HIV/AIDS ဝေဒနာရှင် ၃၀၀လောက် တက်ရောက်ခဲ့ပါတယ်.. ကိုရဲလွင်.. ဒေါက်တာဦးမြင့်၊ ကိုတိုးလွင်နဲ့ ကိုထိန်လင်းတို့မှ သီချင်း သီဆိုဖျော်ဖြေခဲ့ပါတယ်..။ ကိုငြိမ်းသစ်နဲ့ ကဗျာဆရာ (၅)ဦးမှ ကဗျာ ရွတ်ဆိုခဲ့ကြပြီး အဓိက ကတော့ ဝေဒနာရှင်တွေ စိတ်ဓာတ်မကျဖို့ အတွက် အားပေးတဲ့ ကဗျာတွေကို ရွတ်ဆိုကြပါတယ်..။ လူဦးရေ ထောင်ချီ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်...။

02 December 2010

နှစ် (၉၀) ပြည့်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သန်လျင်မြို့ နယ်၌ ကျင်းပ။

နှစ် (၉၀) ပြည့်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သန်လျင်မြို့ နယ် ကျောင်းသားလူငယ်များမှ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောဆွေးနွေးပွဲနှင့် ကဗျာရွတ်ဆိုပွဲအခမ်းအနားကို ဒီဇင်ဘာလ (၁) ရက်နေ့  နေ့ လည်နှစ်နာရီကသန်လျင်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွင်းရေးမှူး (CWC) အဖွဲ့ ဝင် ရှေ့နေဦးစိုးဟန်အိမ်တွင် ကျင်းပခဲ့ကြသည်။



အခမ်းအနားကို သန်လျင်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မြို့ နယ်စည်းအဖွဲ့ ဝင်များ၊ NLD လူငယ်များ၊ ကျောင်းသားလူငယ်များ၊N LD သွေးအလှူတာဝန်ခံ ကိုညီနှင့်အဖွဲ့ များ၊ မြန်မာနိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးလိုလားသူ ကျောင်းသားလူငယ်များနှင့် အခြားစိတ်ပါဝင်စားသူ ပြည်သူများအပါအ၀င် အင်အားခုနှစ်ဆယ့်သုံးယောက် တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားကို အခမ်းအနားအစီအစဉ်ခြောက်ရပ်ဖြင့် ပြုလုပ်ခဲ့ကြပြီး ကျောင်းသားလူငယ်များက အမျိုးသားအောင်ပွဲနေ့ နှင့် သက်ဆိုင်သောကဗျာများ ရွတ်ဆိုခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ကျင်းပခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ကြွရောက်လာကြသော အင်အားစုများက ကျိုက်ခေါက်စတီတော်သို့  သွားရောက်ဖူးမျှော်ခဲ့ကြပြီး မြန်မာနိုင်ငံဒီမိုကရေစီစနစ်ထွန်းကားစေကြောင်း ဆုတောင်းခဲ့ကြကြောင်း သတင်းရရှိသည်။

မနက်ဖြန် ဒီဇင်ဘာလ (၂)ရက်နေ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်မယ့် World AIDS Day အခမ်းအနား..

 
(အမေ့အိမ်မှာ တွေ့ရတဲ့ အမေ့သား ကိုထိန်လင်း) အမေတွေရဲ့ အရိပ်အာဝါသအောက် အမေ့အိမ်တိုင်းမှာ သားသမီးတိုင်း ပျော်ရွှင်ကြပါတယ်.. အမေတွေနဲ့ ဝေးကွာနေကြတဲ့ ရေခြားမြေခြားမှ သားသမီးတွေ မိခင်တွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ကြပါစေ..

မနက်ဖြန် ဒီဇင်ဘာလ(၂)ရက်နေ့မှာ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ  World AIDS Day အခမ်းအနား.. ကိုကျင်းပပြုလုပ်မှာ မနက် ၁၁နာရီမှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။

မနက်ဖြန်မှာ ကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်အားပေးမည့် အဆိုပါ အခမ်းအနားသို့ တောင်ဒဂုံ (၁၈)ရပ်ကွက်မှာ ရှိတဲ့ မဖြူဖြူသင်း ဦးစီးဦးဆောင်ပြု စောင့်ရှောက်နေတဲ့ ၃၇၆ ဂေဟာမှ HIV/AIDSဝေဒနာရှင်များ တက်ရောက်ကြမှာ ဖြစ်ပါတယ်..။ နိုင်ငံခြားသံရုံးများမှ သံတမာန်များအား ဖိတ်ကြားထားပြီး.. ဖျော်ဖြေရေး အစီအစဉ်များ ကဗျာရွတ်ပွဲများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပါမှာ ဖြစ်ပါတယ်..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်ချီကား (၈)ကားအနက်မှ (၃)ကားအား HIV/AIDS ဝေဒနာ ရှင်များအား လှူဒါန်းမှာ ဖြစ်ကြောင်း သိရှိရပါတယ်.. .. ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းမှလည်း အဆိုရှင်များနှင့် တွဲဖက်၍ ဂစ်တာတီးဖျော်ဖြေမှာ ဖြစ်ပြီး ပြည်တွင်းမှ အဆိုပညာရှင်များမှလည်း လာရောက် သီဆိုဒါန ပြုမှာ ဖြစ်ကြောင်း သိရှိရပါတယ်...။

နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ (၁)ရက်နေ့ကို  World AIDS Day နေ့အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပ ပြုလုပ်ကြပါတယ်..။ ယခုနှစ်မှာတော့ နှစ်(၉၀)ပြည့် အမျိုးသားအောင်ပွဲနေ့နဲ့ နေ့ရက်တိုက်ဆိုင် နေတဲ့အတွက် .. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အထိမ်းအမှတ် အခမ်းအနားကို မနက်ဖြန် ဒီဇင်ဘာလ (၂)ရက်နေ့ မှာ ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။

သတင်း... ဒီမိုဝေယံ

ယနေ့ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ နှစ်(၉၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား (ဓာတ်ပုံ)

 
 
 
ဓာတ်ပုံ Reuters

(၉၀) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ ) အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ကြေညာချက်။

90th Anniversary of National Day

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ Foreign Policy မဂ္ဂဇင်းကြီးသို့  ပေးပို့ သော ဗွီဒီယိုစကားပြောမှတ်တမ်း (မြန်မာဘာသာ ပြန်ဆိုချက်)။

ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းကြီးမှ ထုတ်ပြန်ကြေညာသော ၂၀၁၀ ခုနှစ် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင် အယောက် (၁၀၀) တွင် ပါဝင်သည့် မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့ သော ဗွီဒီယိုစကားပြောမှတ်တမ်းအား မြန်မာဘာသာသို့  ကြိုးစားပြန်ဆိုထားခြင်း ဖြစ်ပါသည်။

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့ သော ဗွီဒီယိုစကားပြောမှာ -

ယခုလို နေ့ ရက်မင်္ဂလာအချိန်အခါသမယမှာ ကျွန်မအနေနဲ့  (ဗွီဒီယိုမှ တစ်ဆင့်) နှုတ်ခွန်းဆက်စကား ပြောဆိုခွင့်ရတဲ့အတွက် အထူးကြည်နူးဝမ်းမြောက်ရပါတယ်။ အကယ်လို့ သာ လူကိုယ်တိုင် တွေ့ ဆုံပြောကြားခွင့်ရမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ပိုမိုပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်မိမယ်ဆိုတာ ကျိန်းသေပါတယ်။

နိုင်ငံတကာဆက်ဆံရေး မူဝါဒရေးရာဆိုင်ရာ မဂ္ဂဇင်းကြီးမှ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင်များ အယောက် (၁၀၀) ဖေါ်ပြတဲ့အထဲမှာ ကျွန်မအားလည်း ထည့်သွင်းဖေါ်ပြထားတာ သိရှိရတဲ့အတွက် အထူးကျေးဇူးတင်ရှိရသလို တန်ဖိုးထား လေးစားစွာနဲ့  ဂုဏ်ယူမိပါတယ်။

ကျွန်မအနေနဲ့  လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကာလအချိန်အတွင်းကို ဖြတ်သန်းခဲ့ရာမှာ များပြားလှစွာသော လုပ်ငန်းဆောင်ရွက်စရာများအကြားမှ လက်တွေ့ ဘ၀အနေနဲ့  မြောက်မြားလှစွာသော လေ့လာဆည်းပူးမှုများ တွေးခေါ်သုံးသပ်မှုများ ဆင်ခြင်ဆုံးဖြတ်မှုများ အကောင်အထည်ဖေါ်ဆောင်မှုများကို အလျင်မီအောင် ကြိုးစားဆောင်ရွက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုစာ ကာလအတွင်း ကျမရဲ့ဘ၀က အတွေးအမြင် ဆင်ခြင်တုံတရားနှင့် ရှုမြင်သုံးသပ်အဖြေရှာတဲ့ အချိန်ကာလနဲ့ အကောင်အထည်ဖေါ်စရာတွေ လက်မလည်အောင် များလွန်းလို့ အတွေးအမြင်တွေကို တွေးတောကြံဆဖို့ အချိန်မပေးနိုင်တဲ့ ကာလ နှစ်ခုကြားမှာ ဖြတ်သန်းလာခဲ့ရပါတယ်။

အဆိုပါ နှစ်အချိန်အခါသမယတွေကို ဖြတ်သန်းရင်းနဲ့  ကျွန်မအနေနဲ့  အမြဲတမ်း ယုံကြည်လက်ခံတဲ့ တွေးခေါ်ခံယူချက်ကတော့ ကျွန်မတို့ အားလုံးဟာ အခြေအနေတိုင်း လုပ်ရပ်တိုင်းမှာ တိုးတက်အောင်မြင်ဖို့ အတွက် အတူတစ်ကွ လက်တွဲဆောင်ရွက်ကြရမယ်ဆိုတဲ့ ခံယူချက်ဘဲ ဖြစ်ပါတယ်။ ဒီခံယူယုံကြည်ချက်ဟာ ကျွန်မအနေနဲ့ မှ စတင်ပြောဆိုတာ မဟုတ်ဘဲ ယခင့် ယခင်ကတည်းက လူ့ ဘောင်အတွင်းမှာ ပေါ်ပေါက်နေတဲ့ ထာဝစဉ် သင့်လျော်မှန်ကန်နေတဲ့ အတွေးအခေါ်ဘဲ ဖြစ်ပါတယ်။ လူသားအချင်းချင်း တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ယိုင်းပင်းကူညီကြရမယ်၊ ပူးပေါင်းဆောင်ရွက်ကြရမယ်ဆိုတဲ့ ဒီ တွေးခေါ်ခံယူချက်ဟာ အမြဲတန်း ရှင်သန် မှန်ကန်နေမယ့် အတွေးအခေါ်ဘဲ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့  လွန်ခဲ့သော (၇) နှစ်တာ ဖြတ်သန်းခဲ့ရသောကာလတစ်လျှောက်မှာ အထူးသဖြင့် ကမ္ဘာလောကကြီးမှာ ပြောင်းလဲမှုပေါင်းများစွာ ဖြစ်ပေါ်ခဲ့တဲ့အချိန်ကာလတစ်လျှောက်မှာ ဒီလို တွေးခေါ်သုံးသပ်မှုတွေ ဖြတ်သန်းတွေ့ ကြုံမှုတွေ ဖြစ်ပေါ်ပြောင်းလဲမှုတွေအကြောင်းကို မိတ်ဆွေအပေါင်းနဲ့  ဆုံတွေ့ ပြောကြားဖလှယ်ခွင့် ရခဲ့မယ်ဆိုရင် အင်မတန် ကြည်နူးစရာကောင်းမှာဆိုတာကို ပြောကြားလိုပါတယ်။

ယခုလ နိုဝင်ဘာလ (၁၃) ရက်နေ့ က နေအိမ်အကျယ်ချူပ်ဘ၀ကနေ ပြင်ပလောကကို ပြန်လည်တွေ့ ဆုံလာနိုင်တဲ့အနေအထားမှာ ကျွန်မအနေနဲ့  ကမ္ဘာလောကအသစ်ကြီးကို ရောက်ရှိလိုက်ရသလို ခံစားမိရပါတယ်။ ဒီလို ပြင်ပကမ္ဘာလောကသစ်ကြီးကို ကျွန်မ ပြန်လည်ရောက်ရှိလာချိန်မှာ ကျွန်မကို လာရောက်တွေ့ ဆုံ အားပေး နှုတ်ဆက်ကြပြီး ကျွန်မတို့ အားလုံးရဲ့  ရည်မှန်းချက်တွေအတွက် ပံ့ပိုးမှုတွေ လာရောက်ပြောဆိုဆောင်ရွက်ကြတဲ့သူအထဲမှာ ကျွန်မနဲ့  ယခင်အချိန်တွေတုန်းကတည်းက လက်တွဲလုပ်ဆောင်ခဲ့ကြသူတွေသာမက နုပျိုလန်းဆန်းသော ငယ်ရွယ်သူ မျိုးဆက်သစ်ပေါင်းများစွာကို တွေ့ ရှိရပါတယ်။ ကျွန်မတို့ ရဲ့  မျိုးဆက်အသစ်အသစ်တွေ အဆက်ဆက် ပေါ်ပေါက်နေတာလို့  အချိန်ကာလပြောင်းလဲမှုနဲ့ အတူ ကျွန်မ တွေ့ မြင်မိပါတယ်။ မျိုးဆက်သစ်လေးတွေဟာ ကျွန်မတို့ ရဲ့  လောကလူ့ ဘောင်သစ်ကြီးကို လက်ဆင့်ကမ်း ဦးဆောင်သွားကြမယ့်သူတွေလို့  ကျွန်မအနေနဲ့  လက်ခံယုံကြည်ပါတယ်။

လက်ရှိအချိန်ကာလအတွင်းမှာ မျိုးဆက်သစ်လူငယ်လူရွယ်လေးတွေဟာ ပြောင်းလဲနေတဲ့ ကမ္ဘာ့လောကသစ်ကြီးအတွင်းမှာ ခေတ်မှီနည်းပညာ တိုးတက်ပြောင်းလဲမှု (IT – Information Technology) တွေကို အခြေခံ ကျင့်သုံးနေကြ ထိတွေ့ ကျွမ်းကျင်နေကြတာဟာ ကျွန်မထက် အဆပေါင်းများစွာ သာတယ်ဆိုတာ ကျွန်မအနေနဲ့  ပြောကြားလိုပါတယ်။ ဒီဟာဟာ ကျွန်မတို့ အတွက် အင်မတန်အားရကျေနပ်စရာဖြစ်သလို အထောက်အကူ အပြည့်အ၀ ပံ့ပိုးမှု အပြည့်အ၀ ဖြစ်စေပါတယ်။ ဘာလို့ လည်းဆိုတော့ ခေတ်မှီနည်းပညာ တိုးတက်ပြောင်းလဲမှု (IT – Information Technology) ဟာ မျိုးဆက်သစ်တွေ ခေတ်မှီနည်းပညာတိုးတက်မှုတွေဟာ လူတန်းစားအလွှာအသီးသီး မျိုးဆက်သစ်အဆက်ဆက်ကို အပြန်အလှန် ဆက်သွယ်ရေးမှာ ပိုမို အဆင်ပြေ ချောမွေ့ စေတယ်၊ ပိုမိုအထောက်အကူ ဖြစ်စေပါတယ်။

ကျွန်မ ယခုလို ပြောကြားမှုတွေဟာ ယနေ့  ထုတ်ပြန်ကြေညာတဲ့ ကမ္ဘာ့ထိပ်တန်းအတွေးအခေါ်ပညာရှင်များအတွက် ကြောင်းကျိုးခိုင်လုံသင့်တော်သော အထောက်အကူပြု ပြောကြားချက် ဖြစ်မဖြစ်ဆိုတာ ကျွန်မအနေနဲ့  ပြောဆိုတာထက် ကျွန်မအနေနဲ့  အဓိက ပြောချင်တာကတော့ ကျွန်မအနေနဲ့  လွတ်လပ်မှု ပျောက်ကွယ်နေခဲ့ရတဲ့ နေအိမ်အကျယ်ချူပ်ကျနေစဉ်ကာလအတွင်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ လောကလူ့ ဘောင်သစ်ကြီးမှာ ဖြစ်ပေါ်နေမှုတွေကို အတူတစ်ကွ ဖြတ်သန်းနေကြတဲ့ မျိုးဆက်သစ်တွေဆီကနေ သူတို့ ရဲ့  တွေးခေါ်မှုတွေ ပြောကြားချက်တွေ အတွေ့ အကြုံတွေ ဖလှယ်မှုတွေ လေ့လာတတ်ကျွမ်းတွေကို ပြန်လည် နားထောင်ဖို့  သင်ယူလေ့လာဖို့  သုံးသပ်ဆင်ခြင် စဉ်းစားဆုံးဖြတ်ဖို့  ကျွန်မအနေနဲ့  အသင့်ရှိနေတယ်ဆိုတာ အသိပေး ပြောကြားလိုပါတယ်။ ဒီလို ရရှိလာမယ့် သင်ယူလေ့လာမှုတွေနဲ့ အတူ ကျွန်မတို့  အားလုံးဟာ ဆုံးခန်းတိုင်မှု မရှိတဲ့ တွေးခေါ်သုံးသပ်မှုတွေကို ထပ်ကာတလဲလဲ ကျင့်သုံးဆောင်ရွက်နေရမှာ ဖြစ်သလို၊ ဒီလို တွေးခေါ်သုံးသပ်မှု ဆုံးဖြတ်ချက်တွေဟာ ပြီးဆုံးသွားမှာ အဆုံးသတ်သွားမှာ မဟုတ်ပါဖူး။ ကျွန်မတို့ ရဲ့  မွန်မြတ်လှတဲ့ လူသားသဘာဝအရ ကျွန်မတို့ အားလုံးရဲ့  စိတ်နှလုံးအတွင်းမှာ အစဉ်အမြဲ ဆက်လက် ပေါ်ပေါက်ရှင်သန်နေမှာ ဖြစ်ပါတယ်။

ကျမတို့ဟာ အဖန်တလဲလဲ ပြန်လည်တွေးတော ဆင်ခြင်သုံးသပ်နေရမှာ ဖြစ်တယ်။ တွေးတောဆင်ခြင်ဆန်းစစ်မှုဆိုတာ ဘယ်တော့မှ ဆုံခန်းသွားတယ်ဆိုတာ မရှိပါဘူး။ အဆုံးသတ် ဆုံးဖြတ်ချက် ကောက်ချက်ရယ်လို့လည်း ဘယ်တော့မှ သတ်မှတ်လို့ မရပါဘူး။ ဒါသည်ပင် ကျမတို့ရဲ့ နှလုံး၊ စိတ်ဝမ်းထဲမှာ ဘက်ပေါင်းစုံနဲ့ ရှေ့ဆက် တွေးတောဆင်ခြင်သုံးသပ်ကာ သွားနေရမည့် လူသားသဘာဝရဲ့ အလှတရား ဖြစ်ပါတယ်။

ကျွန်မ ယခုပြောကြားတဲ့ ဒီ ခံယူသုံးသပ်တွေးခေါ်မှုတွေဟာ ကျွန်မအနေနဲ့ မိမိကိုယ်ကို အတွေးအခေါ်ပညာရှင်တစ်ဦး အနေအထားနဲ့  သူရဲ့  တွေးခေါ်မှုကို ထုတ်ဖေါ်ပြ ပြောဆိုပြနေတဲ့ ပုံသဏ္ဍန်မျိုး မဟုတ်ရပါဖူး။ ပြင်ပကမ္ဘာလောကသစ်ကြီးနဲ့  နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေခဲ့ရတဲ့သူ တစ်ဦးအနေနဲ့  မိတ်ဆွေတို့ အားလုံးနဲ့  အတူတစ်ကွ ပူးပေါင်းဆောင်ရွက်လို့  ရမလည်း၊ မိတ်ဆွေတို့ ရဲ့  ထောက်ပံအားပေးမှုတွေ အကြံဥာဏ်ကောင်းတွေ ကူညီယိုင်းပင်းမှုတွေ အတူတစ်ကွ လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေ ခင်မင်ရင်းနှီးမှုတွေ ရရှိနိုင်မလည်းဆိုတာတွေကို သိရှိလိုသူတစ်ဦးအနေနဲ့  ပြောကြားမှုတွေသာ ဖြစ်ပါတယ်။

ကျွန်မ ယခုလို ပြောကြားမှုတွေအားလုံးဟာ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင်တစ်ဦးကနေ ပြောဆိုသင့်တဲ့ ပြောကြားချက် ပီသ မပီသဆိုတာထက် ကျွန်မရဲ့  ရင်တွင်းနှလုံးသားကနေ နက်နက်ရှိုင်းရှိုင်း ထွက်ပေါ်လာတဲ့ ပြောကြားမှု ဖြစ်တာမို့  မိတ်ဆွေတို့ အားလုံးအနေနဲ့  ကျွန်မရဲ့  ယခုလို ပြောကြားချက်တွေကို နားလည်ပေးလိမ့်မယ်လို့  ကျွန်မ မျှော်လင့်မိပါတယ်။ ကျေးဇူး များစွာတင်ရှိပါတယ်။

အောင်ဆန်းစုကြည်။

(မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား မြန်မာဘာသာသို့  ကြိုးစားပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ ဘာသာပြန်ဆိုရာတွင် မူလပြောဆိုချက်များနှင့် ဆီလျော်မှု တစ်စုံတရာ မရှိ လွဲချော်မှု ဖြစ်မိပါက မြန်မာဘာသာသို့  ပြန်ဆိုသူများ၏ အားနည်းချက်သာ ဖြစ်ပါကြောင်း ၀န်ခံအပ်ပါတယ်။ မြန်မာဘာသာသို့  မငယ်နိုင်နှင့် ကိုနစ်နေမန်းမှ ကြိုးစားပြန်ဆိုထားခြင်း ဖြစ်ပါတယ်)။

01 December 2010

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ကိုထိန်လင်းတို့ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ ရောက်ရှိစဉ် ပြည်သူလူထုကြီးမှ ဤသို့ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်.. ( ရုပ်သံ)


မဇ္ဈိမ သတင်းဋ္ဌာနမှ ကူးယူဖော်ပြပါသည်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ကိုထိန်လင်းတို့ ယနေ့ မနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်ဈေးကို ရောက်ရှိစဉ် ကြိုဆိုကြတဲ့ လူထုပရိသတ် မြင်ကွင်း..

 လူရာပေါင်းများစွာမှ ကြိုဆိုကြပြီး အမေစုကျန်းမာပါစေလို့ ဝိုင်းဝန်း ဆုတောင်းပေးကြပါတယ်..။ (အမေကိုချစ်တဲ့ ပြည်သူလူထုမှ အမေကို ဒီလိုကြိုဆိုခဲ့ ကြပါတယ်.. အမေ့ပါးကို ကြည့်ပါဦး )
ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်းဈေးထဲမှာ ဒီလိုမြင်ကွင်းမျိုး ဈေးသက်တမ်းမှာ ရှိမယ်မထင်ပါဘူး..
ဓာတ်ပုံ AP

မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ Foreign Policy သို့  ပေးပို့ သော ဗွီဒီယိုစကားပြောမှတ်တမ်း။

ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းကြီးမှ ထုတ်ပြန်ကြေညာသော ၂၀၁၀ ခုနှစ် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင် အယောက် (၁၀၀) တွင် မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ကြောင်း သိရှိရပါသည်။ မြန်မာပြည် စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် မလျှော့သော ဇွဲလုံ့ လတို့ ဖြင့် ကြိုးပမ်းဆောင်ရွက်နေသော ဒေါ်အောင်ဆန်းစုကြည်အား ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ Foreign Policy မဂ္ဂဇင်းကြီးသို့  မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့  ပေးပို့ ခဲ့သော ဗွီဒီယိုစကားပြောမှတ်တမ်းနှင့် ပြောကြားချက်မှာ -
















Video Message from Daw Aung San Suu Kyi to FP (Foreign Policy)

It is a great pleasure to be able to address you like this today. But of course, it would have been an even greater pleasure if I could have joined you in person. I was greatly honored to find that I had been chosen as one of Foreign Policy's Top Global Thinkers. Honored, and at the same time humbled. During the last two decades, my life has swung between periods when I have ample time for thought and contemplation, and periods when I hardly had time to catch thoughts on the wing, because there was so much to do.

But in all these years, the one thought that has stayed with me is that we all have to work together to try to improve any situation. That is not an original thought; I think it's as old as humanity: that there is strength in numbers, that we must learn to help each other. But yet, that is a thought that never ages. I wish I could meet all of you to talk over all the things I have thought about over the last seven years, during which many changes took place in this world.

When I came out of detention, on the 13th of this month, I suddenly found myself in a new world, as it were. The people who came to support me, to offer me their greetings and their continued belief in our cause, were much younger than the ones with whom I had worked many years ago. A whole new generation -- or perhaps I should say, several new generations -- had joined us, and so it is a younger world. At the same time, it is a startling, stranger world because all these young people were so much more familiar with the new IT revolution than I am. And that really made me happy; it encouraged me, it invigorated me, because IT technology means simply better communications; better communications between different peoples, between different generations.

I do not know what I am supposed to have contributed to the Great Thinkers of this world. All I can say is that I stand ready to be taught, to learn, to learn from the new thinking, to learn from younger people, to learn from those who have spent the years that I have spent in detention out in the free world, seeing what is going on, and from that seeing, learning to think again. We have to think again, and again, and again, and yet, we never come to the end of our thinking. We never come to the final conclusion. That is the beauty of human nature -- that we can go on, we can keep on going forward, going upward, going outward in our minds and in our hearts.

This is not the ideas of a thinker that I am expressing to you. These are just the ideas of someone who has lived apart from most of the world for many years and has now come out to join you and to ask for your support, your help, your advice, and for your friendship.

I don't know whether this is what a Global Thinker is supposed to be saying, but whatever I have said, it comes from my heart, and I hope that you will look upon it kindly. Thank you very much.

Aung San Suu Kyi

Foreign Policy မဂ္ဂဇင်းကြီးသို့  မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့ ခဲ့သော ဗွီဒီယိုစကားပြောမှတ်တမ်းအား ဒေါင်းလုပ် လုပ်လိုပါက - http://www.multiupload.com/495GZ8CF6K

30 November 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်း၊ ဓာတ်ပုံ၊ ရုပ်သံ

နိုင်ငံရေး အကျဉ်းသားမိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြားနေစဉ်

ဓာတ်ပုံများ REUTERS, GETTY IMAGES
ယနေ့ မနက်ပိုင်းက ဗဟန်းမြို့နယ် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းကျောင်းတိုက်မှာ ပြုလုပ်တဲ့ ဘူးသီးတောင် အကျဉ်းထောင်မှာ နှစ်ရှည်အကျဉ်းကျခံနေရတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်ရဲ့ မိခင်ကွယ်လွန်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းသွပ်တရားနာပွဲ သို့ အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဘဘဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် ဘဘဦးဝင်းတင်၊ အထွထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်...။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားမိသားစုများနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်..။



  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုဋ္ဌေးကြွယ်ရဲ့ မိခင်ကွယ်လွန်ခြင်း (၃)နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းသွပ်တရားနာပွဲတက်ရောက် (ဟံသာဝတီသတင်းဋ္ဌာန ရုပ်သံ)

နေ့လည်ပိုင်းမှာတော့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သတင်းဋ္ဌာနကြီး နှစ်ခုမှ တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်..။

လာမည့် ဒီဇင်ဘာလ (၁)ရက်နေ့မှာ ကျရောက်မယ့် (၉၀)ပြည့်နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားအား ယခုနှစ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်နိုင်မှာ ဖြစ်တဲ့အတွက် 
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိရပါသည်...။

ဒီဇင်ဘာလ(၁)ရက်နေ့မှာ ကျရောက်တဲ့ WORLD AIDS DAY အခမ်းအနားအား အမျိုးသားအောင်ပွဲနေ့နဲ့ တိုက်ဆိုင်နေတဲ့ အတွက် ကြာသာပတေးနေ့ ဒီဇင်ဘာ (၂)ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး ရန်ကုန်မှာ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းမှ  အဆိုရှင်တစ်ဦးနဲ့ တွဲဖက်၍ ဂစ်တာတီး ဖျော်ဖြေမှာ ဖြစ်ကြောင်းသိရှိရပါသည်..။

သတင်း... ဒီမိုဝေယံ

Eleven Media Group တာဝန်ခံ အယ်ဒီတာရဲ့  ပြောကြားမှုလေးပါ။


ဒီနေ့ဟာ ကျွန်တော်တို့အတွက် ပုံမှန် မဟုတ်တဲ့ အင်္ဂါနေ့ပါပဲ။ စိတ်မကောင်းစရာ နေ့တစ်နေ့ဖြစ်သလို၊ ကျွန်တော်တို့ CEO လည်း တော်တော် စိတ်မကောင်း ဖြစ်နေရှာပါတယ်။ ဒီမနက် ကျွန်တော့်ကို စကားခေါ်ပြောတဲ့အခါမှာ CEO တော်တော်စိတ်မကောင်း ဖြစ်နေတာကို သိခဲ့ရပါတယ်။

ဟုတ်ပါတယ်။ အင်္ဂါနေ့မနက်တိုင်း ပုံမှန်ဖတ်နေကျ First Eleven Sports Journal ကို ဒီမနက် ဖတ်ခွင့်မရပါဘူး။ နောက်တစ်ပတ်မှာလည်း ဖတ်ခွင့်ရဦးမှာ မဟုတ်ပါဘူး။ ဂျာနယ်တစ်စောင် ထုတ်ခွင့်မရလို့ ဆိုတာထက် ပရိသတ်ကို ပုံမှန်ကျေပွန်ရမယ့် တာဝန်တစ်ခု ပျက်ကွက်ရတာ တော်တော်ဝမ်းနည်းစရာ ကောင်းပါတယ်။

First Eleven Sports Journal ဟာ ကျွန်တော်တို့ရဲ့ဘ၀ပါ။ Eleven Media Group ရဲ့အစဟာ First Eleven Sports Journal ပါ။ First Eleven ဆိုတာသာမရှိခဲ့ရင် Weekly Eleven ၊ Premier Eleven ၊Bi Weekly Eleven ဆိုတာတွေလည်း ရှိလာမှာ မဟုတ်ပါဘူး။ First Eleven ဂျာနယ် စတင်ထုတ်ဝေစဉ်ကာလတွေက အခုလို ၀န်ထမ်းတွေအများကြီးလည်း မရှိပါဘူး။ အဲဒီတုန်းက ကျွန်တော်တို့ CEO ကိုယ်တိုင် တစ်နေ့ (၃၊ ၄) နာရီပဲ အိပ်ပြီး အပြည့်အ၀ အာရုံစိုက် အလုပ်လုပ်ခဲ့တာပါ။ တစ်ပတ် (၇) ရက်လုံး နားရက်မရှိ လုပ်ခဲ့သလို၊ အခု မီဒီယာသက်တမ်း (၁၁) နှစ်အထိ ကျွန်တော်တို့ ရုံးပိတ်တယ်ဆိုတာ လုံးဝမရှိပါဘူး။ ကုန်ကုန်ပြောရရင် နာဂစ်ဖြစ်တုန်းက မီးမရှိ၊ ရေမရှိ၊ အစားအသောက် ၀ယ်စားစရာ ဆိုင်မရှိ၊ တစ်ရုံးလုံးလည်း ပျက်စီး၊ ဘာဆိုဘာမှ မရှိတဲ့ အခြေအနေမှာတောင် ပုံမှန်ထွက်ရမယ့်ဂျာနယ်ကို ပုံမှန်အတိုင်းထွက်အောင် ရတဲ့နည်းနဲ့ရသလို လုပ်ခဲ့ကြတာပါ။

အခုနောက်ပိုင်းမှ စာပေစိစစ်ရေးက အစိုးရရုံးပိတ်ရက်တွေရှိလို့ သင်္ကြန်ရက်မှာ ဂျာနယ်ထုတ်ခွင့်မရလို့ နားရတာပဲ ရှိပါတယ်။ ဒါတောင် သင်္ကြန်တွင်းမှာ ရုံးလုံးဝမပိတ်ပါဘူး။ ပုံမှန်အလုပ်တွေ လုပ်မြဲပါပဲ။

အခုကိစ္စမှာ First Eleven မျက်မှာဖုံးမှာ ပါတဲ့ စာသားတွေနဲ့ ပတ်သက်ပြီး တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွဋ်ဝင်းက သူဘာကြောင့် ဒီလိုရေးတယ်ဆိုတာ ရိုးရိုးသားသား ၀န်ခံပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ Eleven Media အနေနဲ့ ဒါမျိုးတော့ လုပ်လေ့မရှိပါဘူး။ သူ့ရဲ့ လုပ်ဆောင်မှုဟာ Eleven Mediaရဲ့မူဝါဒစည်းကမ်းနဲ့ လွဲချော်မှု ရှိခဲ့ပေမယ့် သူ ဘယ်လိုလူမျိုးဆိုတာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ သတင်းသွားယူစဉ်က သူတင်ပြတာတွေကို ဖတ်ဖူးသူတိုင်း သိပါတယ်။ သူကျွန်တော်တို့ဆီမှာ လုပ်သက် (၈) နှစ်ကျော်ပါပြီ။

အဲဒီရက်ပိုင်းမှာ အပြင်မှာ ဖြစ်ပျက်နေတဲ့ သတင်းအခြေအနေတွေအရ သူ့မှာ Emotion တွေ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်။ သူပြောတာက ''အဲဒီတစ်ပတ် ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ လက်ရှိချန်ပီယံ ချယ်လ်ဆီးကို ဆန်းဒါးလန်းက အဝေးကွင်းမှာ (၃) ဂိုးပြတ်နဲ့ နိုင်တယ်။ ဒါဟာ အံ့အားသင့်စရာ ရလဒ်ဆိုတာ ပရိသတ်တိုင်းသိတယ်။ အဲဒီလိုပဲ မန်ယူကလည်း ဗီလာကို (၂) ဂိုးရှုံးနေရာကနေ လိုက်ကစားပြီး သရေကျခဲ့တယ်။ အာဆင်နယ်ကျတော့ ခက်ခက်ခဲခဲ ကစားရမယ်လို့ ထင်တဲ့ အဲဗာတန်ကို အလွယ်တကူပဲ အဝေးကွင်းမှာ အနိုင်ယူခဲ့တယ်။

ဒါကြောင့် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ ဒီအသင်းတွေရဲ့ ရလဒ်ကို cover မှာတင်ဖို့ ခေါင်းစဉ်စာသားတွေ ချရေးခဲ့တယ်။ အသင်းတွေရဲ့ အမည်စာသားတွေက ထူးခြားနေလို့ စာသားတွေကို အရောင်လေးတွေ ခွဲကြည့်လိုက်မိတယ်။ အဲဒီမှာ လက်ရှိဖြစ်ပေါ်နေတာတွေနဲ့ တိုက်ဆိုင်နေတာကို တွေ့ရတယ်။ ကျွန်တော့်မှာ ဘာရည်ရွယ်ချက်မှ မရှိသလို၊ ဘာလှုံ့ဆော်မှုမှလည်း မပါပါဘူး။ နောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီဆိုတာ ဂျာနယ်အသီးသီးမှာ ဖော်ပြထားသလို၊ စိစစ်ရေးက ခွင့်ပြုတာကိုလည်း သိရတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ အားလုံးညီညီညွတ်ညွတ် ရှိကြဖို့ကိုပဲ ရည်ရွယ်ခဲ့တာပါ။

၂၀၁၀ ကမ္ဘာ့ဖလားပွဲကို တောင်အာဖရိကမှာ သတင်းသွားယူတုန်းက သူတို့နိုင်ငံရဲ့ တိုးတက်မှုတွေက အားကျစရာပါ။ အရင်တုန်းက အသားအရောင် ခွဲခြားမှုတွေရှိခဲ့တဲ့ တောင်အာဖရိကနိုင်ငံဟာ လူဖြူ၊ လူမည်း သွေးစည်းညီညွတ်မှုနဲ့ နိုင်ငံတိုးတက်အောင် အတူတကွ လုပ်ဆောင်နေတာ ကျွန်တော်တို့ နမူနာယူစရာ ဖြစ်နေပါတယ်။ သူတို့လို အသားအရောင် လူမျိုးမတူတဲ့သူတွေတောင် သွေးစည်းညီညွတ်ခဲ့ရင် ကျွန်တော်တို့နိုင်ငံမှာ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်တဲ့ မြန်မာနိုင်ငံသားတွေအားလုံး ဘာလို့ မညီညွတ်နိုင်ရမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်တစ်ခုလုံး ညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ရဲ့မျော်လင့်ချက်တွေ ပြည့်ဝစေလိုတဲ့ ရည်ရွယ်ချက်ပဲ ရှိပါတယ်။
ကျွန်တော့်မှာ မကောင်းတဲ့ အကြံအစည် ရည်ရွယ်ချက် မရှိသလို၊ ဘာနိုင်ငံရေးလှုံ့ ဆော်မှုမှလည်းမပါပါဘူး''လို့ ပြောပါတယ်။

ဒီနိုင်ငံမှာနေရင် ဒီနိုင်ငံရဲ့စည်းကမ်းတွေကို လိုက်နာရမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ လိုက်လည်းလိုက်နာခဲ့ပါတယ်။ စည်းကမ်းဘောင်အတွင်းကပဲ အလုပ်လုပ်ခဲ့တာပါ။ ဒါပေမယ့် အခုလို အပြောင်းအလဲကာလတစ်ခုမှာ First Eleven ပိတ်ခံရတာ ၀မ်းနည်းစရာကောင်းပါတယ်။

ဒါဟာ ကျွန်တော်တို့ ဂျာနယ်အတွက်ပဲ မဟုတ်ပါဘူး။ စိစစ်ရေးက အခုလို ဂျာနယ် (၉) စောင်ပိတ်တာဟာ မြန်မာမီဒီယာ လောကတစ်ခုလုံး နောက်ပြန်သွားသလို ဖြစ်ရတဲ့အတွက်ကြောင့်ပါ။

ဒီစိတ်မကောင်း ၀မ်းနည်းမှုနဲ့အတူ လွန်ခဲ့တဲ့ (၇)နှစ် အကြာ ၂၀၀၃ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့ကိုလည်း မျက်စိထဲ ပြန်မြင်လာမိပါတယ်။ အဲဒီတုန်းကလည်း အခုလိုပါပဲ။ ကျွန်တော်တို့ Eleven ရဲ့ ဖြတ်သန်းလာတဲ့ကာလ တစ်လျှောက် တစ်ပတ် (၇) ရက်အလုပ်လုပ်ပြီး လုံးဝ ရုံးမပိတ်ခဲ့ဖူးတဲ့ ရုံးခန်းတံခါး (၂) ရက်တိတိ အပိတ်ခံခဲ့ရပါတယ်။ ဇူလိုင်လ (၁၇) ရက်ကနေ (၁၉) ရက်နေ့ အထိ ရုံးခန်းတံခါး ချိပ်ပိတ်ခံခဲ့ရတာပါ။ (ဒီဖြစ်ရပ်မတိုင်ခင် တစ်ပတ်အလိုမှာ ဂျာနယ်တစ်ပတ် အပိတ်ခံခဲ့ရပါတယ်)။ ဥပဒေရဲ့ အထက်မှာ ရောက်ရှိခဲ့တဲ့ အဖွဲ့အစည်းဖြစ်လို့ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ တပ်မတော်ထောက်လှမ်းရေးက အဲဒီတုန်းက ကျွန်တော်တို့ရုံးကို နာရီပေါင်းများစွာ ၀င်ရောက် စီးနင်းရှာဖွေခဲ့ပါတယ်။ ဘာမှလည်း ရှာမတွေ့သွားပါဘူး။ ဥပဒေနဲ့ မလွတ်ကင်းတာ ဘာမှလည်း ရှိမှမရှိတာ။ ဒါပေမယ့် ကျွန်တော်တို့ CEO အပါအ၀င် အယ်ဒီတာ (၅) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဘာအပြစ်မှမရှိတဲ့အတွက် (၂) ရက်အကြာမှာ CEO ပြန်လွတ်လာသလို၊ ကျန်တဲ့သူတွေလည်း ပြန်လွတ်လာပေမယ့် အယ်ဒီတာ တစ်ယောက်ကတော့ သေဒဏ်ချမှတ် ခံခဲ့ရပါတယ်။ (နောက် တစ်နှစ်ခွဲကြာမှ ပြန်လွတ်ခဲ့ပါတယ်)။ သူလည်း ဘာအပြစ်မှ မရှိပါဘူး။

အဲဒီတော့ဗျာ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့မှာ အခြားဘာရည်ရွယ်ချက်မှ မရှိဘူး။ ကျွန်တော်တို့က တိုင်းပြည်ကို ချစ်တယ်။ တိုင်းပြည် တိုးတက်စေချင်တယ်။ အမှန်တရားကို မြတ်နိုးတယ်။ အမှန်ကိုအမှန်အတိုင်း ဖြစ်စေချင်တယ်။ အမှားကို ဘယ်တော့မှ အမှန်မလုပ်ဘူး။ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့မူဝါဒက အဲဒါပါပဲ။ အရင်ကလည်း ဒီအတိုင်းပဲ။ အခုလည်း ဒီအတိုင်းပဲ။ နောင်လည်း ဒီအတိုင်းပဲ ရပ်တည်သွားမှာပါ။ ဘယ်တော့မှ မပြောင်းလဲပါဘူး။ ကျွန်တော်တို့ရဲ့ရပ်တည် လုပ်ဆောင်မှုတွေကို ထင်ရာမြင်ရာတွေနဲ့ လိုရာဆွဲပြီး ချောက်တွန်းတာတွေလည်း မဖြစ်စေချင်ပါဘူး။

ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကလည်း ဘာအခက်အခဲပဲတွေ့တွေ့ ဘာအနှောက်အယှက်ပဲ တွေ့တွေ့ မပြောင်းလဲပါဘူး။

ဝေဖြိုး - တာဝန်ခံအယ်ဒီတာ ၊ Eleven Media Group

29 November 2010

ယနေ့ကဗျာဆရာ၊ တေးရေးဆရာ၊ ပန်းချီဆရာ (၂၀)ခန့်မှ တောင်ဒဂုံရှိ HIVဝေဒနာရှင်များအား သွားရောက်အားပေး လှူဒါန်း (ဓာတ်ပုံ၊ သတင်း)



သွားရောက် အားပေးခဲ့ကြတဲ့ ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာများ

ကိုတိုးလွင်(ဥတ္တရအလင်း) နဲ့ တေးရေးဆရာ ကိုညီညီလွင်တို့မှ ဝေဒနာရှင်များအတွက် ကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းနဲ့ ဖျော်ဖြေသီဆိုခဲ့ကြပါတယ်..

နိုဝင်ဘာလ(၂၈)ရက်နေ့က တောင်ဒဂုံမြို့နယ် (၁၈)ရပ်ကွက်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့မှဖွင့်လှစ်ထားတဲ့ HIV ဝေဒနာရှင်များ နေထိုင်ရာ ဂေဟာသို့ မြန်မာပြည်တွင်းမှာရှိတဲ့ နာမည်ကြီး ကဗျာဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာ (၂၀)ဦးခန့်မှ ဝေဒနာရှင်များအတွက် အလှူငွေများ၊ လိုအပ်သည့် ပစ္စည်းများ၊ ဖတ်ရှူရန် စာအုပ်၊ စာတမ်းများကို လာရောက် လှူဒါန်းခဲ့ကြပါတယ်..။ 

မြန်မာပြည်မှ နာမည်ကြီး ကဗျာဆရာ တေးရေးဆရာ ပန်းချီဆရာများ ဖြစ်သည့် ကိုတိုးလွင်(ဥတ္တရအလင်း) ကိုငြိမ်းသစ်၊ ကိုညီညီလွင်တို့အပါအဝင် လူဦးရေ (၂၀)ခန့်မှ မိမိတို့ ရရှိသည့် စာမူခ၊ တေးရေးခ စသည့် မိမိတို့ ရရှိသည့် ငွေများအား စုပေါင်း၍ လှူဒါန်းခဲ့ကြပါတယ်..။ လာမည့် ဒီဇင်ဘာလ (၂)ရက်နေ့မှာ ကျရောက်မည့် WORLD AIDS DAY ကို ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးမှာ နံနက်(၁၀)နာရီမှ စတင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး အဆိုပါအခမ်းအနား၌~ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကား (၃)ကား  လှူဒါန်းမှာ ဖြစ်ပြီး သားငယ် ကိုထိန်လင်းမှ HIV ဝေဒနာရှင်များအား ဂစ်တာတီးခတ် ဖျော်ဖြေပေးမှာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ၂၂.၁၁.၂၀၁၀ခုနှစ်(တနင်္လာနေ့) ကလည်း ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်းဦးကျော်သူ နှင့်ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမသန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင်(ကျားပေါက်)နှင့်ဇနီး၊ ဒါရိုက်တာမင်းထင်ကိုကိုကြီးစသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများမှလည်း  တောင်ဒဂုံရှိ HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာ သို့သွားရောက်ပြီး ဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အ၀တ်အစားများနှင့် ငွေများကိုလူသားချင်း ကူညီထောက်ထားသော စိတ်ဓါတ်တို့ဖြင့် သွားရောက်လှူဒါန်းခဲ့ကြပါတယ်..။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း VOA သတင်းဋ္ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ “အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral Drug တွေ ၀ယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ- ဗွီအိုအေကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရ စေ၊ အားလုံးပေါ့နော်၊ ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောဆိုခဲ့ပါတယ်..။

သတင်း၊ ဓာတ်ပုံ ပေးပို့ပေးတဲ့ ညီမငယ် မေလင်းအား ကျေးဇူးတင်ပါသည်...။

သတင်း.. ဒီမိုဝေယံ

စစ်ရေးပဋိပက္ခကြောင့် နယ်စပ်ဒေသရှိ စာသင်ကျောင်းတချို့ ပိတ်ထားရ

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသတွင် နအဖနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား စစ်ရေးပဋိပက္ခ အခြေအနေ ပိုမို ဆိုးရွားလာသောကြောင့် ယခုရက်ပိုင်းအတွင်း ထိုဒေသရှိ စာသင်ကျောင်းတချို့ကို ပိတ်ပစ်လိုက်ရသည်ဟု သိရသည်။

နအဖစစ်တပ်များသည် ယခုအပတ်အတွင်း ဝေါ်လေဒေသဘက်သို့ တဖြည်းဖြည်းချင်း အင်အားတိုးချဲ့လာသည့်အပြင် နယ် မြေခံ ကရင်တပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားသောကြောင့် ယခုလို စာသင်ကျောင်းများ ပိတ်ပစ်ရခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက ပြောသည်။

သူက “ဗမာစစ်တပ်က ပြောတယ်။ ပွါကညော(ကရင်တပ်ဖွဲ့)ဘက်ကလည်း ပြောတယ်။ ရွာထဲမှာ တိုက်ပွဲအချိန်မရွေး ဖြစ်ပွား နိုင်တယ်လို့ ပြောတယ်။ အဲဒါကြောင့် အချိန်မီ ကျောင်းပိတ်လိုက်ရတယ်။ တိုက်ပွဲ တကယ်ဖြစ်မယ်ဆိုရင် ကလေးတွေအတွက် လည်း စိုးရိမ်ရတယ်။ ကျနော်တို့လည်း ဘာမှ တတ်နိုင်မှာမဟုတ်ဘူး။”ဟု ပြောသည်။

ယခုလို စာသင်ကျောင်းများ အကန့်အသတ်မရှိ ပိတ်ထားရသောကြောင့် ကျောင်းသူကျောင်းသားများသည် ကျောင်းမပြန်ဖွင့် မှာကို အလွန်စိုးရိမ်ကြသလို ကျောင်းပြန်ဖွင့်သည့်အချိန်တွင် ကျောင်းသူကျောင်းသားများ စာသင်ကြားလိုစိတ် နည်းပါးလာ မည်ကို စိုးရိမ်မိကြောင်း အဆိုပါ ကျောင်းဆရာက ဆက်ပြောသည်။

ထိုသို့ ပိတ်ပစ်လိုက်ရသော စာသင်ကျောင်းများမှာ ဖလူး၊ မောကဲ၊ မယ်ဝါးခီး၊ ရသေ့ဂူ၊ လယ်ဟော် စသည့်ကျေးရွာများမှ ဖြစ် ကြပြီး ဝေါ်လေ၊ မော်ကဲထာ့၊ သေ့ဘောဘိုး၊ မောခီး၊ မော်ဖိုးကလိုး၊ ကလော်ဝေါ် စသည့်ကျေးရွာများမှ စာသင်ကျောင်းများမှာ လက်ရှိအချိန်တွင် စစ်ရေးအခြေအနေကိုကြည့်ကာ စာသင်ကြားနေရသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ဝေါ်လေဒေသတွင် နအဖနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)တို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ကာလတွင် စာသင်ကျောင်းများအားလုံး ခေတ္တပိတ်ထားခဲ့ရာမှ တစ် ပတ်အကြာတွင် တချို့စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

ဝေါ်လေဒေသတွင် ပုံမှန်လှုပ်ရှားနေသော ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်က “အခု ရှုတ်ရှုတ်ယှက်ယှက်အချိန်မှာ လုံခြုံရေးမကောင်းတဲ့အတွက် ကျောင်းတွေကတော့ ပိတ်ထားလိုက်ရတာပေါ့။ အဝေးကလာတဲ့ ကျောင်းဆရာ/ဆရာမတချို့လည်း သူတို့ရပ်ရွာကို ပြန်ကြတာလည်းရှိတယ်”ဟု ပြောသည်။

သေ့ဘောဘိုးရွာ ကျောင်းသားမိဘတစ်ဦးက “အဒေါ်တို့ကတော့ ကြောက်လည်းကြောက်တယ်။ ကလေးတွေအတွက်လည်း စိုးရိမ်ရတယ်။ ကျောင်းပြန်ဖွင့်ရင်လည်း ကလေးတွေကို နေ့တိုင်း ကျောင်းပေးမသွားရဲဘူး။ တခုခုဖြစ်ရင် ဘာမှလုပ်ပေးလို့ရ မှာ မဟုတ်ဘူး။”ဟု ပြောသည်။

ဝေါ်လေဒေသရှိ စာသင်ကျောင်း ၂၀တွင် ကျောင်းသူကျောင်းသားဦးရေ ၃၀၀၀ကျော်ရှိပြီး အဆိုပါကျောင်းများမှာ အစိုးရမ ဟုတ်သည့် အဖွဲ့အစည်းများ အကူအညီဖြင့် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

သတင်း....KIC

28 November 2010

တပ်ဂေါ်လီသီချင်းလေးပါ..နားဆင်နိုင်ပါပြီရှင်..



|
|

ကိုရီးယားကျွန်းဆွယ်တွင်ဘာတွေဖြစ်လာမလဲ

ကိုရီးယားကျွန်းဆွယ်တွင်ဘာတွေဖြစ်လာမလဲ

လက်ရှိကိုရီးယားကျွန်းဆွယ် တွင် တင်းမာမှု့ အခြေအနေသည် အထွတ်အထိပ်သို့ ရောက် ရှိနေ သည် ။ နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁ရက်နေ့ အထိ တောင်ကိုရီးယားနှင့်  အမေရိကန်တို့  ကိုရီးယားကျွန်းဆွယ်အနောက်ခြမ်း ပင်လယ်ပြင် အင်ချွန်း မြို့ အနီး နှစ်နိုင်ငံ နယ်စပ် NLL စည်းမျည်း အနီး ပူးပေါင်း စစ်ရေးလေ့ကျင့် မှု့ ကို မြောက်ကိုရီးယားမှ ပြင်းထန်စွာကန့်  ကွက်နေသည် ။ မြောက်ပိုင်နက် အတွင်းသို့  0.001 mm ကျူးကျော် ကျရောက်ပါက ပြင်းထန်စွာတုန့် ပြန်မည်ဟု ၎င်း တို့ အသံလွင့်ဌာနမှ ထုတ်လွင့် သွားခဲ့ သည်။

တရုပ်နိုင်ငံမှလဲပြင်းထန်စွာ မကန့် ကွက်သော်လဲ အဆိုပါ စစ်ရေးလေ့ ကျင့် မှု့  ကိုကန့် ကွက်ခဲ့ သည် ၎င်းတို့ အသံလွင့်ဌာနမှလဲ တရုပ်တို့ ၏ စစ်ရေးလေ့  ကျင့်  မှု့ ကို ထုပ်လွှင့် ပြသခဲ့ သည်။ အမေရိကန် နယူးကလီးယားလေယာဉ်တင်သင်္ဘော ဂျော့ဝါရှင်တန် အဆိုပါစစ်ရေးလေ့ ကျင့်မှု့ တွင်ပါဝင်မည်ကိုမလိုလားပေ။

တချိန်တွင်း မှာ တရုပ်နိုင်ငံခြားရေး ဌာနမှ မြောက်ကိုရီးယားသံအမတ်အား နောက်ဒီလိုပစ်ခတ်မှု့ မပြုလုပ်ရန် ခေါ်ယူ သတိပေးခဲ့ သည်။ တောင်ကိုရီးယားမှလဲ အခုစစ်ရေးလေ့ ကျင့် မှု့ အတွင်း မြောက်ကိုရီးယားမှကျူးကျော်ပစ်ခတ်လာပါက ပြင်ထန်စွာ တုန် ပြန်မည်ဟု ကြေညာခဲ့ သည် ။ မီနစ် ၂၀ အတွင်း အပြီးသတ် ချေမုန်းမည်ဟုကြေ ညာခဲ့ သည်။ ၎င်းတို့ ၏ F16, F15 တိုက်လေယာဉ် များကိုလဲ ၂၄ နာရီ အဆင်သင့် စောင့်ခိုင်းထားပြီ စစ်တပ်များကိုလဲ တပ်လှန့် ထားသည် ။ တောင်ကိုရီးယား မရိန်းတပ်မှ ၎င်းတို့ ၏ တပ်သားနှစ်ဦး သေဆုံးမှု့ နှင့် အရပ်သားများသေဆုံးမှု့ အတွက် အဆရာနှင့်ချီ၍ ဂလဲ့ စားချေမည်ဟု ၂၈ ရက်နေ့  အဆိုပါစစ်သားများ၏ အသုဘ အခန်းအနားတွင်ပြောကြားခဲ့သည် ။

ဂျော့ ဝါရှင်တန် ရေယာဉ် အုပ်နှင့် အတူ F22 တိုက်လေယျာဉ် လည်း တောင်ကိုရီးယားကို ရောက်ရှိနေပြီဖြစ်သည် ။ ဂျော့ ဝါရှင်တန် သည် အဆိုပါလေ့ ကျင့် မှု့ တွင်ပါဝင်မည်ကိုတော့ မသေချာသေးပေ ။ မြောက်ကိုရီးယားမှလဲ ယန်းဖြောင်ကျွန်း သို့ ပစ်ခတ်ခဲ့ သော ဂဲဘော်ရီ အမြှောက် စခန်းမှ ဒုံးပစ်ယျာဉ် များသည်လည်း ဆုတ်ခွာသွားခြင်းမရှိသလို နယ်ခြားမျဉ်းတလျှောက် အမြှောက်များနှင့် 122mm ဒုံးပစ်ယျာဉ် များကိုလဲ တပ်ဖြန့် ချထားခဲ့ သည် ။

အဆိုပါအမြှောက်နှင့်ဒုံးကျည်များသည်ကီလိုမီတာ၆၀ အထိပစ်ခတ်နိုင်သောကြောင့် ဆိုလ်းမြို့ နှင့် အင်ချန်းလေဆိပ်တို့ သည်လုံချုံ စိတ်ချမှု့ မရှိပေ။ တောင်ကိုရီးယား စစ်ရေးကျွမ်းကျင်သူများမှ ပင်လယ်ပြင်မှ မတိုက်ခိုက်နှိုင် သော်လဲ ဝေဟင်နှင့်ကုန်းတွင်းပိုင်းသို့ တိုက်ခိုက်နှိုင်သည်ဟု သုံးသပ်ကြသည် ။

တောင်ကိုရီးယားမှတိုက်ပွဲများဖြစ်နိုင်သော NLL နယ်ခြား စဉ်းအနီး ကျွန်း ၅ ကျွှန်း မှအရပ်သားများအားရွေ့ ပြောင်းပေးပြီး အရပ်သားများအတွက်ဘန်ကာများပြုပြင်ပေးပြီး ရိတ်ခါများလဲပို့ ဆောင်ပေးခဲ့သည်။ယနေ့ ယန်းဖြောင်းကျွန်းတွင် ရာသီဥတု အခြေနေကြောင့် သင်္ဘောများ သွားနှိင်ခြင်း မရှိပဲ အရပ်သားများနှင့်နိုင်ငံတကာသတင်းထောက်များပိတ်မိနေသည် ။

ဂျပန်အစိုးရမှလဲ စစ်ရေးလေ့ ကျင့်မှု့ အချိန်အတွင်း အချိန်ပြည့် စောင့်ကြည့်ရန် ၎င်းတို့ အစိုးရအဖွဲ့ အားညွှန်ကြားခဲ့ပြီး ၊ ဖိလစ်ပိုင် အစိုးရမှ လည်းအရေးပေါ်အခြေအနေဖြစ်လာလျှင် ၎င်းတို့ နိုင်ငံသား လေးထောင်ကျော်ကို ဂျပန်နိုင်ငံသို့ ရွှေ့ ပြောင်းရန် ဂျပန်အစိုးရနှင့်ညှိနှိင်းခဲ့ သည် ။

နိုင်ဦး(ကိုရီးယား)

ပေးပို့ ပေးသော ကိုနိုင်ဦး (ကိုရီးယား) အားကျေးဇူးတင်ရှိပါသည်.။

တိုင်းရင်းသား ပရဟိတ မျိုးဆက်သစ်ခေါင်းဆောင်များ






တိုင်းရင်းသား ပရဟိတ မျိုးဆက်သစ်ခေါင်းဆောင်များ

၂၇.၁၁.၂၀၁၀ (စနေနေ့) နံနက် (၁၀း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မြန်မာနိုင်ငံအရပ်ရပ်ရှိ တိုင်းရင်းသားပရဟိတ ဗုဒ္ဓဘာသာလူငယ်များအဖွဲ့မှ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် လူမှုအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ကြရန်အတွက် လူမှုရေးနှင့် ပရဟိတ လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကိုယ်ကျိုးမဖက် အများအတွက် ဆောင်ရွက်ချက်များကို လာရောက် လေ့လာရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင် နှင့် အလုပ်အမှုဆောင်များမှ လိုက်လံရှင်းလင်း ပြသကာ လူမှုရေးလုပ်ငန်း ဆိုရာ၌ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ကြောင်း၊ ပရဟိတ လုပ်ငန်းဟူသည် မိမိကိုယ်ကျိုး အတွက် အမြတ်ထုတ်ခြင်း ကင်း၍ မိမိပတ်ဝန်းကျင်မှ လူအများ၏ အကောင်းဆုံး အကျိုးစီးပွားကို ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး တိုင်းရင်းသား ပရဟိတ လူငယ်များမှ မသိသည်များကို မေးမြန်းခြင်းတို့ကို ပြန်လည်ဖြေကြား ပြောဆိုခဲ့ပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

"လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ်အမေးအဖြေ အစီအစဉ်

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကို အာအက်ဖ်အေက အပတ်စဉ် သောကြာနေ့ ညတိုင်း တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေ အနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီ ရုံးချုပ်ကို တိုက်ရိုက် ပေးပို့နိုင်သလို၊ အာအက်ဖ်အေကိုလည်း အင်တာနက်ကနေ ပေးပို့ နိုင်ပါတယ်။ အာအက်ဖ်အေ အီးမေးလ် လိပ်စာကတော့ burmese@rfa.org ဖြစ်ပါတယ်။

မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းသာ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက် ပေးပို့သည်ဖြစ်စေ၊ အာအက်ဖ်အေကို ပေးပို့သည်ဖြစ်စေ၊ အမည် လိပ်စာ နဲ့ ဆက်သွယ်နိုင်မယ့် တယ်လီဖုန်း နံပါတ်တွေကို ဖော်ပြဖို့ လိုပါတယ်။ အဲဒီ တယ်လီဖုန်းနံပါတ်ကို အာအက်ဖ်အေက ခေါ်ယူ ဆက်သွယ်ပြီး ပြည်သူတွေရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရေး အခက်အခဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ တခြား အခက်အခဲတွေကြားက အချိန်လုပြီး တင်ဆက်ရတာဖြစ်လို့ အားနည်း ချွတ်ယွင်းချက်တွေ ရှိပါလျှင် သည်းခံခွင့်လွတ်ဖို့ မေတ္တာ ရပ်ခံအပ်ပါတယ်